ချက်ပြုတ်ပေးနေရတဲ့အိမ်ရှင်မလေးတွေအတွက်အပြောင်းအလဲလေးလဲဖြစ်အောင်ကိုယ့်ရိုးရာဗမာထမင်းဟင်းမဟုတ်တဲ့ဟင်းချက်နည်းလေးတခု
စိတ်လိုလက်ရ ဓါတ်ပုံရိုက် ပီး တင်ပေးလိုက်ပါတယ်။
ဟင်းချက်နည်းလေးကလွယ်လဲလွယ်တယ်ကြိုက်တဲ့သူတွေအတွက်အဆင်ပြေလို့ တင်ပေးလိုက်တာပါပုံမှာတင်ပေးထားတဲ့အတိုင်း ရေဘ၀ဲ၊
နံနံပင်တပင်လုံးအမြစ်ပါမကျန်၊ငရုပ်သီးစိမ်း(အရောင်ရဲရဲလေလိုချင်ရင်အနီရောင်ငရုပ်သီးစိမ်းတောင့်) နောက်ကြက်သွန်ဖြူရယ်အဓိကပါပါတယ်။
နောက်အရသာအတွက် ကတော့ပဲငံပြာရည် အကြည်၊ သကြား (ဟင်းချိုမှုန့် ကြိုက်သလို အသုံးပြုနိုင်ပါတယ်)
နောက်ခရုဆီ ငရုတ်ကောင်းမှုန့်  ငံပြာရည် နောက် နံနံပင် အပေါ်ကနေ ပန်ကန်အလှပြင်ဖို့ ရယ်ဒါဆိုလုံလောက်ပါပီ။
ပထမဆုံး ရေဘဲဝဲကိုအသန့် ဆေးပြီးအကွင်းပါးပါးလေးတွေလှီး၊
နောက်ငရုတ်သီးစိမ်းနံနံပင်အမြစ်ပါမကျန်ရယ်ကြက်သွန်ဖြူရယ်ရောထောင်းပီး
ဆီချက်သတ်အနံလေးမွှေးတက်လာရင် ရေဆေးပီးလှီးထားတဲ့ရေဘ၀ဲလေးထည့်ကြော်အရသာကိုယ်ကြိုက်သလိုအချိုအငံစိတ်ကြိုက်ထည့်ပီး
ရေဘ၀ဲကျက်လာရင်စားလို့ ရပါပြီ။ နောက်ပန်ကန်ပြားထဲထည့်ငရုတ်ကောင်းမှူန့် လေးဖြူးအပေါ်ကနံနံပင်လေးအုပ်ပေးရင်စားလို့ အဆင်ပြေပါပြီ
(ဖေ့ဘုတ်ပေါ်မှ တစ်ဆင့် မျှဝေပါသည် )
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။