ကျွန်တောများ ၀န်ဆောင်မှုများမှာ,
Thursday, 15 November 2012
ဦးကျော်သူနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ
စာနာမှုမိတ်ဆွေများ-နာရေးကူညီမှုအသင်း အမှတ်တရ ဓါတ်ပုံ
ယ္ခုတင်ပြရတဲ့အကြောင်းအရာလေးကေတာ့ ကျွန်တော်တို့ သတင်းတစ်ရပ်မဟုတ်ပေမယ့်...
အများပြည်သူ သိစေအပ်သော အကျိုးပြုလုပ်ငန်းလေးတစ်ရပ် ဖြစ်နေပါတယ်.. ဒါကြောင့် ကျွန်တော်
ရရှိသမျှ အချက်အလက်လေးတွေကို စုဆောင်းကာ ယ္ခုလို တင်ပြ အသိပေးလိုက်ရပါတယ်...
ဦးကျော်သူ (နာရေးကူညီမှုအသင်းရုံးချုပ် ရန်ကုန်) မှ အဖွဲ့ငယ်များကိုပံပိုးကူညီခြင်း
ရုပ်ရှင်မင်းသားအကယ်ဒမီဦးကျော်သူသည် နာရေးကူညီမှုအသင်းအဖွဲ့ငယ်များ
ရံပုံငွေအင်အားနည်းသောမြို့နယ်များကိုအများပြည်သူအတွက်ကောင်းကျိုးပြုသူ
အဖွဲ့များ၏လိုအပ်ချက် လမ်းညွန်ချက်များ ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အစွန်ဆုံး သမိုင်းဝင်နာမည်ကြီး ကျွန်းစုတစ်ခုဖြစ်သော
ဟိုင်းကြီးကျွန်း ငပုတောမြို့နယ် ဧရာဝတီတိုင်းဒေသကြီးတွင် ဖွဲ့စည်းထားသော
စာနာမှုမိတ်ဆွေများ နာရေးကူညီမှု အဖွဲ့၏ လိုအပ်သော နာရေးမော်တော်ယာဉ်တစ်စီးကို ဦးကျော်သူထံမတည်အလှုငွေ ထည့်ဝင်ပေးပါရန် အမှတ်
(၃)ရပ်ကွက်၊ဟိုင်းကြီးကျွန်းရှိတာဝန်ရှိသူများမှတောင်းဆို
ချက်ကို ဦးကျော်သူမှ လက်ခံတွေ့ဆုံ ဆွေးနွေးပေးပါသည်။ဦးကျော်သူနှင့်
လက်ခံဆွေးနွေးနေစဉ် တာဝန်ရှိသူတစ်ဦးမှဟိုင်းကြီးကျွန်းမြို့မိမြို့ဖသို့
ဖုန်းဆက်အကြောင်းကြားလိုက်ပါသည်။ထိုသတင်းကိုကြားပြီး ဟိုင်းကြီးကျွန်းတစ်မြို့လုံးမှ ၀မ်းသာပီတိ ဖြစ်ကြပါသည်။ဦးကျော်သူသည် နာရေးတစ်ခုတည်းကိုသာ
ကူညီနေခြင်းမဟုတ်ပါ..ပြည်သူများအတွက်ဆောင်ရွက်နေသောအဖွဲ့ငယ်များနှင့်
ချိတ်ဆက်လာသူများကို ကူညီပေးနေသော ဂရုဏာရှင်တစ်ဦးဖြစ်ပါသည်။နောင်အနာဂါတ်တွင် ဒီလို လူကောင်းများများများထွက်လာနိုင်စေရန် ပြည်သူများကိုတိုက်တွန်းလိုက်ပါသည်။
သတင်းရေးသားသူ
ဦးညွှန့်ဝင်း
အထက်ပါသတင်းများအတွက်အစစ အရာရာတာဝန်ယူပါသည်။
ဦးကျော်သူနှင့်စာနာမှုအဖွဲ့ စာရွက်စာတမ်းများဖတ်ကြားနေစဉ်
ဟိုင်းကြီးကျွန်းမြေပုံအနေအထားအားလေ့လာ ကြည့်ရှုနေစဉ်
ဦးကျော်သူနှင့် စီမံအုပ်ချုပ်ရေးမှူး မဧရာမောင်မောင်
ဦးကျော်သူမှ လုပ်ငန်းစဉ်များ ရှင်းလင်းညွှန်ကြားနေစဉ်
လုပ်းငန်းစဉ်များအားရှင်းလင်းကာ ဆွေးနွေးနေကြစဉ်
ယ္ခုတင်ပြသော ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်ပါတ်သက်လို့ မိတ်ဆွေများ သိလိုပါက-မေးမြန်းဆက်သွယ်လိုပါက- ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း.....
ဆယ်သွယ်ရန် ( ၁ ) .................
အမှတ် ၃ ရပ်ကွက်။ဟိုင်းကြိးကျွန်းမြို့နယ်ခွဲ
ဧရာဝတီတိုင်းဒေသကြိး
ဆက်သွယ်ရန် ( ၂ ) ..................
ဦးဘရည်
၁၂၅/အေ အောင်သစ်စာလမ်း၊ထန်းပင်ကုန်းရပ်ကွက်၊
အင်းစိန်၊ရန်ကုန်တိုင်းဒေသသကြီး
ဖုန်း -- ၀၉ ၅၀၃၁၆၂၂
ဆက်သွယ်ရန် ( ၃ ) ................
တိုက် (၂၇)အခန်း ၂၀၃။ ( ၂ ) လမ်း ဘီဘလောက်၊
ယုဇနဥယျာဉ်မြို့တော်
ရန်ကုန်တိုင်းဒေသကြီး
ဖုန်း--
၀၁ ၅၉၃၀၅၆,၀၉ ၇၃၀၇၉၀၂၃
မိမိတို့ရဲ့ အတွေးစိတ် အကြံစည်များနဲ့အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်အတွက်..
ဆန္ဒလေးများကို ပါဝင် ရေးသားကြစေလိုပါသည်...။
ဝဿန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။