ကျွန်တောများ ၀န်ဆောင်မှုများမှာ,
Monday, 12 November 2012
အသိမှတ်ပြုပေးနေရင်ကိုကျေနပ်ပါတယ်ချစ်သူရယ်
မရေရာတဲ့ဘ၀နဲ့
သေချာအောင်နေနေခဲ့တာမို့
အကြင်နာချစ်ခြင်းသက်သက်နဲ့
လိုရာကိုဖြည့်ဆည်းခဲ့တာကို
မယုံကြည်ဘူးဆိုရင်လဲ
ခဏတာအတူရှိချိန်လေး
ရင်ထဲမှာတကယ်အလေးနက်ဖြစ်ခဲ့မယ်ဆိုရင်တော့......
အမှားတွေကိုခ၀ါချ
သံသယတွေကင်းကင်းနဲ့
တို့တွေပြန်ဆုံခဲ့ကြတာမဟုတ်ဘူးလား
ဘယ်သူ့ဘယ်သူ့ကိုမှ
မောင့်လောက်ရည်စူး
မချစ်ဘူးလို့
ဘယ်သောအခါမှ
မောင့်လောက်ကြည်နှုး
မချစ်ခဲ့ဖူးလို့.....
မယုံကြည်တဲ့စကားက
နှလုံးသားပါးပါးကို
ဓါးထက်ထက်နဲ့
တစ်ချက်တစ်ချက်
ထိုးနှက်ရက်တယ်နော်...
တပြည်တစ်ရွာ
အနေကွာနေပေမဲ့
နှလုံးအိမ်မှာ
အမြစ်တွယ်လာတဲ့အချစ်က
ဒီရင်မှာအမြဲရှိခဲ့တာမို့
ကြင်နာသူရေ...
မင်းကမစာနာလဲ
အပြစ်မြင်မရခဲ့တာကြောင့်
ဒီကအချစ်ကိုတော့
အလေးမထားချင်နေပါ
အသိမှတ်လေးတော့ပြုပေးပါ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။