နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေညာလိုက်ရာဝယ်…
လက်ထပ်ထားပြီးငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်
ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။
ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…
ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။
ကိုယ်ကမှအဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
....ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်းတစ်ယောက်ပါ။
အမျိုးသမီးက တံခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "
"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "
"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "
"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "
"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "
"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "
"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "
"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"
"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "
"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "
"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "
"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "
"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "
"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "
"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "
"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "
"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "
"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "
"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "
"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "
"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "
"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "
"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "
"ဗုဒ္ဓော… ဘုရား.. ဘုရား… "
"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "
"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "
"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "
"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…။
ကျွန်တောများ ၀န်ဆောင်မှုများမှာ,
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Saturday, 8 December 2012
Friday, 30 November 2012
၇ီစရာလို ထင်ရတာပဲ
(ချွေတာရေး)
ဥမင်လိုဏ်ခေါင်းများ ၊ ၀င်္ကပါများဖြင့်ရှုတ်ထွေးလှသော ရှေ့ဟောင်းရဲတိုက်ကြီးကို လမ်းပြက ကမ္ဘာလှည့်ခရီးသည်
များအားလိုက်ပြသည် ၊ မြေအောက်တနေရာတွင် လူအရိုးစုများတွေ့သဖြင့် ဧသည့်များက မေးသည် ။
"ဟိုအရင် ခေတ်က ကျန်ခဲ့တဲ့ လူရိုးတွေလားဟင် "
"မဟုတ်ဘူး ၊ လမ်းပြငှားရမှာကိုတွန့်တိုတဲ့လူတွေရဲ့အရိုး "
(တာဝန်အရ အသိပေးရမယ်)
ပြင်သစ်နိုင်ငံတွင်ဖြစ်သည် ၊ အရာရှိကြီးတစ်ဦးသည် မိမိ၏အတွင်းရေးမှူးမနှင့် ကားအတူစီးလာသည် ၊ လမ်းတွင်
ကားပျက်သွားသည် ၊အရာရှိကတွေးသည် ။ "အရာရှိ တစ်ယောက်အနေနဲ့ ကားပြင်ဌာနကို ဖုံးဆက်အကူအညီ
တောင်းသင့်တယ် ၊ဒါပေမဲ့ယောကျာ်း တစ်ယောက်အနေနဲ့ ပျက်တဲ့ဥစ္စာကို ငါကိုယ်တိုင်ပြင်သင့်တယ် "
ဤသို့စဉ်းစားပြီး ကားထဲမှ ထွက်သည် ၊ကုတ်အင်္ကျီကို ချွတ်ပြီး ကားအောက်သို့ဝင်သည်။
အတွင်းရေးမှူးမကစဉ်းစားသည် ၊ "မိန်းမ တစ်ယောက်အနေနဲ့ ငါကားပေါ်မှာပဲ ထိုင်နေသင့်တယ် ၊ ဒါပေမဲ့
အတွင်းရေမှူးမတစ်ယောက်အနေနဲ့ ကိုယ့် အထက်အရာရှိရဲ့ ဘေးမှာနေရမယ် " သို့ဖြင့်သူမ ကားအောက်ဝင်
သည် ၊ မကြာမီ ယာဉ်ထိန်းရဲ၏ ကားဖြတ်မောင်းလာသည် ၊ ယာဉ်ထိန်းရဲကစဉ်းစားသည် ၊
"ပြင်သစ်တစ်ယောက် အနေနဲ့ရော ယောကျာ်းတစ်ယောက်အနေနဲ့ပါ ငါဖြတ်မောင်းသွားသင့်တယ်၊ ဒါပေမဲ့
ရဲတစ်ယောက်အနေနဲ့ သူတို့ကားကိုခိုးသွားတာကြာပြီလို့ငါပြောဖို့တာဝန်ရှိတယ် "
(ဒါလဲဖြစ်နိုင်တာပဲ. .)
သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့
အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကိုတခြားယောကျာ်းတစ်ယောက်နဲ့တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာကြေးနန်းကို မရတာလဲ ဖြစ်နိုင်တာပဲ "
(အော်ဒက်ဆာသား . .)
ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန်ငါးဆိုင်ထဲ ၀င်လာသည်။ အရောင်းသမကိုမေးသည်။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည်ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "
(ကံကောင်းတယ်)
"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "
(ဘာကောင်လဲ)
"ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "
(တယောဆရာ)
လူနာကိုခွဲစိတ်ရန်အတွက် အားလုံး အသင့်ဖြစ်နေပြီဖြစ်သည် ၊ လူနာကခွဲစိတ်ဆရာဝန်ကို မေးသည်။
"ဒေါက်တာ....ကျွန်တော့် အူအတက်ကို ဖြတ်ပြီးရင် ကျွန်တော် တယော ထိုးနိုင်မလားခင်ဗျာ"
"ထိုးနိုင်ပါတယ် "
"ဟန်ကျတာပဲ ၊ကျွန်တော် တယော တစ်ခါမှမထိုးဖူးသေးဘူး ၊ အခုထိုးနိုင်တော့မယ် တဲ့ "
(ရှက်တော့ရှက်သား)
"ဒေါက်တာရယ်. .ပြောရမှာရှက်တော့ရှက်ပါရဲ့ ၊ ကျွန်တော်လေလည်တဲ့အခါ လေလည်သံကိုမကြားရဘူး ၊ ကူညီပါဦး "
"ဒီဆေးပြားတွေ ယူသွား ၊ တစ်နေ့သုံးခါစား "
"ဒီဆေးစားရင် ကျွန်တော် ပိုကြားရမလား ခင်ဗျာ "
"ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်"
(လိုချင်လို့)
"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"
(နောက်မလုပ်နဲ့)
ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ် ကျန်နေသည် ၊ မနက်အိပ်ရာထသော
အခါ အရက်နာကျသည် ကိုဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊
မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို မင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "
(လျစ်လျူ ရှု)
ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက် "
(နေရာကောင်း)
ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
(တွေ့ရင်ပြောမယ်)
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်ပိုကြာအောင်ထားလိုက်သည်။
ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကိုရေထဲနှစ်လိုက်ပြန်သည်။
ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"
"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"
ဖတ်မိသမျှကို မျှဝေပါသည်။

Tuesday, 25 September 2012
““ ကြီးတော်နဲ့ ပြောချင်လို့ အုတ်လိုင်းတက်မယ် ”
““ ကြီးတော်နဲ့ ပြောချင်လို့ အုတ်လိုင်းတက်မယ် ””
ဒီလိုပါဗျာ..။
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်က
ကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။ “ ဟေ့ကောင် online တတ်ခဲ့ဦး…” တဲ့။
ဒါနဲ့ ပြန်ပြောလိုက်တယ်..
“ ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ်” ဆိုတော့..
ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့..”။
ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့စကားပြောနေတုန်း…
ဆိုင်ထဲကို ယောင်လည်လည် နဲ့ “တ၀မ်းပူ”လေးတစ်ကောင်ဝင်လာတယ်..။
(တ = တောသား)
ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်…
“အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား” တဲ့.။
ဆိုင်ရှင်အကိုကြီးမပြောနဲ့ ... ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။
ဆိုင်ရှင် အကိုကြီးက “ ဘာ..ဘာဗျ..”.ဆိုတော့
“ ကျွန်တော့် ကြီးတော် နဲ့ ပြောချင်လို့လေ..” တဲ့.. ထပ်ပြောတယ်…။
ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။
မင်းဘာသာ မင်းပြောပေါ့ကွ..ဆိုတော့..
သူက “ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ…”။
ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့..
“နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ..” ဆိုတော့မှ…
အဖြစ်မှန်ကိုသိရတော့တယ်…။
“ကျွန်တော် ရွာကထွက်လာတော့ ရန်ကုန်မှာတည်းတဲ့
ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..
မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်…။
အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော် ပြောချင်လို့ပါဆို
သူတို့ လုပ်ပေးလိမ့်မယ်…တဲ့ ” ။
အဲတော့မှပဲ.. ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ….။
သူပြောချင်တဲ့…ကြီးတော် ဆိုတာ…ဂျီတော့ပ်(Gtalk) ကိုးဗျ…။
ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ…။
နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လည်း
ပက်လက်လန်တာပါပဲ..။
“ အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်…
သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။”
သူပြောချင်တာ သူငယ်ချင်းတို့လဲ သဘောပေါက်မှာပါ….။
ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။
သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။
ဒါကြောင့်မို့ပေါ့..သူငယ်ချင်း တို့ရေ….
မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို
တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ…။ ။
From Forward
မိုးကောင်းကင်မှာဖတ်ရလို.ပို.လိုက်တာ။
*******************************************
Monday, 24 September 2012
ှမှားတက်ပါပေ.(ဟာသ)
အများသုံးအိမ်သာထဲဝင်ပြီး... ကမုတ်ထဲ ထိုင်ရုံရှိသေးတယ် ဟိုဘက် အိမ်သာထဲကလူက လှမ်းနှုက်ဆက်တယ်..
“ဟေ့လူနေကောင်းလား”. ဒီလိုနေရာမျိုးမှာ အလ္လာပ သလ္လာပစကားပြောရသည်မှာ စိတ်မသက်မသာရှိလှပါတယ်..
မကောင်းတက်တော့လည်း ပြန်နှုက်ဆက်ရတာပေါ့လေ..
“ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျာ.”
သေချာအကျအန ထိုင်ပြီးကိုယ့်ကိစ္စရှင်းမယ်ကြံကာရှိသေး အလိုက်မသိတဲ့ ငနဲသားက. ထပ်မေးလာပြန်သေးတယ်
“ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ”.
ဟာ......ဒီလူတော့ကွာ ခတ်ပြီ ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းတွေလာမေးနေတာ ဘာလဲ.. စိတ်ပေါက်ပေါက်နှင့်
ဘုတော့ပစ်လိုက်တယ် “ခင်ဗျားလိုဘဲပေါ့ဗျာ...”
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသက်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်တယ် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်တယ်..
“ကျွန်တော်လာခဲ့မယ်ဗျာ ရမလား ”..
ဘုရားး.....ဒီလူဘယ်လိုလူလဲ ဂေးလား ဂျော်ရကီးလား ဘာကောင်လဲကွာ... ဘာပဲဖြစ်ဖြစ် ကိုယ်ကျင်လည်ကျက်စားတဲ့
နေရာမဟုတ်တော့ သတိတော့ ထားနေရသည်.. ထောင်ကနဲထွက်လာသော ဒေါသကို အသာလေးချုပ်တီးလျှက် အသံ
ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်... “မလုပ်နဲ့လေဗျာ ကျွန်တော်လဲဒီမှာ အလုပ်ရှုပ်နေတာ”
ဒုန်းးကနဲတံခါးဆောင့်ပိတ်သံနှင့် ဟိုဘက်ကပြောသံကိုကြားလိုက်ရသည်ကတော့...
“နောက်မှပဲပြန်ဆက်တော့မယ် ဟိုဘက်အခန်းက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့
ငါမေးသမျှ လိုက်ပြန်ဖြေနေလို့ဟေ့.”
အဟဲ့ ရယ်သောသူသည် အသက်ရှည်၏တဲ့ .....
သူငယ်ချင်းတို့ရေ သူငယ်ချင်းတို့လဲသတိထားနော် မှားတက်တယ်ဗျ အခုခေတ်ကဖုံးတွေပိုပေါလာပြီလေ ဟဲဟဲ...
သူငယ်ချင်းတို့ ဘဝအမောတွေတဒင်္ဂပြေပျောက်သွားတယ်ဆိုရင်ပဲ ကျွန်တော်လက်ညောင်းခံရတာတန်ပါတယ်ဗျာ......

******************************************************ိါိါ်မ
ဆော်ရီး မှားသွားလို့
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"524895 လေ...."
"ဗျာ!......ဟုတ်လား .... phone မှားသွားလို့ ... sorry နော်...ဒါပဲနော်
တိန်...................
မှတ်ချက်.....ကိုမိုးထက်အကာရဲ ပို.ဒ်လေးတစ်ခုပါ
Subscribe to:
Posts (Atom)