ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Saturday 8 December 2012

တဏှာရူး လူသတ်သမား Rodney Alcala


တဏှာရူး လူသတ်သမား Rodney Alcala



အောက်မှာ Picasa Albums နဲ့ ဖော်ပြထားတဲ့ လူတွေကို သင်သိပါသလား၊ သိခဲ့မယ်ဆိုရင်တော့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို (714)

536-5947, (714) 536-5947, (714) 347-8492 တွေကို အကြာင်းကြားပေးစေခြင်ပါလို့ အမေရိကန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အောက်က ဓါတ်ပုံမှာ ပါရှိတဲ့ ပုံတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။ လူသတ်သမား Rodney Alcala ရဲ့ Logger ထဲက ရခဲ့တဲ့

ဓါတ်ပုံတွေထဲက ပုံတချို့ဖြစ်ပြီး Rodney Alcala ရဲ့ သားကောင်တွေဖြစ်နိုင်တယ်လို့ ယူဆ ထားရသူတွေဖြစ်ပါတယ်။




မှတ်ချက်ဘလော.တစ်ခုက ဖော်ပြပါသည်..ဘယ်ဘလော.မှန်မသလိုလို အမည်မဖော်တာကို ခွင်.လွတ်နော်။...







Rodney Alcala ဆိုသူကတော့ အမေရိကန်နိုင်ငံ မှာ ကြောက်စရာ ကောင်းလှအောင် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သတ်တဲ့ နာမည်ကြီးလူ

သတ်မားတစ်ယောက်ဖြစ်ပါတယ်။သူ့ကို Dating Game Killer လို့လဲ လူသိများ ကြပါသေးတယ်။ သူဟာ ဓါတ်ပုံရိုက်သူ တစ်ယောက်လည်းဖြစ်ပါတယ်။





Alcala ရဲ့ IQ အဆင့် ကတော့ ၁၆ဝ ကျော်ရှိတယ်လို့ သိရတော့ အံ့သြစရာပါဘဲ။ သာမာန်လူတွေ IQ က ၉၅ နဲ့ ၁၂ဝ ကြားမှာဘဲရှိကြလို့ဖြစ်ပါတယ်။

၁၆ဝ ဆိုတဲ့ အဆင့်က တကယ့် ပါရမီရှင် တွေရဲ့ IQ အဆင့်ဖြစ်ပါတယ်။ ဘယ်နေရာမှာ ပါရမီ ပါတာလဲတော့မသိဘူး။ လောလောဆယ်တော့

လူသတ်ပါရပီရှင်လို့ ပြောရမလိုဖြစ်နေတယ်။ သူသတ်လိုက်တဲ့ သူတွေအားလုံးကလဲ အသက်ငယ်ငယ် ချောချော လေးတွေချည်းဘဲ။ UCLA ကျောင်းက

ဘွဲ့ရတစ်ယောက်လည်းဖြစ်ပါတယ်။


သူ့ IQ ကတရားသူကြီးတွေ ရှေ့နေတွေ၊ ရဲတွေ အားလုံးထက်မြင့်လို့လားတော့မသိဘူး။ ၁၉၈ဝ ခုနှစ်ကတည်းက သေဒါဏ် ကို နှစ်ခါ ပြန် အပေးခံခဲ့ရပေမဲ့

အခုထိ Alcala တစ်ယောက် သက်ရှိထင်ရှားရှိနေတုန်းပါဘဲ။


ကယ်လ်ဖိုးနီးယား ပြည်နယ် Huntington Beach မှာ ၁၉၇၈ ခုနှစ်မှာ အသက် ၁၂ နှစ်အရွယ် ဘဲလေး အကပညာ ကျောင်းသူ Robin Samsoe


လို့အမည်ရတဲ့ မိန်းခလေးတစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်မှု့နဲ့အဖမ်းခဲ့ရပြီး ၁၉၈ဝ နှစ်ဦးပိုင်းမှာ သေဒါဏ် ပေးခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ Robin

Samsoe ဟာ Alcala ရဲ့ လိင်အကြမ်းဖက်ပြီး သတ်ဖြတ်မှု့ကို ခံခဲ့ရတဲ့ ပထမဆုံးသူတော့ မဟုတ်ပါဘူး။ သူ့ မသတ်ခင် Alcala သတ်ခဲ့တဲ့

သူတွေလည်းရှိပါတယ်။


Robin Samsoe


Alcala ၁၉၆၈မှာ ပထမဆုံး သူကျူးလွန်ခဲ့တဲ့ ပြစ်မှု့ကတော့
Hollywood မှာ ကျောင်းသွားနေ့တဲ့ ၂ တန်းကျောင်းသူ ကောင်မလေးကို အတင်း


ခေါ်ဆောင်သွားပြီး၊ ပိုက်နဲ့ ခေါင်းကိုရိုက်ပြီး မုဒိန်းကျင့် ခဲ့ပါတယ်။ ထိုလုပ်ရပ်ကို တွေ့ခဲ့တဲ့ ခလေးတစ်ယောက်က LAPD (LOS ANGELES POLICE


DEPARTMENT) လော့အင်ဂျလီးစ် ရဲဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ရဲ အရာရှိမှ De Longpre ရိပ်သာလမ်း၊ Hollywood အဆောင်ခန်း မှ

တံခါးကို အတင်းဖွင့်ပြီး ဝင်စေပြီး ဝင်ရောက်ခဲ့ချိန်မှာတော့ Alcala က အနောက်ပေါက်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Alcala ရဲ့ မတရားရိုက်နက်

စော်ကာခံတဲ့ရတဲ့ကောင်မလေးကတော့ ကြမ်းပြင်ပေါ်မှာ အသက်ငွေ့ငွေ့ သာ ကျန်ရှိနေခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ ထိုကဲ့သို့ ဖြစ်ဖျက်ပြီး ၃

နှစ်ခန့်အကြာမှာတော့ ဝရမ်းပြေးAlcala ဟာ John Berge ဟု နာမည်ပြောင်းပြီး New Hampshire နေထိုင်နေတာကို သိပြီး ရဲ များမှ

ဖမ်းစီးမိခဲ့ပါတယ်။ အဲ့ဒီမှာ ကယ်လ်ဖိုးနီးယား ပြည်နယ်ရဲ့ ဥပဒေမှာ စိတ်ဖောက်ပြန်ပြီး ဖြစ်ခဲ့တဲ့ ရာဇဝတ်မှု့ဟာ ရောဂါကြောင့် အရမ်းကိုသက်ညှာ

ထားတဲ့အချိန်ဖြစ်ပါတယ်။ တရားသူကြီးကလဲ သေသေခြာခြာမစစ်ဘဲ ဂေါက်ကြောင်ထင်ပြီး သူကို စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တယ် ဆိုပြီး ၈ နှစ်အရွယ်

ခလေးကို မုဒိန်းကျင့်တဲ့ Alcala ဟာ ထောင် ၃၄ လ ဘဲ ကျသွားခဲ့ပါတယ်။ ထို အရူး ကို သက်ညှာတဲ့ ဥပဒေကတော့ Jerry Brow


ပြည်နယ်အုပ်ချူပ်ရေးမှုး တက်လာမှ ပြန်လည် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။


ထောင်ကလွတ်လာပြီး နောက်မှာတော့ Ciro's အမည်ရတဲ့ နိုက်လပ် ကို အမွေရခဲ့သူ Ellen Hover ကိုသတ်ပြီးတော့ Rockefeller ဆိုတဲ့ ခြံကျယ်ကြီး

တစ်ခုထဲမှာ မြေမြုတ် အလောင်းဖြောက်ခဲ့ပြန်တယ်။


Ellen Hover



နောက်တော့ ၁၂ အရွယ် ဘဲလေးအက ကျောင်းသူ Robin Samsoe ပေါ့၊ အမှု့ကို ပေါ်စေခဲ့တာကတော့ သူသတ်ဖြတ်ထားတဲ့ Samsoe ရဲ့ နားကပ်ကို

Seattle က သူ့ logger ထဲမှာရှာ ဖွေတွေ့ရှိခဲ့ပြီး ထိုနားကပ်မှ DNA စစ်ချက်များဘဲဖြစ်ပါတယ်။ အဲ့ဒီမှာ တခြား နှင်းဆီပန်းပုံ နားကပ် တွေနဲ့ အခြား

ပစ္စည်းတွေ ကို ထို logger ထဲက ထပ်ပြီးတွေ့ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။


နောက်ပြစ်မှု့တွေကို မိန်းခလေးနှစ်ယောက်ကိုသတ်တဲ့ အမှု့ တခုကို နောက်ကြောင်းပြန် ရှင်းနေရင်း မပြီးသေခင် ၂ဝဝ၆ ခုနှစ်မှာ သူအဖမ်းမခံခင်ကတည်း

ဖြစ်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို မုဒိန်းကျင့် သတ်ခဲ့တဲ့ အမှု့မှာလည်း DNA စစ်ချက်နဲ့ တခြားအထောက်အထားများအရ သူသတ်တာဖြစ်တယ်ဆိုပြီး

အစိုးရရှေ့နေက စွဲချက် ထပ်တင်ခဲ့ပါတယ်။ အမှု့ထပ်တိုးခဲ့ပြန်တယ်။


ဒါကြောင့် ယခုထိ မသတ်ရသေးပါဘူး။ ဖမ်းထားတာဘဲ နှစ်ပေါင်း (၃ဝ) ခန့်ရှိပြီးဖြစ်တဲ့အတွက် သူ့အသက်ဟာ ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။

(သေနေ့မစေ့သေးလို့ဘဲဆိုရမှာဘဲ။ သေဒါဏ်ပေးထားတာတင် နှစ်ပေါင်းသုံးဆယ် လောက်ရှိနေပြီး ဒါပေမဲ့အခုထိ သတ်မရသေးဘူးဖြစ်နေတယ်) အဲ့ဒီလိုဘဲ

Alcala သတ်ဖြတ်ခဲ့တဲ့ အမှု့တွေကလညှ်း ဆယ်စုနှစ်တွေသာ ကျော်ဖြတ်လာခဲ့ပေမဲ့ ရှင်းမရသေးတာတွေလဲ ရှိနေပါတယ်။ အဲ့ဒီအချိန်ကတည်းက Orange

County မှာ လက်ထောက်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Attorney Richard Farnell ဟာ Alcala မှာ တခြား များစွာသော လူသတ်မှု့တွေနဲ့


ပါတ်သတ်မှု့ရှိနိုင်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက အချူပ်ကြနေတဲ့ တရားခံ Alcala ဟာ နောက်ဆက်တွဲ အမှု့ နှစ်ခုကို


ဆက်လက်ရင်ဆိုင်နေရသူဖြစ်ပြီး ၁၉၇ဝ ခုနှစ်အတွင်း New York နှင့် Los Angeles မှ မိန်းမ များဖြစ်ကြတဲ့ Georgia Wixted ၊ Jill Parenteau,

Charlotte Lamb နှင့် [url=http://i415.photobucket.com/albums/pp233/bonnieolson/Dec 23/rodney-alcala-the-fine-art-of-ki-4.jpg]Jill Barcomb[/url]



သေဆုံးမှု့မှာ တရားခံအဖြစ် သံသရာ အရှိခံရဆုံးသူဖြစ်ပါတယ်။ ထို့အတူ ရဲ တွေကတော့ Alcala သတ်ခဲ့တဲ့လူတွေ အများကြီးရှိသေးတယ်လို့

ယုံကြည်ထားကြပါတယ်။


သူ အဖမ်းမခံခင်က ရိုက်ထားတဲ့ ဓါတ်ပုံ ၁၂၅ ပုံ ကိုတော့ Washington မှာက သူ့ logger ထဲမှာ ရဲတွေ ထပ်ပြီးရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ တွေ့ရှိခဲ့တဲ့ ပုံ


တစ်ထောင်ကျော်မှာ တော့ အဝတ်အစား မဝတ်ဘဲ ရိုက်ထားတဲ့ အမျိုးသမီးဓါတ်ပုံတွေ၊ ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ရိုက်ထားတဲ့ပုံတွေ ....စတာတွေက


များတယ်လို့ဆိုပါတယ်။ ထိုပုံထဲက အမျိုးသမီးတွေကိုတော့ ဘယ်လိုစီးရုံးပြီးရိုက်ခဲ့လဲဆိုတာ မသိသလို၊ ဓါတ်ပုံထဲမှာ ပါတဲ့အမျိုးသမီးအများစုဟာလဲ

ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ လည်း စုံစမ်းလို့ မရတာတွေရှိနေပါတယ်။ အမျိုးသမီးတိုင်းကိုတော့ ဓါတ်ပုံရိုက်ပေးမယ် ဆိုပြီး စီးရုံးခဲ့သလို

သူ့ရိုက်မဲ့ဓါတ်ပုံမှာ ရုပ်ပြ လုပ်ပေးဖို့ စတာတွေနဲ့ တော့စီရုံးခဲ့ပါတယ်။ ခပ်ငယ်ငယ် ကောင်လေးနှစ်ယောက်ပုံ နဲ့ ခလေး ပုံ တွေဟာလည်း

ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရှိသေးပါဘူး။ ထိုနှစ်ပုံနဲ့ ခလေး ပုံကလွဲရင် ကျန်တာ မိန်းမ ပုံတွေဘဲဖြစ်ပါတယ်။ ပုံထဲကပါရှိတဲ့ အမျိုးသမီးတွေ


ကတော့ ကျောင်းသူ အရွယ်များ ပါရှိသလို အသက် နှစ်ဆယ်နဲ့ သုံးဆယ် အတွင်းမှာ ရှိတဲ့ အမျိုးသမီးတွေဘဲဖြစ်ပါတယ်။ ထို အချိန်ကာလ အတွင်းကလည်း


အမေရိကန်နိုင်ငံမှာ ပျံ့နှံ့ခဲ့တဲ့ အသတ်ခံရပြီး အဝတ်ဗလာ နဲ့ ရိုက်ထားတဲ့ အမျိုးသမီး နှစ်ယောက်ပုံက လဲ သူ့ဆီက ဖြစ်မယ်လို့ ယူဆရပါတယ်။





No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။