ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Saturday 17 November 2012

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး




















၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်

ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။
၂။ လက်ဆစ်ချိုးခြင်းဟာ အဆစ်ရောင်ရမ်းနာ ဖြစ်စေနိုင်တယ်

လက်အဆစ်ချိုးခြင်းဟာ စိတ်အနှာက်အယှက်ဖြစ်စေရုံမျှမက လက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ရမ်းနာ (arthritis) ကိုတော့ မဖြစ်စေနိုင်ပါဘူး။ လေ့လာချက်တွေအရ လက်ဆစ်ချိုးလေ့ရှိသူတွေဟာ မရှိသူတွေထက်စာရင် အဆစ်ရောင်ရမ်းနာ ပိုဖြစ်တာကိုမတွေ့ရပါဘူး။ ဒါပေမဲ့ လက်ဆစ်ချိုးခြင်းဟာ လက်တွေကို ရောင်စေနိုင်သလို လက်ရဲ့ ဆုပ်ကိုင်မှုအားကိုလည်း လျော့နည်းစေနိုင်ပါတယ်။
၃။ မျိုချမိတဲ့ပီကေ အစာကျေဖို့ ခုနစ်နှစ်တောင်ကြာတယ်
ဒါဟာလည်း ယုံတမ်းစကားသက်သက်ပါပဲ။ ပီကေကို ယောင်ပြီးမျိုချမိတဲ့အခါ အဲဒီပီကေကို အစာချေဖျက်ဖို့ ခုနစ်နှစ်မကြာပါဘူး။ သေးငယ်တဲ့ အရာတစ်ခုစာ သင့် အစာခြေလမ်းကြောင်းတစ်လျှေက် တရွေ့ရွ့နဲ့ ပုံမှန်သွားနေမှာပါ။

၎။ မျက်နှာမသစ်ခြင်းနဲ့ အစာတချို့ စားသုံးခြင်းဟာ ဝက်ခြံပေါက်စေနိုင်ပါတယ်

သင်ဘာစားသလဲ၊ မျက်နှာကို ဘယ်လောက်ကြာမှ တစ်ခါသစ်သလဲဆိုတာနဲ့ မျက်နှာပေါ်မှာ အဖုအပိမ့်နဲ့ ဝက်ခြံတွေပေါက်တာ ဆိုင်တယ်လို့ အများစုက ထင်ထားကြပါတယ်။ တကယ်တော့ ဝက်ခြံဟာ ဟော်မုန်းထွက်ရှိမှုနဲ့ အဆီဂလင်းတွေပေါ် ဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ထွက်ရှိတာပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှာ ဒီဖြစ်စဉ်ဟာ မြင့်တတ်တဲ့အတွက် ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေမှာ ဝက်ခြံတွေ အထွက်များတာဖြစ်ပါတယ်။ စားတဲ့အစာနဲ့ ဝက်ခြံထွက်ရှိမှု ဘာမှသိပ်မဆိုင်ဘူးဆိုပေမဲ့ တချို့ အစာတွေကြောင့် သင့်မှာ ဝက်ခြံထွက်တယ်လို့ ယူဆပါက အဲဒီအစာတွေကို ရှောင်ရှားခြင်းဖြင့် အန္တရာယ်မရှိနိုင်တဲ့အတွက် ရှောင်လိုကရှောင်နိုင်ပါတယ်။ မျက်နှာအသစ်နည်းခြင်းကြောင့် ဝက်ခြံထွက်ရှိတာ မဟုတ်တဲ့ အပြင် မျက်နှာ မကြာခဏသစ်လွန်းနေရင်တောင် ဝက်ခြံပိုထွက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါ ပြောင်ရှင်းသွားကာ မျက်နှာပေါ်ရှိ သဘာဝအဆီတွေကို အစားထိုးဖို့အတွက် ခန္ဓာကိုယ်မှ အဆီပိုထုတ်ရတဲ့အတွက် ဖြစ်ပါတယ်။

၅။ နှာချေလိုက်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်တယ်

နောက်ထပ် ကြားဖူးနားဝရှိတာကတော့ နှာချေလိုက်တဲ့အခါ နှလုံးအခုန် တစ်ချက်ရပ်သွားတယ် ဆိုတာပါဘဲ။ ဒါလည်းအဓိပ္ပါယ်မရှိပါဘူး။ နှာချေလိုက်တဲ့အခါ ရင်ခေါင်းထဲဖြစ်ပေါ်လာတဲ့ ဖိအားဟာ အသက်ရှုသွင်းစဉ် မြင့်တတ်သွားကာ အသက်ရှုထုတ်စဉ် လျော့နည်းသွားတဲ့အတွက် နှလုံးခုန်နှုန်း အနည်းငယ် ပြောင်းသွားပေမဲ့ လုံးဝနှလုံးခုန် ရပ်သွားတာတော့ မဟုတ်ပါဘူး။

၆။ ကြို့ထိုးတာ ပျောက်အောင်ကုသနိုင်တယ်

ဘာကြောင့် ကြို့ထိုးသလဲဆိုတာ ဘယ်သူမှ သေချာမသိပေမဲ့ တချို့ အစားအသောက်နဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ဝမ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေဟာ အလိုလိုနေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်ပါတယ်။ လူအများစုဟာ ကြို့ထိုးပျောက်အောင် နှာခေါင်းပိတ်ကာ ရေမော့သောက်ခြင်း၊ ကြောက်လန့်အောင် ခြောက်လန့်ခြင်းစတဲ့ နှစ်သက်ရာနည်းလမ်းတွေကို အသုံးပြုတတ်ကြပေမဲ့ တကယ်တမ်းကျတော့ ကြို့ထိုးခြင်းကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ နာရီနဲ့ ချိန်ပြီးကြာတဲ့ ကာလရှည်ကြို့ထိုးခြင်းအတွက် ဆေးတွေရှိပေမဲ့ အကျိုးအာနိသင်စွမ်း မစွမ်းငြင်းခုံနေကြဆဲပါပဲ။ ပုံမှန်ကြို့ထိုးခြင်းဟာ လုံးဝအန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် အလိုလို ပျောက်သွားတတ်ပါတယ်။

၇။ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိ

ဒီစကား ဘယ်ကနေပေါ်လာမှန်းမသိပေမဲ့ ကျွန်မတို့လူသားတွေဟာ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို အသုံးပြုလေ့ရှိပါတယ်။ လေ့လာချက်အရ အိပ်ပျော်နေစဉ်မှာတောင် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေတာ တွေ့ရပါတယ်။

၈။ မနက်စာမစားလို့ရတယ် မဟုတ်ပါဘူး။

မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာပါ။ လေ့လာချက်တွေအရ မနက်ပိုင်းမှာ အစာတစ်ခုခုစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပြီး မနက်စာမစားပါက နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာမစားခြင်းဖြင့် ဇိဝရုပ်ဖြစ်ပျက်မှုနှုန်းကိုလည်း နှေးကွေးစေကာ သရေစာတွေ စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ ဗိုက်ကိုကြည့်ပြီး ရင်သွေးလေးရဲ့ လိင်အမျိုးအစားခန့်မှန်းနိုင်

ကိုယ်ဝန်ဗိုက်ပေါ်ကို ဖောင်းပြီးချွန်ထွက်နေရင် မွေးလာမယ့်ရင်သွေးလေးက သားသားလေး၊ ဝမ်းဗိုက်ကလုံးနေရင် မီးမီးလေးလို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်အနေအထားကို ကြည့်ပြီး မွေးလာမယ့်ရင်သွေးလေးကို ခန့်မှန်းလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ပုံစံနဲ့ ရင်သွေးရဲ့ လိင်အမျိုးအစား ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ Ultrasound ရိုက်ကြည့်မှသာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။
Ref: Good Health















သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။

(၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) ကုလားပဲ စားပါ

ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ

စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ

မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ

အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ

ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ

တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ

ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ

ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

၁။ ဝိုင်
ဝိုင်နီဟာ အက်စစ် ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။
 
၂။ လက်ဖက်ရည်
ဝိုင်လိုပဲ သွားတွေကို အရောင် စွန်းစေတဲ့ Tannins တွေ ပါဝင်ပါတယ်။ ကော်ဖီတွေဟာ Tochromogen ပါဝင်မှုမြင့်ပေမယ့် သွားကို အရောင်စွန်း စေတဲ့ Tannin ပါဝင်မှု ကတော့ နည်းတဲ့အတွက် လက်ဖက်ရည် သောက်တဲ့ သူတွေရဲ့ သွားဟာ ကော်ဖီသောက်သူတွေ ထက် ပိုပြီး အရောင် စွန်းနိုင်ပါတယ်။
 ၃။ ကိုလာ
အက်စစ် သဘာဝများပြီး Chromogen များစွာပါတဲ့ ကိုလာဟာ သွားတွေကို သိသိသာသာ အရောင်စွန်း စေပါတယ်။ အရောင်ဖျော့တဲ့ တခြားအအေး (Soft Drink) တွေဟာလည်း အက်စစ်သဘာဝရှိပြီး တခြား အစားအစာ တွေကြောင့် သွားတွေ အရောင် စွန်းရအောင် ကူညီ ပေးပါတယ်။ ခုံပေါ်မှာ အအေးဘူး တင်ထားလေ့ရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အရောင်စွန်း လွယ်ပါတယ်။
 
၎။ ပြင်းသော အချိုရည်
အက်စစ် ပါဝင်မှု ပိုများတဲ့ ရှတတ အချိုရည်တွေဟာ သွားတွေရဲ့ ကြွေလွှာကို ဖျက်ဆီးပစ်ပြီး သွားတွေကို အရောင် စွန်းထင်း လွယ်စေပါတယ်။
 
၅။ ဘယ်ရီသီးများ
ဘလူး ဘယ်ရီသီး၊ ခရမ်းဘယ်ရီသီး၊ ချယ်ရီ၊ စပျစ်သီး အပါအဝင်၊ အရောင်သိသာတဲ့ အသီးတွေ၊ ဖျော်ရည်၊ မုန့်တို့ဟာ သွားကို အရောင်စွန်း စေပါတယ်။
 
၆။ ဆော့
ပဲငံပြာရည်၊ ခရမ်းချဉ်သီး sauce၊ Curry Sauce အပါအဝင် တခြား အရောင်ရင့်တဲ့ Sauce တွေဟာ သွားကို အန္တရာယ် ဖြစ်စေပါတယ်။
 
၇။ အချို
အချို၊ သကြားလုံး၊ ပီကေ စတာတွေမှာ သွားကို အရောင်စွန်းထင်းစေတဲ့ အရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါတွေကို စားပြီးလို့ လျှာလေးဟာ အရောင်စုံ ဖြစ်နေပြီ ဆိုရင်တော့ သင့်ရဲ့ သွားလည်း မကြာခင် ဒီလိုမျိုး ဖြစ်လာ ပါလိမ့်မယ်။ အမြဲတမ်း စားနေတဲ့သူ မဟုတ်ရင်တော့ ဒီပြဿနာကို သိပ်ပြီး ကြီးကြီးကျယ်ကျယ် ခံစားရမှာ မဟုတ်ပါဘူး။ 
 
ဒီပြဿနာ တွေကို ရှောင်ကြဉ်ဖို့ အတွက်ဆိုရင်. . .
 
(၁) ပိုက်ကိုအသုံးပြုပါ
ပိုက်ကနေ တစ်ဆင့် စုပ်သောက်ရင် သွားတွေ အရောင်စွန်းတာကို ထိန်းချုပ် နိုင်ပါလိမ့်မယ်။ ပိုက်က သောက်တာကြောင့် သွားနဲ့ အရည်ထိတွေ့မှု နည်းသွားပါတယ်။ ဝိုင်၊ ကော်ဖီပူပူ တို့ကို ပိုက်နဲ့စုပ်သောက်ဖို့ စိတ်မပါပေမယ့် အအေး၊ ဖျော်ရည်၊ ကော်ဖီအေး၊ ကိုလာ တို့ကိုတော့ ပိုက်နဲ့ သောက်သင့်ပါတယ်။
 
(၂) ချက်ချင်း မျိုချပါ
သွားကို အရောင်ထင်းစေတဲ့ အအေးတွေ၊ အစားအစာတွေကို ချက်ချင်း မျိုချတာကလည်း ကူညီ နိုင်ပါတယ်။ ဒါပေမယ့် မမျိုချခင် သေသေချာချာ ဝါးဖို့တော့ လိုပါတယ်။ အစားအစာ တွေကို ပါးစပ်ထဲ အကြာကြီး ငုံထားတာမျိုးကို ရှောင်သင့်ပါတယ်။
 
(၃) ပလုတ်ကျင်းပါ
အစာစားပြီးတိုင်း သွားတိုက် ဖို့ဆိုတာ သိပ်အဆင် မပြေပါဘူး။ ဒါပေမယ့် သွားတွေရဲ့ ကြွေလွှာဟာ အစာ စားပြီးလို့ မိနစ် ၃၀ လောက် ကြာတဲ့အထိ သွားတွေကို ကာကွယ် ပေးထား ပါတယ်။ ဒါကြောင့် အရင်ဆုံး ရေနဲ့ ပလုတ်ကျင်းထားပြီး နောက်မှ သွားတိုက်ပါ။

--
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \


(^_^)

လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်

လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်

’မိမိတို့ နေ့စဉ် စားနေကျ ထမင်းဖြူ၊ ပါမုန့်ဖြူ၊ သကြားလုံး၊ ဆိုဒါ၊ အချိုရည် တွေဟာ ခဏအတွင်းမှာ အစားကို အလွယ်ခြေနိုင်တာမို့ အချိန်တိုအတွင်းမှာပဲ ပြန်ဆာလောင်စေပါတယ်။ ထို့ပြင် အာဟာရ အရမ်းမများပဲ၊ ကယ်လိုလီအများဆုံး ပါဝင်တာမို့ ခန္ဓာကိုယ် ပိုမိုဝစေပါတယ်။ ဒါကြောင့် အစာခြေဖို့ မလွယ်တဲ့ ပါမုန့်ညှိ၊ ဆန်လုံးညှိ၊ ပဲ၊ ပဲသီး နှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးမယ်ဆိုရင် ကျန်မာရေးနဲ့လည်း ညီညွှတ်ပြီ ကယ်လိုလီနည်းနည်း ပါဝင်သည်မို့ ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။ ထို့ပြင် လှပသော ခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းနိုင်ဖို့ လှိုဝှက်ချက် ၆ချက်ရှိပါတယ်။
၁။ မနက်စာ မှန်မှန်စားပါ
- မနက်စာ မှန်မှန်စားပါ။ မနက်စာ နွားနို့၊ ပါမုန့်ညှိ၊ သစ်သီး၊ ကောက်ပဲသီးနှံ တွေ စားပေးပါ။ မနက်စာ စားခြင်းဖြင့် မှတ်ဥာဏ် ပွင့်လင့်ခြင်း၊ တနေကုန် အလုပ်လုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး တွေရှိပါတယ်။ အထူးသဖြင့် ကလေးတွေမှာ မနက်မစားပဲ ကျောင်းသွားမယ်ဆိုလျှင် တခြားကလေးတွေထက် အတန်းထဲမှာ စာမလိုက်တာတွေ ကြုံတွေ့လာနိုင်ပါတယ်။

၂။ နေ့လည်စာ ပရိုတင်းနဲ့ ကာဖိုဟိုက်ဒိတ် ညီမျှအောင် စားပေးပါ

- ၀ိတ်ချတဲ့ အချိန်မှာ နေ့လည်စာကို ကာဖိုဟိုက်ဒိတ် နဲ့ ပရိုတင်းဓာတ်တို့ ညီမျှ စားပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် နေ့လည်စာကို ပရိုတင်းဓာတ်များသော အသား၊ ငါး၊ ပဲ၊ နွားနို့၊ ကြက်ဥ တို့ကို စားပေးပါ။ ထို့ပြင် ကာဖိုဟိုက်ဒိတ်ဖြစ်တဲ့ ပါမုန့်ညှိ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကိုပါ တွဲဖက် စားသုံးပေးပါ။

၃။ ညနေစာကို ပုံမှန်နဲ့ ဖြည်းဖြည်း စားပါ

- ညနေစာကို အများကြီး မစားပါနဲ့၊ ဖြည်းဖြည်းစားပါ။ ထို့ပြင် ပန်းကန်ကို အကြီးနဲ့ စားမယ့်အစား အရွယ်အစား သေးတဲ့ ပန်းကန်နဲ့ စားခြင်းဖြင့် ညနေစာကို အများကြီး မစားဖြစ်တော့ပါဘူး။

၎။ အစာပြေလေးတွေ ရံခါ စားပေးပါ

- တခါတလေ မနက်စာ (သို့) နေ့လည် မစားဖြစ်တဲ့ အခါ ဆာလောင်တဲ့ဒဏ်ကို ခံနိုင်အောင် အစာပြေ snack လေးတွေ ဖြစ်တဲ့ သစ်သီးဖျော်ရည်၊ ချိစ်၊ ဒိန်ချဉ်၊ အသီးဆလတ်သုတ်၊ အာလူးကင် တို့ကို စားသုံးပေးပါ။ ဒီလို snack တွေစားလို့ မ၀စေပါဘူး။ သင်ရဲ့ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို ပြန်ဖြည့်ပေးပါတယ်။

၅။ တနေ့ ၃ကြိမ်မှ ၄ကြိမ်စားပါ

- တခါတည်းနဲ့ အများကြီး စားမယ့်အစား နည်းနည်းနဲ့ တနေ့မှာ ၃ကြိမ်မှ ၄ကြိမ် ခွဲစားပေးပါ။

၆။ အချိုနဲ့ ကဖိန်းများတဲ့ အစားအသောက်တွေကို မစားပါနှင့်

- ချောကလက်၊ ဆိုဒါတွေက သင်ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ရအောင် မကူညီပေးနိုင်သလို၊ သင်ခန္ဓာကိုယ်ကို ပိုဝစေပါတယ်။ ဒါကြောင့် အချိုကို တတ်နိုင်သလောက် မစားပဲ၊ ရံဖန်ရံခါမှ စားသင့်ပါတယ်။ ထို့ပြင် ကဖိန်းပါတဲ့ ကော်ဖီ၊ လဘက်ရည်တို့ကိုလည်း အလွန်အကျွန် မသောက်သုံးသင့်ပါဘူး။

ဘာသာပြန် - Wutyee Food House

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ
ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို
ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
 (၁) ဆေးလိပ်မသောက်ပါနှင့်
 ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ
ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည်
သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး
ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
 (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်
 ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့်
ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။
 (၃)လက်ဖက်ရည်မသောက်ပါနှင့်
 လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး
၎င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
 (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်
 ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။
 (၅) ရေမချိုးပါနှင့်
 ထမင်းစားပြီးရေချိုးခြင်းသည်
လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို
တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျသွားသည့်အတွက်
ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။
 (၆) လမ်းမလျှောက်ပါနှင့်
 လူအများကပြောနေကြသည်မှာ
ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည်
သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့်ညီမျှပြီး
အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း
ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့် ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
 (၇) ချက်ချင်းမအိပ်ပါနှင့်
 ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။

အသက်ကြီးခြင်းနဲ့ ပတ်သက်၍ အမျိုးသမီးများ အကြောက်ဆုံး အရာ ငါးမျိုး


ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး အများစုဟာ အမျိုးသားတွေထက် ပိုပြီး အသက်ကြီးမှာကို ကြောက်ရွံ့တတ်ကြပါတယ်။  အမျိုးသမီးတွေ အနေနဲ့ ဘယ်လို အကြောင်းတွေကြောင့် အသက်ကြီးမှာကို ပိုမို ကြောက်ရွံ့တယ် ဆိုတာကို သိနိုင်ဖို့ အသက်ကြီးတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အဓိက ကြောက်ရွံ့တတ်ကြတဲ့ အကြောင်းတွေကို လေ့လာမှုတွေက အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

 ၁) ဆွဲဆောင်မှု မရှိတော့မှာ ကြောက်တယ်

မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာမှာ၊ ဆံပင်တွေ ဖြူလာမှာ၊ ဗိုက်ကြီးပူတာ လျော့မသွားတော့မှာ၊  အသားအရေ ခြောက်သွေ့သွားမှာ၊ ကိုယ်အလေးချိန် မြင့်တက်လာမှာ ... စတာတွေကို စိုးရွံ့နေတာကြောင့် အမျိုးသမီး အများစုဟာ အသက် ကြီးလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလို အသက်ကြီးတာနဲ့ အတူတွဲပြီး ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေဟာ ဆွဲဆောင်မှုကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နားမကြားတာကြောင့် နားအကူ ကိရိယာ တပ်ရမှာ၊ လမ်းလျှောက်တုတ်အကူ ဆောင်ရမှာ၊ မသွားနိုင် မလာနိုင် ဖြစ်လာတော့မှာ . . စတာတွေကိုပါ ကြောက်ရွံ့တာကြောင့် အသက်ကြီးမှာကို စိုးရွံ့နေတတ်တာပါ။

ကြောက်ရွံ့မှု ကင်းအောင်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တခြားသူတွေရဲ့ အမြင်ကို မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ ရုပ်နဲ့ စိတ်ကို လှပ တင့်တယ်အောင် ပြင်ဆင်ဖို့က သင့်အပေါ်မှာ အများကြီး မူတည်နေပါတယ်။ အိပ်ရေးဝဝ အိပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရယ်မောတာနဲ့ လူမှုရေး ဝင်ဆန့်အောင် နေထိုင်တာတွေဟာ သင့်ကို အသက်ကြီးလာပေမယ့် တင့်တယ် လှပနေအောင် ပံ့ပိုးပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၂) တစ်ယောက်တည်း ကျန်ခဲ့မှာကို ကြောက်တယ်

အိမ်ထောင်ဖက် သေဆုံးတာဟာ အမျိုးသမီးတွေရဲ့ ကြောက်ရွံ့မှုမှာ ထိပ်တန်းက ပါဝင်နေပါတယ်။ အိမ်ထောင်ဖက် သေဆုံးပြီး တစ်ယောက်တည်း ကလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ အထီးကျန်တဲ့ ဝေဒနာကို ရရှိတတ်ပါတယ်။ အဲဒီအချိန်မှာ လူတွေနဲ့ မဆက်ဆံဘဲ တစ်ယောက်တည်း နေရင် ပိုပြီး နာကျင်ရတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

တစ်ယောက်တည်း ကျန်ခဲ့ရင် ဆိုတဲ့ အတွေးဟာ ဘဝကို ဆက်လျှောက်ဖို့ ကြမ်းတမ်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူတွေနဲ့ ပေါင်းသင်း နေထိုင်ကာ လူမှုရေး ဝင်ဆံ့အောင် ကြိုးစားပေးပါ။

၃) ငွေတွေကို လုယက်မှာ ကြောက်တယ်

အမျိုးသားတွေက အသက်ကြီးလာလေလေ၊ စီးပွားရေး တောင့်တင်းပြီး ငွေကြေး ချမ်းသာလာလေလေ၊ လူတွေကြား ဝင်ဆံ့ကာ လုံခြုံမှု ရှိလေလေပါပဲ။ အမျိုးသမီးတွေကတော့ ငွေတွေ ပိုချမ်းသာလေလေ၊ အနားကပ်လာတဲ့ သူတွေကို သံသယစိတ်နဲ့ စောင့်ကြည့်ရလေလေ ပါပဲ။ အထူးသဖြင့် တစ်ကိုယ်တည်း နေသူတွေနဲ့ မုဆိုးမတွေဟာ ငွေပုံပေါ်မှာ ထိုင်ရင်း မိတ်ဆွေစစ်နဲ့ အတုကို ခွဲခြားရ ခက်ခဲတတ်ပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ငွေတွေကို စနစ်တကျ စီမံခန့်ခွဲ ထိန်းသိမ်းတတ်အောင် ကြိုးစားပါ။ အဲဒီလို လုပ်ဆောင်တတ်တဲ့ အမျိုးသမီးတွေဟာ အသက် ဘယ်လောက်ငယ်ငယ် စိုးရွံ့စိတ် မရှိတတ်ကြပါဘူး။

၎) ကင်ဆာဖြစ်မှာ ကြောက်တယ်

ကင်ဆာ အထူးသဖြင့် ရင်သားကင်ဆာဟာ အမျိုးသမီးတွေ ဖြစ်မှာကြောက်တဲ့ ကင်ဆာရောဂါ တစ်မျိုးပါ။ ရင်သားကင်ဆာက အဖြစ်များပေမယ့် အဆုတ်ကင်ဆာဟာ ရင်သားကင်ဆာထက် အမျိုးသမီး အများစုကို သေဆုံးစေနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

ကြောက်ရွံ့မှု ကင်းအောင်

ကင်ဆာရောဂါဖြစ်ရင် သေနိုင်တယ်ဆိုတဲ့ အသိကြောင့် ထိတ်လန့်နေကြတာပါ။ တကယ်တော့ ကင်ဆာရောဂါ အများစုဟာ စောစောသိရင် စောစော ကုသ ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာမဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင် စားသောက်မှု ပုံစံကို လိုက်နာတာ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို ခံယူတာတွေကို လုပ်ဆောင်ပေးပါ။

၅) တခြားသူအပေါ် မှီခိုနေရမှာ ကြောက်တယ်

မျိုးသားရော အမျိုးသမီးပါ သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကို စိုးရိမ်တတ်ကြကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ အသက်ကြီးလာတဲ့ အခါမှာ အရွယ်ရောက် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုဘဝကို အနှောင့်အယှက် မဖြစ်လိုကြပါဘူး။

ကြောက်ရွံ့မှု ကင်းအောင်

ရှေ့ရေးကို ကြိုတွေးထားပါ။ သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေး အတွက်ပါ စုဆောင်းထားပါ။ နေထိုင်မယ့် နေရာအတွက် ကြိုတင် ပြင်ဆင်ထားပါ။    

 ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
 Ref: Good health

--
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \


(^_^)

မာန နဲ့ အပြိုင်

မာန နဲ့ အပြိုင်

မှန်ထဲမှာ မြင်နေရတဲ့ ပုံရိပ်ကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။ မှန်ထဲက မြင်နေရသူ နဲ့ အပြင်ကသူတစ်ယောက်ထဲဆိုတာ ဟုတ်ရဲ့လား ။ ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့တယ် ။ လွမ်းမောခြင်းကို သက်သေတည်စေတဲ့ အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံက မှိတ်ချလိုက်တဲ့ အချိန်မှာ တော့ ဘာကြောင့်မှန်းမသိတဲ့ မျက်ရည်စက်တွေက ပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာကြပါတော့သည်။
လွန်ခဲ့သော 6လလောက်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင် ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးတယ်။ လူတကာရဲ့ ၀လိုက်တာနော် ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ ခဏခဏ ကြားခဲ့ရတယ် ။ လှလှပပ အ၀တ်စားလေးတွေ တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရတယ် ။ သိပ်ချစ်ပါတယ်လို့ ပြောခဲ့တဲ့ ခင်ပွန်းသည်ရဲ့ဆိုက်ကယ် နောက်တော်ပါးမှာ လိုက်ခွင့်မရခဲ့တာ ကြာခဲ့ရပါပြီ ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြတယ် ။ အိမ်ထောင်ကြပြီး 3လအကြာဘဲ မထင်မှတ်လောက်အောင် ၀လာလိုက်တာ 195ပေါင်တိတိ ဖြစ်လာတဲ့ ကိုယ့် ခန္ဓာကိုယ် ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်စေခဲ့ပါတယ် ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့ပါဘူး ။ ယောကျာင်္းအပြင်သွားလို့ မခေါ်တိုင်းလဲ သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို လက်ခံ ယုံကြည်နေမိတယ် ။ ဒီလိုနဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီး ဘ၀ကို ရောက်မှန်းမသိကို ရောက်လာခဲ့ရပါတော့သည်။
အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှုနိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ် စမတ်ကျခြင်းဆိုတဲ့ အချက်တွေက ယောကျာင်္းတစ်ယောက်ကို ကောင်းကောင်းကြိုးကိုင်နိုင်တယ်ဆိုတာတွေကိုလည်း သတိမမူမိခဲ့ပါဘူး ။ စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့က သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင် အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို  မကြာခဏထွက်ရတဲ့ မောင်။ မောင် နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့်  အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း မတွေးခဲ့မိပါဘူး ။
တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို လိုက်လာခဲ့ကြဧ။် ။ ရန်ကုန်ရောက်တော့ ညနေစောင်းချိန်ကိုရောက်နေပါပြီ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာနေတာမို့ ညဆို အရမ်းစည်ပါတယ် ။ ရေချိုး အ၀တ်စားလဲပြီးတော့
*မိန်းမရေ  မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*
*ကျွန်မလဲ လိုက်ချင်တယ် မောင်*
*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *

ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့လေ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။

*အောင်မလေးနော် ..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက အချိုးမပြေဘူး *

ရုတ်တရက်နောက်က ပေါ်လာတဲ့ မေမေ အသံကိုကြားလိုက်ရတော့မှ သတိဝင်လာပြီး မေမေကို နှစ်သိမ့်  ပြုံးပြလိုက်မိပါသည်။

* ပြုံးနေနိုင်သေးတယ်နော် ။ သမီးရယ် ငါသမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူးကွယ် ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ  အမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင် မရှိဘူးလားကွယ် *
*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်းလေ*
*ခက်ပါတယ်အေ ။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ်လေ ။ မလှရင်တောင် သေသေသပ်သပ်လေး ရှိစေချင်ကြတယ်အေ့ ။ ငါတော့ ရင်မောပါတယ် *

မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားပါသည်။ မေမေတို့လည်း ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရတယ်။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့ ၀မြဲဝနေတော့တာပါပဲ ။
**********************************

ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့မိပါဘူး။ ဒီလိုနဲ့ အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာစေခဲ့ပါတော့သည် ။
ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင်တော့ အေးမြခြင်းတွေကို မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးပါလား ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ တိတ်တဆိတ်မျှော်လင့်မိတဲ့ ဆန္ဒလေးတစ်ခုက ပိုမိုလို့ ပြည့်ချင်စိတ်တွေ အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့တယ် ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိဝေးနေတဲ့ နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါတယ် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်သတိမရခဲ့ဘူးမလားဟင်။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မယ် ။
အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့ တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။ အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ပြီးတာနဲ့ အိပ်ယာပေါ်လဲချလိုကတဲ့ မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်မိပါတယ် ။

*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*
*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*
*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*
*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့
အချိန်ပေး နားထောင်စေချင်လို့ပါ *
*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*
*ကျွန်မကို မောင်ဥပက္ခပြုတာတွေ အရမ်းများလာပြီမောင် ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *
*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*
*သူတို့ပြောတာ မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင် ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ် ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။ ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့ လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင် *
 * ဟားဟ ! ဟုတ်ပါတယ်ကွာ ။ သာတာတွေ ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *
ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့တယ် ။ ပြောထွက်တဲ့ မောင်နှုတ်ဖျားကစကားသံတွေ ၊ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှုမျက်လုံးတွေ က ကျွန်မရင်ထဲက ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ ဖော်ထုတ်လိုက်ကြပါပြီ။ မောင်ကို ချစ်နဲ့ ချစ်ခြင်းတွေက ကျွန်မ မာနတွေနဲ့ ပြိုင်ဆိုင်လိုကတဲ့ အချိန်မှာ နောက်ကျ ကျန်နေခဲ့ပါပြီ ။ မောင်ကတော့ ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့ ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင် မောင်ကိုယ်တိုင်တာ အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပေမယ့် ကျွန်မမှာတော့ တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။
မိုးလင်းခံနီးအချိန်မှာတော့ ကျွန်မဆီမှာ တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်နိုင်ပါပြီ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။
*******************************************
အားလုံးကို ရှောင်နေခဲ့တာ  ခုဆို 6လ တင်းတင်း ပြည့်ခဲ့ပြီမို့  အိမ်ကို ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာလေးတွေကို
လည်း ဖြစ်ခွင့်ရခဲ့လေပြီ ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေတို့ဆီဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိပါသည် ။ အိမ်ထဲကို
ဝင်လိုက်တယ်ဆိုဘဲ
 * အမ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ *

ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရပါတယ် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ ပျော်ဝင်စီးမျောသွားပါတော့သည် ။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ မောင်ကို ထားရစ် ခဲ့တဲ့ 6လအတော်တွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့ပါတယ် ။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင် 135ပေါင်တာရှိပါတော့တယ် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးလည်း ၀တ်လို့ရခဲ့ပါပြီ။

* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *

ဒီတော့မှ ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။ မေမေဆို ၀မ်းသာလွန်းလို့  ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့ ပြောဆိုပြီးချိန်မှာ မေမေက စကားစလာပါတော့သည် ။

* သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့ သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ပါဘူး ။ တာဝန်ကျေတော့ လာမေးတယ်လေ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိတော့  အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို ကောင်းကောင်းကို စကားမပြောချင်ဘူး ။ သမီး ဖေဖေဆို သူမျက်နှာကို မကြည့်ချင်တာ ။ ဒါပေမယ့် သမီး တို့ချင်းတွေ့ကြည့်ပါအုံးလေ။ သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည့်ပေါ့ ။ မေမေတို့ကတော့ ဘာမှ မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။ သမီးလျှောက်ရမယ့် လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေကွယ် *
* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ်  *

သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်ချိန် ကျွန်မ အသံကို မောင် ကြားလိုက်ရချိန် တော်တော် အံ့သြနေခဲ့ပါတယ် ။ ကျွန်မကို တွေ့လိုက်ရချိန်မှာတော့ သူလက်ထဲက ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို မောင် အံ့သြမှင်သက်သွားစေခဲ့တယ် ။ ကျွန်မ မောင်မျက်နှာကို နောက်ဆုံးအနေနဲ့ သေသေချာချာကို စိုက်ကြည့်ပြီး စကားလုံးတွေကို အေးဆေးစွာ ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့တယ် ။
* မောင် ကို ကျွန်မ သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။ ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ဆိုတာကတော့ ကျွန်မ မာနတွေက လုံးဝ လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင် ကျွန်မကို ကွာရှင်းပေးပါ တော့မောင် ။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို ကျွန်မနားလည်ပေးခဲ့သလို ....ကျွန်မကို တစ်သက်လုံး ဘယ်တုန်းကမှ  နားလည် မပေးခဲ့တဲ့ မောင် ဒီတခါတော့ နားလည်မှုလေး တစ်ခုထားပြီး ကျွန်မကို ကွာရှင်းပေးပါမောင်  *

နှစ်တွေတော်တော်ကြာအောင် ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့ပါတယ် ။ ကျွန်မကို တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တချက်လှည့်ကြည့်ကာ နှုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို  အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ  ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့ စကားလုံးရှာဖွေစက်နဲ့ ဖော်ထုတ်စေခဲ့တယ်လေ ။ မောင်လို့ အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို လှည့်ကြည့်ချင်စိတ်မရှိလောက်အောင် နာကြည်းသွားခဲ့ပါပြီ။ မောင်ကို နားကြည်းစေတတ်စေဖို့ ပထမ ဆုံး သင်ပေးခဲ့တာတော့ မောင်ပြောခဲ့တဲ့ စကားစုလေး
ဟားဟ ! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေ ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုပုံစံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ ။

ဒီစကားစုလေးကြောင့် ကျွန်မ မာနတွေ ပုန်းလျှိုးနေရာကနေ ပေါ်ထွက်လာခဲ့တယ်  ။ ဒုတိယ ပြတ်သားစေခဲ့တာကတော့ ကျွန်မ ဘ၀တစ်လျှောက်လုံး ပုန်းလျှိုးနေခဲ့တဲ့ ကျွန်မရဲ့ မာနတွေပါပဲ ။ မောင်ကို သိပ်ချစ်ခဲ့ဖူးပေမယ့် ပုန်းနေရာက ပေါ်လာတဲ့ ကျွန်မ မာနတွေ နဲ့ ပြိုင်ဆိုင်ကြတဲ့ ………………………

Miss Internet ဆု ဆွတ်ခူးရရှိတဲ့ နန်းခင်ဇေယျာရဲ့  ဓါတ်ပုံများ

Miss Internet ဆု ဆွတ်ခူးရရှိတဲ့ နန်းခင်ဇေယျာရဲ့  ဓါတ်ပုံများ


 မြန်မာပြည်မှာ အင်တာနက် မြန်နှုန်း
နိမ့်ပေမယ့် အိုကီနာဝါကျွန်း ၂၀၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်
စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာကတော့

 Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ်နယ်က မြန်မာပြည်
သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားတာဖြစ်ပါလိမ့်မယ်။

ဆုကြေညာပေးအပ်ပွဲ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေရာမှာ သူ ဒီဆု ရရှိကြောင်း 
အခုလေးတင် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။


 သတင်းဧရာဝတီ 

ဓါက်ပုံ Facebook






နန်းခင်ဇေယျာ Miss International ဆုနှင့် လွဲချော်


ဂျပန်နိုင်ငံ အိုခိနာဝါ ကျွန်းတွင်ကျင်းပသော ၁၂ ကြိမ်မြောက် Miss International ပွဲမှာ ပထမဆုံး မြန်မာနိုင်ငံမှ ဝင်ရောက်ယှုဉ်ပြိုင်ခဲ့သူ မနန်းခင်ဇေယျာဟာ  Miss International ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ ပြိုင်ပွဲကို ဒီကနေ့ နောက်ဆုံး ကျင်းပခဲ့ပြီး ဆုပေးပွဲကို ဆက်တိုက်ကျင်းပခဲ့ပါတယ်။
Miss International စကာတင် ၁၅ ယောက်ကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသော် အလှမယ်များမှာ

1) Miss Colombia
2) Miss Brazil
3) Miss Japan

4) Miss Sri Lanka
5) Miss Finland
6) Miss Namibia
7) Miss Venezuela
8) Miss United Kingkom
9) Miss USA
10) Miss Dominican Republic
11) Miss Philippiines
12) Miss Paraguay
13) Miss Mexico
14) Miss India
15) Miss Hati
 
တို့ ဖြစ်သည်။

Miss International 2012 မှ ချီးမြှင့်သော အခြားဆုများ မှာ
Miss Friendship - Miss Mauritius
Miss Talent - Miss Russia
Miss Internet - Miss Myanmar
Miss Photogenic - Miss Japan
Miss JOICEF - Miss Hati

တို့ဖြစ်ပြီး မြန်မာအလှမယ် နန်းခင်ဇေယျာမှာ ဆုတစ်ခု လက်ခံရရှိခဲ့သည်။ မနေ့ကလည်း People Choice Award ကို လက်ခံရယူပြီး ဖြစ်သည်။
 
 ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် Miss International ၁၅ ယောက်တွင် ပါဝင်ခွင့် မရခဲ့သော်လည်း  People Choice Award နှင့် Miss Internet ဆု နှစ်ဆုကို လက်ခံရရှိခဲ့သောကြောင့် ကာယကံရှင် နန်းခင်ဇေယျာနှင့် မြန်မာပရိတ်သက်များ ကျေနပ်မှု ရှိကြောင်း သတင်းရရှိသည်။
 
 Myanmar Express

Miss Myanmar နန်းခင်ဇေယျာမှ Missosology မှချီးမြှင့်သော People Choice Award ရုပ်ထုနှင့်အတူတွေ့ရစဉ် ။

http://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif

 Missosology ချီးမြင့်သော People Choci Award ဆုကြီးကို
ပိုက်နိုင်ခဲ့ပါပြီ

အားလုံးပဲ ၀မ်းမြောက်ဝမ်းသာစွာ၊ ကျေနပ်စွာ ပီတိဖြစ်လိမ့်လို့ထင်ပါတယ်။
http://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif
 



Congratulation !!! Nang Khin Zay Yar
ကျနော်တို့မယ် ပရိသတ်ပေးတဲ့ဆုကို ရသွားပါပြီ။
ပရိသတ်ညီညွှတ်မှုနဲ့ အောင်လံထူခဲ့ပါပြီ။
Congratulation !!!

Miss International 2012 မှ ချီးမြင့်မည့်
၁. Miss Internet နဲ့
၂. People's Choice Award
ဆုနှစ်ဆုအား မြန်မာပြည်ကိုချစ်သူများ၏ မဲပေးမှုကြောင့် ဆုရရှိပြီဖြစ်ကြောင်း။ မနက်ဖန်ည တွင် ဆုချီုးမြင့်မှာ ဖြစ်ပါကြောင်း။ ပြည်သူဖက်မှ တာဝန်ကြေပါသည်။

ttp://www.ustream.tv/channel/miss-international-okinawa-2012
တွင် အခမဲ့ ကြည့်ရှုနိုင်ပါသည်။

Miss International 2012 ဆုရရန်မတွက်မူ အလှမယ်ကိုယ်တိုင်၏ ကိုယ်အလှနှင့် အရည်အချင်းပေါ်  တွင်သာ မူတည်ပါသည်။
 
ref: အဘဥက္ကာ ကိုကို 
/////////////////////////////////////////////////////////////////////////////////////////////////////
http://api.ning.com/files/1m6*QJiFHVCRGpBKBHU5zsS7oMY3EjSUVJb2dTkd7MINb5xb0lVAJVB-HSZRVu-WrEv2IDKKMIghBWuXRXIhiAbVebik1pZG/439857hze1vgnqaz.gifhttp://api.ning.com/files/WERBDz6znvR9u215px3Zmjm4PI*ND-XglqPkIenuI8mkwAyR233QGfdqQXhU8a3LcD14gLzixeZGYj8hH6IMjvZPEJDXPOkW/467976cko9hdq4re.gif

မနန်းခင်ဆီမှ စာထပ်ဝင်လာတယ်လို့ Miss Myanmar Organizing အဖွဲ့မှ ပြောကြားပါတယ် ။ အောက်ပါအတိုင်းဖြစ်ပါတယ် ။

“ For the result of the miss internet we will know tomorrow evening . but people choice award i will get the prize tonight
Love all the myanmar people . That prize is all the effect of the Myanmar people on the other hand i am also trying my best to make M

yanmar proud.

Nang."

----------------------------------

“ Miss Internet အဖြေအတွက် မနက်ဖြန်ညနေမှ ကြေငြာမှာဖြစ်ပါတယ် ။ ဒါပေမယ့် People choice ဆုအတွက်တော့ ဒီည ကျွန်မ လက်ခံရရှိမှာပါ ။ မြန်မာပြည်ကလူအားလုံးကို ချစ်မြတ်နိုးကြောင်းပြောလိုပါတယ် ။ ဒီဆုဟာ တကယ်တော့ ကမ္ဘာတ၀ှမ်းက မြန်မာတွေအားလုံး စည်းလုံးညီညွတ်မှုကြောင့်ရခဲ့တာဖြစ်ပါတယ် ။ မြန်မာဆိုတဲ့ ဂုဏ်ကိုယူဖို့အတွက် ကျွန်မအကောင်းဆုံးကြိုးစားသွားပါ့မယ် ။

--
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \


(^_^)

ဆယ်ကျော်သက်နဲ ဖောက်ပြန်ခြင်း

ဆယ်ကျော်သက် နှင့် ဖောက်ပြန်ခြင်း
အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲက အသက် 18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာ ဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေး စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကို သေချာ ချော့မေးမှ သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။
ဇာဇာက နယ်မြို့လေးတစ်မြို့ အင်တာနက်ဆိုင် လေးဖွင့်ထားသူတစ်ယောက်ပါ။ သူအမျိုးသားက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ များပါသည်။ ဒီမှာ မြန်မာပြည်က အသက် 18နှစ်သာ ရှိသေးတဲ့ သဲ ဆိုတဲ့ ကလေးမလေးနဲ့ ချစ်ဇာတ်လမ်းတွေ ခင်းနေပါသည်။ ကောင်မလေးက လူပျိုလို့ထင်နေတာလား......အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။
ယောကျာ်းကိုလဲ အတင်းကျပ်မပြောရဲ ကောင်မလေးကို ပြောဖို့လဲ အင်အားတွေ မဲ့စွာ ခိုင်လေးဆီ အားကိုးတကြီး အကူညီလှမ်းတောင်း
ခဲ့ပါသည်။ ဇာဇာကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါသည်။
ညနေရုံးကပြန်လာတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်ပါသည်။
သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည်။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့
ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ်...မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊
သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုသွားဆိုတာတွေ စုံအောင်ပြောပြထားတာတွေကို ဖတ်လိုက်ရပါသည်။ လိုရင်းကတော့ မလေးလာဖို့
ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေတာပါဘဲ။ ဒါကို မိသားစုနဲ့ဝေး အထီကျန်ဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီး
ဖောက်ပြန်ခြင်း လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီးပလီပလာတွေ ပြောနေကြတာတွေကို ဖတ်ရတဲ့ ခိုင်လေးတောင် အတော်ကို စိတ်ပျက်မိနေရင် ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ဇာဇာ ရင်ထဲက အပူမီးကကို တင်စားဖွယ်
စကားလုံးမရှိနိုင်ပါဘူး။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။ ခိုင်လေးလဲ ခပ်တည်တည်နဲ့
*သဲ *လို့ ခပ်တည်တည် ခေါ်လိုက်သည်။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာပါသည်။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့
စကေားပြောကြည့်မလို့ပါဘဲ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားတာနဲ့ တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည်။
ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် အောက်တန်းကြလှတဲ့ မိန်းကလေး
ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါသည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*ပါလို့ ခိုင်လေးဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါသည်။ ခိုင်လေး ထင်ခဲ့တာက ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်မယ်....ပတ်သတ်မိမယ်ပေါ့....ခိုင်လေးက အခြေနေမှန်ကို ပြောလိုက်လို့ သိလိုက်ရချိန်မှာ
အံ့သြတုန်လှုပ်သွားမယ်.....တစ်ကယ့်လက်တွေ့ကြားလိုက်ရတာတွေက တစ်ခြားဆီပါဘဲ။ တော်တော်ကိုဆိုးပါသည်။ဘုရားတောင်တမိ
တယ်ဆို ပိုတယ်လို့ ထင်ပါလိမ့်မည်။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါသည်။ သူပြန်ပြောလိုက်တာလေးကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။
စိတ်လဲ မ၀င်စားဘူး.........တစ်ခါမှလဲ ကို ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်
သဲ သေချာမမှတ်မိဘူး........မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ* ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံးပြန်လိုက်မိတာလေးကတော့* ဟုတ်ပါတယ်ကွယ် .....မမ က နိုင်အောင်ထိန်းရအောင်
သူက ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* လို့ရေးပြီးတာနဲ့ အကောင့်ကို
ပိတ်ခါ ဇာဇာဆီပါတစ်ခါတည်းဖုန်းခေါ်လိုက်မိပါသည်။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိပါသည်။ ဘာလဲဆိုတော့
ဇာဇာ မလေးကို လိုက်သွားချင်သွား...မသွားချင်ရင် မြန်မာပြည်ကိုသာ နင်အမျိုးသားကို ပြန်ခေါ်ထားလိုက်တော့လို့ ပြောပြလိုက်ပါ
သည်။
ညဘက်ရောက်တဲ့ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောတဲ့ အကောင့်ထဲက စကားလုံးတွေက မျက်လုံးထဲမှာ တစ်ဝဲ၀ဲလည်နေမိပါ
သည်။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါဘဲ။
ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို
စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင်
စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိနေပါသည်။ ကောင်းကျိုး ၊ ဆိုးကျိုး 50 ...50 ဆီ ဖြစ်နေပါသည်။ သဲဆိုတဲ့
ခေတ်ပညာတတ် 10 တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေ
ရတာလဲ....ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေပြောင်းနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကို တန်ဖိုးထားရမယ်
ဆိုတဲ့ စံချိန်စံညွှန်းကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေ
တိုးတက် ပြောင်းလဲလာသည်။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည်
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါသည်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို
လူတိုင်း သုံးနေကြပါသည်။နည်းပညာတွေ တိုးတတ်စေသည်။...သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည်။
.အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ
အထီကျန်မှုတွေကို ပြေပျောက်စေပါသည်။.............ဒီထိတော့ ကောင်းနေသေးသည်။...ဒီထက် မထိန်းချုပ်
နိုင်တဲ့ အခါမှာတော့ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ ....အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်က
စကားလုံးတွေထဲမှာ သာယာလာကြသည်။.....စကားလုံးတွေကို မျှော်တတ်လာကြသည်။....ဒီမှာ အစပြု လာတော့တာပါဘဲ။
နောက် ပေါ့ပျက်ပျက် အတွေးတွေ ၀င်လာကြသည်။....ငါတို့ အဝေးရောက်နေတာ ဒီထဲက စကား ပြောရုံနဲ့ ဖောက်ပြန်တယ်
မမည်ပါဘူးဆိုတဲ့ အတွေးမှားတွေ တွေးမိကြပါတော့သည်။.
..အိမ်က မိန်းမတွေ .... အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေး
တွေ စတင်ဝင်ရောက်လာကြသည်။..........ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပါသည်။
မိန်းကလေးတွေကို အဓိက ပြောချင်မိပါသည်။....ဘယ်သူနစ်နာသွားပါသလဲ.........သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ
မိမိတို့ ဇနီးမယားတွေဆီကိုပါဘဲ..........တကယ်တမ်းကျ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို
ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါသည်။ ..ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။
ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်


အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။
အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်
အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။



ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။
http://www.youtube.com/watch?v=vOHXGNx-E7E      (ဒါက youtube မှာသူတင်ထားတဲ့ တိုက်ရိုက်လင်ခ့်လေးပါ)
--
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \

Friday 16 November 2012

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ

ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅) ကလေးကို ကျောင်းပို့ပါ
၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇) အင်္ကျီကူခေါက်ပါ
၈) မွေးနေ့လက်ဆောင်ပေးပါ
၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎) သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅) သူပြောချင်တာကို နားထောင်ပေးပါ
၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ
၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။


နိုင်းနိုင်းစနေ

အဝေးချစ်ခွင့်


အနာတရ ကာလနှိပ်စက်
အိပ်မက်သခင် သူ့ကိုမြင်လျှင်၊
ဖွင့်ပြောချင် နှုတ်စကားကို
ဆုပ်ကိုင်ကာ တစ်သက်သိမ်းလျှက်၊
ရက်ချိန်းတွေ တရွေ့ရွေ့ရွှေ့ကာ
ကွေ့ရှောင်မယ်ပေါ့ ထာဝစဉ်၊
အလှကြည့်နေရတာကိုပဲ
ဘ၀၏ အရာများစွာပြည့်စုံတယ်လို့ဆိုပါတော့၊
ပြုံးပျော်ရွှင် ခင့်ကိုမြင်လို့
နာကျင်သည့်ဟော့ဒိရင်ဝေဒနာပင်လို့ မထင်တော့၊
မကျေငြာနိုင်ပေမယ့်လည်း
ခင်ရယ်
ရင်ထဲမှာ
ဖြေသာတယ်ပေါ့။..........................။

ချစ်သူများနေ့အတွက် ကဗျာ

သူငယ်ချင်းအဖြစ်မှရှောင်ကြဉ်ပေးပါ

ရေပွက်ဆိုတဲ့တစ်ခဏအတွင်းမှာ
မြတ်နိုးစရာတွေနဲ့
မေတ္တာကိုသာ
တောင့်တနေမိတယ်။

အချစ်ဆိုတာကရော
ငါ့မျက်ဝန်း မြစ်တွေနဲ့
လောင်ကျွမ်းနေတဲ့
ဘယ်ဘက်ရင်တစ်စုံ
ပြည့်ကျပ်နေတဲ့ ရင်ခွင်တစ်စုံ လုံးနဲ့
သေဆုံးခဲ့ပြီပေါ့။ ။

အင်းနင့်ဘက်တော့မသိတသိနဲ့
ဒဿဆိုတာသာတွေးပြီး
လက္ခဏာဆိုတာကို
ဘာကြောင့်မတွေ့ရတာလဲ
စဉ်းစားရင်းခေါင်းတွေခြောက်
ဲ့
အာခေါင်တွေပူလောင်ပြီး
နှုတ်ခမ်းပါးတွေဆွံ့အကာ
မြတ်နိုးမှုကိုပဲ တမ်းတနေမိတယ်..ကွယ်

ငယ်သေးတယ်သူငယ်ချင်းဆိုတဲ့
စကားလုံးတွေနဲ့တော့
ပင်လယ်ထဲကို
မြုပ်သွားအောင်မလုပ်လိုက်ပါနဲ့
ဖြူစင်တဲ့ အကြင်နာအပ်နှင်း
သူငယ်ချင်းတဲ့
မရိုးသားတဲ့ စိတ်ရှိနေလို့
သူငယ်ချင်းအဖြစ်ရှောင်ကြဉ်ပေးပါ။

အတ္တကြီးတယ်ပဲဆိုဆို
တစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော
သူငယ်ချင်းဆိုတဲ့ ဘောင်အပြင်ကနေ
ပထမလူပဲ ဖြစ်နေချင်တယ်ကွယ်
ဦးနှောက်ကိုရေဆေး
နှလုံးသားကို မှန်ကြည့်ခိုင်းပြီး
စာဖတ်တတ်အောင်သင်ပေးဖို့မလိုဘူးထင်တယ်။

ဆယ်ကျော်သက်လို ရင်ခုန်မှုမျိုးနဲ့
အချစ်ဆိုတဲ့ အကြောင်း
သစ်ရွက်လေတိုက်
စိတ်လှုပ်ရှားမှု မယူပါရစေနဲ့

ထာဝရပဲဖြစ်ဖြစ် ဘ၀အတွက်ပဲဖြစ်ဖြစ်
လက်တွဲဖော် အနေနဲ့ပဲဖြစ်ဖြစ်
စဉ်းစားပါကွယ်
အစားထိုးမှု မလိုချင်ဘူးနော်
နောက်ဆုံးအနေ နဲ့
ကို....ဆိုတဲ့ အက္ခရာတစ်လုံးကို
င်္Feb 14 (ချစ်သူများနေ့)
အမှီပဲ
တမ်းတပါရစေ....။ ။

စိတ်ဆိုးစိတ်ကောက်တတ်သော မိန်းကလေးချစ်သူပိုင်ရှင်များအတွက်

စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး....

သင်နောက်ကျတဲ့အခါ...သူမ စိတ်ကောက်တယ်...အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ....

သင် ဆေးလိပ်သောက်တဲ့အခါ...သင့်ကို စိတ်ဆိုးတယ်...အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ...


သင်အရက်သောက်တဲ့အခါ ...စိတ်ဆိုးတယ်...အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူ

လို့ပါ...ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ...သူမ  မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့
အထိ လက်တွဲသွားချင်တယ်လေ...


သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ... သူမ စိတ်ကောက်တယ်...
အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ...မုန့်ကိုပဲ ဝေစားမယ်...သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ....


သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ...သူမ စိတ်ဆိုးမယ်...အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ...
သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ....


မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်...သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို
နားလည်ခွင့်ရရှိကြတယ်...



မိန်းကလေးတွေဟာ  တိတ်ဆိတ်တဲ့သူလဲ  ဖြစ်နေတတ်ပြန်တယ်...
ဒီအခါ.. သူတို့သဘောထားကို နားလည်ဖို့ ခက်ခဲပြန်တယ်....


မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်...မျှော်လင့်ချက်တွေ
ရယူချင်တဲ့သဘောက... သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ...


ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်....


တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်...သင် ကံကောင်းပြီလို့မှတ်ပါတော့....


သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့...

အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ.... :)


တကယ်လို့...တစ်နေ့ကျရင်...သူမ သင့်အပေါ် စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ....


သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့... အခုမှ အေးဆေးနေရတော့မယ် လို့ထင်နိုင်ပါတယ်...


တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ
နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်...သင့်ကို ပူပန်စိုးရိမ်မှုနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက်
ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်...


မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်တော့တဲ့အတွက်...မှားပြီးရင်း ထပ်မှားဖွယ်ရာ
ဖြစ်လာနိုင်တယ်....အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်းလာပြီး...အိပ်မရတဲ့ ညတွေကို ဖြတ်သန်းရ

တော့မှာဖြစ်တယ်....


ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်...သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ..
ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ
မလုပ်ပါဘူး...သူ့မှာ အကြောင်းရင်းရှိပါတယ်...သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်....


ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့....


မူရင်း။ ။珍惜你身边那个爱生气的女人

ချစ်သူ VS ရည်းစား

ချစ်သူ VS ရည်းစား

ရည်းစား .....

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......

တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိ
ပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်....
.အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းေ
တွရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ
့တင်အဆုံးသတ်သွားပါပြီ............


ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှ
မရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်
ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိ
ုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်
တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိ
ုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ
့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်..
.....
ရည်းစားမှာအဆုံးသတ်မရှိဘူး.....
.ကြိုက်သလောက်ထားကြတယ်.......heartheart
ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထာ
းခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချ
စ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံ
အပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို
့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်..
...၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာေ
တာ့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကို
ယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးေ
ပါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်
မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်
............
ချစ်သူမှာလှတာမလှတာမရှိဘူး.....
..ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအြ
ပည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကို
ချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....
ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေ
တမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်....
......
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေ
းချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်
နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်
လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်း
အတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်....
...သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်.......
.တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....
မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်
ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကို
တည်ဆောက်ကြတာပေါ့.......heart

Peace
သူငယ်ချင်းတို့ကရော ဒီစာလေးကို
ဘယ်လိုသဘောရလဲ.................
.
ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက
ရည်းစားအနေနဲ့ရှိနေတာလား.......
.....
ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား
..............
သေချာစဉ်းစားကြည့်လိုက်ပါနော်..
...

Reference : Forward Email

ချစ်သူတို့အတွက် အဟာရ ( ချစ်သူတွေ သိသင့် သိထိုက်တာများ ..)

လောကမှာ လူရယ်လို့ဖြစ်လာရင် ဘယ်သူမှအချစ်နဲ့ မကင်းနိုင်ကြပါဘူး ၊ အားလုံးအချစ်နဲ့ကြုံဖူးကြတဲ့လူတွေချည်းပါဘဲ ၊ အသက် ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်က စပြီး လူငယ်တွေ အချစ်ကို ရှာဖွေစူးစမ်းလာကြတယ် ၊ ၁၅ နှစ် ၊ ၁၆ နှစ်မှာဘဲ ရည်းစား ထားတတ်လာကြတယ် ၊ မြန်မာစကားပုံတစ်ခုရှိပါတယ် ( ရည်းစားဦး နဲ့ လွဲတက်တယ် ) ၊ ဒီစကားဟာ မှန်သလား ၊ ကျွန်တော့်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ မှန်ပါတယ် ဒါပေမဲ့ ရာနှုန်းပြည့်တော့မဟုတ်ပါဘူး ၊ လူတွေရဲ့ ၁၅ နှစ် ၊ ၁၆ နှစ် အရွယ်ဆိုတာ မရင့်ကျတ်သေးတဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့အရွယ်တွေ ပါ ၊ ဒီအချိန်မှာ ဖြစ်လာတဲ့ ရင်ခုန်မှု ၊ ခံစားမှု ၊ တိုက်ဆိုင်မှုလေးတစ်ခုကို အချစ်လို့သတ်မှတ်လိုက်ကြတယ် ၊ လက်ခံလိုက်ကြတယ် ၊ ထူးခြားတဲ့ ခံစားမှုလေးတစ်ခုနဲ့ဘဲ အချစ်လို့သတ်မှတ်ပြီး ရည်းစားထားလိုက်တော့ ၊ အချစ်ဦးနဲ့ ကွဲတာ ရည်စားဦးနဲ့ ပြတ်တာတွေ ဖြစ်လာရတာပါ ၊ စိတ်လှုပ်ရှားမှုလေးတစ်ခု ဖြစ်လာတာနဲ့ဘဲ အချစ်လို့ မသတ်မှတ်သင့်ပါဘူး ၊ သူ့ကိုတော့ ချစ်နေပြီလို့လည်း တစ်ထစ်ချ မယုံကြည်သင့်ပါဘူး ၊ ဒါဆို ရည်းစားဦးနဲ့ ပေါင်းသင်းရသူတွေကောရှိလား ၊ ရှိပါတယ် ၁၀၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်းနှုန်းက ပေါင်းသင်းရပါတယ် ၊ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အချစ်ဦး နဲ့ လမ်းခွဲရတာ ချည်းပါဘဲ ၊ လူတွေ ရည်းစားထားကြတယ် ၊ ချစ်သူရှာကြတယ် ၊ တစ်သက်တာအတွက် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ် ၊ ဒါ သဘာဝပါ ၊ ကျွန်တော် အကြံပေးချင်တာလေးတွေရှိပါတယ် ၊ ချစ်သူတွေ စုံတွဲတွေ သိထားသင့်တာလေးတွေပါ ။



ချစ်သူ စုံတွဲတွေမှာ ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် ချစ်သက်တမ်း အစပိုင်းမှာ အချစ်ကြီးတတ်ကြပါတယ် ၊ မျက်စိအောက်က အပျောက်မခံတာတို့ ၊ သွားလေရာတကောက်ကောက် လိုက်တာတို့ ၊ တစ်ခုခုဆို ကိုယ့်ကိုဘဲ ရှေ့တန်းတင်စေချင် အရေးပေးစေချင်တာတို့ ၊ အထူးသဖြင့်ယောက်ျားလေးတွေမှာ အဖြစ်များပါတယ် ၊ မိန်းကလေးတွေမှာလည်းဖြစ်တက်ပါတယ် ၊ သ၀န်တိုတာ စသဖြင့်ပေါ့ ရှိတတ်ပါတယ် ၊ ဂရုစိုက်လွန်းအားကြီးတာပေါ့ဗျာ ၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို ကိုယ့်ချစ်သူက နားလည်ပေးနိုင်ရင်တော့ကောင်းပါတယ် ၊ အော် ငါ့ကိုချစ်လို့ သူ ဒီလိုဖြစ်နေတာပါလား ဆိုပြီး နားလည်ပေးနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ အဲ နားမလည်ပေးနိုင်ရင်တော့ ပြသာနာကြီးပြီ ၊ ကိုယ့်ချစ်သူက ကိုယ့်ကိုထင်လိမ့်မယ် သူ ငါ့ကို မယုံလို့များ ငါ့နောက်တကောက်ကောက်လိုက်နေတာလား ၊ ငါ့နောက်တကောက်ကောက် လိုက်နေရအောင် ငါက အဲဒီလောက်တောင် မယုံကြည်ရတဲ့ သူဖြစ်နေပြီလား ငါ့ကိုအဲလိုများ သတ်မှတ်ထားလားဆြိုပီး ကိုယ့်ချစ်သူက ကိုယ့်ကို အထင်လွဲသွားတာလေးတွေ ဖြစ်လာနိုင်ပါတယ် ( သတိထားနော် အချစ်ကြီးသူတွေ ) ၊ ဒါဆို ကိုယ့်ချစ်သူကို ဂရုမစိုက်ဘဲ ပစ်ထားရမှာလား ၊ အဲလိုကြီးလည်းလုပ်စရာမလိုပါဘူး ၊ ဂရုစိုက်သင့်တဲ့နေရာမှာတော့ ဂရူစိုက်ပေးရပါမယ် ၊ ဥပမာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဂရုစိုက်တာမျိုး စသဖြင့်ပေါ့ ၊ ယုံကြည်သင့်တဲ့နေရာမှာလည်း ယုံယုံကြည်ကြည် စိတ်သန့်သန့်လေးနဲ့ ယုံကြည်ပေးသင့်ပါတယ် ၊ ကိုယ့်ချစ်သူကို ယုံကြည်သင့် သလား စိတ်ချသင့်သလား ဆိုတာ ကိုယ့်ချစ်သူရဲ့ နောက်ကြောင်း ၊ စိတ်နေသဘောထားပေါ်ကိုကြည့်ပြီး ဆုံးဖြတ်ရင် အကောင်းဆုံးပါ ၊ ဆုံးဖြတ်လို့ရပါတယ် ၊ နေရာတကာ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်မနေသင့်ပါဘူး ၊ သံသယလွန်ကဲတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာနဲ့အတူတူပါဘဲ ၊ဘုရားက တစ်ဘက်ထဲကိုပဲ ကြည့်စေချင်ရင် မျက်စိတစ်လုံးဘဲပေးထားမှာပေါ့ သံသယမျက်လုံးတွေနဲ့ဘဲ ကြည့်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ကိုယ်ကိုတိုင် သတ်မှတ်ပေးလိုက်တာဘဲ မယုံကြည်သင့်တဲ့သူ ၊ စိတ်မချရတဲ့သူလို့ ။



မိန်းကလေးတော်တော်များများဟာ စည်းကမ်းတွေ ဘောင်တွေအောက်မှာ မနေလိုကြပါဘူး ၊ တချို့ စုံတွဲတွေမှာ ရှိပါတယ် ၊ ယောက်ျားလေးက ချစ်သူမိန်းကလေးကို တခြား သူစိမ်းယောက်ျားလေးနဲ့ စကားမပြောခိုင်းတာတို့ ၊ အပြင်သွားရင် သူမပါဘဲ မသွားရဘူးတို့ ၊ တခြား သူစိမ်းယောက်ျားလေးနဲ့ တွဲသွားတွဲလာ မလုပ်ရဘူးတို့ ၊ ဒါမျိုးတွေက တကယ်တော့ မဖြစ်သင့်ပါဘူး ၊ လူရယ်လို့ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင် ၊ လူ့ဘောင်အသိုင်းက၀ိုင်း ၊ လူမှုရေးဆိုတာရှိပါတယ် ၊ လူတွေထဲမှာ နေတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေနဲ့တော့ ဆက်ဆံရမှာဘဲ ၊ နောင်တစ်ချိန် စီးပွားရေးလောကထဲဝင်ရင် ဘယ်လိုလုပ်မလဲ အမျိုးသား ၊ အမျိုးသမီး ခွဲခြားလို့မဖြစ်ဘူးလေ ၊ လူအသိုင်းအ၀ိုင်းထဲမှာနေတဲ့ အတွက် လူမှုရေးတော့ ရှိရမှာပေါ့ ၊ သူကတော့ ပြောပါလိမ့်မယ် အဲဒါ နင့်ကို ချစ်လို့ ၊ နင့်ကို ချစ်လို့ဆိုပြီး ၊ တကယ်တော့ ချစ်တာမဟုတ်ဘူး ကိုယ့်ချစ်သူကို မယုံကြည်တာ ၊ နားလည်မှုမရှိတာ ၊ အဲလို စည်းတွေဘောင်တွေ သတ်မှတ်ထားမယ်ဆိုရင်တော့ သတိပေးလိုက်မယ်ဗျာ စည်းတွေဘောင်တွေ သတ်မှတ်ထားတက်တဲ့သူများ ၊ မကြာပါဘူး ခြေစုံကန်ပြီး ထွက်ပေါက်ရှာသွားပါလိမ့်မယ် ၊ မယုံရင်စောင့်ကြည့်နေပါ ကိုယ့်ကို စွန့်ခွာသွားပါလိမ့်မယ် ၊ ပြီးတော့ စိတ်ကောက်တက်သူများ အထူးအဖြင့် မိန်းကလေးတွေ ၊ ထစ်ခနဲရှိ စိတ်ကောက်တတ်ကြတယ် ၊ နားလည်ပါတယ် ကိုယ့်ချစ်သူရဲ့ ချော့တာလေးခံချင်လို့၊ နွဲ့ဆိုးလေးဆိုးချင်လို့ စိတ်ကောက်ကြတယ်ဆိုတာ ၊ ဒါပေမဲ့ဗျာ စိတ်ကောက်တိုင်းမကောင်းပါဘူး ၊ စိတ်ဆိုးသင့်တဲ့နေရာ ကောက်သင့်တဲ့နေရာမှာ ဘဲ ကောက်ပေါ့ ၊ နေရာတကာ တော့ အချော့ခံချင်လို့ စိတ်ကောက်တယ် ဆိုတာတော့ မဖြစ်သင့်ပါဘူး ၊ ဒီနေရာမှာလည်း နားလည်မှုလေးတွေ လိုအပ်နေတာပါ အရာရာကို နားလည်ပေးပြီး အကောင်းမြင်လေးနဲ့ မြင်ပေးမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ၊ ယောက်ျားလေးတွေကတော့ ပြောပါလိမ့်မယ် ဒီလိုဆိုးတာလေးတွေကိုဘဲ ချစ်နေတာ ၊ ကောက်တာလေးဘဲချစ်နေတာ ၊ နှုတ်ခမ်းဆူတာလေးဘဲ ချစ်နေတာ ဆိုပြီး လျှာရိုးမရှိတိုင်း ပြောပြပါလိမ့်မယ် ယောက်ျားလေးတွေ ယောက်ျားလေးတွေ ၊ ဒါမျိုးပြောတာတွေဟာ ဖြစ်နိုင်ပါတယ် ဟုတ်လည်းဟုတ်လောက်ပါတယ် စချစ်ခါစအချိန်မှာဆိုရင်ပေါ့ ၊ ခဏ ခဏ စိတ်ကောက်လွန်းရင်တော့ နောက်ပိုင်းမှာ အဖုအထစ်လေးတွေ ရှိလာပါလိမ့်မယ် ၊ စချစ်ခါစ မှာတော့ ချစ်လို့ ခွင်လွတ်ပေးနိုင်ပေမဲ့ ၊ ကြိမ်ဖန်များလာရင်တော့ သည်းခံနိုင်မှာမဟုတ်ဘူးနော် ၊ လူဘဲဗျာ ၊ ကျောက်တုံးမှ မဟုတ်တာ ၊ ကျောက်တုံးကျောက်ခဲတွေတောင်မှ ပွတ်ပါများရင် သေးသွား အမှုန့်ဖြစ်သွားသေးတာဘဲမဟုတ်လား ၊ သည်းခံနိုင်မှုဆိုတာ အတိုင်းအတာတစ်ခုအထိဘဲရှိပါတယ် ၊ နောက်ပိုင်းမှာ ကိုယ့်ကို ငြီးငွေ့သွားပြီး ထွက်ပေါက်ရှာသွားတာမျိုးတွေဖြစ်လာလိမ့်မယ်နော် (စိတ်ကောက်တက်သူများ သတိထား ) ၊ လူတိုင်းဟာ ခန္တီပါရမီနဲ့ ပြည်စုံတဲ့ လူတွေ မဟုတ်တဲ့အတွက် အရာရာကိုတော့ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး ။



ရည်းစားထားတယ်ဆိုတာ လူနှစ်ယောက် ကြိုးတစ်ချောင်းကို အစွန်းနှစ်ဖက်စီကဆွဲနေသလိုဘဲ နှစ်ဖက်လုံးက တင်းတင်းဆွဲရင် ကြိုးက ပြတ်ထွက်သွားမယ် ၊ နှစ်ဖက်လုံးလျော့လွန်းနေပြန်ရင်လည်း ကြိုးကကြာလာရင် ဆွေးပြီးပြတ်သွားမှာဘဲ ၊ ဒီတော့ တစ်ဖက်ကတင်းရင် တစ်ဖက်ကလျော့ပေးလိုက် ၊ ဒီဘက်ကတင်းရင် ဟိုဘက်ကလျော့ပေးလိုက် ၊ ဒါဆိုရင် အဲဒီကြိုးဟာ ဘယ်နည်းနဲ့ မှ ပြတ်နိုင်စရာ အကြောင်းမရှိပါဘူး ချစ်သူတွေမှာလည်း တူတူပါဘဲ ၊ တစ်ဦးက တင်းနေရင် တစ်ဦးက လျော့ပေးလိုက်တာ အကောင်းဆုံးပါဘဲ ၊ နှစ်ဦးလုံးက တင်းနေရင်တော့ စိတ်မကောင်းစရာတွေဘဲ ဖြစ်လာပါလိမ့်မယ် ၊ အချစ်စစ်တို့လျှောက်ရမဲ့ လမ်းသည် ဘယ်သောအခါမှ မဖြောင့်ဖြူး ၊ သိပ်ကိုမှန်တဲ့စကားလေးပါ ချစ်သူတွေ လျှောက်ရမဲ့ လမ်းဟာ အလွန်ကြမ်းတမ်းပါလိမ့်မယ် ကြုံတွေ့လာမဲ့ ပြသာနာတွေ အခက်ခဲတွေ ကို ကြောက်ပြီး ပုန်းရှောင်တာမျိုးတော့ မလုပ်မိပါစေနဲ့ ၊ ကိုယ်ချစ်သူရှေ့မှာ မားမားမတ်မတ် ရပ်တည်ရင်ဆိုင်လိုက်ပါ အထူးသဖြင့် ယောက်ျားလေးတွေကို ဦးတည်ပြောချင်ပါတယ် ၊ ချစ်သူတွေမှာ ပထမဆုံးကြုံတွေ့ရမဲ့ ပြသာနာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ၊ နားလည်မှုဟာ ချစ်သူတွေအတွက် အလွန်အရေးကြီးပါတယ် ၊ သတိထားရမဲ့ အချက်ကလေးတွေ ရှိပါတယ် ၊ အမျိုးသားတွေ ကိုယ့်ချစ်သူနဲ့တွေ့တဲ့ အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောမိပါစေနဲ့ ၊ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားလေး ၊ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးကို အစဉ်ပြောပေးရပါမယ် ၊ အချိန်တိုင်းကြီး ၊ နေတိုင်း ပြောရမယ်လို့လည်း မဆိုလိုပါဘူး ၊ ပြောပါများလာရင်လည်း ရိုးသွာတာတွေ မလေးနက်တာတွေ ဖြစ်လာပါလိမ့်မယ် ၊ ကိုယ့်ချစ်သူရဲ့ မွေးနေ့ ၊ ကိုယ်ကို့ အဖြေပေးတဲ့ နေ့ အဲဒီနေ့ တွေကိုတော့ စွဲစွဲမြဲမှတ်ထားဖို့တော့ အရေးကြီးပါတယ် ၊ တခြားဟာတွေ အမှတ်မရရင် နေပါစေ ၊ ဒီ နှစ်ရက်ကိုတော့ ဦးနှောက်ထဲမှာ စွဲနေဖို့လိုအပ်ပါတယ် ၊ ကိုယ့်ချစ်သူအတွက် ကိုယ်သူ့ကိုဘယ်လောက်ချစ်ကြောင်း သိစေဖို့ မထင်မှတ်တာလေးတွေ ၊ အံသြစေတာလေးတွေ ကို မကြာခဏဖန်တီးပေးသင့်ပါတယ် ၊ ဒါမှလည်း ကိုယ့်ချစ်သူက ကိုယ့်ဆီမှာဘဲ စိတ်ရောက်နေမှာပါ် သာယာနေမှာပါ ၊ တခြားသော သူစိမ်းတစ်ယောက်စီ စိတ်ရောက်နေတာမျိုးလုံးဝအဖြစ်မခံပါနဲ့ ၊ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ကိုယ့်ဘက်မှာရှိနေဖို့ အလွန်အရေးကြီးပါတယ် ။



အရေးကြီးတဲ့ နောက်တစ်ချက် ၊ ချစ်သူချင်း သဘောထားတိုက်ဆိုင်မှု ၊ အလွန်အရေးပါ ပါတယ် ၊ (အသွင်တူမှ အိမ်သူဖြစ်မယ် ) ဆိုတဲ့ စကားလေးကို ကြားဖူးပါသလား ၊ အဓိပ္ပာယ်ကိုကော သေချာသိပါသလား ၊ အချို့သော ချစ်သူစုံတွဲတွေမှာ စိတ်သဘောထားမတိုက်ဆိုင်တဲ့ ပြသာနာလေးတွေရှိပါတယ် ၊ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူနဲ့ ကိုယ်နဲ့ အကြိုက်ခြင်းမတူတာတို့ ၊ ကိုယ်ကြိုက်တဲ့ အစားအစာနဲ့ သူကြိုက်တာနဲ့ မတူတာတို့ ၊ ကိုယ်က ဒီအရောင်လေးကြိုက်တယ် သူကတော့ တခြားရောင်ကြိုက်တယ် စသဖြင့် ဒီလိုအသေးမွှားပြသာနာလေးတွေက အစ ပြသာနာရှာတက်ကြတယ် ၊ အသွင်တူမှအိမ်သူဖြစ်မှာ ဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်တာလွဲပြီး ဒီလိုပြသာနာလေးတွေ ဖြစ်လာတာပါ ၊ တကယ်တော့ ဒါတွေဟာ အယူသီးမှုတွေပါ ၊ (အသွင်တူမှ အိမ်သူဖြစ်မှာ) သေချာစဉ်းစားကြည့်ပါ အသွင်တူမှလို့ပြောတာပါ အကြိုက်တူမှ လို့ပြောတာ မဟုတ်ပါဘူး ၊ အသွင်တူတယ်ဆိုတာကလည်း ၊ သူနဲ့ကိုယ်နဲ့ လုပ်ပုံကိုင်ပုံလေးတွေ ၊ သူဖြစ်ချင်တာကို ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကဖြစ်အောင်လုပ်ပေးနိုင်တာလေးတွေ ၊ စတာတွေပါ ၊ အကြိုက်ချင်းတူမှ ဘာညာဆိုတာ အယူသီးမှုတစ်ခုပါဘဲ ၊ အသွင်တူဖို့ ဆိုတာကလည်း ၊ လူတွေဟာ မွေးလာကတည်းက လူတစ်ကိုယ် စိတ်တစ်မျိုး ဗီဇတစ်ခုစီပါလာတက်ကြပါတယ် ၊ ဒါကြောင့် လူလူချင်း အသွင်တူဖို့ဆိုတာ မလွယ်ပါဘူး ၊ ဒါဆို ဘယ်လိုမျိုး ဘယ်ချိန်မှာ အသွင်တူတယ်လို့ခေါ်နိုင်သလဲ ၊ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလေးလိုပါဘဲ ၊ လူတွေဟာ ကိုယ်နဲ့ နီးစပ်ရာကို အတုယူ ပြုမူ တက်ကြပါတယ် ၊ တခြားသော လူတစ်ယောက်နှင့် အနေနီးလေ တခြားသူရဲ့ အပြုအမူ ပြောပုံဆိုပုံတွေ ဟာ ကိုယ်ဆီမှာ ပါလာတက်လေပါဘဲ ၊ ကျွန်တော်ဆိုလိုချင်တာက ၊ ကိုယ်ချစ်သူနဲ့ စ ချစ်ခါစမှာတော့ ဘယ်လိုမှ အသွင်မတူနိုင်ပါဘူး ၊ ဒါကို စိတ်သောကတစ်ခုအနေနဲ့ မသတ်မှတ်ပါနဲ့ ၊ ဒါပေမဲ့ အချိန်ကြလာတာနှင့်မျှ ၊ ရည်စားသက်တမ်းကြာလာပြီး မိမိချစ်သူနဲ့အနေနီးလာတာနဲ့အမျှ ၊ သူ့ရဲ့ ပြောပုံဆိုပုံလေးတွေ ၊ သူလုပ်တက်တဲ့ အပြုအမူလေးတွေက ကိုယ့်ဆီမှာ လာပြီး ပြုမှုလာပါတယ် လုပ်ဆာင်လာပါတယ် ၊ အဲဒီအချိန်ကြမှဘဲ အသွင်တူမှ အိမ်သူဖြစ်မယ် ဆိုတဲ့စကားလေးရဲ့ အဓိပ္ပာယ်ပေါ်လွင်လာတာပါ ။

ဒါ့ကြောင့် ချစ်သူတွေမှာ အရေးကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့နဲ့ ယုံကြည်မှု၇ှိဖို့ပါဘဲ ၊ ဒီနှစ်ချက်သာ သင်တို့ဆီမှာရှိမယ်ဆိုရင် ပျော်ရွှင်စွာနဲ့ ဘ၀ခရီးကြမ်းကို ချစ်သူလက်တွဲပြီး အတူလျှောက်လှမ်းနိုင်မှာပါဗျာ။

ဒီဖိုရမ် လေး ဖတ်လိုက်ရလို့ ချစ်သူတွေ စုံတွဲတွေကြားက အဖုအထစ်လေးတွေ ပြေပျောက်နားလည်လာကြမယ်ဆိုရင် ကျွန်တော် ရေးရကျိုး နပ်ပါတယ် ။



ချစ်သူတိုင်း ပေါင်းဖက်စုံမက်နိုင်ပါစေ။ မှတ်ချက်။။။မေလ်းတစ်ခုမှ ပြန်လန်ကူးယူဖော်ပြသည်...။