ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Saturday 15 December 2012

စိတ်ဆိုးပြေချင် ဒါလေးဆောင်....

အခု ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဆိုးပြေအောင် အဆောင်ဆောင်သွားရတဲံ အကြောင်းပါ။
ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေတယ် ဆိုရင်ဘယ်လို လုပ်မလဲ။ စိတ်ဆိုးတယ် ဆိုတဲ့ လူတွေကလည်း
အမျိုးမျိုးရှိတယ်နော်။ ဥပမာ ကိုယ်မိဘက စိတ်ဆိုးတယ် ။ နောက်ပြီးကိုယ့်ယောက်ျား/ ကိုယ့်မိန်းမက စိတ်ဆိုးတယ်။
ကိုယ့်သူငယ်ချင်းကစိတ်ဆိုးတာလဲ ဖြစ်နိုင်တာပေါ့။ ကိုယိ့ရီးစားလည်း တစ်ခါတလေ စိတ်ဆိုး စိတ်ကောက်တတ်တာ
ပဲလေ။ ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။



ထားလိုက်တော့....အခုပြောချင်တာက ကိုယ်ကို လူတစ်ဦးတစ်ယောက်က စိတ်ဆိုးနေပြီဆိုရင် ကိုယ်ကလဲ သူနဲ့

သွားတွေ့ရမယ့် ကိစ္စရှိနေတယ်ဆိုရင် ကဲဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်ဗျာ။ ဒီလိုအဆောင်လေးတွေ ဆောင်ပြီး
သွားတွေ့လိုက်ပါ။ မိတ်ဆွေတို့ကို စိတ်ဆိုးနေတဲ့ သူတွေချက်ချင်းစိတ်ဆိုးပြေသွားပါလိမ့်မယ်။




တနင်္ဂနွေသားသမီး စိတ်ဆိုးပြေစေရန်... ၀ါးမြစ်လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

တနင်္လာသားသမီး စိတ်ဆိုးပြေစေရန်.... ပိတောက်မြစ် လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

အင်္ဂါသားသမီး စိတ်ဆိုးပြေစေရန်... သီဟိုဠ်မြစ် လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

ဗုဒ္ဒဟူးသားသမီး စိတ်ဆိုးပြေစေရန်.... ထန်းမြစ်လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

ကြာသပတေးသားသမီး စိတ်ဆိုးပြေစေရန်... အုန်းမြစ်လက်တစ်ဆစ်ကို ဆောင်ပြီး သွားတွေ့ပါ။

သောကြာသားသမီး စိတ်ဆိုးပြေစေရန်.... ကံ့ကော်မြစ် လက်တစ်ဆစ် ဆောင်သွားတွေ့ပါ။

စနေသားသမီး စိတ်ဆိုးပြေစေရန်... ဇီးမြစ်လက်တစ်ဆစ်ကို ဆောင်ပြီးသွားတွေ့ပါ။

အချစ်ကို အချစ်နဲ့တူအောင် ချစ်တတ်ဖို့အတွက် သိသင့်တာလေးတွေ

'၁' မင်းရဲ့ ပျော်ရွှင်ချိန်မှာ သူ့ ကိုပထမဆုံး သတိရမိနေလား?
'၂' မင်းနာကျင်တဲ့ အချိန်မှာသိရတာကသူ့ ကိုလား?
'၃' မျက်လုံးတွေမှိတ်လို့ မအိပ်သေးခင် အချိန်ထိစဉ်းစားမိတာသူ့ အကြောင်းလား?
'၄' မနက်ခင်းသစ်တစ်ခုကိုရောက်သွားချိန်တိုင်းပထမဆုံးသတိရမိတာသူ့ ကိုလား?
'၅' သူ့ ရဲ့ အပြုံးလေးတွေကိုအမြဲတမ်းတောင်းတနေပြီလား?
'၆' မင်းရဲ့ အချစ်ကိုဖွင့်ပြောချင်ပေမယ့်သူ့ ရှေ့မှာဆွံ့ အနေပြီလား?
'၇' သူ့ ရဲ့ အပြုံးလေးတွေကိုမြင်တိုင်းမင်းရဲ့ နှုတ်ခမ်းတွေပါကွေးညွတ်တတ်နေပြီလား?
'၈' ကာရန်တွေကိုသူ့ အတွက်အသက်သွင်းတတ်နေပြီလား?
'၉' သူ့ ကိုဘာအတွက်နဲ့ မှမထိခိုက်စေချင်တော့တာမှန်တယ်မလား?
'၁၀' သူရဲ့ ရှေ့ မှာဂရုမစိုက်ချင်ယောင်ဆောင်နေပေမယ့်သူမရှိတော့ရင်ဝမ်းနည်းတတ်နေပြီလား?
'၁၁' ကိုယ့်အနားကသူထွက်ခွာသွားရင်သူ့ ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီးသက်ပြင်းလေးတွေ ချတတ်နေပြီလား?
'၁၂' သူ့စကားသံတွေကမင်းအတွက်နုးညံတဲ့အမိန့် တွေလား?
'၁၃' သူ အခြားတစ်ယောက်နဲ့ ပျော်နေတာကိုတွေ့ ရင်သ၀န်တိုတတ်နေပြီလား?
'၁၄' onlineပေါ်မှာသူမရှိရင်သူပို့ထားတဲ့ mail အဟောင်းလေးတွေကိုဖတ်ပြီးပျော်ရွင်တတ်လား?
'၁၅' သူအတွက်အရာရာကိုစွန့် လွတ်နိင်ပြီလား?
'၁၆' ဒီစာကိုဖတ်နေတဲ့ အချိန်သူ့ ကိုသတိရနေလား?



အဖြေတွေက မင်းရင်ထဲမှာပဲရှိနေတယ်........
အဖြေတွေက ''ဟုတ်တယ်'' ... ''မှန်တယ်'' ဆိုရင်.......မင်းရင်ထဲမှာသူရှိနေပြီ...................
ဒါဆိုရင်တော့ သူနဲ့ ပတ်သက်လာရင် အရာရာကိုအရှံးပေးထားပါ.....သူ့ ကိုတကယ်ချစ်တယ်ဆိုရင်သစ္စာရှိပါ...........
သူနဲ့ ပြိုင်ဖို့ စိတ်မကူးပါနဲ့ သူ့ကိုအနိင်ပေးထားပါ........သူဘာဖြစ်ဖြစ်နားလည်ပေးပါ....သူကကိုယ့်ကို မချစ်ရင်တောင်
သူ့အတွက် အမြဲပေးဆပ်ပေးပါ.........အခက်အခဲတွေရှိလာရင် သူ့ ဘက်ကရပ်တည်ပေးပါ..........သူမင်းကို မချစ်ရင်
တောင် မင်းသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူတစ်နေ့သိလာမှာပါ.....................မင်းက တစ်ဖက်သတ်ချစ်သူ
ဆိုရင်သူ့ အချစ်ကိုမမျှော်လင့်ပါနဲ့.........သူကို ဖြူဖြူစင်စင်ဆက်ဆံပါ....အဲ့ဒါ သူ့အတွက် ပေးဆပ်ခြင်း.....စစ်မှန်တဲ့
ပေးဆပ်ခြင်းဆိုတာ တုံ့ပြန်မှုကိုဘယ်တော့မှ မမျှော်လင့်ဘူး.......
မှတ်ချက်..မေလ်တစ်ခုမှ ပြန်လည် မျှဝေကူးယူဖော်ပြသည်....

Friday 14 December 2012

နိုင်ငံကျော် အဆိုတော်များ၏ အင်တာဗျုး

.
.
.
.
.
.
.
 
.
.
.
.
.
.
.
.
.
 
.
.
.မှတ်ချက်....မူရင် မဆုဂျေထံမှ ပြန်လန်မျှဝေကူယူဖော်ပြသည်...

MC လွှမ်းပိုင်း

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ခုဆုဂျေတင်ဆက်မယ့်အကြောင့်
အရာလေးကတော့....သူငယ်ချင်းလေးတို့ရဲ့တောင်းဆိုချက်ကလေးကို..ဖြည့်ဆည်းပေးထားတာလေးပါရှင်..။
သူငယ်ချင်းလေးတို့အတွက်လည်းထူးထူးခြားခြားလေးနဲ့မှတ်မှတ်ရရလေးဖြစ်စေနိုင်သလို...ဆုဂျေအတွက်လည်း..
တကယ့်ကို..အမှတ်တရလေးဖြစ်ခဲ့ပါတယ်...ဘာလို့လဲဆိုတော့...ဒီအင်တာဗျူးလေးကို..ဆုဂျေတော်တော်ကြီးကို
နေမကောင်းဖြစ်နေတဲ့ကြားက ဗျူးခဲ့တာဖြစ်သလို...အဆိုတော်လေးကလည်း..အအေးမိပြီးချောင်းဆိုးနေတဲ့ကြားက
ချစ်တဲ့ပရိတ်သတ်ကြီးအတွက်...တာဝန်ကျေကျေဖြေဆိုထားတာမို့ပါ...ကဲရှုစားကြည့်ရအောင်နော်..။


♥ဂီတလောကထဲအကိုစ၀င်လာပုံလေးသိပါရစေနော်...။ ♥♥ဟုတ်..2006 မှာစ၀င်လာတာပါ...UNderground မှာ 89 ဆိုတဲ့ Group ဖွဲ့ပြီးဆိုတယ်..။2008မှာကိုရဲလေးရဲ့ တတိယကာရန်မှာ ၀င်ဆိုဖြစ်တာကနေရောက်လာတာပါ..။



♥Rock Star အဖွဲ့ထဲပါဝင်ဖြစ်ပုံလေးလည်းသိပါရစေနော်..။ ♥♥အော်..ဒါက..Underground မှာ Sample ဝေတော့  သူတို့တွေကကြိုက်တယ်ဆိုပြီးခေါ်ခဲ့ရာကနေ၀င်ဖြစ်တာပါ။



♥ဒုံးပျံခွေအခြေအနေကရော.. ♥♥လွန်ခဲ့တဲ့တစ်ပတ်လောက်ထိကို..ခွေ 9000ကျော်ရောင်းရတယ်လို့ ပြောတယ်ညီမ။



♥ခုလိုပရိတ်သတ်တွေတခဲနက်အားပေးတဲ့အပေါ်သဘောထားကရော..။ ♥♥ အတိုင်းမသိပျော်ပါတယ်ဗျာ..အဲဒီလောက်ထိရောင်းရလိမ့်မယ်လို့  ကျွန်တော်မထင်ထားဘူးလေ...ပရိုဂျူဆာက ပြောတယ်...မင်းအခွေ 5000ရောင်းရရင်ကို  ဒုတိယခွေကို  ကြိုက်တဲ့ဈေးပြော  ထုတ်ပေးမယ်လို့ပြောတယ်..ဟားဟား။



♥VCD ရောဘယ်တော့ထွက်မလဲအကို ♥♥အင်း   7 လပိုင်းလောက်တော့မှန်းထားတယ်ဗျ။



♥ဘယ်လောက်ရိုက်ပြီးပြီလဲအကို.. ♥♥ ခုလောလောဆယ်တော့  2 ပုဒ် 3ပုဒ်လောက်ပေါ့..။



♥ကိုယ်တိုင်ရောဝင်သရုပ်ဆောင်ထားသေးတယ်ပေါ့။ ♥♥ဟုတ်..ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်..။



♥အဆိုတော်တစ်ယောက်ဖြစ်နေတော့..သရုပ်ဆောင်ရတာရော..အခက်အခဲရှိလားအကို.. ♥♥အင်း...အဲလိုတော့မရှိဘူးညီမ...ဘာလို့လဲဆိုတော့..သီချင်းကကိုယ်တိုင်ရေးထားတာဆိုတော့လေ အိုင်ဒီယာက အလိုလိုပါနေပြီးသာပေါ့..ဘယ်စာသားလေးဆို..ဘယ်လိုလုပ်မလဲဆိုတာကအစပေါ့...။



♥ဒုံးပျံခွေထွက်ဖို့ရောအချိန်ဘယ်လောက်ယူခဲ့ရလဲအကို.. ♥♥တကယ်တော့..ဒီခွေထဲကသီချင်းတွေက...ဒီအတွက်ရည်ရွယ်ရေးထားတာမဟုတ်ဘူးလေ...ဟိုးစစကတည်းကပေါ့ တော်တော့်ကိုကြာခဲ့ပြီလို့ပြောရမှာပေါ့နော်..။




♥ပရိတ်သတ်ကပြောတယ်အကို  Rap တွေကို  အမြန်ဆိုနိုင်တာအကိုတယောက်တည်းရှိတယ်တဲ့..အကိုကရောအဲဒီလို
ပြောတဲ့အပေါ်  ခံစားချက်လေး..။ ♥♥ဒါကတော့..ပရိတ်သတ်ကသတ်မှတ်တာဆိုတော့...ကျွန်တော်ပျော်ပါတယ်ဗျာ..တကယ်တော့..ကျွန်တော့်ထက်အမြန် ဆိုနိုင်တဲ့သူတွေလည်းရှိပါတယ်..ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ဗျာ..။



♥ခုလိုအမြန်ဆိုတတ်အောင်ရောအကိုဘယ်လိုလေ့ကျင့်ခဲ့လဲ.. ♥♥း)   ငယ်ငယ်လေးကတည်းကပေါ့...ကျောင်းသားဘ၀ကတည်းကစာတွေပြန်ရင်  မြန်မြန်ပဲဆိုတတ်တယ်လေ..။



♥ဒါဆို..စာမရရင်ရောချလို့ရတာပေါ့နော်...း) ♥♥ ဟားဟား  ဟုတ်တယ်ဟုတ်တယ်..။



♥ဒုံးပျံခွေထဲမှာအကိုအခိုက်ဆုံးသီချင်းက.. ♥♥ဒုံးပျံရယ်...မဝေးဘူးရယ် ကိုကြိုက်တယ်ညီမ..ကိုယ်ဖန်တီးထားတာဆိုတော့လည်းအကုန်လုံးကြိုက်ပါတယ်ဗျာ...း)။



♥ပရိတ်သတ်တွေကရောဘယ်သီချင်းကိုပိုကြိုက်တယ်ပြောလဲ.. ♥♥ဘိုကေလို့တော့ပြောကြတယ်လေ..။



♥ဘိုကေသီချင်းလေးကိုရေးဖြစ်ပုံလေးသိပါရစေနော်.. ♥♥း) ဒါကတော့..ခုခေတ်မှာလူငယ်တွေက..ဆံပင်ကေတွေ အရမ်းထွင်ပြီးညှပ်လာကြတယ်လေ..အဲဒါကိုကြည့်ုပြီး စိတ်ကူးလေးရသွားတာပေါ့..အကိုဆိုလိုတာက...စစ်သားတွေရဲ့ကေ ကိုဆိုလိုပြီးရေးလိုက်တာပါ..။



♥သင်္ကြန်ခွေထဲက သင်္ကြန်အိပ်မက်သီချင်းလေးလည်းလူငယ်တွေကြားတော်တော်ပေါက်နေတယ်နော်အကို..။ ♥♥မှန်တာပြောရရင်...အဲသီချင်းဆိုတဲ့နေ့ထိကို..စိတ်ထဲမှာ..စိုးရိမ်နေမိတာလေ...သင်္ကြန်နဲ့အဆွေးသီချင်းနဲ့လိုက်ပါ့ မလားပေါ့..ပရိတ်သတ်တွေကြိုက်ပါ့မလားဆိုပြီးပေါ့..ခုကြိုက်တယ်ကြားရတော့...ပျော်တာပေါ့ညီမရာ..။



♥ဒီသီချင်းကိုနားထောင်ပြီးပရိတ်သတ်တွေကပြောတယ်..အကိုက  Melody လည်းပိုင်တယ်ပဲတဲ့လေ..အကို့ခံစားချက်
လေးကရော... ♥♥မယ်လိုဒီကတော့...ဟိုး..89 ခွေမှာကတည်းက  ဆိုတယ်လေ...ကိုယ်ရေးထားတွေကို  သူများဆိုခိုင်းရင်လိုချင်တဲ့ mood ကမရတော့...ကိုယ်တိုင်ပဲဝင်ဆိုလိုက်တာများတယ်ညီမ..။




♥ရှေ့မှာခုန်လိုက်သီချင်းကအရမ်းပေါက်ခဲ့တော့..နောက်သီချင်းတွေဖန်တီးရတာရောအခက်အခဲရှိလားအကို... ♥♥ဟုတ်တယ်..ခုန်လိုက်သီချင်းက..လူငယ်တွေကြားမှာတော်တော်လေးရေပန်းစားသွားတယ်လေ..စိုးရိမ်စိတ်တော့ ၀င်တာပေါ့..နောက်ပိုင်း..လုပ်ရင်းလုပ်ရင်းနဲ့တော့..ယုံကြည်မှုလေးပိုလာပါတယ်..။



♥သီချင်းရေးရင်ဘယ်ချိန်တွေရေးတတ်လဲအကို.. ♥♥ညဘက်တွေပဲရေးဖြစ်တယ်ဗျ။



♥သီချင်းတစ်ပုဒ်ရေးရင်အချိန်ဘယ်လောက်ယူရလဲ.. ♥♥2ရက်ပေါ့...တစ်ခါတစ်လေလည်း လနဲ့ချီတယ်လေ..း) ။



♥သီချင်းဆိုတာအပြင်ဘာဝါသနာပါသေးလဲအကို.. ♥♥MTV ဒါရိုက်တာလုပ်ချင်တယ်..ခုလည်း..ဒုံးပျံခွေမှာ..ဒါရိုက်တာနဲ့..အကိုတိုင်ပင်ပြီးရိုက်ဖြစ်တယ်လေ...။



♥အနှစ်သက်ဆုံးဂီတအမျိုးအစားကရော.. ♥♥ဒီ Hip-Hop ပေါ့..နောက်  R&B၊ POP တွေလည်းကြိုက်ပါတယ်..သီချင်းလေးကောင်းတယ်ဆိုရင်..ဂီတအမျိုးအစား မရွေးပါဘူး..အကုန်ကြိုက်တယ်လေ..။



♥အားကျတဲ့အဆိုတော်တွေကရောအကို.. ♥♥ဒီလောကထဲမ၀င်ခင်ကတည်းကကျွန်တော်ကြိုက်တဲ့အဆိုတော်တွေရှိတယ်ဗျ...ကိုဂျေမီ...နောက်ကိုရဲလေး..နောက် ကိုစိုင်းတို့ပေါ့ဗျာ...အောင်မြင်မှုတစ်ခုကိုအချိန်အကြာကြီးထိန်းထားနိုင်တဲ့အရည်အချင်းကိုလေးစားတယ်..။




♥စန္ဒယားသံကိုကြိုက်တယ်လို့သိရတယ်အကို..ဘာလို့လဲ.. ♥♥ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့တကယ့်ကို..ဘိုဆန်ဆန်လေးမို့ပေါ့..။



♥ရုပ်ရှင်ကြည့်ရတာဝါသနာပါတဲ့အကိုက..ဘယ်လိုဇာတ်လမ်းမျိုးကိုအဓိကထားကြည့်ဖြစ်လဲ.. ♥♥ဇာတ်လမ်းဆန်းတာလေးတွေပေါ့..နေက်ကလေးတွေကြိုက်တဲ့ဇာတ်လမ်းမျိုးလေးတွေ...ဒရမ်မာဆိုလည်းတကယ့် စစ်စစ်ပေါ့...။



♥စာဖတ်ပျင်းတယ်ဆိုတော့သီချင်းရေးရင်ရောစာသားခိုင်မာအောင်ဘယ်လိုလုပ်လဲအကို.. ♥♥သီချင်းရေးရင်က..ပါးစပ်ကအမြဲတမ်းတရစပ်ရွတ်နေတာလေ..ရုတ်တရက်ထွက်လာတဲ့စကားလုံးတွေကိုချရေးတယ်. သူငယ်ချင်းတွေနဲ့စကားပြောရင်းကနေရလာတဲ့စကားလုံးတွေကိုပွားရေးတာပေါ့..။



♥လူငယ်ပရိတ်သတ်တွေရင်ထဲလွှမ်းပိုင်ဆိုပြီးအခိုင်အမာဖြစ်လာတာကရောအကို.. ♥♥း) ဒါကတော့..ပရိတ်သတ်အပေါ်..သီချင်းတွေအပေါ်  ရိုးသားပြီး..ကြိုးစားခဲ့လို့နေပါလိမ့်မယ်...း) ။



♥ကိုယ့်ကိုလေးစားအားကျတဲ့လူငယ်တွေအတူယူမမှားအောင်ဘယ်လိုထိန်းလဲအကို.. ♥♥အဓိကကတော့...ကျွန်တော်အရက်မသောက်ဘူး...ဆေးလိပ်မသောက်ဘူး...နောက်ရှိုးဆိုရင်ပဲဖြစ်ဖြစ်ပေါ့...စကား ပြောရင်အတတ်နိုင်ဆုံးထိန်းပြောတယ်လေ...အောက်မှာလာကြည့်တာကယောင်္ကျားလေးချည်းမဟုတ်ဘူးလေ..မိန်းက
လေးတွေလည်းပါတယ်ဆိုတော့..စကားပြောတာကအစထိန်းပြီးပဲပြောပါတယ်..ဒီလောက်ပါပဲ..အတုယူမမှားအောင်တော့
ဒီလိုပဲနေပါတယ်..။



♥အ၀တ်အစားစတိုင်လ်လေးတွေရောဘယ်လိုဒီဇိုင်းလေးတွေခိုက်လဲ.. ♥♥ရှပ်လေးတွေကိုလက်ခေါက်ဝတ်တာလေးသဘောကျတယ်..ဘောင်းဘီဆိုလည်းတကယ့်ကို..စမတ်ကျကျလေးပေါ့..။


♥ဆံပင်ပုံစံကရော.. ♥♥တကယ်ကြိုက်တဲ့ပုံက...အရှည်ကြီးလေ...ဒါပေမယ့်လည်း..ဟိုမရောက်ဒီမရောက်နဲ့တင်ညှပ်ပစ်တော့မထားဖြစ်ပါဘူး ခုတော့လည်း..ဒီကေပဲပေါ့..ဟားဟား..။



♥ဒုံးပျံကာဗာဒီဇိုင်းကလည်းလန်းတယ်နော်..အကို့စိတ်ကူးပဲလား.. ♥♥ဟုတ်တယ်...ကိုယ်လုပ်ချင်တာလေးတွေကို..ဒီဇိုင်နာအမနဲ့တိုင်ပင်ပြီးလုပ်လိုက်တာပါ...



♥မျက်လုံးလည်းအမဲခြယ်ထားတယ်နော်..း) ♥♥း)  အဲဒါက  ဓာတ်ပုံရိုက်မယ့်နေ့မှ..စိတ်ကူးရပြီးခြယ်လိုက်တာလေ...း)။



♥Show ဆိုခါနီးပြင်ဆင်ပုံလေးရောသိလို့ရမလား.. ♥♥အဓီကကတော့..3/4ရက်အလိုမှာ..အအိပ်မှန်အစားမှန်နေလိုက်တယ်..မဆိုခင်စင်အောက်မှာ.ရတနာ(3) ပါးရှိခိုးလိုက် တယ်လေ..။



♥ရှိုးဆိုရင်းမမေ့နိုင်တဲ့အမှတ်တရလေးရောရှိလားအကို.. ♥♥ဟားဟား  FEB (14) ရှိုးမှာထင်တယ်..ကျွန်တော်ဘောင်းဘီကအရမ်းကျပ်နေတာလေ..ဆိုရင်းနဲ့..ဘောင်းဘီဇစ်ပြုတ် နေတာမသိဘူး...အောက်ကပရိတ်သတ်ကအော်မှသိတယ်ဗျာ..တော်တော်ရှက်သွားတယ်..ဟားဟား။



♥လတ်တလောအနုပညာလှုပ်ရှားမှုကရောအကို.. ♥♥လာမယ့်တစ်ပတ်မှာ...Cheer ဆိုတဲ့ခွေလေးထွက်မယ်..အဲခွေလေးမှာ..ကိုဂျေမီနဲ့..တွဲဆိုထားပါတယ်..နောက် ဒုံးပျံခွေဆက်ရိုက်မယ်..6ရက်နေ့မှာ..မန္တလေးရှိုးရှိမယ်...7ရက်နေ့မှာရန်ကုန်မှာဆိုရမယ်...နောက်8ရက်နေ့မှာတစ်ခါ
မန်းလေးမှာ  ပြန်ဆိုရမယ်ဗျ။



♥အလုပ်တွေဆက်တိုက်ဆိုတော့စိတ်ဖိစီးမှုကိုရောဘယ်လိုဖြေပျောက်လဲ.. ♥♥မဆိုခင်တော့ဖိစီးတာပေါ့..ဒါပေမယ့်..စင်ပေါ်ရောက်လို့ပရိတ်သတ်ကကိုယ့်နာမည်ခေါ်တာနဲ့ကို...ပျောက်သွားတယ်..။



♥အချစ်ရေးကရောအကို.. ♥♥အေးအေးဆေးဆေးပါပဲဗျား)။



♥တက်သစ်စအဆိုတော်သစ်လေးတွေအတွက်လည်း..အားပေးစကားလေးပြောပေးပါဦး.. ♥♥ပရိတ်သတ်အတွက်ဂီတနဲ့ပတ်သက်လာရင်..အတ္တကြီးကြီးဖန်တီးပါလို့...အကောင်းဖြစ်ရမယ်..ဆိုတဲ့စိတ်နဲ့တာဝန် ကျေကျေဖန်တီးမယ်ဆိုရင်..အောင်မြင်မှာပါ...တကယ်တော့အခက်အခဲဆိုတာလည်းနေရာတိုင်းမှာရှိတာပဲလေ..
အကိုတို့လည်းကြုံခဲ့တာပါပဲ...စိတ်ဓာတ်မကျဘဲဆက်လျောက်ပါလို့ပြောချင်ပါတယ်ဗျာ..။



♥ကောင်းပါတယ်အကို..သူတို့တွေအားတက်မိမှာပါနော်..ခုမေးချင်တာလေးကလေ..လူငယ်တွေကလွပ်လပ်မှုကို
မြတ်နိုးတာတွေ့ရတယ်နော်..အကိုအမြင်ကရော.. ♥♥မှန်ပါတယ်ညီမ...အကိုလည်းတန်ဘိုးထားပါတယ်..လွပ်လွပ်လပ်လပ်ဖန်တီးခွင့်ရတဲ့လူငယ်တစ်ယောက်ရဲ့ ဘ၀ဟာ..ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းရှိလာပြီ...ရင့်ကျက်လာနိုင်တယ်လေ..အမြဲတမ်းအိမ်တွင်းအောင်းနေမယ်ဆို
ရင်တော့.တစ်စတစ်တစနဲ့..သိမ်ငယ်စိတ်က၀င်လာနိုင်တယ်...ဒါပေမယ့်လည်း..လွပ်လပ်လွန်းရင်လည်းမကောင်း
ပြန်ဘူးလေ...ဘာပဲလုပ်လုပ်..ကောင်းတယ်ဆိုးတယ်ဆိုတာလေးကို..မိမိတို့ဆင်ခြင်တုံတရားလေးနဲ့ထိန်းပြီးနေထိုင်
မယ်ဆိုရင်တော့..အားလုံးအိုကေမှာပါ..။



♥ဟုတ်အကို..တကယ့်ကိုတန်ဘိုးရှိပါတယ်...အကို့ Biography လေးလည်းသိပါရစေနော်..။ ♥♥နာမည်ရင်းကိုက...လွှမ်းပိုင်ပါ..။မိဘတွေက..ဦးသိန်းအောင်နဲ့.ဒေါ်အေးအေးခိုင်ပါ..အကိုတယောက်အမတယောကှ်ိရှိပါတယ်..ကျောင်းကတော့..B.Tech(Mechanical) နဲ့ပြီးပါပြီ..။နေရပ်လိပ်စာကတော့...တိုက်-၄၊အရှေ့မျဉ်းပြိုင်ကွင်းလမ်း
ကျိုက္ကဆံအိမ်ယာ ၊တာမွေပါ မွေးသက္ကရာဇ်ကတော့...1.3.1989 ပါညီမ..။



♥On Line ကနေဆက်သွယ်ချင်တဲ့ပရိတ်သတ်တွေအတွက်ကရော.. ♥♥EMC Hlwan Paing ပါ..။Face Book Acc ပေါ့..ဒီကနေဆက်သွယ်လို့ရပါတယ်ဗျာ.။


♥ခုလိုလွှမ်းပိုင်ကိုဗျူးပေးပါဆိုပြီးတောင်းဆိုလာကြတဲ့ဖူးစာရှင်လေးကပရိတ်သတ်တွေအတွက်စကားလက်ဆောင်လေး
ပြောပါဦးအကို.. ♥♥အများကြီးကျေးဇူးတင်ပါတယ်လို့..ခုလိုတကူးတကနဲ့အချိန်ပေးပြီးဖော်ပြခိုင်းတာကိုလည်းဝမ်းသာမိပါတယ်.. အတ္တကြီးကြီးနဲ့..အကောင်းဆုံးပေးဆပ်ပါ့မယ်လို့ပြောချင်ပါတယ်ဗျာ..။



♥ဟုတ်..ခုလို  ချောင်းဆိုးနေတဲ့ကြားကနေ...လိုလိုလားလားဖြေပေးတဲ့အကို့ကိုမန်ဘာတွေကိုယ်စားကျေးဇူးတင်ပါတယ်
နော်....။ ♥♥ဟုတ်ကဲ့...အကိုကလည်း..ညီမဆုဂျေကိုကျေးဇူးတင်ပါတယ်ခင်ဗျား)။
  ♥♥ဒါကတော့....လွှမ်းပိုင်ရဲ့...ဒုံးပျံခွေထဲကသီချင်းတွေပါရှင်..။♥♥


01. ဆိုရင်းကမယ်

02. ယုံကြည်လိုက် (feat. နီနီခင်ဇော်)

03. ဘိုကေ

04. အာရုံ (feat. အိမ့်ချစ်)

05. မဝေးဘူး

06. စွာတေးလန်

07. စနေနေ့

08. မြန်မြန်ချစ်ရင် ချစ်တယ်ပြော (feat. စိုးဖြိုး)

09. စိတ်ပျက်နေတဲ့သူ

10. ဒုံးပျံ

11. (စုံထောက်) 007

12. တုန်

13. တိတ်တခိုး (feat. ရဲလေး)

14. LCD

15. အရိပ်ကလေးလို

16. ကောင်မလေး

17. ဒီလိုမျိုးချစ်သူတွေ
 မှတ်ချက်..မူရင် မဆုဂျေဆီမှ ပြန်လန်မျှဝေကူယူဖော်ပြသည်...။

ထက်ထက်(BOBBY SOXER)


သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ချစ်တဲ့သူငယ်ချင်းမောင်နှမ
တွေပို့သတဲ့မေတ္တာတရားကြောင့်ဆုဂျေ...နေကောင်းသွားပါပြီ...ဒီ့အတွက်ချစ်တဲ့သူငယ်ချင်းတို့ကို..စိတ်ချမ်းသာ
အောင်တစ်ခုခုပြန်လုပ်ပေးချင်တဲ့ဆန္ဒ ဆုဂျေရင်ထဲကိန်းအောင်းလို့လာခဲ့ပါတယ်..ဘာလုပ်ပေးရမလဲဆုဂျေ
စဉ်းစားကြည့်မိတော့...သူငယ်ချင်းတို့အရမ်းတောင့်တနေတဲ့သူကို..ဆုဂျေတင်ဆက်ပေးမယ်ဆိုရင်..ပျော်သွား
မယ်ဆိုတာသေချာသိတာကြောင့်...တောင်းဆိုချက်ကလေးကို..ခုလိုကြိုးစားပေးလိုက်ပါတယ်ရှင်...။သူလေးက
တော့...B Sox ဆိုတဲ့နာမည်ဆန်းဆန်းလေးနဲ့..လူလေးကလည်းလန်းလန်းလေးဖြစ်တဲ့...Bobby Soxer
ဆိုတဲ့..အဆိုတော်မလေးပဲဖြစ်ပါတယ်ရှင်..ရှုစားကြည့်ပါဦးနော်...။



♥မင်္ဂလာပါထက်ရေ
♥♥ဟုတ်..မဂ်လာပါနော်..။


♥ဂီတလောကထဲစရောက်လာပုံလေးပြောပြပါဦး
♥♥2006ခုနှစ်မှာသီချင်းတွေစဆိုပါတယ်..underground ပွဲတွေမှာ sample လေးတွေလိုက်ဝေပါတယ်..2008
မှာကိုရဲလေးရဲ့ တတိယကာရန်မှာ  featuring ဆိုရင်းကနေ..mainstream ပေါ်ရောက်လာတာပါရှင်။


♥ဒုံးပျံခွေမှာဆိုဖြစ်သွားပုံလေးသိပါရစေနော်..
♥♥ဟုတ်..နှစ်ယောက်တူတူလုပ်မယ်ဆိုပြီးတော့..စစီစဉ်တာတော့မဟုတ်ဘူးရှင့်..သူငယ်ချင်းတွေက၀ိုင်းပြော
ကြတယ်လေ..တူတူလုပ်ပါလား..ပိုမိုက်မယ်..ပရိတ်သတ်ကလည်းပိုကြိုက်လောက်တယ်ဆိုပြီးဝိုင်းပြောကြတာနဲ့
ဆိုဖြစ်သွားတာပါ ။


♥ဒုံးပျံခွေထဲမှာထက်အကြိုက်ဆုံးသီချင်းလေးတွေက..
♥♥စိတ်ပျက်နေတဲ့သူရယ်..စွာတေးလန်ရယ်..နောက်  စုံထောက်(007)ဆိုတဲ့သီချင်းလေးတွေပေါ့..။


♥ပရိတ်သတ်တွေကရောဘာတွေကြိုက်တယ်ပြောကြလဲ
♥♥လက်လက်ကိုထလို့...ဒွိဟ...စွာတေးလန်တို့လို့ပြောကြတယ်ရှင့်။



♥မြန်မြန်ချစ်ရင်ချစ်တယ်ပြောကို...အကိုဖြစ်တဲ့စိုးဖြိုးနဲ့ဆိုဖြစ်သွားပုံလေးသိလို့ရမလား..
♥♥ဒါက..ထက်တို့မောင်နှမနှစ်ယောက်အတွက်အမှတ်တရလေးဖြစ်အောင်ပေါ့နော်..ထက်ဂီတကိုဝါသနာပါလာ
တာကလည်းအကို့ကြောင့်အများကြီးပါပါတယ်..အကို့အလုပ်ကသဘောင်္သားလေ..သူခဏပြန်လာတုန်းလေး
သီချင်းကိုအမှတ်တရဖြစ်စေချင်တာနဲ့ဆိုဖြစ်သွားတာပါ..။


♥ဒုံးပျံ VCD ကို 7 လပိုင်းလောက်ထွက်မယ်မှန်းထားတော့ကိုယ်တိုင်သရုပ်ဆောင်ထားတာချည်းပဲလား..
♥♥ ဟုတ်..ခု 17ပုဒ်မှာ..2ပုဒ်ပဲရိုက်ရသေးတယ်လေ..သင်္ကြန်ပြီးမှာဆက်ရိုက်ဖြစ်မယ်..ကိုယ်တိုင်လည်းသရုပ်
ဆောင်ထားပါတယ်..သူငယ်ချင်းတွေလည်းပါဖြစ်မယ်..။


♥ထက်ရဲ့တစ်ကိုယ်တော်ခွေရောဘယ်တော့လောက်ထွက်မလဲ..
♥♥ဒါက ဒုံးပျံပြီးရင်တော့..ထွက်မယ်လို့မှန်းထားပါတယ်...ခုတော့သီချင်းလေးတွေစိတ်ကူးရရင်ရသလိုလေး
ချရေးဖြစ်နေတယ်ပေါ့နော်..။


♥တစ်ကိုယ်တော်ခွေမှာရောဘယ်လိုသီချင်းပုံစံလေးတွေပါမလဲထက်..
♥♥အမြူးလေးတွေကတော့..80%လောက်ပေါ့.  ဒွိဟလိုသီချင်းလေးတွေကတော့  20%လောက်ထည့်မယ်ပေါ့နော်။


♥ထက်ရှိုးဆိုရင် မဆိုမဖြစ်တောင်းခံရတဲ့သီချင်းကရော..
♥♥လက်လက်ကိုထလို့သီချင်းကတော့..အမြဲတောင်းခံရတယ်ရှင့်..။



♥ပရိတ်သတ်ကအားပေးများလာတာနဲ့အမျှ..ကိုယ့်ကိုကိုယ်တာဝန်ကြီးတယ်လို့ရောယူဆမိလား..
♥♥ဟုတ်..ကြီးတာပေါ့..သီချင်းတစ်ပုဒ်လုပ်တော့မယ်ဆိုရင်..ပြီးစလွယ်သွားလုပ်လို့မရဘူးလေ..တစ်ပုဒ်
ထက်တစ်ပုဒ်..ပိုပိုကောင်းလာအောင်..လုပ်မိလာတယ်..quality မီအောင်ကအစပေါ့နော်..


♥သီချင်းဆိုတာအပြင်ထက်ဘာဝါသနာပါသေးလဲ..
♥♥ဓာတ်ပုံရိုက်တာပေါ့။..အနုပညာနဲ့ပတ်သက်ရင်ပေါ့နော်..။


♥သရုပ်ဆောင်လုပ်ဖို့ရောစိတ်ကူးမရှိဘူးလား...ထက်ရုပ်လေးက..sweet ဖြစ်တော့လေ..း)
♥♥(ရယ်လျက်)..Bill Board တွေ.. TV ကြော်ငြာတွေတော့ရိုက်ဖြစ်နေတယ်လေ...ကားရိုက်ဖို့တော့ခုတော့
စိတ်မပါသေးဘူး...ငြင်းနေတုန်းပဲ...း)။


♥အလုပ်တွေများလာတာနဲ့အမျှစိတ်ဖိစီးမှုတွေလည်းရမှာလေ..ထက်ဘယ်လိုဖြေဖျောက်လဲရှင့်
♥♥ထက်ကတော့..အိပ်လိုက်တာများတယ်သိလား..စိတ်ညစ်တာနဲ့အိပ်ပစ်လိုက်တာပဲ...း)း)..နောက်သီချင်း
နားထောင်တယ်..ရုပ်ရှင်ကြည့်တယ်...မုန့်စားတယ်...ဒါပေမယ့်..အလုပ်ကိုလည်းဘယ်တော့မှတော့မနိုင်မနင်းကြီး
လက်မခံပါဘူး..နိုင်သလောက်လေးပဲလုပ်ပါတယ်ရှင့်..။



♥ရှိုးဆိုရင်ကောဘာတွေဘယ်လိုပြင်သွားလဲထက်..
♥♥ရှိုးဆိုရင်ကလေ..အဓိကကတော့..CD ပြင်သွားတာပေါ့..ကိုယ်ဆိုမယ့်သီချင်းကိုစီပြီးခုတ်ထားတာပေါ့နော်..။
နောက်..အိုက်တင်ကအစပေါ့..ပရိတ်သတ်ကြီးကိုယ့်နောက်ကိုပါလာအောင်ဘယ်လို performance တွေနဲ့
လုပ်မလဲပေါ့..အစစပြင်ဆင်ပါတယ်ရှင်..။


♥ရှိုးဆိုရင်းအမှတ်တရအဖြစ်အပျက်လေးတွေရောရှိလား..
♥♥အရင်တုန်းကတော့..ဒေါကဖိနပ်ခစခဏညှပ်တယ်သိလား..(ရယ်လျက်)။သိတဲ့အတိုင်းလေထက်ကသီချင်းဆို
နေရင်..ဘယ်တော့မှငြိမ်ငြိမ်မနေဘူး.. ခုန်ပေါက်နေတာဆိုတော့...အမြဲညှပ်တယ်..စီးနေလည်းမကျတော့လေ..
ခုတော့လည်း...အစကထက်စာရင်အဆင်ပြေသွားပါပြီ..။


♥စင်ပေါ်တက်ရင်ဘယ်လိုဖက်ရှင်လေးတွေပဲဝတ်ဖြစ်လဲထက်..
♥♥ထက်စင်ပေါ်တက်ရင်လေ..ဘယ်တော့မှ...အတိုအပြတ်မ၀တ်ဘူးရှင့်..ရှောင်တယ်..အဲဒါတစ်ခုတော့လေ...
ဘောင်းဘီတိုဝတ်ပြီဆိုရင်လည်း..အောက်က..stocking လေးခံဝတ်တယ်လေ..နောက်..ဂျက်ကက်လေးတွေ
ဝတ်တယ်..ထက်၇ဲ့ဖက်ရှင်ပေါ့နော်...ခေါင်းဆောင်းလေးတွေနဲ့ပေါ့...။



♥ထက်ကိုလေးစားတဲ့မိန်းကလေးပရိတ်သတ်တွေအတုယူမမှားအောင်ဆင်ခြင်တာမျိုးရောရှိလား..
♥♥စောနကပြောတာ..အတိုအပြတ်ကိုစင်ပေါ်တက်ရင်မ၀တ်ဘူးဆိုတာကလေ..အဲဒါကြောင့်ပေါ့...ကျန်တဲ့ချိန်က
တော့...ခေတ်လူငယ်တစ်ယောက်လည်းဖြစ်တော့...ပူလည်းပူတော့..အတိုလေးတွေတော့ဝတ်တာပေါ့နော်..
ဒါပေမယ့်..ပရိတ်သတ်နဲ့တွေ့မယ့်ပွဲဘာညာဆိုရင်..ထက်မ၀တ်ဘူး..ဒီဇိုင်နာကိုလည်းပြောထားတယ်လေ..
ဘယ်လိုဘယ်လိုလေးချုပ်ပေးပေါ့..။နောက်ပြီး..ထက်ရဲ့မိန်းကလေးပရိတ်သတ်တွေပေးတဲ့အကြံဥာဏ်လေးတွေ
ကိုလည်းလေးလေးစားစားနားထောင်ပြီး..၀တ်ဖြစ်ပါတယ်..ဘယ်လိုဘယ်လိုလေးဝတ်တာကောင်းတယ်ဘာညာ
ပေါ့နော်..။


♥ကောင်းပါတယ်ထက်..ပရိတ်သတ်ကကိုယ့်ကိုလေးလေးစားစားအားပေးတာပိုကောင်းတာပေါ့နော်..
♥♥ဟုတ်တယ်...ထက်လည်းယုံတယ်..ယုံတယ်ဆိုတာကလေ..ထက်ပရိတ်သတ်က..ထက်ကိုအနုပညာကိုကြည့်ုပြီး
အားပေးတာပဲလိုချင်တယ်လေ..အ၀တ်အစားအတိုတွေနဲ့တွန့်လိမ်ကနေလို့အားပေးတာမျိုးလည်းမလိုချင်ဘူးလေ..
ထက်ပရိတ်သတ်တွေကိုထက်ယုံကြည်တာလည်းပါပါတယ်..။


♥ဒီဇိုင်နာကဘယ်သူနဲ့ချုပ်လဲထက်..
♥♥မသွင်စုထွေးပါ..


♥ဆံပင်ပုံစံရောထက်ဘာလေးတွေကြိုက်လဲ..
♥♥ဆံပင်ကတော့အဖြောင့်ပဲထားဖြစ်တယ်ရှင့်...အကောက်ထားရင်ပရိတ်သတ်ကလည်းရင့်တယ်ပြောတယ်လေ..
အဖြောင့်ကို  ကာလာမျိုးစုံလျောက်ဆိုးတာကြိုက်တယ်...လျောက်လုပ်တာ...း)...အရင်ကအစိမ်းဆိုးထားတယ်..
ခုလိမ္မော်ဆိုးထားတယ်...ကာလာသိပ်မပေါ်လို့..သင်္ကြန်ပြီးပြန်ဆိုးမလို့လေ...း)။



♥အရောင်ထဲကရောဘာလေးတွေကြိုက်လဲထက်..
♥♥ထက်..ခု..ကာလာနုနုလေးတွေကြိုက်နေတယ်လေ..ပန်းရောင်နူနူလေးတွေ...အပြာနုနူလေးတွေပေါ့နော်...။


♥ထက်လေးစားအားကျတဲ့အဆိုတော်တွေေ၇ာရှိလား..
♥♥ဟာ..ရှိတာပေါ့..အများကြီးပဲ...ကိုစိုင်းလည်းကြိုက်တယ်..ကိုရဲလေး..နောက်ကိုဂျေကြီး..(ဂျေမီ)။နောက်..မငယ်
(ငယ်ငယ်)...မဒီးဒီပေါ့..အဆိုတော်မဖြစ်ခင်ကဆို..မငယ်အသံကြီးကိုအရမ်းခိုက်တာ..လိုက်လိုက်ဆိုတာလေ...
ခုလည်းကြိုက်တယ်သူ့ကို...မဒီးဒီကတော့..ခုနောက်ပိုင်း..second generation ပေါ့..rap တွေအမြန်ဆိုနိုင်တယ်.
သူ့ကိုလည်းကြိုက်တယ်..။


♥ထက်ကရောသီချင်းတွေအမြန်ဆိုတတ်အောင်လေ့ကျင့်ထားတာလား..
♥♥အဲလိုတော့လည်းမဟုတ်ပါဘူး...ခံစားမိတဲ့အတိုင်းလေးဆိုဖြစ်သွားတာပါ..။


♥အားလပ်ချိန်ကိုရောဘယ်လိုအသုံးချလဲထက်..
♥♥ထက်အားတာနဲ့..ဂိမ်းကစားတယ်လေ..(ရယ်လျက်)..ဂိမ်းကိုထမင်းမေ့ဟင်းမေ့ကိုကစားတာသိလား...အသစ်
ရတာနဲ့မနိုင်မချင်းမထတော့ဘူး...နောက်သီချင်းနားထောင်တယ်..ရုပ်ရှင်ကြည့်တယ်..သူငယ်ချင်းတွေနဲ့ shopping
ထွက်တယ်..မုန့်စားတယ်ပေါ့နော်..။



♥သီချင်းကရောဘယ်လိုသီချင်းတွေနားထောင်လဲ..
♥♥အစုံပဲရှင့်..ကိုးရီးယားသီချင်းလေးတွေလည်းနားထောင်ဖြစ်နေတယ်..မြန်မာသီချင်းလည်းနားထောင်ပါတယ်..


♥Facebook ကပရိတ်သတ်တွေရဲ့ comment တွေကိုရောဖတ်ဖြစ်လား..
♥♥ဟုတ်..ဖတ်ဖြစ်တယ်ရှင့်..ဒါပေမယ့်လည်း..အမြဲတမ်းကြီးတော့...တစ်ယောက်ချင်း။.reply မလုပ်နိင်ဘူးပေါ့နော်..
ဒါပေမယ့်..လေးလေးစားစားကိုဖတ်ပါတယ်..ထက်အားရင်လည်းပြန်ဖြစ်ပါတယ်..မပြန်ဖြစ်တဲ့အခါကျတော့
တစ်ချို့တွေကအထင်လွဲတယ်လေ..ဒါ့ကြောင့်ဒီနေရာကနေပဲ..ထက်ကိုနားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်..။


♥ဟုတ်ထက်..ပြောပြလိုက်မယ်နော်...ဒါနဲ့အကောင့်ကရော..
♥♥Bobby Soxer နာမည်နဲ့ပဲရှင့်..။


♥ထက်ရဲ့အချစ်ရေးကရော..
♥♥ဒီလိုပါပဲ.း)


♥သင်္ကြန်မှာရောထက်ဘယ်မှာရှိမှာလဲ..
♥♥11ရက်နေ့ကိုမလေးမှာ..ရှိုးဆိုရမယ်..အကျနေ့ပြန်လာမယ်..ကျန်တဲ့ရက်ကတော့ရန်ကုန်မှာပဲရှိမှာပါ..


♥သင်္ကြန်မှာရောဘယ်လိုဒီဇိုင်းလေးတွေဝတ်မလဲထက်..
♥♥း)..အဓိကကတော့အသားမပေါ်အောင်ပေါ့...အကျီလက်ရှည်..ဘောင်းဘီရှည်လေးတွေကိုဒီဇိုင်းထွင်ပြီးဝတ်ဖြစ်
ပါမယ်..။



♥သင်္ကြန်မှာပျော်မယ့်ထက်ရဲ့လူငယ်ပရိတ်သတ်တွေကိုရော..ထက်ဘာမှာချင်လဲ..
♥♥တကယ်တော့လူငယ်တွေကသိပြီးသားပါ..ထိန်းတတ်ကြပါတယ်...ဒါပေမယ့်...အရက်တွေအလွန်အကျွံ့ကြီးသောက်
ပြီး..မထိန်းနိုင်မှာစိုးရတာပါ..ဘာပဲဖြစ်ဖြစ်..အားလုံးဘေး၇န်ကင်းကင်းနဲ့ပျော်နိုင်ကြပါစေလို့ထက်ဆုတောင်းပေးပါ
တယ်ရှင်..။


♥ပရိတ်သတ်တွေကအပြင်မှာ..အရမ်းကြီးကိုဖက်လဲတကင်းအားပေးရင်ရောထက်စိတ်ညစ်တတ်လား..
♥♥မညစ်ပါဘူး...ထက်နားလည်ပါတယ်..သူတို့ချစ်လို့အားပေးတာပဲလေ..ပျော်တောင်ပျော်ပါတယ်..ပြင်ဦးလွင်
သွားတုန်းကဆို..ထက်ဦးထုပ်လေးတွေ..လက်အိတ်လေးတွေကိုဆွဲချွတ်ကြတယ်..ထက်လည်းပေးလိုက်ပါတယ်..
လူကိုလည်းဖက်နမ်းကြတယ်..း)။အရမ်းကြီး..personal ကိုထိပါးအောင်ထိတော့သူတို့မလုပ်ပါဘူး..။


♥ထက်ရဲ့မေမေအန်တီက...တော်တော်လေးကိုနွေးထွေးဖော်ရွေပြီးဆက်ဆံတတ်တာကိုတွေ့ရတယ်နော်..
ထက်အတွက်ဘယ်လောက်ထိအထောက်အပံ့ရနိုင်လဲ..
♥♥း)..ဟုတ်တယ်..မေမေကတော့..ထက်အတွက်တကယ့်ကိုအားကိုးရပါတယ်...နယ်ရှိုးတွေသွားရင်ပိုသိသာတယ်
လေ။


♥ထက်ရဲ့ Biography လေးလည်းသိချင်နေတဲ့ပရိတ်သတ်တွေအတွက်ပြောပါဦး..
♥♥နာမည်ရင်းက..ထက်ထက်အောင်ပါ...မိဘတွေနာမည်က..ဦးအောင်မော်နဲ့ဒေါ်မိုးသိဂီင်္ပါရှင့်...ကျောင်းကတော့
2nd (Business Management )ပါ...မောင်နှမနှစ်ယောက်ရှိပါတယ်..အကိုနဲ့ထက်ပေါ့..နေရပ်လိပ်စာကတော့
အမှတ်(144) 47လမ်းအထက်..8လွှာ..ဗိုလ်တစ်ထောင်..ရန်ကုန်ဆိုရင်ရပါတယ်..။


♥ခုလို  B Sox ကိုဗျူးပေးပါဆိုပြီးတောင်းဆိုကြတဲ့ဖူးစာရှင်လေးကပရိတ်သတ်တွေအတွက်စကားလက်ဆောင်လေး
ပြောပါဦးထက်..
♥♥ဟုတ်..ခုလိုထက်ရဲ့အကြောင်းကိုသိချင်တယ်ဆိုပြီးတောင်းဆိုကြတာကိုထက်အရမ်းပျော်ပါတယ်..ဖြေရတာလည်း
ထက်ပျော်ပါတယ်..အနုပညာနဲ့ပတ်သက်ပြီး..ထက်ကြိုးစားနေပါတယ်..ဒုံးပျံVCD ကိုဘယ်တော့ထွက်မလဲဆိုပြီးလည်း
အရမ်းမေးနေကြတယ်လေ..စောင့်ရတဲ့ပရိတ်သတ်ကြီး..စောင့်ရကျိုးနပ်အောင်ထက်တို့အစွမ်းကုန်ကြိုးစားနေပါတယ်
လို့..နှစ်သစ်မှာချစ်တဲ့ပရိတ်သတ်ကြီးလည်းပျော်ရွှင်ကြပါစေလို့..ဆုတောင်းပေးပါတယ်နော်..။


♥ဟုတ်..ခုလို..လေးလေးစားစားနဲ့စိတ်ပါလက်ပါဖြေပေးတဲ့ထက်ကိုပရိတ်သတ်ကိုယ်စားကျေးဇူးတင်ပါတယ်နော်..။
♥♥ထက်ကလည်းကျေးဇူးတင်ပါတယ်ရှင်..။



♥♥ဒါက..ဒုံးပျံခွေထဲကသီချင်းလေးတွေပါ♥♥
01. ဆိုရင်းကမယ်
02. ယုံကြည်လိုက် (feat. နီနီခင်ဇော်)
03. ဘိုကေ
04. အာရုံ (feat. အိမ့်ချစ်)
05. မဝေးဘူး
06. စွာတေးလန်
07. စနေနေ့
08. မြန်မြန်ချစ်ရင် ချစ်တယ်ပြော (feat. စိုးဖြိုး)
09. စိတ်ပျက်နေတဲ့သူ
10. ဒုံးပျံ
11. (စုံထောက်) 007
12. တုန်
13. တိတ်တခိုး (feat. ရဲလေး)
14. LCD
15. အရိပ်ကလေးလို
16. ကောင်မလေး
17. ဒီလိုမျိုးချစ်သူတွေ


 မှတ်ချက်...မူရင်..မဆုေ၈ျဆီက သူငယ်ချင်းတွေ သိစေလိုတယ်စေတနာနဲ ပြန်လန်ကူယူဖော်ပြသည်..

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်...............

ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့်
ထောက်လှမ်း၍မရနိုင်သော
 ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများက
ဆိုသည်။

ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။
http://www.dailymail.co.uk/sciencetech/article-2245935/Th

ဗေဒင်ဆော့ဝဲ

http://api.ning.com/files/Mx2j0wu6QpbeSnGp0n31vco-9Akg1zVLWVW*v2tABm*toEnzbpPw6ygNpdr7o3N2NFbsS3VAP*nAaHiheEG5DIDzDBpS*58J/01Dj053x9_d.gif
down ဗေဒင်ဆော့ဝဲ
ကျနော် မေကြည်မယ် နော်
ပုံ 1
ပုံ 2
ပုံ 3
ပုံ 4
နံပတ် 5 ကိုတော့မပြတော့ဘူး ကျနော် ကံမကောင်းတော့ မပြချင် တော့ဘူး သူငယ်ချင်တို

တကယ်ချစ်ပါသော်လည်း

တကယ်ချစ်ပါသော်လည်း
===================

ဘယ်တော့မှ မခွဲကြေးလို့ ကတိပေးခဲ့ဖူးတဲ့ ချစ်သူစုံတွဲ တစ်တွဲ အမေရိကန်မှာရှိခဲ့ပါတယ်။ ကောင်လေးကလည်း
ကောင်မလေးကို ချစ်သလို၊ ကောင်မလေးကလည်း ကောင်မလေးကို သိပ်ချစ်ရှာသတဲ့။



သို့ပေမယ့် ကောင်လေးဟာ အလုပ်သိပ်အဆင်မပြေရှာပါဘူး။ ကုမ္မဏီ တစ်ခုမှာ ရိုးရိုးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ဘဝ
အကြောင်း စဉ်းစားတဲ့အခါ ချစ်သူကို လက်ထက်နိုင်ဖို့ဆိုတာ သူ့အတွက်အခဲယဉ်းဆုံး အလုပ်ဖြစ်ပါတယ်။ ချစ်သူဘက်
ကလည်း လမ်းခွဲစကားစဆိုပါပြီ။ လမ်းခွဲ စကားရယ်လို့ တိုက်ရိုက် မသက်ရောက်ပေမယ့် ဘယ်တော့မှ ပြန်မတွေ့ ရ
အောင် ဝေးရမယ့်အနေအထား ဖြစ်ပါတယ်။



ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ကိုသွားပြီး တက္ကသိုလ်တက်ဖို့အတွက် ကောင်မလေး က ဆိုပါတယ်။ ပညာသင်ဆု ရရှိထားတဲ့
အတွက် တက္ကသိုလ်ပြီးရင်တောင် ပဲရစ်မှာပဲအလုပ်လုပ်ပြီး ဘဝကို အဆုံးသတ်သွားမယ်ဆိုတဲ့ စကားကို ဆိုလာပါတယ်။
ကောင်လေး မငြင်းနိုင်ပါဘူး။ ချစ်သူအတွက် လုံလောက်တဲ့ ဘဝတစ်ခု မဖန်တီးနိုင်သေးတော့ လက်တလောတော့
လမ်းခွဲဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ ချစ်သူအတွက် ရည်ရွယ်ပြီး ခေါက်ထားတဲ့ စက္ကူကြယ်တစ်ထောင်ပါတဲ့ ဗူးလေး
တစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။



လမ်းခွဲပြီး ဘဝကိုနာကျည်းတဲ့ ကောင်လေးက အလုပ်ကြိုးစားပါတယ်။ အလုပ်လုပ်ရင်း၊ ပညာဆည်းပူးရင်းနဲ့ ၃ နှစ်
အတွင်း အံ့မခန်းကြီးပွားလာပါတယ်။ အများကြီး သိပ်မဟုတ်တောင် ကိုယ်ပိုင်ကား၊ ကိုယ်ပိုင် ကွန်ဒို၊ ကိုယ်ပိုင် ကုမ္မဏီ
ငယ်လေး တစ်ခု စထောင်နိုင်တဲ့ အနေအထားကို ရောက်ရှိသွားပါတယ်။ စိတ်ကော၊ နှလုံးသားထဲမှာပါ သူ့ချစ်သူအတွက်
နေရာ ချန်ထားဆဲမို့ အချစ်ရေး လုံးဝမစဉ်းစားခဲ့ပါဘူး။



တစ်နေ့တော့ မိုးရွာထဲမှာ ကားမောင်းရင်း သူ့ချစ်သူဟောင်းရဲ့  မိဘ နှစ်ဦး လမ်းလျှောက်နေတာကို တွေ့သွားပါတယ်။
ဒါနဲ့ သူ့လက်ရှိအနေအထား ကိုပြောပြီး သမီးနဲ့ သဘောတူစေလိုကြောင်း စကားလက်စုံပြောဖို့ ခေါ်မယ်လို့ ဆုံးဖြတ်
လိုက်ပါတယ်။ သို့ပေမယ့် ချစ်သူမိဘနှစ်ဦးက သင်္ချိုင်း တစ်ခုထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ သင်္ချိုင်းထဲ
ထိလိုက်ဝင်ကြည့် လိုက်ချိန်မှာတော့ အုတ်ဂူတစ်ခုမှာ သူ့ချစ်သူအပြုံးမျက်နှာနဲ့ ဓာတ်ပုံတစ်ခုတင်ထားတာကို
တွေ့လိုက်ပါတယ်။



သူနားလည်သွားပါပြီ။ ဖြစ်ပုံအကြောင်းစုံ သိဖို့ ချစ်သူ မိဘဆီမေးပါ လိုက်တဲ့ အခါ-
ကင်ဆာရောဂါကြောင့် သူမ ဆုံးသွားတာ ၁ နှစ်ရှိပြီ။ ကောင်လေးအပေါ် သူတကယ်ချစ်ခဲ့ပါတယ်။ ချစ်သူပေးတဲ့ ကြယ်
ဗူးလေးဟာ ဆေးရုံမှာတုန်းကရော အခုရောသူနဲ့အတူ ရှိနေတယ်လို့သိလိုက် ရပါတယ်။ ပညာသင်ဆု ရတယ်ဆိုတာ
ကလည်း အကြံဖန်ဇာတ်လမ်းသာဖြစ်ပြီး ကောင်လေးကနေ အမြန်ဆုံးထွက်ခွါချင်လို့ သုံးလိုက်တဲ့ ပရိယာယ်ဖြစ်ပါတယ်။
အမှန်တော့ ကင်ဆာရောဂါရှိနေတဲ့ ဖြစ်နေတာကို အမှန်အတိုင်းဖွင့်ပြောပြီး ခရီးလက်ကျန် အတူဆက်လို့ ရပေမယ့်
ကောင်လေး နာကျင်မှာကိုမလိုလားပါဘူး။ အချစ်ဆိုတာ အချို့ သူတွေအတွက် အေးအတူ ပူအမျှလို့ ယူဆပေမယ့် သူမ
အတွက်တော့ နာကျင်တဲ့ဝေဒနာကိုတော့ မမျှဝေလိုပါ ဘူး။



သေခွဲခွဲရတာထက် ရှင်ခွဲခွဲခြင်းဟာ အနာသက်သာမယ်လို့ ယူဆတဲ့ သူမကတော့ ချစ်သူကို လိမ်လည်ထားရစ်ခဲ့ပါတယ်။
သို့ပေမယ့် နောက်ဆုံးမှာ အမှန်ကိုသိလိုက်ရတဲ့ ကောင်လေးရဲ့  နှလုံးသား နာကျင်မှုကတော့ သေသည့်တိုင် အနာဖြစ်
ကျန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။ တမလွန်မှာတောင် ဆုံဆည်းနိုင်တယ်ဆိုပြီး အချစ်စွဲစွဲလို့ အတူသယ်သွားတဲ့ စက္ကူဗူးလေး
ကတော့ တစ်ချိန်မှာ မြေမှု့န်ဖြစ်သွားမှာပါ။





=================================================



ငယ်တုန်းအခိုက်မှာ
ချစ်မိတဲ့သူ ရှိခဲ့မယ်ဆိုရင်
ရဲရဲ ဝံ့ဝံ့ သာချစ်လိုက်ပါ
ဘာကြောင့်လဲဆိုတော့
တစ်နေ့ ကျရင်
သင်ဟာ လူတစ်ယောက်ကို
ချစ်မိခဲ့မယ်ဆိုရင်တောင်
ဘာဆို ဘာမှကို မမှုပဲ
ရဲရဲ ဝံ့ဝံ့ချစ်ရဲတဲ့သတ္တိတွေ
သင့်မှာ ရှိတော့မှာမဟုတ်ပါဘူး ...



ဒီပိုစ့် လေးကိုဖတ်မိတော့ MAY တခု စဉ်းစားမိပါတယ်..
ကြိုက်မိလို့ လဲရှယ်လိုက်တာပါ...သေချာစဉ်းစားကြည့်ပါဦးသူငယ်ချင်းတို့ ရေ....
တကယ်ချစ်ခဲ့ ရင်...ပြည့်စုံစွာနဲ့ ဘ၀တည်ဆောက်ဖို့ စီးပွားရှာတာ အဓိကလား...
ချစ်သူနဲ့ မခွဲအတူဘ၀ကို အသက်ရှင်စဉ် လက်တွဲဖို့ အဓိကလား
အချိန်တွေက တန်ဖိုးရှိတာမို့ ...ပြန်ဝယ်ယူလို့ မရနိုင်တဲ့ အချိန်တွေမှာ
မိမိချစ်သူနဲ့ အတူတကယ်လိုချင်သော ဘ၀ကို ပိုင်ဆိုင်ကျပါစေလို့ မေဆန္ဒပြုပါတယ်





 FROM  ........Facebook

""""တကယ်ချစ်တတ်ဖို့ ပဲလိုပါတယ် """""""


တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။
တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက်
ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။



ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး
မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။



သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင်
ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။
အမျိုးသမီးဖြစ်သူက ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။



ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းကနာရီ ဆိုင်တစ်ခုမှာ
သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။



ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။
သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။
အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။
ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။
သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက်
လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။
နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။



သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့်
သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်


--------------------------------------------------


ချစ်တယ်ဆိုတာက မခက်ခဲပါဘူး ။
တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ
ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . .


ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့။
ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့
စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။



သက်တန့်ချို
the beauty of love.. အားခံစားဘာသာပြန်သည် ။

Thursday 13 December 2012

လက်သန်းချိတ် ကတိပေးခြင်းဟူသည်..(PINKLY SWEAR)

လက်သန်းချိတ် ကတိပေးခြင်းဟူသည်..(PINKLY SWEAR)


လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက
This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။

၁၇ ရာစုကျော်က လက်ချောင်း၊ ခြေချောင်းများကို ရေတွက်ပြီး ဆော့ရတဲ့ ကဗျာ သီချင်းမျိုး ဖြစ်ပြီး Piggy ဆိုတာ
လက်တစ်ချောင်းချင်းစီကို ဝက် တစ်ကောင်စီလို့ ရည်ညွန်းသလို ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကလေးများ
ဂဏန်းသင်္ချာ ရေတွက်တတ်ဖို့ ဖြစ်ပြီး အင်္ဂလန်မှာ စတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း ရေတွက်ရာကနေ
လက်ကလေးတွေ အချင်းချင်း ( ဝက်ကလေးတွေအချင်းချင်း) ကတိအပြန် အလှန် ပေးကြသလို ဆော့ရင်း လက်သန်း
ချင်းချိတ်တယ် ဆိုတာ ကတိပေး တဲ့ သဘောအထိ သက်ရောက်လာပါတယ်။ (ဥပမာ- သူငယ်ချင်းရဲ့  ဝက်ကလေး
အပြင်သွားတော့ သူငယ်ချင်း ဝက်ကလေးကို ပြန်လာမယ်လို့ ကတိပေးတဲ့အနေနဲ့ ကလေးအချင်းချင်း လက်သန်းချိတ်
ကြတာမျိုး ဖြစ်ပါတယ်။
Piggy ကို Pinky လို့ပြောင်းခေါ်ပြီး ယင်းဟာ အမေရိကန်-အင်္ဂလိပ်၊ စကော့တလန် အင်္ဂလိပ်မှာ လက်သန်းကို ရည်ညွန်း
ပါတယ်။ ဒါကြောင့် Pinky swear ( လက်သန်းကြွယ် ကတိ) လို့ ဆိုလိုပါတယ်။ ဂျပန်မှာ ကျတော့ Finger Cut-off လို့
ဘာသာပြန်ယူပါတယ်။ ဆိုလိုရင်းကတော့ ကတိဖျက်ရင်လက်သန်းကို ဖြတ်ရတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကတိဖျက်
သူဟာ လက်သန်းဖြတ်တဲ့ ယဉ်ကျေးမှုနဲ့ Pinky swear ဟာ တစ်ချိန်က ထင်ရှားခဲ့ဖူးပါတယ်။ ယနေ့တိုင်လည်း ရာကူဇာ
ဂိုဏ်းများမှာ ကလေးတွေ လို လက်သန်းချိတ် ကတိမပေးပေမယ့် ကတိဖျက်တဲ့သူဟာ လက်ချောင်းများ ဖြတ်နေဆဲ
ဖြစ်ပါတယ်။
ဒီတော့ Pinky swear ဆိုတာ လက်သန်းနဲ့ ရင်းပြီး ပေးတဲ့ ကတိလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ကတိတစ်ခု
ဖျက်တယ်ဆိုတာ လက်သန်း မရှိတော့မှ ဖျက်နိုင်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ သို့ပေမယ့် လက်သန်း ရှိရှိ မရှိရှိ
Pinky swear လုပ်ထားပြီးရင် ယင်းကတိဟာ ဘယ်တော့မှ မဖျက်ရဘူးလို့ အဓိပ္ပါယ်ရပါတယ်။
ယနေ့မှာတော့ ယင်း Pinky swear - ကတိကို ကလေးများကြား၊ အရင်းနှီးဆုံး သူငယ်ချင်းများကြား၊ ချစ်သူများကြား၊
မိဘနဲ့ သားငယ်၊သမီးငယ်များကြား ပေးတတ်ကြပြီး ကတိပေးတဲ့ အမှတ်အသား တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံး
အသုံးပြုလျက် ရှိပါတယ်။

---

Ref: wiki
Tag: www.innewsmyanmar.com

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်ရင် (၂)


မိန်းကလေးတွေအတွက်ကရေးပြီးပြီ  ဒါပေမယ့် တစ်ယောက်က တောင်းဆိုလို့ ယောင်္ကျားလေးတွေရဲ့
ခံစားချက်ကို ဖော်ပြပေးလိုက်တယ်နော် အရင်ကတည်းက ရေးခဲ့ဖူးတယ်နော်


1. မချစ်ပဲနဲ့  ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်ရင်မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။


(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူသင့်ပါတယ်)




2. ရည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့်

အတတ်နိုင်ဆုံး အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။


အချိန်ကြာပြီးမှ လိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးရှေ့ မှာ အရင်ရည်းစားဟောင်း အကြောင်းကို
 
ခဏခဏပြောဖို့မသင့်တော်ပါဘူး.....သူ့ ကို စာနာသင့် ပါတယ်..............

4. မိန်းကလေးအများစု ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့


ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား .......?

5. မိန်းကလေးတွေဟာချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့ရက်တွေကို အမြဲ မှတ်ထားတက်ကြတယ်...


အဲဒီနေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ်...ဘယ်သွားခဲ့တယ်......


မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့


နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေကအလွတ်ကျက်ထားလို့၇ပေမယ့်


အမှတ်တရလေးတွေကို အလွတ်ကျက်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။


.
6. ချစ်သူတွေ ဖြစ်သွားကြရင် သူငယ်ချင်းယောက်ျားလေးတွေနဲ့ အရောတ၀င်မနေပါနဲ့ …


အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးရဲ့ရှေ့ မှာပေါ့...အထင်သေးစေမယ့် အပြုအမူတွေ......


အပြော အဆိုတွေကို ရှောင်သင့် တယ်......ကိုယ့် အပေါ်မှာ အလေး အနက်ထားတက်တဲ့သူဆိုရင်


သံသယတွေဝင်တက်ပါတယ်......

7. ချစ်သူယောက်ျားလေးနဲ့ ချိန်းတွေ့ တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ


နှစ်များစွာတိုင်အောင် သူသတိရနေမှာပါ............


(ဥပမာ - ကိုယ်တိုင် ချက်ယူလာတဲ့ဟင်းနဲ့  ထမင်းချိုင့်လေးကို သူ့ ကိုကျွေးတာမျိုးပေါ့ )

8. ယုံကြည်မှုပေးပါ ယောက်ျားလေးတိုင်းဟာ အခွင့်အရေးသမားတွေမဟုတ်ပါဘူး ......


လွတ်လပ်စွာ နေချင်ရုံသက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့ ။

9. တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့စိတ်ကူးလေးတွေရှိကြတယ် …...


(ဥပမာ - တီရှပ် အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလို ဟာမျိုး.....


နောက် တစ်ခါမှ မရောက်ဘူးတဲ့နေ၇ာတွေကို ချစ်သူနဲ့ ပထမ ဦးဆုံးသွားချင်တာလေးပေါ့ ....


သဘောမတူရင်နေပါ ကြောင်လွန်းပါတယ် လို့တော့ မတုံ့ ပြန်မိစေနဲ့...)

10.ယောက်ျားလေးတွေမှာလည်း


မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်


ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်…......


မိန်းကလေးတွေ ကြတော့  ချစ်သူနဲ့ ယောက်က်ျားလေး သူငယ်ချင်း ယှဉ်လာရင်.........


ကွာခြားမှု သိပ်မရှိပေ.......

11. ယောက်ျားလေးတွေကချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် ….
 
လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်ချစ်လို့  လှတာလေ....ဘယ် မိန်းကလေးနဲ့ မှ
 
နှိုင်းလို့ မရအောင် သူတို့ မျက်စိထဲမှာ လှနေတက်ကြတယ်

ပြီးတော့  ကို့ ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

12. တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက


ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို


မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

13. ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှ

ကို့ ချစ်သူလို့ ပြောဖို့ ၊မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် …

ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …

Action to action ပါ ပဲဗျာ … မိန်းကလေးကသာ သူ့ မိတ်ဆွေတွေ အလယ်မှာ ချစ်သူလို


့အသိပေးပါစေ ယောက်ျားလေးများက သူ့ အလိုလို သူငယ်ချင်းတွေနဲ့တွေ့ တိုင်းချစ်သူလို့


မိတ်ဆက်ပြီးသားဖြစ်သွားပါလိမ့်မယ် …။

14. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို


လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ …


ဂရုမစိုက်တာမဟုတ်ပါဘူး နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

15. ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… .......


စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ


ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့


ဘောလုံးကွင်း တစ်ခုမဟုတ်ပဲ ချစ်သူဆိုတာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

16. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေးရဲ့ တာဝန်ပါ …


ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …....။

17. မိန်းကလေးတစ်ယောက်က


ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ


၊ကူညီပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ …။

18. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊


အသိပညာတွေ နဲ့ ထိန်းချုပ်နိုင်မှုစွမ်းရည်တွေက အလကား ထားတာမဟုတ်ပါဘူး..........


လူ့ တန်ဖိုးရဲ့  အဆုံးအဖြတ်တွေပါ ။

19. ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က်၊ကွမ်း)


စတာတွေကို မကြိုက်၇င် ချစ်သူမိန်းကလေး က


ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေးရဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ


့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။


20. နောက်ဆုံးတစ်ချက်ကတော့ မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။


ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။


ယောက်ျားတစ်ယောက်ဟာမိမိချစ်သူ မိန်းကလေးအတွက်


မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်


ယောက်ျားတစ်ယောက်ရဲ့ မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်


အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့


တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..။။။။။။။။။။။။။။။။။။။


မှတ်ချက်......အခု တင်လိုက်တာက ယောကျာင်္းလေးတွေကို နားလည်ပေးဖို့ ပါပဲကိုယ်ကိုတိုင်ကလဲ
 
ယောကျာင်္းလေး တစ်ယောက်ဆိုတော့ ခံစားချက်တချို့ နဲ့ လဲ တိုက်ဆိုင်နေ၏ .ယောက်ျားလေးတွေ ရဲ့ 
 
ခံစားမှု ကို နားလည်စေချင်လို့ ပါ.........