ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 13 December 2012

လက်သန်းချိတ် ကတိပေးခြင်းဟူသည်..(PINKLY SWEAR)

လက်သန်းချိတ် ကတိပေးခြင်းဟူသည်..(PINKLY SWEAR)


လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက
This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။

၁၇ ရာစုကျော်က လက်ချောင်း၊ ခြေချောင်းများကို ရေတွက်ပြီး ဆော့ရတဲ့ ကဗျာ သီချင်းမျိုး ဖြစ်ပြီး Piggy ဆိုတာ
လက်တစ်ချောင်းချင်းစီကို ဝက် တစ်ကောင်စီလို့ ရည်ညွန်းသလို ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကလေးများ
ဂဏန်းသင်္ချာ ရေတွက်တတ်ဖို့ ဖြစ်ပြီး အင်္ဂလန်မှာ စတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း ရေတွက်ရာကနေ
လက်ကလေးတွေ အချင်းချင်း ( ဝက်ကလေးတွေအချင်းချင်း) ကတိအပြန် အလှန် ပေးကြသလို ဆော့ရင်း လက်သန်း
ချင်းချိတ်တယ် ဆိုတာ ကတိပေး တဲ့ သဘောအထိ သက်ရောက်လာပါတယ်။ (ဥပမာ- သူငယ်ချင်းရဲ့  ဝက်ကလေး
အပြင်သွားတော့ သူငယ်ချင်း ဝက်ကလေးကို ပြန်လာမယ်လို့ ကတိပေးတဲ့အနေနဲ့ ကလေးအချင်းချင်း လက်သန်းချိတ်
ကြတာမျိုး ဖြစ်ပါတယ်။
Piggy ကို Pinky လို့ပြောင်းခေါ်ပြီး ယင်းဟာ အမေရိကန်-အင်္ဂလိပ်၊ စကော့တလန် အင်္ဂလိပ်မှာ လက်သန်းကို ရည်ညွန်း
ပါတယ်။ ဒါကြောင့် Pinky swear ( လက်သန်းကြွယ် ကတိ) လို့ ဆိုလိုပါတယ်။ ဂျပန်မှာ ကျတော့ Finger Cut-off လို့
ဘာသာပြန်ယူပါတယ်။ ဆိုလိုရင်းကတော့ ကတိဖျက်ရင်လက်သန်းကို ဖြတ်ရတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကတိဖျက်
သူဟာ လက်သန်းဖြတ်တဲ့ ယဉ်ကျေးမှုနဲ့ Pinky swear ဟာ တစ်ချိန်က ထင်ရှားခဲ့ဖူးပါတယ်။ ယနေ့တိုင်လည်း ရာကူဇာ
ဂိုဏ်းများမှာ ကလေးတွေ လို လက်သန်းချိတ် ကတိမပေးပေမယ့် ကတိဖျက်တဲ့သူဟာ လက်ချောင်းများ ဖြတ်နေဆဲ
ဖြစ်ပါတယ်။
ဒီတော့ Pinky swear ဆိုတာ လက်သန်းနဲ့ ရင်းပြီး ပေးတဲ့ ကတိလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ကတိတစ်ခု
ဖျက်တယ်ဆိုတာ လက်သန်း မရှိတော့မှ ဖျက်နိုင်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ သို့ပေမယ့် လက်သန်း ရှိရှိ မရှိရှိ
Pinky swear လုပ်ထားပြီးရင် ယင်းကတိဟာ ဘယ်တော့မှ မဖျက်ရဘူးလို့ အဓိပ္ပါယ်ရပါတယ်။
ယနေ့မှာတော့ ယင်း Pinky swear - ကတိကို ကလေးများကြား၊ အရင်းနှီးဆုံး သူငယ်ချင်းများကြား၊ ချစ်သူများကြား၊
မိဘနဲ့ သားငယ်၊သမီးငယ်များကြား ပေးတတ်ကြပြီး ကတိပေးတဲ့ အမှတ်အသား တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံး
အသုံးပြုလျက် ရှိပါတယ်။

---

Ref: wiki
Tag: www.innewsmyanmar.com

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။