ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Saturday 25 October 2014

အွန်းလိုင်းငွေရှာနည်း (PTC)






ဒီ အပတ်မှ ကျတော် Scam လွတ်တဲ့ ဆိုဒ်တစ်ခု ရှာတွေထားပါတယ်..သူက 4$ ဆိုထုတ်လို့ရပြါုပီ..။ သူက တစ်ခြား PTC ဆိုဒ်တွေနဲ့ အတူတူပါပဲ ..Referral များများဝယ် အကောက် upgread လုပ် ပြီးရင် ပိုက်ဆံထုတ် ဒါပါပဲ ရိုးရိုးလေးပါပဲ...ပိုက်ဆံဘယ်လို့ထုတ်ရမလည်းဆိုတာ သိချင်ရင် moenyamaung93@gmail.com..Ph:09420308096 ကိုမေးမြန်နိင်ပါတယ်
                                             ဒီနေရာမှ ၀င်ရန်

Monday 20 October 2014

onlineပေါ်မှာရွှေကျင်နည်း Bitcoin or satoshi

ယခုကျွန်တော်မိတ်ဆက်ပေးမှာကတော့"onlineပေါ်မှာရွှေကျင်နည်း"ဖြစ်ပါတယ် ခေါင်းစဉ်ဖတ်လိုက်ရလို့ထူးဆန်းသွားလား?တကယ်ပြောတာပါ။ချောင်းထဲမြောင်းထဲမြေကြီးတွေတူးသဲတွေတူးပြီးနေပူမရှောင်မိုးရွာမရှောင်အပင်ပန်ခံစရာမလိုဘဲ(satoshi)လို့ခေါ်တဲ့ရွှေတိုရွှေစလေးတွေစုတဲ့နည်းဖြစ်ပါတယ်။အဲဒီsatoshiတွေတဖြေးဖြေးများလို့1bitcoinရပြီဆိုရင်USDဖြစ်အောင်ရောင်းပြီတော့မြန်မာငွေပြန်လည်လှယ်လဲခြင်းဖြစ်ပါတယ်။
1bitcoinမပြည့်လဲထုတ်ရောင်းလို့ရပါတယ်။လက်ရှိပေါက်ဈေး1bitcoinကိုUSD600ကျော်ပေါက်ဈေးရှိပါတယ်(မြန်မာငွေ၆သိန်းကျော်)ဒါဟာဈေးကျနေတဲ့အချိန်ဖြစ်လို့ပါ။ဈေနှုံးအတက်အကျရှိပါတယ်။ကဲစလိုက်ရအောင်>>> satoshiလို့ခေါ်တဲ့ရွှေစလေးတွေစုဘို့မိမိဆီမှာwallet(ပိုက်ဆံအိတ်)လို့ခေါ်တဲ့BitcoinAddressတခုရှိဘို့လိုပါတယ်satoshiတွေရှာတဲ့(website)နေရာတိုင်းမှာအဲဒီBitcoinAddressကိုအသုံးပြုရပါတယ်။BitcoinAddressပြုလုပ်ပုံပြောပြပါမယ်ဒီနေရာဝင်ဖြည့်စရာရှိတာတွေဖြည့်ပြီးregisterလုပ်လိုက်ပါ။မိမိရဲ့emailထဲကိုcoinbaseကစာတစောင်ပို့ပေးပါမယ်။emailverifyလုပ်ပြီးရင်PhoneProfileတဆင့်ချင်းဆီverifyလုပ်သွားပါloginပြန်ဝင်settingကိုနှိပ်BitcoinAddressကိုနှိCreateNewAddressကိုနှိပ်ပြီးရင်အောက်မှာAddressဆိုပြီးဂဏန်းတွေအင်္ဂလိပ်စာလုံးအကြီးအသေးတွေနဲ့ပေးထားတဲ့မိမိရဲ့ကိုယ်ပိုင်BitcoinAddressပဲဖြစ်ပါတယ်။အဲဒါကိုတလုံးမကျန်မှန်အောင်သေးချာကူးရေးထားပါ(phoneအသုံးပြုသူများSignInလုပ်ပြီးရင်အပေါ်မှာမျဉ်းလေးတွေပါတဲ့အကွက်လေးကိုနှိပ်လိုက်ပါပြီးရင်Accountကိုနှိပ်ပါအောက်မှာGetYourBitcoinAddressကိုနှိပ်ပါ)။onlineမှာbitcoinwebsiteတွေထဲဝင်ပြီးအဲဒီBitcoinAddressနဲ့satoshi(ရွှေစ)တွေစုရပါတယ်။BitcoinAddressရပြီဆိုတော့ကိုယ့်ကိုကိုယ်သူဌေးလောင်းလို့သာသတ်မှတ်လိုက်တော့ဗျို့။ကျွန်တော်အခုအချိန်တိုအတွင်းsatoshi(ရွှေစ)တွေအရမြန်တဲ့website3ခုလောက်အစမ်းချပေးပါမယ်။တခုသတိပေးချင်တာကဒီအလုပ်လုပ်ရင်ကြိုးစားပြီးဇွဲရှိဘို့လိုပါတယ်။satoshi(ရွှေစ)ရတာအနည်းအများမိမိရဲ့ဇွဲနဲ့သာသက်ဆိုင်ပါတယ်။ကျတော် ဘာလော့ရဲ့ဘယ်ဖက်ဘေးမှာ Bitcoin ဆိုဒ်မျာစုစည်းထားပါတယ် တကယ်အပေးကြမ်းတဲ့ ဆိုဒ်များကို သာစုဆောင်းထားခြင်းဖြစ်ပါတယ် Address,EmailUsernameနေရာမှာစောနကကူးရေးထားတဲ့မိမိရဲ့bitcoinaddressကိုထည့်ပေးပါ။မမှားစေနဲ့နော်ပြီးရင်သူပေးထားတဲ့စာလိမ်စာဖျက်တွေကိုအောက်ကtxetboxမှာရေးဖြည့်ပေးလိုက်ပြီးရင်claimကိုနှိပ်လိုက်ရင်ရလာတဲ့satoshiamountပြပါမယ်။နောက်၅မိနစ်ကြာရင်အဲလိုပြန်လုပ်ပါ။အချိန်ရရင်ရသလိုsatoshiတွေရသလောက်နေ့တိုင်းရှာသွားပါ။satoshi0.00055000ပြည့်တိုင်း(sunday)ဆိုရင်coinbaseထဲကိုautoပို့ထားပေးပါတယ်။coinbaseမှာပြန်ကြည့်ပါ။တစ်နေ့တစ်လှမ်း ပုဂံ ဘယ်ပြေးမလည်ဆိုတဲ့ အတိုင်း တစ်နေ့နေ့သွားပါ တစ်ချိန်ကြရင် အောင်မြင်တဲ့ ရွှေတုံးတစ်တုံးရမယ်ဆိုတာ မြေကြီးကို လက်ခက်ရင် လွဲဦးမယ် ကျတော်ပြောတာ လုံးဝမလွဲစေရပါဘူးခဗျာ..။အားလုံပဲ အချိန်ကို အကျိုးရှိစွာ အသုံးချနိင်ပါစေလို ကျတော်ဆုတောင်းပါတယ် ခဗျာ...

Saturday 11 October 2014

PTC Stair.

အင်တာနက်မှာ ပိုက်ဆံရှာချင်သူ သူငယ်ချင်းများအတွက်
အဒီက ပြောချင်တာက refferrar များများရှာနိုင်ပြီ Acc Leavel တက်နိုင်ရင် ပိုက်ဆံများများ ရမှာပါ
4ဒေါ်လာမှာ တစ်ခါ ထုတ်လိုရပါတယ်…ထုတ်တာတော့ ဟုတ်ပါပြီး ဘယ်လို ပိုက်ဆံရမှာလည်း လာပေးမှာလားလိုတော့ မမေးပါနဲ့နော်…သူကလာပေးမှာမဟုတ်ပါဘူး ကျတော်တို့က သွားယူရမယ်လိုပြောလိုက်ရင် မျက်လုံးပြူးသွားမလား စတာပါ…online banking တွေဖြစ်တဲ့ www.paypal ., www.prefect money.comတို့ပဲဖြစ်ဖြစ် ဖွင့်ရပါလိမ့်မယ် အဒါဖွင်ပြီးရင်ရပြီးလားလိုမေးရင် ကျတော်က ပြန်ဖြေပါမယ် မရသေးဘူးလို့ ဟုတ်တယ်လေ သူက အင်တာနက်ထဲမှာပဲ ရှိနေသေးတာ ဘယ်လိုလုပ်ကျတော်ဒို့ဆီလာမှာလည်း အဒီတော့ နောက်ထပ် ဘာဆက်လုပ်ရမလည်းလို့မေးရင် ဘဏ်စာအုပ်ပဲ ဖြစ်ဖြစ် ATM ပဲဖြစ်ဖြစ် ရှိဖို့လိုအပ်ပါတယ် 1000ထဲကုန်မှာပါ ဘယ်လောက်မှ မရှိတာကျတော်ပြောတာ လည်သွားမလား ပြန်ပြောပါမယ်
PTC ကနေ့ လွဲပေးမယ် Online banking ကို သူကတစ်ဆင့် Exchange ဆီကို ရောက်မယ် အိပ်ချိန်းက မြန်မာငွေနဲ့ လဲပြီးရင် ကျတော်ဒို့ဆီရောက်ပြီး ..ဒါနဲ့ ကျတော်ကOnline banking အကောက်ဖွင့်စေချင်တယ် ဘာဖြစ်လိုလဲဆိုတော USD$ 1 ကျပ်ကို ရောင်းမယ်ဆိုရင် အပြင်မှာက 970ပဲ ပေါာက်တာ prefect မှာက 1100တောင်ရတာ ဗျ…နောက်တစ်ခါကြရင် prefect အကောက်ဖွင့်နည်း အသုံပြုနည်းများအား ဆက်လက်ပြီးသိချင်တယ်ဆိုရင် ဖုန်းပဲဖြစ်ဖြစ် ၊ gmail မှာပဲ ဖြစ်ဖြစ် facebook မှာပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်
လုပ်ကြည့်ပါ .အကျိုးရှိလို အခုလို ရေးပြလိုက်ရခြင်းဖြစ်ပါတယ် တကယ်လုပ်ရင် မီနစ် 20ပဲ ကြာမှာပါ ဒီထက် ပိုသိချင်တာပဲ ဖြစ်ဖြစ် ၊ နားမလည်လိုပဲ ဖြစ်ဖြစ် ၊ စိတ်ဝင်စားတယ်ဆိုရင်တော့ 09420308096 ကိုဆက်သွယ်နိုင်ပါတယ် ခဗျာ onlinejone1993@gmail.com .www.facebook.com/suntunlin မှာလည်း ရှိနေတက်ပါတယ် ခင်ဗျာ..


Friday 10 October 2014

Prefect money Account ဖွင့်နည်း

Prefect money Account ဖွင့်နည်း လေးပါ ကျတော် အခု ရေးပြမဲ့ ပို့ကတော့ Online စီးပွားရေ သမားများ အတွက် မရှိမဖြစ်လိုအပ်မဲ့ အကောက်လေးတစ်ခုပါ သူက သုံးရတာ လွယ်ကူရိုးရှင်းပါတယ်..အကောက်ဖွင့်ပုံကို ကျတော် ပုံနဲ့တစ်ကွ ရှင်းပြထားတဲ့ အတွက် အားလည်းပဲ နားလည်းကြမယ်လို မျှော်လင့်ပါတယ်..။ တစ်စုံတစ်ရာ အဆင်မပြေတာပဲ ဖြစ်ဖြစ် ၊ စိတ်ပါဝင်စားလိုပဲ ဖြစ်ဖြစ် 09420308096 ကို ဆက်သွယ်နိုင်ပါတယ် ၊ ချက်ဘောက်မှာလည်း အော်လိုရပါတယ်ခင်ဗျာ..။ Prefect money အကောက်ဖွင့်ရန် Signup ၀င်ပြီး လိုတဲ့ အချက်အလက်တွေ ဖြည့်လိုက်ပါ …။ မိမိ ဖွင့်ထားတဲ့ မေလ်းထဲ ပြန်စစ်ကြည့်လိုက်ပါ prefect money က မေလ်း တစ်စောင် ပို့ ထားပါတယ် အဒီမေလ်းမှာ presonal coad ကို မှတ်ထားပါ နောက်တစ်ခါ ပြန်ဝင်ရင် အဒီ အကောင် အသုံးပြုးရပါမယ်.. တစ်ခု သတိထားပေးရပါမယ် prefect money ထဲက တစ်ခုခုကို လွဲတာပဲဖြစ်ဖြစ် ၊ သွင်းတာပဲ ဖြစ်ဖြစ်.. လုပ်မည်ဆိုပါက Prefect money ကောက်ဖွင့်ထားတယ် မေလ်းကို ဖွင့်ထားပါ သူက Pin ကုတ်ဒ် ပြန်ပေးပါတယ် အဒီ pin ထည့်မှာတာ မိမိ Pm အကောက်ကို အသုံးပြုလိုရမှာ ဖြစ်ပါတယ်..။ ဘယ်လိုအသုံးပြုရတယ်ဆိုတာ သိချင်လိုပဲဖြစ်ဖြစ် ၊အဆင်မပြေတာပဲ ဖြစ်ဖြစ် ဆက်သွယ်ရင် www.facebook.com/suntunlin မှာ ရှိနေတက်ပါတယ်ခင်ဗျာ အားလုံး အဆင်ပြေမယ်ဆိုရင် ကျတော် ကျေနပ်ပါတယ် ခင်ဗျာ..။

Thursday 9 October 2014

အွန်းလိုင်းငွေရှာနည်း

သူငယ်ချင်းတွေ အတွက် အခု PTC ဆိုဒ်လေ တစ်ခုလောက် လမ်းညွန်ပြရစေဦး သိတဲ့သူတွေ့ကတော့ ဒီပိုဒ်ဆက်မဖက်ပါနဲ့နော် မသိတဲ့သူငယ်ချင်းလေးတွေ အတွက် ရည်ရွယ်ပါတယ်..သူအမည်က Paidverts တဲ့ သူလည်းပဲ Scam လွတ်တဲ့ ဆိုဒ်ကောင်းတစ်ခုပါပဲ။ အောက်က လင့်မှာ ဘယ်လို Logout ၀င်ရလည်းဆိုတာ သိချင်ရင် အောက်ကလင်ခ့်ကို Click ပေးပါ.. တကယ်လို ၀င်ပြီးတော့မှာ နားမလည်းသေးဘူးဆိုရင် Chat Box မှာပဲ ဖြစ်ဖြစ် onlinejone1993@gmail.com .www.facebook.com/ suntunlin မှာရှိနေတက်ပါတယ် ခင်ဗျာ။ Ph: 09420308096 ကိုလည်း ဆက်သွယ်မေးမြန်နိုင်ပါတယ် ခဗျာ ပြောနေတာကြာတယ်

 ဒီနေရာမှာ
Click ကြစို.. ဘယ်လို ၀င်ရလည်းဆိုတာ သိစေဖို့ အောက်မှာ ပုံနဲ့တကွ ရှင်ပြထားပါတယ် ခဗျာ...အားလုံး အဆင်ပြေမယ်လို မျော်လင်ပါတယ်..အဆင်မပြေရင် ကွန်မန်းရေပြီး မေးမြန်နိုင်ပါတယ်။ တစ်ခုလောက် သတိပေးပါရစေ မွေးနေ့မွေးရက် ခုနှစ်တွေ မမှားပါစေနဲ့ ဒါတွေနဲ့ ပိုက်ဆံထုတ်ရမှာမို့လိုပါ ပုံတွေကို မမြင်ရရင်တော့ Click 2ချက်လောက်နှိပ်ပြီး အကြီးကြည့်လိုရပါတယ် ခင်ဗျာ ငွေထုတ်ပုံ ထုတ်နည်းလေး သိချင် ChatBox မှာအော်ခဲ့ပေးပါ ကျေးဇူးတင်ပါတယ်

Wednesday 19 December 2012

အရောင်များမှတဆင့် သင့်ချစ်သူရဲ့ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်လား...

သင့် ချစ်သူဟာ သင့် ဘ၀အတွက်အဖော်မွန်ကောင်းဖြစ်နိုင်မလားလို့ သင်တွေးပြီး စိတ်ပူနေလား။ မပူပါနဲ့...
အဲတွက် ဖတ်မိတာလေးကို  မျှဝေပေးဖို့ အဆင်သင့်ပြင်ထားပါတယ်။ ဘယ်လိုနည်းလမ်းတွေပါလိမ့်လို့...
သင် စိတ်ဝင်စားနေပြီမလား.....။

ခက်ခက်ခဲခဲခေါင်းစားစရာမလိုပဲ  သင့် ချစ်သူကြိုက်နှစ်သက်တဲ့ အရောင်လေးကိုသိထားနေရင်ဖြစ် သူ့ရဲ့ စိတ်ထား
လေးတွေကို သင် သိခွင့်ရနိုင်မယ့် နည်းလမ်းလေးပါ....။ ဆက်လက်ဖတ်ကြည့်ကြရအောင်နော်...............

ပထမဦးဆုံးအနေနဲ့ သင် လုပ်ရမှာက သင့် ချစ်သူကြိုက်နှစ်သက်တဲ့ အရောင်လေးကို အရင်ဦးဆုံး သိထားအောင်
မေးမြန်းထားဖို့ လိုပါတယ်။ ဒါမှ သင် သိချင်တဲ့ သူရဲ့ စိတ်ထားလေးတွေအကြောင်း သင်နိုင်မှာဖြစ်တယ်....။
ကဲ မေးထားပြီးပြီဆိုရင် အောက်ပါ အချက်လေးတွေအတိုင်း ဖတ်ကြည့်ကြရအောင်နော်.......



၁။ သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း
အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့
ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်
ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။
အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။
နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်
မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။





၂။ သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေ
အထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ
ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်
ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိ
ပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘော
သဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း
သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်
တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။
တိုက်ခိုက်တတ်တယ်။





၃။ သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘော
လည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ
နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်
လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့
ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ
နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုး
ရှင်းရှင်း တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်
မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့
စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။





၎။ သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။
ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။
အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း
ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာအပေါင်းအသင်း သိပ်မရှိတတ်ဘူး





၅။ သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။
သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို
အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့
မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်
ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။
မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း
အရူးအမူး ချစ်မယ့်သူပေါ့။





၆။ သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်းရှောင်
သွားလိမ့်မယ်။ ဘာပဲလုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်
ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။
ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ
အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့
သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန်
စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့
ချစ်ခင်တတ်ပါတယ်။





၇။ သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင်
နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်
လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။
ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့
နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထား
တတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။





၈။ သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ
လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား
နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်း
အလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်း
ကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာ
ပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။




ကဲ.... သိချင်တာလေးတွေ သိခွင့်ရပြီဟုတ်.....
ကိုယ့်ချစ်သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာလဲ သိပြီနော်.... ဒါဆိုရင် သင့်ဘ၀အဖော်မွန်ကောင်းဖြစ်မဖြစ် သင်
ဆုံးဖြတ်နိုင်ပြီလို့ ထင်ပါတယ်....။



ဒီထက် သိလိုသူများအတွက် www.heintinzaw.com မှတစ်ဆင့် ထပ်မံဖတ်ရှု့နိုင်ပါတယ်။

ချစ်သူများနေ့ပေါ်ပေါက်လာပုံ

ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ် ။ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာ
အချစ်ရည်အချစ်သွေးလွှမ်းနေတဲ့ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့လတစ်လလို့သတ်မှတ်ထားကြပါသေးတယ်။အဲဒီနေ့ကို
ရောက်ပြီဆိုတာနဲ့ကမ္ဘာအရပ်ရပ်ကချစ်သူတွေကအမှတ်တရချောကလက်လေးတွေ၊ပန်းစည်းတွေအစရှိတဲ့လက်ဆောင်
တွေကိုလဲလှယ်ကြပါတယ်၊ဒါပေမယ့်ဒီလိုနေ့လေးပာာဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့သိရှိသူအလွန်နည်းပါးလှ
ပါတယ်။ ဒါ့ကြောင့်ကျွန်တော်ရှာလို့ရသမျှ ၊ဖတ်မှတ်ထားသမျှတွေကို စုစည်းပြီးတော့အားလုံးသိရအောင် တင်ပေးလိုက်ပါ
တယ် ။
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၁)
ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ရောမမြိုစစ်သည်တော်တွေဟာ ချစ်သူရည်းစား
ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရအစဉ်အလာအားဖြင့်
လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသောဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန်
အမိန့်ထုတ်ခဲ့ကြပါတယ်။ နှလုံးသားရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့၏အချစ်ကို ချစ်တက်သူတွေအတွက်အမြဲရှင်သန်ဖို့
ဘုန်းတော်ကြီး Valentine ကိုလက်ထပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး Valentineကလည်းချစ်သူတို့၏
ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကိုပဓာနမထားပဲလက်ထက်ပေးလိုက်ပါတယ်။ဒီအကြောင်း
တွေကိုဘုရင်သိသွားတော့ဘုန်းတော်ကြီးကို ဖေဖေါ်ဝါရီ(၁၄)ရက်တွင်အဆုံးစီရင်လိုက်ပါတယ်။ချစ်သူများအတွက်အသက်
ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကိုဂုဏ်ပြုသောအားဖြင့် Valentine’Day(သို့မဟုတ်)ချစ်သူများနေ့ပေါ်ပေါက်ခဲ့
ရခြင်း ဖြစ်ပါတယ်။
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၂)


အခြားသမိုင်းကြောင်းတစ်ခုကတော့ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာလူပါကပ်စ်ဆိုတဲ့ နတ်ဘုရားကို
အကြောင်းပြုပြီးပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင်ဖေဖော်ဝါရီလ၁၄ရက်နေ့မတော့ ရောမနတ်
ဘုရားရဲ့မိဖုရားဖြစ်သူလက်ထပ်ထိမ်းမြားခြင်းရဲ့နတ်ဘုရားဖြစ်တဲ့ဂျူနိုကိုဂုဏ်ပြုတဲ့အနေနဲ့ပွဲကျင်းပပါတယ်။ဖေဖော်
ဝါရီ(၁၅)ရက်နေ့ရောက်တော့မှ နတ်ဘုရားဖြစ်တဲ့ လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသ ကြတာဖြစ်တယ်။ အဲဒီနေ့မှာ
တော့ အမျိုးသားနဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့
လူငယ်များဟာကံစမ်းမဲတွေကိုယ့်နာမည်ရေးပြီးမဲအနှိုက်ခံရပါတယ်။အကယ်၍မဲပေါက်တဲ့အမျိုးသားကိုသူပေါက်တဲ့မဲ
နာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိတစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံး
အတူနေခွင့်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီးမေတ္တာ သက်မျှကြတယ်ပေါ့။ ဒါပေမယ့်နှစ်
ပေါင်း ၈၀၀လောက် အဲဒီပွဲကိုကျင်းပပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဘာသာရေးဆိုင်ရာဘုန်းတော်ကြီးများက
ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာ
ကိုကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၃)


ဒါ့အပြင်အချို့အချို့သောသူတွေကလည်းချစ်သူများနေ့ဆိုတာဧဒင်ဥယျာဉ်ထဲကပန်သီးကိုအာဒံကဧ၀အတွက်ဝင်ခူးပေး
တဲ့နေ့လို့လဲပြောကြပြန်ပါသေးတယ်။အာဒံပာာနတ်ဆိုးတစ်ကောင်ရဲ့လှုံ့ဆော်မှုကြောင့်ဘုရားသခင်တားမြစ်ထားတဲ့ပန်း
သီးကိုဝင်ခူးပြီးတော့ဧ၀ကိုကျွေးခဲ့ပါတယ်။အဲဒီကတည်းကစလို့လူတွေမှာလဲအချစ်စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါ့ကြောင့်အာဒီပန်းသီးဝင်ခူးတဲ့နေ့ကိုချစ်သူများနေ့လို့သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။ဘယ်လိုပဲပေါ်ပေါက်ခဲ့ပါစေ
ဒီနေ့ကမ္ဘာအရပ်ရပ်မှာတော့ချစ်သူများနေ့ကိုလူတိုင်းလက်ခံယုံကြည်နေကြပါတယ်။
ချောကလပ်နန်းတော် မှ ကူးယူတင်ပြပါသည် ။

ညီမလေးဈေးကောင်းရပါစေ



Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .

ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

Sorry ပါ ညီမလေးတို့ရေ ...



By မားဆိုး "http://www.facebook.com/profile.php?id=100000146656174"
မူရင်းလင့် - http://www.facebook.com/note.php?note_id=101507398691



ဒီကဗျာလေးက မှန်လွန်းသောကြာင့် Share လုပ်လာတာပါ ကိုယ်တိုင်ရေး

မဟုတ်ကြောင်း ၀န်ခံအပ်ပါသည်..ဖတ်စေချင်သော စေတနာဖြင့်သာ.....။

Tuesday 18 December 2012

ကမ္ဘာပျက်မည်ဆိုသော မာယန်တို့၏ ပစ်မှတ်



December 21, 2012 ခုနေ့မှာ ကျွန်ုပ် တို့ကမ္ဘာကြီး ပျက်လိမ့် မည် လို့ဆိုတဲ့ သတင်းက ၂၀၁၀ လောက်ဆီ ကတည်း
က ရေပန်းစား နေခဲ့သလို မကြာခင် မှာပဲ ထိုမာယန်တို့၏ ပစ်မှတ် ဒီဇင်ဘာ၂၁ ရက်ကို ရောက်ဖို့ ရက်ပိုင်းသာ လို
တော့သည်။ ကမ္ဘာပျက် မည်ဆိုသော ဟောကိန်းက မဖြစ်နိုင်ပေမယ့် ထိုဟောကိန်းကို ရုပ်ရှင်ဖြင့် သရုပ်ဖော် ရိုက်ကူး
လို့ ဒေါ်လာသန်း ရာပေါင်းများစွာကို သဲ့ယူသွား ကြသလို Website တွေကို လူစိတ်ဝင်စား လာရအောင် ဖန်တီး ယူနေ
ကြပြီး အများစုက မာယန်ပြက္ခဒိန်ကို မှီ၍ စီးပွားတွေ ဖြစ်သွားကြသူတွေ ကလည်း ဒုနဲ့ဒေး ရှိနေကြလျက်၊ မာယာပြက္ခ
ဒိန်ရဲ့  ဟောကိန်း မတိုင်ခင်မှာလည်း ၁၉၉၉ ဇူလိုင်လမှာ ကမ္ဘာ့ အဏုမြူ စစ်ကြီး ဖြစ်လိမ့်မယ်၊ ကမ္ဘာပျက်လိမ့်မယ်လို့
နော်ထရာဒမ်မတ်စ် Notradamus ရဲ့ ဟောကိန်းကိုမှီပြီး စာအုပ် ထုတ်သူတွေကလည်း သူတို့စာအုပ် Bestseller ရ
အောင် သတင်းမီဒီယာ တွေနဲ့ပေါင်းပြီး လုပ်ဇာတ်များ ဖြည့်စွက် ဖန်တီးခဲ့ကြသူ များကလည်း ရှိနေခဲ့ကြသလို အထူး
သဖြင့် ဂျပန်မှာ အဏုမြူ ရောင်ခြည်ဒဏ်မှ လွတ်ရန် မြေအောက်ခန်း တွေ ကို ဆောက်ကြလို့ Gas Mask များကလည်း
၁၉၉၈ ကတည်းက ရောင်းပန်းတွေ လှနေခဲ့ဖူးသည်။




ဘယ်လောက်တောင်လည်း ဆိုတော့ ရုရှား မော်စကိုမှ အကြား အမြင် ဆရာမ တစ်ယောက်က ရုရှားအစိုးရ၏ အစီ
အစဉ်ဖြင့် ကမ္ဘာလှည့် ၍ ၁၉၉၉ မှာ ကမ္ဘာပျက်မည့် အကြောင်းကို ရုရှားသံရုံးမှ တစ်ဆင့် သံအမတ် ကတော်များကို
ဖိတ်ကြား၍ ဟောပြောပွဲများ လုပ်ခဲ့ဖူးသည်။ ၁၉၉၉ ခုနှစ်ဦးမှာ ထိုအကြားအမြင် ဆရာမလေးက မြန်မာပြည် ရုရှား
သံရုံးကို ရောက်လာ ခဲ့ဖူးသည်။ ဒီတုန်းက ရုရှားသံရုံး၏ ဖိတ်ကြား ချက်ကြောင့် ဆရာဒဂုန်နဲ့ စာရေးသူက ရုရှားသံရုံး
၌ ကျင်းပသော ထိုဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။



အကြားအမြင် ဆရာမလေးက လည်း နော်ထရာဒမ်မတ်စ် Notradamus ၏ဟောကိန်းကို သရုပ်ဖော် ဟောပြောခဲ့ပြန်
သည်။ ဟောပြောပြီးလို့ ဧည့်ခံ ကျွေးမွေးတာကို စားသုံး နေကြစဉ်မှာတော့ စာရေးသူနဲ့ သတင်းထောက်ဆရာ
ဦးအောင်ရွှေဦး တို့က မယောင်မလည်နှင့် ဆရာမလေးဆီ ချဉ်းကပ်ပြီး ဘာကိုမှ မယုံတဲ့ ကွန်မြူနစ် ရုရှားက ဘာလို့
ဒီလိုဗေဒင်ဆရာမကို ကမ္ဘာပတ်ပြီး နိုင်ငံတော်စရိတ်နဲ့ ဒီလိုဟောပြောပွဲတွေ လုပ်ခိုင်းရတာလဲလို့ ဆရာ ဦးအောင်ရွှေဦး
က မေးလိုက်တော့ ဒီလို ရှင်းပြခဲ့ဖူးသည်။




ဒီဆရာမ လေးက “ဘောရစ်ယဲလ်ဆင်”ကို လူတွေ ပခုံးပေါ် မြှောက်တင်ထားကြ တာကို ကျွန်မမျက်စိ မြင်ကွင်းထဲ
ကွင်းကွင်းကွက်ကွက် မြင်လိုက်ရ တော့ ကျွန်မက ရဲရဲတင်းတင်း “ယဲလ်ဆင်”သမ္မတ ဖြစ်လာလိမ့်မယ်လို့ ကြိုဟော
ကိန်း ထုတ်ခဲ့တာပါပဲ။ အဲဒီအတိုင်း ဖြစ်လာတော့ ကျွန်မကို နိုင်ငံတော်က လူသားအားလုံးကို အသိအလင်းပေးဖို့ အခု
လို စေလွှတ် ခဲ့တာပါပဲလို့ ပြောခဲ့သည်။ ဒီတော့ ကျွန်တော့်ဆရာ ဦးအောင်ရွှေဦးက ဖြစ်နိုင်ရင် ကျွန်တော်တို့နိုင်ငံ
အခြေအနေလေးကို တစ်ခုခု ပြောပေးနိုင်မလားလို့ မေးလိုက်ပါသည်။ ဒီတော့ ရုရှားဆရာမလေးက အတန်ငယ်စဉ်းစား
ပြီး ကျွန်မ မြင်တာလေးကိုတော့ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမရောက်ခင် ကတည်းက မြန်မာပြည်မှာ နိုင်ငံရေး
တွေနဲ့ ပတ်သက် လို့ ဘာမှမပြော မဟောဖို့ ကျွန်မတို့ဆီက သတိပေး ထားတာလေး ရှိနေတာမို့ ပြောရမှာတော့ ခက်ပါ
တယ်။ ဒါကလည်း ကျွန်မအတွက် ထက် ရှင်တို့မှာ အန္တရာယ် ရှိသွားနိုင်တာမို့ပါ။




ဒါပေမဲ့ မြင်တဲ့မြင် ကွင်းလေးတစ်ခုကိုတော့ ပြောပြခဲ့ပါ့မယ်။ ဟောကိန်းတော့ မထုတ် ပါရစေနဲ့။ ရှင်တို့ဘာသာ အဖြေ
ရှာယူကြပါလို့ပြောပြီး သူမက "ကျွန်မ လေယာဉ်ပျံပေါ်က ဆင်းလာတော့ ရုတ်တရက် ကျွန်မ မျက်စိမြင်ကွင်း မှာ ပန်း
ပန်ထားတဲ့ မိန်းမတစ်ယောက် ရှေ့မှာ စစ်သားတွေ လက်နက် ချနေတာကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ပါတယ်"
လို့ ပြောပြီး သတင်းတော့ မဖြစ်ပါစေနဲ့လို့ ပြောခဲ့ဖူးသည်။ သည်တုန်းကတော့ အမှတ် တမဲ့ပါပဲ။




ဒါပေမဲ့ ဆယ်စုတစ်စု ကျော်သွားတော့မှ မီဒီယာဇာတ်ခုံ ပေါ်မှာ ခြိမ့်ခြိမ့်သဲဖြစ်နေတဲ့ အဲဒီပန်း ပန်ထားတဲ့မိန်းမကို
တွေ့လိုက် ရသည်။ ဒီအချိန်မှာတော့ ဆရာဦးအောင်ရွှေဦး ကတော့ လောကကြီး ကို မမျှော်လင့်ဘဲ စွန့်ခွာလို့သွားပြီ
ဖြစ်ပါတယ်။ ဒီတုန်းက အတိုက်အခံ ခေါင်းဆောင်က မီဒီယာ စာမျက်နှာများပေါ် မရောက်သေးသလို သူပန်းပန်တာကို
ရုရှားဆရာမလေး သိဖို့နေနေသာသာ ကျွန်တော်တို့ တောင် သတိမထား မိခဲ့ကြပေ။ ဆရာမလေး မြင်ခဲ့ သလို ပန်းပန်
ထားတဲ့ မိန်းမတစ်ယောက်ရှေ့မှာ စစ်တပ်က လက်နက် ချနေကြတယ် ဆိုခဲ့သလိုပဲ အတိုက်အခံ ခေါင်းဆောင် လွတ်
ပြီးတဲ့ အချိန်က စပြီး စစ်အစိုးရ ကလည်း အာဏာကို Surrender လုပ်သွားသကဲ့ သို့ပင်။ တိုင်းပြည်က စစ်အစိုးရနဲ့
ကင်းဝေးသွားခဲ့ပြီး ဖြစ်သည်။




ဆိုလိုချင်တာက ဟောကိန်းတစ်ခုကို လူတစ်ယောက် အတွက် ဟောမည်ဆိုပါက ဆယ်စုနှစ်နဲ့ ချီပြီး ကြိုပြီး ဟောကိန်း
ထုတ်သော် မှန်နိုင်ပေသည်။ သို့သော်ကမ္ဘာနဲ့ ချီပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်းခုနစ်ထောင် အတွက်ကိုစုစည်းလို့ ကမ္ဘာ
ပျက်မည် ဆိုသောဟောကိန်း မျိုးကတော့ အထက်ပါ အတိုင်း နော်ထရာဒမ်မတ်စ် ပဲ ဟောဟော Mayan Calendar
တို့လို ကမ္ဘာပျက်မည် ဆိုသောဟောကိန်း မျိုးတွေ ကတော့ ပါစင်အောင် လွဲမှားသွားတတ်ပါသည်။




အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ သတ္တလောကကြီးကို သဘာဝတရား တို့ ဖြင့်ဖန်ဆင်းထားပြီး လူသတ္တဝါ အပေါင်း
တို့ကိုတော့ အကြောင်း တရားတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဒီတော့ လူသားတို့၌ တစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့
တစ်ယောက် အကြောင်းတရားချင်းက မတူနိုင် သလို အကြောင်းတရားက ပေးထားသော သေခြင်းတရား၏ Timeline
သက်တမ်းတွေကလည်း လုံးဝမတူနိုင်ပေ။




သို့ဖြစ်၍ သန်းပေါင်း ခုနစ်ထောင်လုံး၏ သေခြင်းတရား တို့ကလည်း တစ်ချိန် တည်း တစ်ရက်တည်း၌ စုံ၍ မကျ
ရောက်နိုင်ပေ။ သို့ဖြစ်၍ ၁၉၉၉ ခုနှစ်တွင် အဏုမြူစစ်ကြီး ဖြစ်မည်၊ ကမ္ဘာကြီး ပျက်မည် ဆိုသော နော်ထရာဒမ်မတ်စ်
၏ ဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှားသွားခဲ့ရခြင်းပင် ဖြစ်သလို မာယန် ပြက္ခဒိန်၏ ဒီဇင်ဘာ ၂၁ ရက်
၂ဝ၁၂ ခုနေ့ ကမ္ဘာပျက်မည် ဆိုသောဟောကိန်းကြီး ကလည်း ပါစင်အောင် လွဲမှား သွားရတော့မည်သာ။




သို့သော် မာယန်တို့၏ ဟောကိန်းက ဗေဒင်ဟောကိန်းတွေ မဟုတ်ဘဲ Astronomy အရ အာကာသဖြစ်စဉ် အာကာသ
တွက်ရိုးတို့ ဖြင့် တွက်ချက် ဟောထားသော ဟောကိန်းများ ဖြစ်နေတာမို့ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ မပျက်နိုင်ပေ
မယ့် ကျွန်ုပ်တို့ ကမ္ဘာမြေသို့ အသွင်မတူ သော သဘာဝ ဘေးရန်ကြီးနှင့် ရာသီဥတု ဖောက်ပြန်မှုကြီးများတော့ တစ်နှစ်
ထက်တစ်နှစ် တစ်မူ ထူးခြားလို့ ကျရောက် လာနိုင်ဖွယ်တော့ ရှိမည်ဆိုတာ ကိုတော့ မာယန်ပြက္ခဒိန်က မီးမောင်းထိုး
ပြထားခဲ့ ပါသည်။ ဒီတော့ မာယန်ပြက္ခဒိန်Mayan Calendar ဆိုတာဘာလဲ။ BC 2000 မှ AD 250 အထိ Mayan
Civilization မာယန် ယဉ်ကျေးမှု ခေတ်ကြီးတစ်ခု ထွန်းကားခဲ့ပါသည်။




မာယန် နှောင်းခေတ် တစ်ခုကတော့ 250 AD မှ 900 AD အတွင်းအထိ ရှိနေ ခဲ့သေးတယ်လို့ ယူဆကြရပါတယ်။
အဲဒီ မာယန် ယဉ်ကျေးမှုရဲ့ အင်ပါယာ ကြီးက မက္ကဆီကို အလယ်ပိုင်းမှသည် Honduras-Guatemala North El
Salvador စတဲ့ မြောက်အမေရိကနဲ့ တောင်အမေရိကကို ဆက် သွယ်ထားတဲ့ ကျွန်းဆွယ် တစ်ခုလုံးက ၄င်း မာယန်
ယဉ်ကျေးမှု ခေတ်ရဲ့သြဇာ လွှမ်းမိုးခဲ့ဖူးပါသည်။ မာယန် ယဉ်ကျေးမှုခေတ်မှာ တခြား ခေတ်ကြီးများနှင့် တစ်မူ
ထူးခြားနေခဲ့တာကတော့ သူတို့ခေတ် မှာ သင်္ချာ ဘာသာရပ်များနှင့် Astronomy အာကာသ သိပ္ပံပညာရပ် များ ထွန်း
ကား နေခဲ့ခြင်းပင်ဖြစ်ပေသည်။ သူတို့မှာ မူပိုင်းအာကာသ ဝေါဟာရ (Astronomy Terms) များ နှင့် သင်္ချာ ကိန်း
ဂဏန်းတွေ ရှိနေခဲ့ကြသလို မာယန်တို့ နှစ်ပေါင်း ၄၀၀၀ လောက်ဆီက ပြက္ခဒိန် စနစ်က တစ်နှစ်မှာ ရက်ပေါင်း
၃၆၅ ရက် သတ်မှတ်ထားသော မျက်မှောက်ခေတ် ပြက္ခဒိန်နှင့် ထပ်တူထပ်မျှ ရှိနေတာကို ဘယ်လိုမှ ငြင်းမရနိုင်အောင်
မာယန်ပြက္ခဒိန်က သက်သေ ပြထားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။




တကယ်တော့ မာယန်တို့မှာ သူတို့ဘုရားဟာ အာကာသ တစ်နေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ယုံကြည်မှု တစ်ခုတည်း
ဖြင့် အာကာသ ကောင်းကင်မှာ ဘုရားသခင်ကို ရှာဖွေ ခဲ့ကြရာမှ မာယန်တို့ဟာ Astronomy အာကာသ စူးစမ်းလေ့
လာရေး နှင့် အာကာသ တွက်ရိုး ပညာရှင်များ ဖြစ်လာ ခဲ့ကြရခြင်းသာ ဖြစ်သလို အချို့မှာ ယနေ့ NASA ၏တွက်ကိန်း
နှင့်ပင် ကွာဟမှု သိပ်မရှိတာ ကိုလည်း တွေ့ နေရပေသည်။ မာယန်တို့က နေ-လ နဲ့ သောကြာဂြိုဟ် တို့ကို အနီးကပ်
လေ့ကြရာဝယ် သောကြာဂြိုဟ်ကို ပိုမို စိတ်ဝင်စားခဲ့ကြသည်။ သောကြာ ဂြိုဟ်က ကမ္ဘာနဲ့ အနီးကပ်ဆုံး အချိန် နေနှင့်
ပူးယှဉ်ခြင်း Inferior Conjunction နှင့် သောကြာ-ကမ္ဘာနှင့် အဝေးဆုံး အချိန် superior conjunction နေနှင့်
သောကြာတို့၏ အပူးအယှဉ် များကို လေ့လာ မှတ်သား ထားနိုင်ခဲ့ကြသလို သောကြာဂြိုဟ်က-ကမ္ဘာနှင့် အနီးဆုံး
Inferior Conjunction ကမ္ဘာနှင့် နေအကြား ပူးယှဉ်ပြီး နောက်နေ့ နေအထွက် နံနက်ခင်းနှင့် ထိုနေ့ တစ်နေ့လုံးကို
ပိုပြီးကြောက်တတ် ကြပြီး ဒီလိုနေ့မှာ လူတွေ ဒုက္ခ ပိုရောက်တတ်တယ်။




သဘာဝဘေး အန္တရာယ်များ၊ စစ်မက် အင်္ဂါရပ်များလည်း ဖြစ်ပွား တတ်တယ်လို့ ယုံကြည် ထားခဲ့ကြပါသည်။ နောက်
မာယန်တို့ဟာ လကို လေ့လာကြရာ မှာလည်း လဟာ ကမ္ဘာကို တစ်ပတ် ပတ်မိဖို့ နွေရာသီမှာ ရက်ပေါင်း ၂၉ ရက်ကြာ
တတ်ပြီး ကျန်ရာသီ တွေမှာတော့ ရက်ပေါင်း ၃၀ ကြာတတ်တာကို သူတို့ တွက်ချက် ထားကြရာမှာ ယနေ့ NASA ၏
တွက်ရိုး ၂၉.၅ ရက်နှင့် ဆိုပါက ထပ်တူထပ်မျှ ရှိနေသည်ဟု ဆိုနိုင်ပေသည်။




သည်မာယန်တို့ခေတ်၌ အာကာသကြည့် မှန်ပြောင်းပင် မပေါ် သေးမီ ကတည်းက ခေတ်နှင့်မတန် မယုံကြည်နိုင်
လောက်အောင် အာကာသနှင့် ပတ်သက်သော တွက်ရိုးများနှင့် စူးစမ်းလေ့လာသမှု များကရှိနေခဲ့ပြီး နေကြတ်-
လကြတ်ခြင်း များကိုပင် နှစ် ရာနှင့်ချီလို့ ကြိုတွက် ထားနိုင်ခဲ့ကြသလို ဤနေစကြဝဠာ အပြင် Milky Way နဂါး ငွေ့
တန်းကဲ့သို့သော အလင်းနှစ် ထောင်ပေါင်းများစွာ ဝေးကွာလှ သော စကြဝဠာတိုင်း လေ့လာတွက်ချက် ထားတာများ
ကိုလည်း အံ့မခန်းနိုင် လောက်အောင် တွေ့ရှိနေရပြီး သူတို့ခေတ်မှာ ဆောက် လုပ်ထားခဲ့တဲ့ နန်းတော်ရာများ၊ ဘုရား
ကျောင်း ပိရမစ်ကြီးများနှင့် ထင်ရှားသော အဆောက်အအုံများကို အာကာသ သင်္ချာဗေဒများနှင့် အသေအချာ တွက်
ချက်ပြီးမှသာ တည်ဆောက် ထားခဲ့ကြတာကို တွေ့နေရသလို များသောအားဖြင့် နန်းတော်ရာနှင့် ပိရမစ်များကို
တောင်လတ္တီတွဒ် တွင် တည်ဆောက်လေ့ရှိကြသည်။




ဤသို့ တည်ဆောက်ရခြင်းကလည်း နေသည်တစ်နှစ်မှာ နှစ်ကြိမ် သူတို့၏ မွန်းတည့်မျဉ်းများအပေါ် ဖြတ်သန်းတာကို
သိရှိထား၍ နန်းတော်ရာ များအပေါ် နေမင်းကိုဖြတ်သန်း စေခြင်းဖြင့် နေမင်း၏ စွမ်းပကား ကြောင့် မင်း၏ ဘုန်းကံ
တန်ခိုး ကြီးမြင့်စေရန် ရည်ရွယ်ခဲ့ကြခြင်း၊ နေထွက်ရောင်ခြည်ကို နန်းတော်ရာနှင့် ပိရမစ်များပေါ်သို့ အား ကောင်းစွာ
ရရှိရေးကို လိုလားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်ပေသည်။




သည်သို့ဆိုလျှင် မာယန်တို့က နှစ်ထောင်နဲ့ချီ ကာလကတည်း က လတ္တီတွဒ်မျဉ်းများက ရှိနေတာမို့ သူတို့သူတို့ခေတ်
၏ အာကာသ သိပ္ပံ၏အဆင့်ကို ဘယ်လိုမှ လျှော့တွက်၍ မရနိုင်တော့သလို မာယန် တို့က သာမန်အာကာသ သိပ္ပံမျိုး
မဟုတ်ဘဲ ဖြစ်ခြင်းပျက်ခြင်း၏ အချိန်အကူးအပြောင်း (Timeline Transition) များကို ရှာဖွေ ထားခဲ့တာမို့ သူရိယ
နေမင်းတို့၏ သက်တမ်းနှင့် နေကြတ် လကြတ် ခြင်းများ တင်မကဘဲ Milkey Way နဂါးငွေ့တန်း၏ အလယ်ဗဟို
အီကွေတာနှင့် သူရိယနေမင်း တစ်တန်းတည်း ကျရောက်မည့် နေ့ ရက် လ-ခုနှစ်ကိုပင် အတိအကျ တွက်ချက် ထား
နိုင်ခဲ့ကြပေသည်။




သို့ဖြစ်၍ မာယန်တို့က ကမ္ဘာပျက်ကိန်းကို အဟောထုတ်ကြရာဝယ် သာမန် ဗေဒင်တွက်ရိုး ဗေဒင်နှင့် တွက်ချက်
အဟောထုတ်ခဲ့ကြတာ မဟုတ်ဘဲ Astronomy အာကာသ တွက်ရိုးတို့ဖြင့် ဖြစ်ခြင်းပျက်ခြင်းတို့ ၏ Timeline များကို
တွက်ချက် ရှာဖွေခဲ့ကြရာဝယ် မာယန်တို့ ကျွန်ုပ်တို့ နေ၏ သက်တမ်းကို ရှာဖွေခဲ့ကြရာမှာ ဒီအရင် နေမင်း လေးလုံး
ပျက်သုဉ်း သွားခဲ့ကြပြီးဖြစ်သလို လက်ရှိနေမင်းမှာ ပဉ္စမ မြောက် နေမင်းဖြစ်ကြောင်းနှင့် ဤနေမင်း၏ သက်တမ်းမှာ
လာမည့် December 21, 2012 သောကြာနေ့တွင် ကုန်ဆုံး သွားရတော့မည်။




နေမင်းသည် တစ်စစီပေါက်ကွဲ ပျက်စီးသွားမည် ဖြစ်ကြောင်းကို တွက်ချက်၍ ဤမည်သော ကမ္ဘာပျက်ဟောကိန်း ကို
ထုတ်ထားခဲ့ကြ ခြင်းပင်ဖြစ်ပေသည်။ နေမင်းသက်တမ်း ကုန်ဆုံးသွားမည့် အချိန်ကိုတော့ Milkey Way နဂါးငွေ့တန်း
၏ အီကွေတာ အလယ် ဗဟိုအမှတ်နှင့် ကျွန်ုပ်တို့၏ သူရိယနေမင်းတို့ တစ်တန်းတည်း ကျရောက်သွားမည့်ွှTransit
နေ့ရက် အချိန်ကို တွက်ချက် စံထားခဲ့ကြဟန် ရှိနေပါသည်။




မာယန်တို့ ၏ ဟောကိန်းအတိုင်း ကမ္ဘာ မပျက်နိုင်ဟု ယူဆနိုင်ပါသော်လည်း မာယန်ပြက္ခဒိန် ကြောင့်ပင် ယနေ့ NASA
နှင့် အာကာသ သိပ္ပံပညာ ရှင်တို့က ကမ္ဘာကြီးသို့ ကျရောက်လာနေသော ရာသီဥတု ဖောက်ပြန်မှု များနှင့် သဘာဝ
ဘေးရန်များကို ပိုမို စိတ်ဝင်စားလာခဲ့ကြရပြီး မာယန် တို့တွက်ချက်ထားသော Galactic Transit က နှစ်သန်းပေါင်း
၆၄ သန်း မှာမှ တစ်ကြိမ်ကြုံတွေ့ ရနိုင်ပြီး ၂၀၁၂- ၂၀၁၃ မှာတော့ ကမ္ဘာပေါ်ရှိ (Satellite) ဂြိုဟ်တုဆက်သွယ်ရေး
ယန္တရားများနှင့် အင်တာနက်များ၊ ဆဲလ်ဖုံးများ စသည့် ကမ္ဘာ့ဆက်သွယ်ရေး ယန္တရားကြီး တစ်ခုလုံးသို့ အနှောင့်
အယှက် များစွာ ဖြစ်လာနိုင်သည် ဟု ဆိုလာကြပြန်ပါသည်။




သို့ဖြစ်၍ အထက်ဖော်ပြခဲ့ပါ အတိုင်း သတ္တဝါတို့၏ အကြောင်း တရားတို့က သန်းပေါင်း ခုနစ်ထောင်တို့ အတွက်
တစ်သားတည်း မကျနိုင်သလို ဘုရား သာသနာ ၅၀၀၀ ပင် မကုန်ဆုံး သေးတာမို့ ဘုရားသာသနာ တည်နေသရွေ့
ကမ္ဘာကြီး လုံးဝ ပျက်သွားနိုင်စရာ အကြောင်းမရှိနိုင်သေးပေ။ သို့သော် မာယန်တို့က သူရိယ နေမင်းကြီး သက်တမ်း
က ပေါက် ကွဲလို့ ပျက်သုဉ်းသွားမည် ဆိုသလို NASA က နေ၏ပေါက်ကွဲမှု တွေက ၁၁နှစ်တစ်ကြိမ် ပိုမို အားကြီးလာ
မည်။ နေမှာ အားကောင်းသော ပေါက်ကွဲမှုကြောင့် နေမှာသံလိုက် မုန်တိုင်းတို့က ကမ္ဘာကြီး ၏ သံလိုက်ဝင်ရိုးစွန်း
ဒေသများသို့ ကျရောက်လာခြင်းဖြင့် ကမ္ဘာမြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကို ပိုမိုဖြစ်
ပေါ်လာစေနိုင်သည် ဟု ဆိုထား ကြရာဝယ် ယနေ့ Solar Cycle 24 သို့ရောက်ရှိနေပြီး ဖြစ်တာမို့ ၂၀၁၂-၂၀၁၃ တွင်
သဘာဝ ဘေးရန်နှင့် ရာသီဥတု ဖောက်ပြန်မှုတို့က ပိုမိုအားကောင်း လာဖွယ် ရှိနေလိမ့်မည် ဟု မှတ်ချက် ပေးထားကြ
သလို တစ်ခါ နက္ခတ်ဗေဒင် Astrological Science Throry အရကတော့ Sidereal System နိယနစနစ်၏ အာယန
ဒီဂရီ မြင့်လာလေလေ ကမ္ဘာမြေသို့ သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်ပြန်မှု အားကြီးလေ ဖြစ်မည်ဟု ဆိုထား
ရာ ယနေ့ ၂၀၁၂ တွင် နိယန စနစ်၏ အာယန အံသာ ဒီဂရီမှာ ၂၄ ဒီဂရီ ရှိနေပြီးဖြစ်သည်။




သို့ဖြစ်၍ ကမ္ဘာ မပျက်နိုင်ပေမယ့် ကမ္ဘာမြေကြီး ပေါ်ဝယ် ရှေ့လျှောက် တစ်မူ ထူးခြားသော သဘာဝ ဘေးရန်များနှင့်
ရာသီဥတု ဖောက်ပြန်မှုတွေကတော့ ဧကန်ရှိလာ နေမှာဖြစ်သည်။ အာယန ဒီဂရီ တစ်ဒီဂရီကို ၇၂ နှစ် ကြာတတ်တာမို့
လာမည့် ၃၅ နှစ်အတွင်း အာယန ဒီဂရီ ၂၅ ဒီဂရီ မပြည့်ခင်မှာပင် ကမ္ဘာကြီး ၏ External – Internal Element တွေ
ပြောင်းလဲလာမှာ ဖြစ်သလို ရေကြောမြေကြော များ စတင်ရွေ့လျား ပြောင်းလဲ လာနိုင်ပါသည်။




သို့ဖြစ်၍ ဤကမ္ဘာမြေ ပေါ်သို့ တစ်မူထူးခြားလို့ ကျရောက် လာနိုင်သော သဘာဝ ဘေးရန်များနှင့် ရာသီဥတု ဖောက်
ပြန်မှု များကိုကြိုတင် ကာကွယ်နိုင် သော နည်းလမ်းများ ကိုရှာ၍ ကြိုတင်ပြင်ဆင်မှု စီမံကိန်းများ ကိုတော့ ရေးဆွဲ
ထားသင့်ပေသည်။ မာယန်တို့ ဟောကိန်းအတိုင်း နေကြီးပဲ ပေါက်ကွဲလို့ဖြစ်စေ Magnetic Pole Reverse သံလိုက်ဝင်ရိုး
မှ သံလိုက်လှိုင်းများ လာရာ ဗြောင်းပြန်သွားလို့ ကမ္ဘာကြီး ဗြောင်းဆန်လို့ ပျက်သုဉ်း သွားတာမျိုးက လူသားတို့၏ ဘဝ
ကို တစ်ကြိမ်ပဲ သေကျေပျက်စီး သွားစေနိုင်ပါ သည်။




သို့သော် တိုင်းပြည်၌ အမျိုးသားချင်း အာဃာတမီးတွေ လောင်ကျွမ်း နေခြင်းက တစ်မျိုးသားလုံးကို အရှင်လတ်လတ်
သေ သွားစေနိုင်ပြီး နောက်ဆုံး ဇာတ်တူသားစားလို့ ဟင်္သာကိုးသောင်း ပျက်ကိန်းသို့ပင် ဧကန်ဆိုက်ရောက်
သွားစေနိုင်ပါသည်။




The Voice Weekly