ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။
Showing posts with label စားကြမယ်ဟေ. ကောင်းကောင်း. Show all posts
Showing posts with label စားကြမယ်ဟေ. ကောင်းကောင်း. Show all posts

Friday, 16 November 2012

ကိုးရီးယားထမင်းသုပ်

ဒီထမင်းသုပ် လေးကို စပြီး စားချင်သွားမိတာက ကိုးရီးယားဇာတ်လမ်းတွဲ Full House
မှာပါ။ မင်းသမီးလေး Song Hye Kyo (အွန်စော) အားရပါးရ စားပြတာ မှတ်မိကြမယ်ထင်
ပါတယ်။ နောက်ပိုင်း Rain လဲ မနေနိုင်ပဲ လိုက်စားပါလေရော။ စကားစမိတာနဲ့ ကိုးရီးယား
ဇာတ်လမ်းတွေ ရောက်ကုန်တော့မယ်။ ဟင်းချက်တဲ့ဆီ ပြန်သွားကြရအောင်ပါနော်။


အရင်ဆုံး Bibimbap အတွက် စုဆောင်းရမယ့် အရာများကတော့

ထမင်း
ပဲတီပင်ပေါက်
ဟင်းနုနွယ်ရွက်
ဘူးသီးအငယ်စား (သို့) zucchinis
မှိုခြောက် (Shiitake Mushroom)
မုန်လာဥနီ (ခါကြက်ဥ)
ကြက်ဥကြော်
ပဲငံပြာရည်အကြည်
ကိုးရီးယား ငရုပ်ဆီ (Hot pepper paste)
ကြက်သွန်ဖြူ
နှမ်း
နှမ်းဆီ
ဆီ တို့ပါပဲ။

အသားပါမှ စားတတ်ရင်တော့ အမဲသားကြိတ်ထားတာ ပါ အဆင်သင့်လုပ်ထားနိုင်ပါတယ်။
ရှင်မင်း ရှာမတွေ့တဲ့ အမယ်တမျိုးကတော့ Kosari ဖြစ်ပါတယ်။ အဆင်မပြေတာနဲ့ မထည့်
ဖြစ်လိုက်ပါဘူး။

ကိုးရီးယားထမင်းသုပ်အတွက် စတင်ပြင်ဆင်ပါပြီ။

ထမင်းကို သပ်သပ်ချက်ထားလိုက်ပါတယ်။ ထည့်မယ့် အမယ် များတာမို့ မိမိနှစ်သက်ရာ
ဗန်း ဒါမှမဟုတ် ပန်းကန် စတာတွေ အသင့်ပြင်ထားပါတယ်။

ပဲတီပင်ပေါက်(အကြီးစား) - ပဲတီပင်ပေါက် ကို ရေများများနဲ့ ဆေးပါတယ်။ ပြီးလျှင်
ရေပူပူမှာ ဆားအနည်းငယ် ထည့်ပြီး ၆မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ထားတဲ့ရေတွေ ကိုသွန်ပြီး
ကြက်သွန်ဖြူတဥ ကြိတ်ထားတာရယ်၊ ဆား နဲ့ နှမ်းဆီ အနည်းငယ်တို့ကိုပါ ရောထည့်ပြီး
ပန်းကန်ထဲမှာ ပုံထားလိုက်ပါတယ်။ (ပဲတီပင်ပေါက် အပင်သေးပါက အချိန်နည်းနည်း
လျော့ပြုတ်ရပါတယ်။)

ဟင်းနုနွယ်ရွက် - ဟင်းနုနွယ်ရွက် ကိုလဲ သဲ ၊ ဂဲ စင်အောင်ဆေးပါတယ်။ ရေ ပူပူမှာ ကျက်
သွားတဲ့အထိ ပြုတ်ပါတယ်။ ပြီးလျှင် ရေစစ် ပြီး၊ ဆား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နှင့်
ကြက်သွန်ဖြူ တဥ ကြိတ်ထားတာတို့ကိုပါ ရောနယ်ပေးပါတယ်။ ပြီးလျှင်ပန်းကန်ထဲမှာ
ပုံလိုက်ပါ။

zucchinis ၂လုံးခန့် သို့မဟုတ် ဘူးသီးအသေးစားတို့ကို သုံးနိုင်ပါတယ်။ zucchinis
မှာ သခွားသီးအရွယ်ခန့် ရှိပြီး သခွားသီးနဲ့လဲ ဆင်ပါတယ်။ သူ့ကိုတော့ အချပ်လိုက်
အ၀ိုင်းလှီးပြီး၊ အချောင်းလေးများ အဖြစ် ပါးပါး ပြန်လှီးရပါတယ်။ ပြီးလျှင်ဆား
အနည်းငယ်ထည့်ပြီးဒယ်အိုးထဲမှာ လှိမ့်ပေးပါတယ်။ ပြီးလျှင် ပန်းကန်ထဲသို့  ထည့်လိုက်ပါ။

ရေစိမ်ထားသော Shitake Mushroom  ကို မထူမပါးလေးလှီးထားပြီး၊ ဆီ အနည်းငယ်၊
ပဲငံပြာရည် ၂စွန်း၊ သကြား ၁စွန်းခန့် ရောပြီး မီးအေးအေးမှာလှိမ့်ပေးပါတယ်။ ကျက်လျှင်
နှမ်းဆီ အနည်းငယ် ထည့်ပြီး ပန်းကန်ထဲသို့ထည့်လိုက်ပါ။

အသားထည့်လိုပါက ကြိတ်ထားသော အမဲသား သို့ ၀က်သားကို ကြက်သွန်ဖြူ ၂ဥခန့်
ထောင်းတာရယ်၊ ပဲငံပြာရည် ၂စွန်း၊ သကြား ၂စွန်းခန့် ၊ ငရုတ်ကောင်းမှုန့် မိမိလိုသလောက်
ကိုထည့်ပြီး ကြော်ပေးနိုင်ပါတယ်။ ပြီးလျှင် နှမ်းဆီ ဖြူးလိုက်ပါ။

မုန်လာဥနီ (သို့) ခါကြက်ဥ ကို လက်၂ဆစ် အရှည်ခန့် ၊ မီးခြစ်ဆံ လုံးခန့် အရွယ် အချောင်း
လေးများ လှီးပါတယ်။ ပြီးလျှင် ဆီအနည်းငယ်နှင့် ဒယ်အိုး ထဲမှာ မီးအနေတော်နဲ့ လှိမ့်
ပေးပါတယ်။

ကြက်ဥကို အနှစ် ဘက် သို့ ကျက်အောင်မကြော် ဘဲ ကြော်ထားပါတယ်။ လူတဦးလျှင် တလုံး
ကျ ကြော် ပြီးအသင့်ပြင်ထားပါတယ်။

စားဖို့အသင့်ဖြစ်လျှင် ၊ စားမယ့် ပန်းကန်လုံးကြီးကြီးထဲ မှာ ထမင်းပုံပါတယ်။ အဆာများ မိမိ
လိုအပ်သလိုထည့်နိုင်ပါတယ်။ ကြက်ဥကြော်ထည့်ပါတယ်။ နှမ်းဆီ ၁ဇွန်း ခန့်၊ ကိုးရီးယန်း
ငရုတ်ဆီ ၂ဇွန်းခန့်ထည့်ပါတယ်။  အဆာများ သမ သွားအောင် ရောနယ်ပါတယ်။ အားလုံး
နယ်ပြီးလျှင် ဆားပေါ့ပါက ပဲငံပြာရည်၊ အစပ်ပေါ့ ပါက ငရုတ်ဆီ (သို့) ငရုတ်ကောင်းထည့်
ပြီး သုံးဆောင်နိုင်ပါတယ်။

အစပ်များများ မစားနိုင်သူများကတော့ ငရုတ်ဆီ အစား ကြက်သွန်မြိတ် ခပ်ပါးပါးလေးလှီးပြီး
ပဲငံပြာရည် ၄ ဇွန်း၊ သကြား ၂ဇွန်း၊ နှမ်း ၂ဇွန်း နှင့် နှမ်းဆီ အနည်းငယ်ထည့်ကာ ငရုတ်ဆီ
အစား ထည့်စားနိင်ပါတယ်။

အရသာ ရှိပြီး ၊ ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ကိုးရီးယန်းထမင်းသုပ် ရပါပြီနော်။




မနယ်ရသေးမှီ :P
နယ်ပြီး ၊ စားဖို့ ၀ါးဖို့ အဆင့်သင့်ပါခဗျာ.. :)

ပင်လယ်စာပီဇာ နှင့် Ham+နာနတ်သီး ပီဇာ

င်လယ်စာပီဇာ နှင့် Ham+နာနတ်သီး ပီဇာ


ဒိုးအတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၃၀၀ ဂရမ်
၂။ ရေ
၃။ Dry Yeast – လက်ဖက်ရည်ဇွန်း ၂ (City Mart ဆိုင်များတွင် ၀ယ်ယူနိုင်သည်)

၎။ နို့မှုန့်- အနည်းငယ်
၅။ ဆား – လက်ဖက်ရည်ဇွန်း၁
၆၊ ဆီ – စားပွဲတင်ဇွန်း၁

ဒိုးလုပ်နည်း
၁။ ရေ၊ yeast၊ နို့မှုန့်၊ ဂျုံ ၊ ဆား ရောပြီး သမအောင်နုယ်ပေးပါ။ ရေများသွားပါက ဂျုံထပ်ထည့်ပေးပါ။ ဂျုံဒိုးသည် အရမ်းမမာ၊ မပျော့ အနေထားမှာရှိရမည်။
၂။ ၁၀မိနစ်ခန့် ထားပြီးမှ ဆီထည့်ကာ ဒိုးကို နားနားလေး နုယ်ပေးပါ။
၃။ နုယ်ထားသော ဂျုံကို အနည်းဆုံး ၃နာရီ အုပ်ပြီး ထားပေးပါ။
၎။ ထို့နောက် ဂျုံဒိုးံကို ထလိမ့်တုံးနှင့် အပြား ၁၀လက်မလောက် ရောက်အောင် လိပ်ပေးပါ။ လိပ်နေစဉ် တလိမ့်တုံးနဲ့ မကပ်အောင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။
၅။ ပြီးနောက် ဂျုံဒိုးဘေးပတ်ပတ်လည်ကို အတွန့်လေးများ ပုံဖော်ပေးပါ။ ပြီးလျှင် ဂျုံကို ပုံတွင်ပါသည့်အတိုင်း ခရင်းဖြစ် အပေါက်လေးများဖောက်ပေးပါ။
အောက်ခံ ခရမ်းခဉ်သီးဆော့လုပ်နည်း
၁။ ခရမ်းချဉ်သီး ၃လုံးကို ရေနွေးဆူဆူထဲ ပြဲအောင် ထည့်ြ့ပူတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး skin(အခွံ)ကို ခွာပေးပြီး နှုတ်နှုတ်ဆင်းပါ။
၂။ ဒယ်ထဲ ဆီထည့် ကြက်သွန်ဖြူ (နှုတ်နှုတ်ဆင်း) sautee ထိုးပါ။
၃။ ထို့နောက် နှုတ်နှုတ်ဆင်းထားသော ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးအနှစ် (tomato paste)(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ဂျုံ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်မွှေပေးပါ။
၎။ ခရမ်းချဉ်သီးများ နူးအောင် မြုပ်ရုံ ရေ၂ခွက်ခန့်ထည့်ပေးပါ။
၅။ ပြီးမှ အရသာအပေါ့အငံ့အတွက် ဆား၊ သကြား ထည့်မွှေပေးပါ။
၆။ အနှစ်မပျစ်မကျဲ အနေထားတွင် ချပေးပါ။
ဒိုးဖုတ်နည်း
၁။ အရင် Oven ကို preheat လုပ်ထားပေးပါ။

၁။ ဂျုံဒိုးကို Oven ထဲထည့်ကာ အပူချိန် ၂၀၀ဒီဂရီ ဖြင့်  ၁၀ မိနစ်ခန့်ဖုတ်ပေးပါ။
၂။ ပြီးလျှင် Oven မှထုတ်ပါ၊ အသင့်လုပ်ထားသော ခရမ်းချဉ်သီးဆော့ကို အပေါ်မှ သုတ်ပေးပါ။

ပင်လယ်စာ ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
၁။ ဘောကျိပ်ပုဇွန်၁၀ကျပ်သား
၂။ ဂဏန်းချောင်း(အမျှင်နွင်း)
၃။ ငါးချောင်း(အရှည်လှီး)
၎။ ခရမ်းချဉ်သီး- ၁လုံး (အရှည်လှီး)
၅။ ငရုတ်သီးပွ (အစိမ်း) – ၁လုံး (အရှည်လှီး)
၆။ ကြက်သွန်နီ – ၂လုံး (အ၀ိုင်းလှီး)
ရ။ ချိပ်
ပင်လယ်စာပီဇာဖုတ်နည်း
၃။ ထို့နောက် ပုဇွန်၊ ဂဏန်းချောင်း၊ ငါးချောင်း ကို  အညှီနံ ပျောက်အောင် ရေနွေးဖျော်ပေးပါ။
၎။ ပြီးလျှင် ဒိုးပေါ်တွင် ပင်လယ်စာ ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို စီကာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

Ham+နာနတ်သီး ပီဇာအတွက် ပါဝင်သော ပစ္စည်းများ
၁။ Ham ၄ပြား (အရှည်တ၀က်လှီး)
၂။ နာနတ်သီး – ဆီသွပ်ဗူးပိုကောင်းသည် (အတုံးလေးလှီး)
၃။ ချိပ်
Ham+နာနတ်သီး ပီဇာဖုတ်နည်း
၎။ ပြီးလျှင် ဒိုးပေါ်တွင် Ham+နာနတ်သီး ပီဇာအတွက် ပါဝင်သော ပစ္စည်းများကို စီကာ ထည့်ပေးပါ။
၅။ အပေါ်ဆုံးမှ ချိပ်ကို grater နဲ့ခြစ် ဖြူးပေးပါ။ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပေးပါ။
၆။ ပြီးလျှင် 0ven ထဲထည့်ကာ ၁၀မိနစ်ခန့်ဖုတ်ပေးပါ။

အရသာတမျိုးစီ ထူးခြားသော Ham+နာနတ်သီးပီဇာ နှင့် ပင်လယ်စာပီဇာ များကို စမ်းသပ်ဖုတ်ကြည့်ရင် ကြိုက်နှစ်သက်ကြပါလိမ့်မည်။ ပုံတွင်ဖော်ပြထားသော ပီဇာမှာ (Ham+နာနတ်သီးပီဇာ နှင့် ပင်လယ်စာပီဇာ) ကို တ၀က်စီရော
ဖုတ်ထားခြင်းဖြစ်သည်။
မူရင်း-chowutyee

ဂျာမန်စတိုင်ငါးပေါင်း၊ကြော်ချက်နှင့်ဂျာမန်ပေါင်မုန့်ကင်


ချစ်တဲ့မောင်နှမများကို ဒီနေ့တော့ ဂျာမန်အစားအစာလေးတွေ ချက်ကျွေးချင်တယ်။ စားကြမယ်မဟုတ်လားရှင်။ဂျာမန်အစားအစာကတော့...မခက်လှပါဘူး။
ရေဒီမိတ်ထုပ်ကိုဝယ်ပြီးပြင်ဆင်လိုက်ရုံပဲ။ ဘာအစားအစာတွေလဲဆိုတော့
ဂျာမန်ငါးပေါင်း၊
ငါးကောင်လုံးကြော်ချက်၊ကြက်ကောင်လုံးကင်နှင့်စပါကတီခေါက်ဆွဲ၊
ဝက်အူချောင်းကင်နှင့်
ဂျာမန်ပေါင်မုန့်ကင်အမျိုးမျိုးတို့ပါရှင်။...ဒီလိုရှယ်လုပ်စားဖြစ်တဲ့နေ့ဆိုရင်
အရင်ဦးဆုံးသတိရမိတာက...ဂျာမုန်းချစ်တဲ့...ဘလော့မောင်နှမတွေပါပဲ။
ကော်နယ်ရှင်မကောင်းလို့ အိမ်မလည်ဖြစ်တာတော့ ခွင့်လွှတ်နော်။
အားလုံးကိုတော့အမြဲပဲ သတိရနေပါတယ်။ တကယ်ပြောတာ..ယုံပါကွယ်။




ဒါက ဂျာမန်ဝက်အူချောင်းကင်ပါ။
ဈေးကနေ၀ယ်လာတဲ့ ၀က်အူချောင်းထုပ်ကို ဓါးလေးနဲ့အနည်းငယ်ဆီ မွမ်းလိုက်တယ်။
ဒယ်အိုးအပြားမှာဆီအငယ်ငယ်သာထည့်ပြီး ဟိုဘက်ဒီဘက်လှည့်ပြီး
မီးအရှိန်နည်းနည်းနဲ့ ကြော်ကင်လုပ်လိုက်တယ်။မီးသွေးနဲ့ကင်စားလည်းရပါတယ်။
အကင်နဲ့တွဲစားတဲ့ဆော့ကိုလည်း ဈေးက၀ယ်လာတဲ့ အထုပ်ကိုအရည်ဖျော်ပြီး
ကျိုလိုက်တယ်။ ပြီးတော့ အပေါ်မှာအသာလေးလောင်းထည့်လိုက်တယ်။ ဒါပါပဲ။


ဒါက ကြက်ကောင်းလုံးကင်နှင့်စပါကတီခေါက်ဆွဲသုပ်ပါ။
ကြက်ကိုတော့ ဂျာမုန်းကင်တာမဟုတ်။ ဈေးကနေ ကင်ပြီးသားဝယ်လာတာပါ။ ခေါက်ဆွဲတော့
ကိုယ်တိုင်သုပ်ထားတာနော်။ အရသာတော့ရှယ်ပဲပေါ့။ မြည်းကြည့်နော်၊
စားကြည့်နော်၊ မ၀သေးက ပါဆွယ်ပါဆွဲသွားခွင့်ပြုတယ်။


ဒါက ဂျာမန်ငါးပေါင်းပေါ့။
သူငယ်ချင်းတစ်ယောက်ရဲ့ပါတီပွဲမှာယူသွားဖို့ပြုလုပ်ထားတာပါ။

ဒါလည်း ပြုလုပ်ပြီးသားငါးထုပ်ကို Penny Markt ကနေ၀ယ်ခဲ့တယ်။ အိမ်ရောက်မှ Oven
ထဲမှာပေါင်းလိုက်တယ်။ကျက်လောက်ပြီဆိုမှ Oven ထဲကနေထုတ်ယူပြီး
စားချင်းစဖွယ်လေးဖြစ်အောင်..ဟင်းရွက်စုံနဲ့..အလှပြင်ဆင်လိုက်တယ်။
စားကြည့်နော်..မြည်းကြည့်...အားရှိနော်။


ဒါက ဂျာမန်ပေါင်မုန့်ပြုလုပ်နေပုံပါ။
သူငယ်ချင်းတစ်ယောက်ရဲ့ Doctor Convocation party အတွက် အိမ်မှာဝိုင်းလုပ်ကြတာလေ။ အစတော့
ဂျာမုန်းလည်းမလုပ်တတ်ဘူး။ဂျာမန်သူငယ်ချင်းတစ်ယောက်ကိုယ်တိုင်လာလုပ်ပြတာမို့
အခုတော့လုပ်တတ်သွားပြီ။ အရမ်းကိုလွယ်ပါတယ်။

ပေါင်မုန့်ကင်ကို အလည်ကနေ ပေါင်မုန့်လှီဓါးနဲ့ထက်ခြမ်းခွဲလိုက်တယ်။ အရင်ဦးဆုံး
ပေါင်မုန့်တွေကို ထောပတ်နဲ့အရင်သုပ်လိမ်းပေးရတယ်။ ပြီးမှ
အပေါ်မှာအသားညှပ်တွေတင်လိုက်တယ်။ ငါးစိမ်း၊ အသားစိမ်းတွေနဲ့တွဲစားချင်ရင်
ညှီနှံ့ကင်းအောင် Tafel Meerrettich ဆိုတဲ့ မုန်လာဥဖြူနှစ်နဲ့တွဲစားရတယ်။
ဘယ်ဘက်ပုံရဲ့ ပုလင်းပါ။
သခွားသီးနဲ့ ခရမ်းချဉ်သီးကို အ၀ိုင်းလေးလှီးပြီး အပေါ်မှာတင်လိုက်တယ်။ အရမ်းကိုလွယ်ပါတယ်။
ကဲဒါက စားဖို့အဆင်သင့်ပဲနော်။ ဒီဂျာမန်ပေါင်မုန့်အသားညှပ်က ဂျာမန်တွေအတွက်တော့
အဓိကထမင်းပေါ့။ ဒို့မြန်မာလူမျိုးတွေအတွက်တော့ Snack ပေါ့ကွယ်။
လက်ဝဲဘက်ပန်းကန်က ငါးနဲ့ပါ။ လက်ယာဘက်ပန်းကန်ကတော့
ဒိန်ခဲ့ပြားနဲ့ပေါင်မုန့်ပါ။
ယူစားသွားကြပါရှင်။

ဒါက ငါးကောင်းလုံးကြော်ချက်ပါ။ ဒါလည်း သူငယ်ချင်းပါတီအတွက်ပြုလုပ်သွားတာပါ။ ဒါကတော့ ဂျာမန်အစားအစာရယ်လို့တော့မဟုတ်ဘူးပေါ့။မောင်နှမတွေလည်း...အဆင်ပြေခဲ့ရင်.ချက်စားလို့ရအောင် ချက်နည်းလေးမျှဝေပေးလိုက်ရတာပါနော်။
ငါးကြော်ချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေက
ငါးအကောင်ကြီးတစ်ကောင်
ရှာလကာရည်အနည်းငယ်
ကြက်သွန်နီသုံးဥ
ကြက်သွန်ဖြူတစ်ဥ
ငရုတ်သီးအစိမ်းပွ
ခရမ်းချဉ်သီးဥကြီးတစ်လုံး
ကော်ရည်ထမင်းစားဇွန်း၂ဇွန်းလောက်
ပဲငပိအနည်းငယ်
ဂျင်း
ဆား၊ ဟင်ခတ်မှုန့်၊ ငံပြာရည်အနောက်
သကြားအနည်းငယ်၊ ကြာညို့အနည်းငယ်
ကြက်သွန်မိတ်တို့လိုအပ်ပါတယ်။

ချက်လုပ်နည်းအဆင့်ဆင့်
ငါးကိုရေဆေးပြီး ဂျင်းနှင့်ကြက်သွန်ဖြူတို့ကိုညှက်အောင်ထောင်းပြီး ဆား၊ ရှာလကရည်တို့နှင့်
နယ်ထားမယ်။ကြက်သွန်နီကို...အခွံနွာအ၀ိုင်းလေးတွေလှီးထားမယ်။
ကြက်သွန်ဖြူကိုလည်းရိုက်ပြားထားမယ်၊
ငရုတ်သီးအပွကိုလေးထောင့်အစိတ်လေးစိတ်ထားမယ်။
ခရမ်းချဉ်သီးကိုလည်းလေးထောင့်လေးတွေလှီးထားမယ်။
ကော်ရည်ကိုရေနဲ့ဖျော်ထားမယ်။
ပြီးရင်ဒယ်အိုးတွင်ဆီထည့်ပြီး..နယ်ထားတဲ့ငါးကိုအကောင်းလိုက်ကြော်မယ်။
ကြေမသွားအောင်အသာလေး လှန်ပြီးကြော်ပေးပါ။ ကြက်ပြီဆိုရင် ဆယ်ယူပြီး
ငါးအကောင်လုံးဆန့်တဲ့ပန်းကန်ပြားလှလှလေးမှာတင်လိုက်နော်။
ပြီးရင် ငါးကြော်ထားတဲ့ဆီမှာပဲ ကြက်သွန်ဖြူရိုက်ပြားထားတာအရင်ထည့်နော်။
အစပ်ကြိုက်သူအတွက်ငရုတ်သီးအခြောက်ကိုအရင်ဦးဆုံးဆီသပ်ပြီးထည့်လို့ရတယ်။ ပြီးရင်ပဲငပိထည့်ပြီးမွေနော်။ပြီးရင်ကြက်သွန်နီတွေထည့်ပါ။
ပြီးနောက် ခရမ်းချဉ်သီးနှင့်ငရုတ်သီးပွတို့ကို ထည့်ကြော်ပါ။ ဆား၊ သကြား၊
ဟင်းခတ်မှုန့်၊ ငံပြာရည်နှောက်နှင့် ကြာညို့တို့ကို လိုသလောက်ထည့်နော်။
အားလုံးအိုကေပြီဆိုရင် ကော်ရည်လေးလောင်းထည့်လိုက်ပါ။
အရသာကိုအပေါ့အငံမြည်းကြည့်ပြီး ကြက်သွန်မိတ်ကိုအပေါ်မှာဖြူးပေးလိုက်ပါ။
ပြီးရင် တင်ထားတဲ့ငါးပန်းကန်လုံးပေါ်တွင် အသာလေးလောင်းထည့်လိုက်နော်။
အရသာနဲ့ပြည့်စုံတဲ့ ငါးကောင်လုံးကြော်ချက်လေးရပြီပေါ့။
ဟင်းပန်းကန်ကိုအလှဆင်ဖို့မမေ့ပါနဲ့အုံးနော်။
ဒါလည်းအရေးကြီးတဲ့အထဲမှာပါသေးတယ်။ စားချင်စဖွယ်လေးဖြစ်အောင်ပေါ့။
ကဲ..သုံးဆောင်လို့ရပါပြီရှင်။
လိုအပ်တာရှိရင်မှာခဲ့နော်။

ကင်းမွန် (သို့) ရေဘဝဲဟင်း လေးချက်ရအောင်

ဒီနေ့ မနက်စောစေားပဲဈေးကအပြန်သူငယ်ချင်းတွေအတွက်အထူးသဖြင့်ထမင်းဟင်းချက်ဝါသနာပါတဲ့သူငယ်ချင်းတွေရယ်တအိမ်လုံးအတွက်
ချက်ပြုတ်ပေးနေရတဲ့အိမ်ရှင်မလေးတွေအတွက်အပြောင်းအလဲလေးလဲဖြစ်အောင်ကိုယ့်ရိုးရာဗမာထမင်းဟင်းမဟုတ်တဲ့ဟင်းချက်နည်းလေးတခု
စိတ်လိုလက်ရ ဓါတ်ပုံရိုက် ပီး တင်ပေးလိုက်ပါတယ်။



   
ဟင်းချက်နည်းလေးကလွယ်လဲလွယ်တယ်ကြိုက်တဲ့သူတွေအတွက်အဆင်ပြေလို့ တင်ပေးလိုက်တာပါပုံမှာတင်ပေးထားတဲ့အတိုင်း ရေဘ၀ဲ၊

နံနံပင်တပင်လုံးအမြစ်ပါမကျန်၊ငရုပ်သီးစိမ်း(အရောင်ရဲရဲလေလိုချင်ရင်အနီရောင်ငရုပ်သီးစိမ်းတောင့်)  နောက်ကြက်သွန်ဖြူရယ်အဓိကပါပါတယ်။

နောက်အရသာအတွက် ကတော့ပဲငံပြာရည် အကြည်၊ သကြား (ဟင်းချိုမှုန့် ကြိုက်သလို အသုံးပြုနိုင်ပါတယ်)
နောက်ခရုဆီ ငရုတ်ကောင်းမှုန့်  ငံပြာရည် နောက် နံနံပင် အပေါ်ကနေ ပန်ကန်အလှပြင်ဖို့ ရယ်ဒါဆိုလုံလောက်ပါပီ။


                       ပထမဆုံး ရေဘဲဝဲကိုအသန့် ဆေးပြီးအကွင်းပါးပါးလေးတွေလှီး၊


နောက်ငရုတ်သီးစိမ်းနံနံပင်အမြစ်ပါမကျန်ရယ်ကြက်သွန်ဖြူရယ်ရောထောင်းပီး
ဆီချက်သတ်အနံလေးမွှေးတက်လာရင် ရေဆေးပီးလှီးထားတဲ့ရေဘ၀ဲလေးထည့်ကြော်အရသာကိုယ်ကြိုက်သလိုအချိုအငံစိတ်ကြိုက်ထည့်ပီး
ရေဘ၀ဲကျက်လာရင်စားလို့ ရပါပြီ။ နောက်ပန်ကန်ပြားထဲထည့်ငရုတ်ကောင်းမှူန့် လေးဖြူးအပေါ်ကနံနံပင်လေးအုပ်ပေးရင်စားလို့ အဆင်ပြေပါပြီ


  (ဖေ့ဘုတ်ပေါ်မှ တစ်ဆင့် မျှဝေပါသည် )

ကိုရီးယား ကင်ချီပြုလုပ်နည်း


ကိုရီးယား ကင်ချီ

ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။
ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ
တွဲဖက် စားသုံးနိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့်
ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး
လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို
ကြည့်ကြည့်ရအောင်…



ပါဝင်ပစ္စည်းများ [Ingredients]
  • မုန်ညှင်း                                       ♦ ၁ထုပ် (အကြီး)
  • မုန်လာဥနီ [carrot]                         ♦ ၂ဥ (အရှည်ပါးပါးလှီးပါ)
  • ဆား [salt]                                   ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးမှုန့် [hot pepper flakes]      ♦ စားပွဲတင်ဇွန်း ၅ဇွန်း
  • ငါးငံပြာရည် [fish sauce]                 ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား [sugar]                            ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ကြက်သွန်ဖြူ [garlic]                      ♦ ၆ခု (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် (သို့) သခွားသီး           ♦ ၁စည်း ( အစောင်းပါးပါးလှီးပါ) [ထည့်လိုက ထည့်နိုင်သည်]



ကင်ချီလုပ်နည်း [Kimchi Recipes]


၁။ မုန်ညင်းကို ၁လက်မခွဲအရွယ်လေးများ ဓားဖြင့် စိတ်ပိုင်းလိုက်ပါ။


၂။ ပြီးလျှင် စတီဇလုံတစ်ခုထဲ ထည့်၍ ရေအေး၊ ဆားထည့်၍ ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီလျှင်
မုန်ညှင်းများကို ရေဖြင့် သေချာ ပြန်ဆေးပြီ ရေပြန်စစ်ထားပေးပါ။



၃။ ကင်ချီအနှစ်ကို ပြုလုပ်ပါမည်။ ကင်ချီအနှစ်အတွက် စတီဇလုံထဲသို့ (မုန်လာဥနီ၊ ငရုတ်သီးမှုန့်၊ သကြား၊
ငါးငံပြာရည်၊ ကြက်သွန်ဖြူ) တို့ကို ထည့်၍ လက်ဖြင့် သမအောင် ရောနုယ်လိုက်ပါ။



၎။ ထို့နောက် ကင်ချီအနှစ်ဖြင့် ထည့်ထားသော ဇလုံထဲသို့ မုန်ညှင်းများကို ရောနုယ်လိုက်ပါ။




၅။ ပြီးနောက် ကင်ချီများကို ပလတ်စတစ်ဗူး(သို့) အိတ် ထဲသို့ ထည့်ပြီ အဖုံးကို လုံအောင် ပိတ်ထားလိုက်ပါ။



၆။ ထို့နောက် ရေခဲသေတ္တာထဲ ထည့်၍ ၁ပတ်ခန့်သိပ်ပေးပြီ အချဉ်နံ့ထွက်လာပါက ကင်ချီကို ကြိုက်နှစ်သက်သလို
သုံးဆောင်နိုင်ပါပြီ…
http://www.wutyeefoodhouse.com  မှ ကူးယူမျှဝေပါသည်။

မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ)


မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။
ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့
ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း
အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။

ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ
  • ဒန်ပေါက်ဆန် (basmati rice)  ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။
ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။

ကြက်သားနှပ်ထားရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်                          ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
  • ဂျင်း                                     ♦ လက်တဆစ် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ                      ♦ ၂ခု (ထောင်းထားပါ)
  • ကြက်သွန်နီ                        ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
  • ဒိန်ချဉ် (yoghurt)            ♦ ၁ခွက်စာ
  • ဆီ (oil)                              ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
  • လေညှင်း (cloves)           ♦ ၂ခု
  • ဖာလာစေ့ (cardamon)   ♦ ၄ခု
  • ဇာပွင့် (Javetri)                ♦ ၃ခု
  • ကလာဝေရွက် (bayleaf)  ♦ ၂ခု
  • သစ်ဂျပိုး                               ♦ ၁ခု
  • ဇီယာ (cumin)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် (cumin pdr)     ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် (coriander pdr)    ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် (chilli pdr)         ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် (tumeric pdr)        ♦ စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းလုံး (အမဲ)             ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
  • ငရုတ်သီးစိမ်း (green chilli)    ♦ ၆ခု (စိတ်ပေးပါ)
  • ဆား (salt)                                  ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • မာဆလာ (masala)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ပူစီနံ (mint)                                ♦ ၁စည်း (ပါးပါးလှီးပါ)
  • နံနံပင် (coriander)                   ♦ ၁စည်း (ပါးပါးလှီးပါ)

မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။

 
ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။

၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။


၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။


၎။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
(မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)

၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။

၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။


ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။

၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ဒန်ပေါက် ချက်နည်း

၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။

၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။


၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။

၎။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်)
(သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။


၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး  စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။


၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..

ထမင်းပေါင်း လေး အိမ်မှာကိုယ်တိုင်ချက်စားမယ်

ထမင်းပေါင်း

ထမင်းပေါင်း (၃ယာက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)
၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)
၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)
၎။ ငါးဖယ်လုံး – ၅လုံး (Market များတွင်ဝယ်နိုင်သည်) (optional)
၅။ မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၆။ ပြောင်းဖူး အသေး – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၇။ ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
၈။ မှို- ၅ကျပ်သား  (အပါး စောင်းလှီးပါ)
၉။ ငုံးဥ – ၅လုံး ( ပြုတ်ပြီးသား)
၁၀။ မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
၁၀။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၁၁။ ကြက်ပြုတ်ရည် (သို့) ရေ – ၄ခွက်
၁၂။  ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၄။ သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၅။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၁၆။ ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)
၁၇။ ကြက်သွန်နီ – တ၀က် (ထောင်းပါ)


ချက်ပြုတ်နည်း

၁။ ကြက်သားကို ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကော်မှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ပေးပါ။

၂။ ထို့နောက်  ဒယ် (Non-Stick pan) ထဲသို့  ဆီဆီများများထည့်ကာ  ကြက်သားကို အညှိရောင်သန်းလာအောင်
မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြက်သားများကို ဇကာဖြင့် ဆီစစ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။



၃။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊
ကြက်သွန်နီ တ၀က် ထည့် အညှိရောင် သန်းလာသည် အထိ ဆီပူထိုးပေးပါ။

၎။ ပြီးလျှင် ငါးဖယ်လုံး၊ ကြက်အသဲအမြစ်၊ ပါဝင်သော ဟင်းသီးဟင်းရွက်များကို ၁မိနစ်ခန့် ကြော်ပေးပါ။
ကြက်ပြုတ်ရည် (သို့) ရေကို ထည့်ပြီး မွှေပေးပါ။

၅။ ထို့နောက် ကြော်ထားသော ကြက်သား၊ ငုံးဥ၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ထည့်ကာ ဟင်းရွက်များ
နူးလာသည် အထိ မီးပြင်းပြင်းဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။

၅။ အပေါ့အငံ အနေတော်ပါက ပုံတွင်ပါသည့်အတိုင်း မီးပြင်းပြင်းဖြင့် ရေကို များများအနေထားတွင်
ဖျော်ထားသော ကော်ရည်ကို ထည့် မွှေပေးပါ။

မှတ်ချက်။ ။ ကော်ရည်သည် မပျစ် မကျဲ အနေထားတွင် ရှိနေရမည်။
ကော်ရည် အရမ်းပျစ်သွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
ကော်ရည် ကျဲနေလျှင် ကော်မှုန့်အနည်းငယ် ဖျော်ကာ ထည့်ပေးပါ။

၆။ ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့် ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့်ပေးပါ။
ပြီးလျှင် ကြော်ထားသော ဟင်းရွက်များကို ထမင်းပေါ်သို့ လောင်းပေးပါ။

ရ။ ပူပူနွေးနွေးနဲ့ ထမင်းပေါင်းကို အဆင့်သင့် စားသုံးနိုင်ပါပြီး။

http://www.wutyeefoodhouse.com/?p=139 မှ မျှဝေပါသည်

ထိုင်းစတိုင်လ် ငပိထမင်းကြော် နဲ့ ကျောက်ပွင့်သုပ်











ထိုင်းစတိုင်လ် ငပိထမင်းကြော်


ထိုင်းစတိုင် ငပိထမင်းကြော်လေးပါ။  ငပိထမင်းကြော်မှာ သရက်သီး၊ ငရုတ်သီးစိမ်း၊ သံပရာသီး အရသာကြောင့် ချဉ်စပ် အရသာလေးနဲ့ စားလို့ကောင်းပါတယ်။ စားလို့လည်း ကောင်းပြီ လုပ်ရတာ လွယ်လွယ်လေးမို့ တူတူ လုပ်စားကြည့်ရအောင်…

ငပိထမင်းကြော်တွင် ပါဝင်ပစ္စည်းများ
  • ချက်ပြီသား ထမင်း        – ၂လုံး
  • ငပိ                         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား                       – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့်            – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား                   – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပဲငံပြာရည်(အကြည်)   – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့်        – အနည်းငယ်
  • ဟင်းရွက်ဆီ              – စားပွဲတင်ဇွန်း ၃ဇွန်း
  • နှမ်းဆီ                     – လက်ဖက်ရည်ဇွန်း ၁ဇွန်း

တွဲဖက် ပါဝင်ပစ္စည်းများ
  • ပုဇွန်ခြောက်             – စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • ပုဇွန်ခြောက်မှုန့်         – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲသီး                       – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်နီ              – ၂လုံး (ပါးပါးလှီးပါ)
  • သရက်သီး                – ၁လုံး (ပေါက်ပေးပါ)
  • သံပရာသီး                – ၁လုံး ( ပါးပါးလှီးပါ)
  • ကြက်ဥ                    – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
  • ငရုတ်သီးစိမ်း            – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ်          – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
  • ကြက်ရင်ဗုံသား          – ၁ခု
(အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ)



ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ငပိကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ငပိနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။


၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ အပေါ်မှ နှမ်းဆီ ဖြူးပေးပါ။
၎။ ပြီလျှင် ပန်းကန်လုံး ထဲသို့ ငပိထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
၅။ ပြီမှ ငပိထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သားကြော်၊ ပဲသီး၊ ကြက်သွန်နီ၊ သရက်သီး၊ သံပရာသီး၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။

၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်ပြီးအရသာရှိစွာသော
ထိုင်းစတိုင်လ်ငပိထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ..

ကျောက်ပွင့်သုပ်




ချဉ်ချိုစပ် ကျောက်ပွင့်သုပ်လေးပါ။ အရသာ ကောင်းမွန်ပြီ အချိန်တို အတွင်းမှာပဲ အသုပ်တမျိုး လုပ်စားနိုင်မှာပါ။ သုပ်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ကျောက်ပွင့် – ၂ခု (ရေစိမ်ပြီမှ တကိုက်စာ အရွယ်လေးများ ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေံထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (မညက်တညက် ထောင်းထားပါ)
  • ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ညက်ညက်လေး ထောင်းထားပါ)
  • သံပရာသီး – ၁လုံး (အရည်ညှစ်ရန်)
  • ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်း – အနည်းငယ် (အပေါ်မှ ဖြူးရန်)

သုပ်နည်း

၁။ ဇလုံ တစ်ခုထဲတွင် (ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊
ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောနယ်လိုက်ပါ။


၂။ ပြီမှ အရသာအတွက် (ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်ရည်၊ သံပရာရည်) တို့ကို ထည့်ပေးပြီ ထပ်နုယ်ပေးပါ။

၃။ အရသာအပေါ့အငံ အနေတော်လျှင် အပေါ်မှာ နှမ်းလေးများ ဖြူးပြီ ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..