ကျွန်တောများ ၀န်ဆောင်မှုများမှာ,
Friday, 12 October 2012
virusရှိမရှိ စစ်မယ်..။
virus ရှိမရှိ စစ်မယ် တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် .. cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နိုပ်မယ် ဒါဆိုရင် please go to the
Control Panel to install and configure system components ဆိုပြီး dialog
box လေးပေါ်လာရင် virus မရှိပါဘူး မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ
**********************************
iiiiii-Virus ကိုသတ်ရန်
သူငယ်ချင်းတို့ရဲ့ Computer မှာ Virus ရှိ/ မရှိ Anti-Virus နဲ့ စစ်စရာမလိုဘဲ သိနိုင်သည့်နည်းရှိပါတယ်။
Virus တွေဟာ Anti-Virus နဲ့ သတ်လို့ မရပါဘူး။ Kaspersky Anti-Virus နဲ့သတ်ရင် တစ်ခဏဘဲ သေပါတယ်။ အမြစ်မပြတ်ပါဘူး။
အထက်က Virus တွေ သူငယ်ချင်းတို့ရဲ့ Computer မှာ ရှိ/ မရှိ သိချင်ရင်
Start>All Programs>Start up ကို မြား (Pointer) နဲ့ ထောက်ကြည့်လိုက်ပါ။
အကယ်၍ Virus ရှိလျှင် iiiiii ဆိုသည့် တုတ်ချောင်းပုံစံရယ်၊
97FF7E ဆိုသည့် ဖိုင်တွေကို တွေ့ရမှာပါ။ ဒါဆို သူငယ်ချင်းတို့ Computer မှာသေချာပေါက် Virus ရှိနေပြီ။ဒီဗိုင်းရပ်ကို သတ်ဖို့ ကျတော် နည်းလေးတစ်ခုပေးချင်ပါတယ်။ ယုံရင်စမ်းကြည့်လိုက်ပါ။
My Computer မှ Local Disk (c:) ကို ဖွင့်လိုက်ပါ။ ပြီးတော့ Windows ကို ထပ်ပြီးဖွင့်လိုက်ပါ။ ထို့နောက် System32 ထပ်ဖွင့်ပါ။
အဲဒီထဲမှာ 97FF7E ဖိုင်ကို ရှာပါ။ တွေ့ပါက အဲဒီဖိုင်ကို (Delete) ဖျက်ပစ်လိုက်ပါ။
ထို့နောက် All Programs >Start up ထဲက 97FF7E ဖိုင်ပေါ်ကို Right Clickနှိပ်ပြီး Delete ကိုနှိုပ်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို Restart လုပ်လိုက်ပါ။ဒါဆို OK သွားပါပြီ သူငယ်ချင်းတို့ရေ။
iiiiii-Virus ကိုတော့
My Computer မှ Local (c:) ကို ဖွင့်လိုက်ပါ။ ထို့နောက် Windows ထပ်ဖွင့်လိုက်ပါ။ ပြီးတော့ System 32 ထပ်ဖွင့်ပါ။
အဲဒီထဲမှာ 324D24 ဖိုင်ကို ရှာလိုက်ပါ။ တွေ့ပါက select မှတ်ပြီး ဖျက်ပစ်လိုက်ပါ (Delete)။တစ်ခါတစ်လေ ဖျက်လို့မရပါဘူး။
ဖျက်လိုက်ရင် Box လေး ပေါ်လာတတ်ပါတယ်။ အဲဒီ Box ပေါ်လာရင် အဲဒီ Box ထဲမှာ 59FFEE.EXE စာသားကို တွေ့ရမှာပါ။
အဲဒီစာသားတွေကို မှတ်ထားပြီး။ Box ကို ပိတ်ပစ်လိုက်ပါ။
ထို့နောက် Window Task Manager ကို ဖွင့်လိုက်ပါ။ ထို့နောက် Proeesses ထပ်ဖွင့်လိုက်ပါ။ အဲဒီထဲမှာ 59FFEE.EXE စာသားကို ရှာပါ။
တွေ့ပါက select မှတ်ပြီး End processes ကို ပေးလိုက်ပါ။ ပြီးတော့ System 32 ထဲက
59ffee ဖိုင်ကို ပြန်ဖျက်(Delete)လိုက်ပါ။ ဒါဆို အထက်က ဖော်ပြခဲ့သော Virus တွေ
အဆုံးသတ်သွားမှာပါ။
***********************************
viousအားကိုယ်တိုင်သုတ်သင်ရန်
Computer တွေမှာဗိုင်းရပ်စ်ကိုက်သွားလို
drives တွေကို doubleclick နဲ့ဖွင့်လို့မရတော့တာမျိုးကို ကြုံဖူးကြမှာပါ။
rightclick လုပ်ပြီးဖွင့်ကြရတာလေ။
အဲဒီအခါမှာအကောင်းဆုံးကတော့  update ဖြစ်တဲ့antivirus တစ်ခုနဲ့ စစ်ပြီးဖြေရှင်းလိုက်တာကတော့  အကောင်းဆုံးပေါ့။
အခုပြောမယ်နည်းကတော့အလွယ်ပေါ့။ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
driveတွေမှာautorunမတက်အောင်လုပ်လိုက်တာလေ။
အဲဒီနည်းနဲ့ဖြေရှင်းမယ်ဆိုလည်းအဆင်တော့ပြေပါတယ်။
ကြိုက်ရာပေါ့ ။ဘာကြောင့်လည်းဆိုတော့ autorun မတက်ရင်
vious မောင်မောင်တွေက အလုပ်ကိုမလုပ်တာ
သူက autorun တွေနဲ့အလုပ်လုပ်ပါတယ် Computer မှာ Autorun ပိတ်ထားရင်
vious ဆိုတာအလုပ်မလုပ်ပါဘူး
အရင်ဆုံး Auto Run ကိုပိတ်ထားလိုက်နော် အောက်ကအဆင့်အတိုင်း ပီးရင် vious တွေကို ကိုယ်တိုင်လိုက်သတ်ကြမယ် ဘယ်လိုသတ်မလည်းဆိုတော့ အောက်နားမှာဖတ်နော်
1. Start Menu > run
2. အဲဒီ Run မှာ gpedit.msc လို့ရိုက်
3.Enter
အဲဒီမှာ Group Policy ဆိုတာပွင့်လာပါလိမ့်မယ်။ အဲဒီGroup Policy မှ
User Configuration >> Administrative Templates >> System >> Turn Off Autoplay အထိသွားပါ။
အဲဒီTurn off Autoplayမှာ Enabledကိုရွေးပါ။Turn off Autoplay on မှာ All drivesကိုရွေးပါ။
ပြီးရင်တော့Apply နဲ့ Okပေါ့။ Virus အားမြင်အောင်ကြည့်ခြင်း Virus ရဲ့ လုပ်ဆောင်မှုတွေ ပါ
တကယ့် Virus Program ကို မြင်ရတာမဟုတ်ပါဘူး
Virus ကို မြင်အောင်ကြည့်တတ်ရင် Anti – Virus Software တောင် မလိုပဲ Virus ကို Delete လုပ်နိုင်ပါတယ်
ဒါပေမယ့် စိတ်ချရအောင် Anti – Virus Program တစ်ခုတော့တင်ထားရပါမယ်
အရင်ဆုံး လုပ်ရမှာက …. Autorun ပိတ်ထားဖို့ပါ .. အလွန်အရေးကြီးပါတယ် Autorun ပိတ်ပြီးရင်
1.Start ကနေ all Program ကနေ My Computer ကို ဖွင့်ပါ
2.အပေါ်ဘားတန်း Tools အောက်က Folder Options ကို နိုပ်
3.View ကိုနိုပ်ပြီး
Show Hidden files and folder ကို Click ခြင်းဖြင့်
Hidden file တွေကို မြင်ရအောင်လုပ်ပါ
3.ပြီးရင် Hide Protected operation system file ရှေ့ က အမှန်လေးကို ဖြုတ်ပါ
Virus က system file အမျိုးအစားဖြစ်လို့ ပါ
4. ပြီးရင် Hide extensions for known file types ကို အမှန်ဖြုတ်ပါ
5. ပြီးရင် Use Simple File sharing ကို အမှန်ဖြုတ်ပါ
6.ပြီးရင် OK ကို နိုပ်ပါ
7.ပြီးရင် သင့်ရဲ့ Stick , Mp3 , Mp4 ,Camera တစ်ခုခု ထိုးလိုက်ပါ
သင့် Stick မှာ Virus ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဒီနည်းအတိုင်းပဲ လုပ်ပါ …..
*****Stick ကို Double Click နဲ့ လုံးဝ မဖွင့်လိုက်ပါနဲ့ …*****
stard ကနေပဲ right click (သို့) Window+E ကိုနှိပ်လိုက်ပါ
Folder လေးတစ်ခုပွင့်လာလိမ့်မယ် အဲ့ Folder ထည်းက ညာဘက်ချမ်းကို လုံးဝမထိပါနှင့်
ဘယ်ဘက်ချမ်းကနေပဲ သင့်ရဲ့ Stick ကိုတွေ့အောင်ရှာလိုက်ပါ
8.Removable Disk ကိုရွေးလိုက်ပါ
ဒါဆို ညာဘက်မှာ Removal Disk ထဲက File တွေ ကို မြင်ရပါပြီ …
မှိန်နေတဲ့ File တွေ ၊ Folder တွေ မရှိဘူး ဆိုရင်သင့်ရဲ့ Stick မှာ Virus မရှိပါဘူး ..
Virus မရှိခဲ့ ရင်…
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့ Button လေးကို click ပါ
အရင်အတိုင်း Setting ကိုပြန်ထားလိုက်တာဖြစ်ပါတယ်
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ဒီလို မဖျောက်ခဲ့ ရင်Hard disk C:\ ထဲက မှိန်နေတဲ့ 
System File တွေ မှားဖျက်မိရင် Window ပြန်မတက်နိုင်တော့ပါဘူး…
ကဲတကယ်လို့  မှိန်နေတဲ့ File တွေ Stick ထဲ မှာ ရှိတယ်ဆိုရင်တော့ ..
အဲဒီ Stick ထဲက ဘယ်ဖိုင်တွေ ၊ဖိုဒါတွေ ကို မှ သွားမဖွင့်ပါနှင့်
မှိန်နေတဲ့ File တွေ ဟာ Virus ပါပဲ Stick ထဲ က မှိန်နေတဲ့  File နော်
သင့်Computer ထဲ က မှိန်နေတဲ့  File တွေကို ပြောတာမဟုတ်ပါဘူး
***Folder မဟုတ်ဘူးနော်..File ပါ..***
.exe , .vbs , ….reg , ….com အစရှိသဖြင်. ဆုံးနေတတ်ပါတယ်
အဲဒီလို မှိန်နေတဲ့ File တွေ ၊Filder တွေ ရှိပြီ ဆိုရင်
Autorun.inf ဆိုတဲ File လေးရှိနေပါလိမ့်မယ်
အဲဒါဆိုရင်တော့ ကြိမ်းသေ Stick ထဲမှာ Virus ရှိနေပါပြီ
.exe , .vbs , ….reg , ….com တို့ကိုဘယ်လိုကြည့်မလည်းဆိုတော့
Stick ထည်းကို Righr click >> View >> Details ကိုရွှေးလိုက်ပါ
ပီးရင် အပေါ်ဘားတန်းလေးမှာ name တို့ Dare modified တို့ type တို့ size တို့
အဲ့နားက Type ဆိုတာ .exe , .vbs , ….reg , ….com ဆိုတာကိုတွေ့ရမှာပါ
မှိန်နေတဲ့ Folder တွေ ရှိနေမယ် ဆိုရင်တော့ အဲဒီ Folder ဟာ စာဖတ်သူရဲ့  data တွေ ပါနေတဲ့ 
****Folder အစစ်တွေ ပါ ..သွားမဖျက်ပါနဲ့  …****
မှိန်နေတဲ့  Folder တွေရှိပြီ ဆိုရင် တော့ အဲဒီ Folder နာမည်နဲ့ တူ တဲ့ Virus Folder ရှိနေပါလိမ့်မယ်
Virus Folder ဟာ .exe နဲ့ ဆုံးနေပါလိမ့်မယ်Folder အစစ်ဟာ နောက်မှာ ဘာ extension မှ မရှိရပါဘူးသင့် Folder အစစ် Virus က မမြင်ရအောင်လုပ်ထားသဖြင့် မှိန်နေပါလိမ့် မယ်
ဥပမာ
Virus Folder အား name.exe ( ထင်ထင်ရှားရှားမြင်နေရပါလိမ့်မယ်
ဒါမှသာ သင့် Folder အမှတ်နဲ့ Virus ကို Click မိမှာလေ..Click မိတာနဲ့ Virus ၀င်သွားပါလိမ့်မယ့့် )
Virus Folder ကို ရွေးပြီး ဖျက်နိုင်ပါပြီ ….ဖျက်တဲ့ အခါမှာ သတိထားပြီး ဖျက်ပါ ..
Double click လုံးဝမနိုပ်မိပါစေနဲ့ ..ဖျက်ချင်တဲ့ File ကို Left Click တချက်ထဲသာနိုပ် Select ပေးပြီး
Shift + Delete တွဲ နိုပ်ခြင်းဖြင့် ဖျက်နိုင်ပါတယ် ….(သို့ မဟုတ်) ဖျက်ချင်တဲ့ File ပေါ် Right Click နိုပ်ပြီး
Delete ကို ရွေးပြီးလဲ ဖျက်နိုင်ပါတယ် …အမှိုက်ပုံးထဲကိုပါ Clean လုပ်ပေးရမှာပါ …
စာဖတ်သူရဲ့  Stick ထဲက File တွေ ကိုကိုယ် အသိဆုံးပါ
ကိုယ့် File လဲ မဟုတ်ဘူးမှိန်လဲမှိန်နေတယ် ဆိုရင်တော့ 
အကုန်သာ ဖျက်ပစ် …မှိန်နေတဲ့ Folder တွေ ရှိမယ်ဆိုရင်တော့
Folder ထဲကို Double Click နဲ့ ဝင်ပြီး အထဲက File တွေ ကို Copy ကူးယူပြီး
စက်ထဲမှာ ပြန်သိမ်းထားလိုက်ပေါ့  ဒါက နောက်ဆုံးမှလုပ်ပါ
ဖျက်သင့်တဲ့ Virus တွေ အရင်သတ်ပါ Folder က ထင်ရှားနေတယ်
နောက်မှာ .exe နဲ့ ဆုံးတယ်ဆိုရင်တော့
သွားမနိုပ်ပါနဲ့ Virus စစ်စစ်ကြီးပါ …မသနားနဲ့ …ဖျက်သာပစ်ဗျာ …..
ဥပမာ(MyFolder.exe)
ကဲအားလုံးပြီးသွားရင်တော့ System File တွေ ကို ပြန်ပြီး
မမြင်ရအောင်ဖျောက်ပစ်ရပါတော့မယ် မဟုတ်ရင် C:\ ထဲမှာ ရှိနေတဲ့ 
မှိန်နေတဲ့  file တစ်ခုခုကို မှားဖျက်မိရင်တော့ တင်ပေတော့ Windows ပဲ …
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့  Button လေးကို click ပါ
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ပြီးရင်တော့ Virus ကင်းရှင်းစွာနဲ့ စိတ်ကြိုက်သုံနိုင်ပါပြီ..
Avira Av-ti Virus Program လေးကို တော့တင်ထားသင့်ပါတယ်
သူသတ်လို့ ကျန်ခဲ့ တဲ့ File တွေကို မှ ကိုယ်တိုင် ဖျက်ပစ်ပေါ့  ..
တစ်ခုတော့ ရှိတယ်
ဒီနည်းတွေ ဟာ သင့် Computer မှာ Virus ကင်းစင်မှ သုံးလို့ ရမှာပါ ….
Virus ၀င်နေလို့ ကတော့  Folder Options တောင်တွေ့ ရမှာ မဟုတ်ဘူး …
ဒီနည်းကို ကျွမ်းကျင်လာရင် An-ti Virus software တောင် မလိုပဲ
Virus သတ်နိုင်ကြောင်းပါ ..
Virus File တွေဟာ Right >> Properties ကိုနိုပ်ကြည့်ရင်
Hidden နေရာမှာ အလုပ် လုပ်လို့ မရအောင်မှိန်နေတတ်ပါတယ် …..
ဒီစာမျက်နှာတစ်ခုလုံးကို Download ချချင်ရင် အပေါ်ဘားတန်း File Menu အောက်မှ
Save Page as ကိုရွေးပြီး (သို့) Crtl+s ကိုနှိပ်ပါ Computer ထဲကို
DownLoad ယူနိုင်ပါတယ် ....
Virus အားလုံးကို ကိုယ်တိုင်မြင်ဖူးပြီး
ကိုယ်တိုင် သုတ်သင်နိုင်ပါစေ ….. ဒီကနော်
အဆင်ပြေပါစေ... အာကာဖြိုး(နည်းပညာ) မှကူးယူကာ ပြန်လည် မျှဝေလိုက်ပါတယ်
Wednesday, 10 October 2012
မီမီ ဂျီမေလ်း ပတ်စ်ဝေါ်မဟတ်ခံရအောင် ...။
ဒါကတော့
ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ
တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ
အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail
အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့်
နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ ..
သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ ..
ပထမဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ G-Mail အကောင့်တွေကို ၀င်တော့ မယ်ဆိုရင် အရင်ဆုံး Windows Srart Botton ကို Click လိုက်ပါ .. ပြီးရင် Search Box မှာ Screen Keyboard လို့ရိုက်ထည့် လိုက်ပါ .. ဒါဆိုရင် Screen Keyboard လေးကျလာပါလိမ့်မယ် .. အဲ့ဒီ Screen Keyboard လေးကို အသုံးပြုမယ် ဆိုရင် မိမိရိုက်ထည့်လိုက်တဲ့ Username နဲ့ Password ကို Keylogger ကမှတ်ထားလို့ မရတော့ ပါဘူး ။ ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် ..
နောက်တစ်ချက်တော့ တစ်ချို့ Keylogger တွေဟာ အပေါ်မှာ ပြောခဲ့သလို Screen-Keyboard တွေကို ခေါ်လို့ မရအောင် ပိတ်ထားတက်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ မိမိတို့ရဲ့ Username နဲ့ Password တွေကို Notepad ထဲမှာ အရင်ရေး ပြီးတော့မှ Copy , Paste လုပ်ပေးခြင်းဖြင့်လည်း Kyelogger များမှတ်သားလို့ ရမှာမဟုတ်ပါဘူး .. အရင်ဆုံး Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. Run Box ပွင့်လာပြီ ဆိုရင် Run Box ထဲမှာ Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Notepad လေးပွင့်လာပါလိမ့်မယ် .. Notepad ထဲမှာ မိမိတို့ Username နဲ့ Password ကို အရင်ရိုက်ထည့်လိုက်ပါ .. ပြီးတော့မှ G-mail Username နဲ့ Password ထဲမှာ Copy , Paste လုပ်ပြီး ပြန်ထည့်ပေးလိုက် ယုံပါပဲ ..
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့်တွေကို Firefox မှာဝင်တဲ့ အခါမှာ Firefox မှာ Save လုပ်မှာလား မေးပါလိမ့်မယ် .. အဲ့ဒါကို မသိတဲ့ သူတွေက သွားပြီး Save မိတဲ့ အခါမှာ မိမိတို့ G-mail အကောင့်ရော Password ရောဟာ Firefox မှာ မှတ်ပြီး ကျန်ခဲ့ပါလိမ့်မယ် .. အဲ့ဒီအခါမှာ အခုကျွန်တော် ပြောတဲ့ နည်းလမ်း အတိုင်း သွားပြီး ကြည့်လိုက်တာနဲ့ Firefox မှာ Save မိလိုက်တဲ့ Account နဲ့ Password တွေကို အလွယ်တကူပဲ ရရှိသွားမှာ ဖြစ်ပါတယ် .. အဲ့ဒီအတွက် Save ထားတဲ့ Password တွေ အလွယ်တကူ မကျန်ခဲ့အောင် အခုကျွန်တော် ပြောတဲ့ နည်းလမ်းအတိုင်း သွားပြီး ဖျက်ပေးဖို့လည်း လိုပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မေးရင် Yes ကိုပေးလိုက် ယုံပါပဲ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ Firefox မှာ မှတ်ထားတဲ့ Account ရော Password ရောပျက်သွားမှာ ဖြစ်ပါတယ် ..
နောက်တစ်ချက်ကတော့ G-talk ကနေ သုံးတဲ့သူများ မိမိတို့ ပြောသမျှကို record လုပ်မထားတဲ့ နည်းလမ်း လေးပဲ ဖြစ်ပါတယ် .. အဲ့ဒီအတွက် မိမိတို့ပြောသမျှက record မလုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာမှကျန်ခဲ့ မှာမဟုတ်တော့ ပါဘူး .. နောက်ပိုင်း မိမိတို့က View past Chat
ကနေ ပြန်ကြည့် ချင်ရင်တောင် ပြန်ကြည့်လို့ ရမှာမဟုတ်တော့ပါဘူး ..
အဲ့ဒီနည်းလမ်းကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ
ပြပေးထားပါတယ် ..
အပေါ်ကအတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သမျှတွေဟာ record လုပ်ထားတော့မှာ မဟုတ်တော့ပါဘူး .. တကယ်လို့ မိမိတို့က နောက်ပိုင်း ပြန်ပြီးတော့ Record လုပ်ချင်တယ် ဆိုရင်တော့ Save chat history in my Gmail account အကိုပြန်ရွေး ပေးလိုက် ယုံပါပဲ .. အားလုံးပဲ ဒီလောက် ဆိုရင်တော့ အတန်အသင့်တော့ မိမိတိုပ G-Mail အကောင့်ကို လွယ်လွယ် ကူကူနဲ့ သူများနောက် ပါမသွားအောင် သတိထားလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ် ..
မှတ်ချက် ...ကိုအောင်အောင်ဘလော.မှ ကူးယူဖော်ပြသည်....
့်ကိုယ်ဓတ်ပုံလေးနဲ calandar လုပ်ကြည်.ကြမယ်...။
ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........
ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။

အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်
အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။
အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။ ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။
အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။
အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။
ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။

ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်

ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ
စောစောကလုပ်ထားတဲ့ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး
ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ
သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်
photo shotသင်ခန်းစာ(1)
Photoshop CS2 ရဲ့ အနုပညာများ
ဒီနေ့တော့ ခဲခြစ်ပန်းချီလေးဆွဲကြည့်ကြရအောင်နော် ………..
(၁) ပုံလေးတစ်ပုံလောက်ကို ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ ခပ်ချောချော ကောင်မလေးတစ်ပုံဖွင့်လိုက်တယ်နော်။
(၂) ပြီရင်တော့ Layer ထဲက New > Layer via Copy (သို့) Ctrl + J ကိုနှိပ်လိုက်ပါ။
Layer Box မှာ ပုံတစ်ခုထပ်ပွားသွားပါလိမ့်မယ်။
(၃) ပြီရင်တော့ …………… Image> Adjustments>Desaturate (သို့) Ctrl+Shift+U ကိုနှိပ်လိုက်ပါ။ ပုံလေးဒီလိုမီးခိုရောင်လေးဖြစ်သွားပါလိမ့်မယ်။
(၄) နောက်ထပ် နံပါတ်စဉ် (2) အတိုင်း Layer ထပ်ပွားပါဦး။ Ctrl+J ပေါ့နော့်။
(၅) နံပါတ် (၅) အနေနဲ့ကတော့ Image> Adjustments>Invert (သို့) Ctrl+I ကိုနှိပ်လိုက်ပါ။
(၆) အနေနဲ့ကတော့ Layer Box မှ Normal ကို Color Dodge သို့ပြောင်းလိုက်ပါ။ ပုံလေးပျောက်သွားပါလိမ့်မယ်။
(၇) ကတော့ Filter>Blur>Gaussian Blur ကိုနှိပ်လိုက်ပါ။ ပြီရင်တော့ Gaussian Blur ဘောက်ကလေးမှာ သူငယ်ချင်းတို့ စိတ်ကြိုက်ညှိလိုက်တော့နော်။
တတ်လို့/တော်လို့တော့မဟုတ်ဘူးနော်။ မျှဝေတဲ့သဘောပါ။ မသိတဲ့သူများ အတွက် ပေါ့။ အားလုံးပျော်ရွှင်ပါစေ။
Subscribe to:
Posts (Atom)