ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 13 December 2012

ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပေါ်က ဘယ်အရာကို ကြည့်ရတာ အနှစ်သက်ဆုံးလဲ.?

 
ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ပေါ်က ဘယ်အရာကို ကြည့်ရတာ အနှစ်သက်ဆုံးလဲ.?


1. ကြယ်

2. လ

3. နေ

4. တိမ်

v
v
v
v




ကြယ်ရွေးရင်.................
သင့်ကို စိတ်လှုပ်ရှားစေတတ်တဲ့သူက လျှို့ဝှက်တဲ့ ဆွဲဆောင်မှုမျိုးပိုင်ဆိုင်ထားတဲ့ အများချစ်သူတစ်ဦးဖြစ်ပါတယ်။
ကြယ်လေးတွေဟာ ကောင်းကင်ပေါ်မှာ မြင့်မြင့်မားမား ချိတ်ဆွဲထားပြီး ခေါင်းမော့ကြည့်လိုက်တဲ့အခါ အလင်းဆုံး
ကြယ်ကို မကြည့်ဘဲ မနေနိုင်ဖြစ်စေတယ်။ ကြယ်ကို ရွေးတဲ့သင်ဟာ အမြဲတစေ သံယောဇဉ် ဖြစ်လွဲတတ်တယ်။ ကြယ်
ကလေးက သင့်ကို မျက်လုံးမှိတ်ပြနေတယ်လို့ပဲ ထင်မိတတ်တယ်။ တကယ်တန်းတော့ အဲဒါဟာ လွန်ခဲ့သော အလင်း
နှစ်ပေါင်း များစွာက ကျန်ခဲ့တဲ့ အလင်းကလေးမျှသာဖြစ်တယ်။ သင်ဟာ လျှို့ဝှက်တဲ့၊ စကားနည်းတဲ့ သို့မဟုတ်
စိတ်ဓာတ်ကျနေပုံရသူကို ချစ်မိတတ်ပါတယ်.။ အဲဒီလို စကားပြောတဲ့အခါ ရင်ခုန်နေတာမျိုး၊ နှစ်ပေါင်းများစွာ တိတ်
တခိုးချစ်နေရင်း ဇာတ်သိမ်းသွားတာမျိုး အဖြစ်လေးတွေဟာ စိတ်ထဲမှာ မတင်မကျနဲ့ ခံစားရပေမယ့် သင့် ငယ်ရွယ်
စဉ်အချိန်အခါမှာ နာကျင်ရသော လှပတဲ့ အမှတ်တရလေးတွေဖြစ်နေပါလိမ့်မယ်.။ အဲဒီ အမှတ်တရတွေကို အတိတ်
က အဖြစ်အပျက်တွေ အဖြစ်သာထားခဲ့ပြီး အင်တာနက်ကနေ တဆင့် သူ့ကို ဆက်သွယ်တာမျိုးမလုပ်သင့်တော့ပါဘူး။
သူက သင့်ကို သတိထားမိချင်၊ မှတ်မိချင်မှတောင် မှတ်မိမှာလေ..။





လ ကိုရွေးတယ် ဆိုရင်............
သင့်ကို စိတ်လှုပ်ရှားစေတတ်တဲ့သူဟာ သင့်ကို စိတ်လုံခြုံမှုပေးတတ်သူမျိုးပါ။ လဟာ အမြဲတစေ တိတ်တိတ်လေး
ကောင်းကင်ပေါ်မှာ ရှိနေပေးတတ်ပါတယ်.။ နူးညံ့တဲ့ အလင်းတန်းတွေနဲ့ ကမ္ဘာကြီးကို စောင့်ရှောက်နေပါတယ်။
လကိုရွေးတဲ့သင်ဟာ အချစ်နဲ့ ပတ်သက်လာရင် စိတ်လုံခြုံမှု ကင်းမဲ့နေတတ်ပါတယ်။ ဒါကြောင့် အလွန် ထင်ရှားပြီး၊
ရယူရန် ခက်ခဲတဲ့သူဆို သင်ဟာ စိတ်မ၀င်စားတတ်ပါဘူး။ မတော်တဆ ဒဏ်ရာရမှာကို အလွန်ကြောက်ရွံနေတတ်ပါ
တယ်။ ပေါင်းသင်းဆက်ဆံရာမှာ သက်တောင့်သက်သာရှိပြီး စကားပြောအစဉ်ပြေသူကို ချစ်ခင်တတ်ပါတယ်။ သူ့ရုပ်
ရည်က ထူးထူးခြားခြား ပေါ်လွင်ချင်မှ ပေါ်လွင်မယ်။ ဒါပေမယ့် တည်ငြိမ်ပြီး စိတ်ချရတဲ့ ခံစားမှုက သင်ဦးစားပေး
စဉ်းစားတဲ့ အချက်ပါပဲ.။ အတူနေတာ ကြာလာတဲ့အခါမှာတော့ တည်ငြိမ်အေးဆေးလွန်းတဲ့"သူ" ဟာ နည်းနည်း ပျင်းရိ
ဖွယ်ကောင်းတယ်လို့ ထင်ပြီး စိတ်နည်း ယိမ်းယိုင်လာတာမျိုးတော့ ရှိမှာပေါ့..။ ဒါပေမယ့် စိတ်လုံခြုံမှုကို ရွေးချယ်ထား
ပြီးမှတော့ တောင်တွေးမြောက်တွေး တွေးမနေပါနဲ့တော့...။





နေကို ရွေးတယ်ဆိုရင်တော့..............
သင့်ကို စိတ်လှုပ်ရှားစေတတ်သူဟာပွင့်လင်းသွက်လက်တဲ့ မိသားစုချစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ နေဟာ ကောင်းကင်
မှာ အမြဲတစေ အထင်သာဆုံး point တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ လှိုက်လှဲနွေးထွေးမှုဟာ အမြဲတစေ လူကို အနက်ရှိုင်း
ဆုံး impression ပေးပါတယ်။ နေကို ရွေးတဲ့သင်ဟာ အဲဒီလို ပြောစရာရှိရင် တဲ့တိုး ပြောတတ်တဲ့ ပွင့်လင်းတဲ့ ပုံစံကို
နှစ်သက်ပါတယ်။ ဟာသဥာဏ်ရွှင်တဲ့၊ စွမ်းအင်ပြည့်ဖြိုးနေတတ်တဲ့ သူမျိုးကို သင်နှစ်သက်တယ်။ သူဟာ အလွန်
မျက်နှာပြောင်ပြီး ကလေးဆန်ဆန် ဆိုးနွဲ့တတ်ရင်တောင်မှပဲ သင်ဟာ ချစ်စဖွယ်ကောင်းတယ်လို့ ထင်တတ်ပါတယ်။
ဒီအတွက်ကြောင့်ပဲ သင်ဟာ ချစ်ပြီတဲ့နောက်မှာ သူ့ရဲ့ ရင်ထဲကမပါတဲ့စကားတွေ ကြောင့် နာကျင်ခံစားရမှာပါ





တိမ်ကို ရွေးတယ် ဆိုရင်တော့............
သင့်ကို စိတ်လှုပ်ရှားစေတတ်တဲ့ သူဟာဥာဏ်ထက်မြက်တဲ့ ပြောင်းလဲလွယ်တဲ့ သူမျိုးဖြစ်ပါတယ်။ တိမ်တွေဟာ
အပြောင်းအလဲများပါတယ်။ တိမ်ဖြူတွေဟာ နုညံ့ပြီး ချစ်ဖွယ်ကောင်းပါတယ်။ မိုးတိမ် မည်းမည်းတွေကတော့ ဗြုန်း
စားကြီး ပြောင်းချင်သလို ပြောင်းတတ်ပါတယ်။ သင်ဟာ ပုံသေကြီးဖြစ်နေတာ၊ ပျင်းရိဖွယ်ကောင်းတာကို မနှစ်သက်
သူပါ။ ဒါကြောင့် ထက်မြက်သွက်လက်ပြီး အရည်အချင်းရှိတဲ့သူမျိုး၊ သင့်ကို ခေါ်ဆောင်သွားပြီး အသစ်အဆန်းတွေ
ကို ရှာဖွေမဲ့သူမျိုးကို နှစ်သက်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သင်ဟာ အီစကလီ ဇာတ်လမ်းထဲမှာ နှုတ်မရ
အောင် ကျွံသွားမိတာမျိုး တွေ့ကြုံရတတ်ပါတယ်။






အကယ်၍များ ဒီ relationship က သင့်ကို မိမိကိုယ်ကို ပို အမြင်ကပ်စေမယ်ဆိုရင်
အဲဒီ သံယောဇဉ်ကို လက်လွှတ်လိုက်ပါလို့ ............အကြံပေးချင်ပါတယ်။



ဖေ့ဘွတ် မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။