ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Saturday 17 November 2012

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး




















၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်

ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။
၂။ လက်ဆစ်ချိုးခြင်းဟာ အဆစ်ရောင်ရမ်းနာ ဖြစ်စေနိုင်တယ်

လက်အဆစ်ချိုးခြင်းဟာ စိတ်အနှာက်အယှက်ဖြစ်စေရုံမျှမက လက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ရမ်းနာ (arthritis) ကိုတော့ မဖြစ်စေနိုင်ပါဘူး။ လေ့လာချက်တွေအရ လက်ဆစ်ချိုးလေ့ရှိသူတွေဟာ မရှိသူတွေထက်စာရင် အဆစ်ရောင်ရမ်းနာ ပိုဖြစ်တာကိုမတွေ့ရပါဘူး။ ဒါပေမဲ့ လက်ဆစ်ချိုးခြင်းဟာ လက်တွေကို ရောင်စေနိုင်သလို လက်ရဲ့ ဆုပ်ကိုင်မှုအားကိုလည်း လျော့နည်းစေနိုင်ပါတယ်။
၃။ မျိုချမိတဲ့ပီကေ အစာကျေဖို့ ခုနစ်နှစ်တောင်ကြာတယ်
ဒါဟာလည်း ယုံတမ်းစကားသက်သက်ပါပဲ။ ပီကေကို ယောင်ပြီးမျိုချမိတဲ့အခါ အဲဒီပီကေကို အစာချေဖျက်ဖို့ ခုနစ်နှစ်မကြာပါဘူး။ သေးငယ်တဲ့ အရာတစ်ခုစာ သင့် အစာခြေလမ်းကြောင်းတစ်လျှေက် တရွေ့ရွ့နဲ့ ပုံမှန်သွားနေမှာပါ။

၎။ မျက်နှာမသစ်ခြင်းနဲ့ အစာတချို့ စားသုံးခြင်းဟာ ဝက်ခြံပေါက်စေနိုင်ပါတယ်

သင်ဘာစားသလဲ၊ မျက်နှာကို ဘယ်လောက်ကြာမှ တစ်ခါသစ်သလဲဆိုတာနဲ့ မျက်နှာပေါ်မှာ အဖုအပိမ့်နဲ့ ဝက်ခြံတွေပေါက်တာ ဆိုင်တယ်လို့ အများစုက ထင်ထားကြပါတယ်။ တကယ်တော့ ဝက်ခြံဟာ ဟော်မုန်းထွက်ရှိမှုနဲ့ အဆီဂလင်းတွေပေါ် ဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ထွက်ရှိတာပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှာ ဒီဖြစ်စဉ်ဟာ မြင့်တတ်တဲ့အတွက် ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေမှာ ဝက်ခြံတွေ အထွက်များတာဖြစ်ပါတယ်။ စားတဲ့အစာနဲ့ ဝက်ခြံထွက်ရှိမှု ဘာမှသိပ်မဆိုင်ဘူးဆိုပေမဲ့ တချို့ အစာတွေကြောင့် သင့်မှာ ဝက်ခြံထွက်တယ်လို့ ယူဆပါက အဲဒီအစာတွေကို ရှောင်ရှားခြင်းဖြင့် အန္တရာယ်မရှိနိုင်တဲ့အတွက် ရှောင်လိုကရှောင်နိုင်ပါတယ်။ မျက်နှာအသစ်နည်းခြင်းကြောင့် ဝက်ခြံထွက်ရှိတာ မဟုတ်တဲ့ အပြင် မျက်နှာ မကြာခဏသစ်လွန်းနေရင်တောင် ဝက်ခြံပိုထွက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါ ပြောင်ရှင်းသွားကာ မျက်နှာပေါ်ရှိ သဘာဝအဆီတွေကို အစားထိုးဖို့အတွက် ခန္ဓာကိုယ်မှ အဆီပိုထုတ်ရတဲ့အတွက် ဖြစ်ပါတယ်။

၅။ နှာချေလိုက်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်တယ်

နောက်ထပ် ကြားဖူးနားဝရှိတာကတော့ နှာချေလိုက်တဲ့အခါ နှလုံးအခုန် တစ်ချက်ရပ်သွားတယ် ဆိုတာပါဘဲ။ ဒါလည်းအဓိပ္ပါယ်မရှိပါဘူး။ နှာချေလိုက်တဲ့အခါ ရင်ခေါင်းထဲဖြစ်ပေါ်လာတဲ့ ဖိအားဟာ အသက်ရှုသွင်းစဉ် မြင့်တတ်သွားကာ အသက်ရှုထုတ်စဉ် လျော့နည်းသွားတဲ့အတွက် နှလုံးခုန်နှုန်း အနည်းငယ် ပြောင်းသွားပေမဲ့ လုံးဝနှလုံးခုန် ရပ်သွားတာတော့ မဟုတ်ပါဘူး။

၆။ ကြို့ထိုးတာ ပျောက်အောင်ကုသနိုင်တယ်

ဘာကြောင့် ကြို့ထိုးသလဲဆိုတာ ဘယ်သူမှ သေချာမသိပေမဲ့ တချို့ အစားအသောက်နဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ဝမ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေဟာ အလိုလိုနေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်ပါတယ်။ လူအများစုဟာ ကြို့ထိုးပျောက်အောင် နှာခေါင်းပိတ်ကာ ရေမော့သောက်ခြင်း၊ ကြောက်လန့်အောင် ခြောက်လန့်ခြင်းစတဲ့ နှစ်သက်ရာနည်းလမ်းတွေကို အသုံးပြုတတ်ကြပေမဲ့ တကယ်တမ်းကျတော့ ကြို့ထိုးခြင်းကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ နာရီနဲ့ ချိန်ပြီးကြာတဲ့ ကာလရှည်ကြို့ထိုးခြင်းအတွက် ဆေးတွေရှိပေမဲ့ အကျိုးအာနိသင်စွမ်း မစွမ်းငြင်းခုံနေကြဆဲပါပဲ။ ပုံမှန်ကြို့ထိုးခြင်းဟာ လုံးဝအန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် အလိုလို ပျောက်သွားတတ်ပါတယ်။

၇။ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိ

ဒီစကား ဘယ်ကနေပေါ်လာမှန်းမသိပေမဲ့ ကျွန်မတို့လူသားတွေဟာ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို အသုံးပြုလေ့ရှိပါတယ်။ လေ့လာချက်အရ အိပ်ပျော်နေစဉ်မှာတောင် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေတာ တွေ့ရပါတယ်။

၈။ မနက်စာမစားလို့ရတယ် မဟုတ်ပါဘူး။

မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာပါ။ လေ့လာချက်တွေအရ မနက်ပိုင်းမှာ အစာတစ်ခုခုစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပြီး မနက်စာမစားပါက နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာမစားခြင်းဖြင့် ဇိဝရုပ်ဖြစ်ပျက်မှုနှုန်းကိုလည်း နှေးကွေးစေကာ သရေစာတွေ စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ ဗိုက်ကိုကြည့်ပြီး ရင်သွေးလေးရဲ့ လိင်အမျိုးအစားခန့်မှန်းနိုင်

ကိုယ်ဝန်ဗိုက်ပေါ်ကို ဖောင်းပြီးချွန်ထွက်နေရင် မွေးလာမယ့်ရင်သွေးလေးက သားသားလေး၊ ဝမ်းဗိုက်ကလုံးနေရင် မီးမီးလေးလို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်အနေအထားကို ကြည့်ပြီး မွေးလာမယ့်ရင်သွေးလေးကို ခန့်မှန်းလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ပုံစံနဲ့ ရင်သွေးရဲ့ လိင်အမျိုးအစား ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ Ultrasound ရိုက်ကြည့်မှသာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။
Ref: Good Health















သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။

(၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) ကုလားပဲ စားပါ

ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ

စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ

မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ

အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ

ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ

တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ

ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ

ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

သွားများကိုအရောင်စွန်းထင်းစေသော အစား အစာများ

၁။ ဝိုင်
ဝိုင်နီဟာ အက်စစ် ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။
 
၂။ လက်ဖက်ရည်
ဝိုင်လိုပဲ သွားတွေကို အရောင် စွန်းစေတဲ့ Tannins တွေ ပါဝင်ပါတယ်။ ကော်ဖီတွေဟာ Tochromogen ပါဝင်မှုမြင့်ပေမယ့် သွားကို အရောင်စွန်း စေတဲ့ Tannin ပါဝင်မှု ကတော့ နည်းတဲ့အတွက် လက်ဖက်ရည် သောက်တဲ့ သူတွေရဲ့ သွားဟာ ကော်ဖီသောက်သူတွေ ထက် ပိုပြီး အရောင် စွန်းနိုင်ပါတယ်။
 ၃။ ကိုလာ
အက်စစ် သဘာဝများပြီး Chromogen များစွာပါတဲ့ ကိုလာဟာ သွားတွေကို သိသိသာသာ အရောင်စွန်း စေပါတယ်။ အရောင်ဖျော့တဲ့ တခြားအအေး (Soft Drink) တွေဟာလည်း အက်စစ်သဘာဝရှိပြီး တခြား အစားအစာ တွေကြောင့် သွားတွေ အရောင် စွန်းရအောင် ကူညီ ပေးပါတယ်။ ခုံပေါ်မှာ အအေးဘူး တင်ထားလေ့ရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အရောင်စွန်း လွယ်ပါတယ်။
 
၎။ ပြင်းသော အချိုရည်
အက်စစ် ပါဝင်မှု ပိုများတဲ့ ရှတတ အချိုရည်တွေဟာ သွားတွေရဲ့ ကြွေလွှာကို ဖျက်ဆီးပစ်ပြီး သွားတွေကို အရောင် စွန်းထင်း လွယ်စေပါတယ်။
 
၅။ ဘယ်ရီသီးများ
ဘလူး ဘယ်ရီသီး၊ ခရမ်းဘယ်ရီသီး၊ ချယ်ရီ၊ စပျစ်သီး အပါအဝင်၊ အရောင်သိသာတဲ့ အသီးတွေ၊ ဖျော်ရည်၊ မုန့်တို့ဟာ သွားကို အရောင်စွန်း စေပါတယ်။
 
၆။ ဆော့
ပဲငံပြာရည်၊ ခရမ်းချဉ်သီး sauce၊ Curry Sauce အပါအဝင် တခြား အရောင်ရင့်တဲ့ Sauce တွေဟာ သွားကို အန္တရာယ် ဖြစ်စေပါတယ်။
 
၇။ အချို
အချို၊ သကြားလုံး၊ ပီကေ စတာတွေမှာ သွားကို အရောင်စွန်းထင်းစေတဲ့ အရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါတွေကို စားပြီးလို့ လျှာလေးဟာ အရောင်စုံ ဖြစ်နေပြီ ဆိုရင်တော့ သင့်ရဲ့ သွားလည်း မကြာခင် ဒီလိုမျိုး ဖြစ်လာ ပါလိမ့်မယ်။ အမြဲတမ်း စားနေတဲ့သူ မဟုတ်ရင်တော့ ဒီပြဿနာကို သိပ်ပြီး ကြီးကြီးကျယ်ကျယ် ခံစားရမှာ မဟုတ်ပါဘူး။ 
 
ဒီပြဿနာ တွေကို ရှောင်ကြဉ်ဖို့ အတွက်ဆိုရင်. . .
 
(၁) ပိုက်ကိုအသုံးပြုပါ
ပိုက်ကနေ တစ်ဆင့် စုပ်သောက်ရင် သွားတွေ အရောင်စွန်းတာကို ထိန်းချုပ် နိုင်ပါလိမ့်မယ်။ ပိုက်က သောက်တာကြောင့် သွားနဲ့ အရည်ထိတွေ့မှု နည်းသွားပါတယ်။ ဝိုင်၊ ကော်ဖီပူပူ တို့ကို ပိုက်နဲ့စုပ်သောက်ဖို့ စိတ်မပါပေမယ့် အအေး၊ ဖျော်ရည်၊ ကော်ဖီအေး၊ ကိုလာ တို့ကိုတော့ ပိုက်နဲ့ သောက်သင့်ပါတယ်။
 
(၂) ချက်ချင်း မျိုချပါ
သွားကို အရောင်ထင်းစေတဲ့ အအေးတွေ၊ အစားအစာတွေကို ချက်ချင်း မျိုချတာကလည်း ကူညီ နိုင်ပါတယ်။ ဒါပေမယ့် မမျိုချခင် သေသေချာချာ ဝါးဖို့တော့ လိုပါတယ်။ အစားအစာ တွေကို ပါးစပ်ထဲ အကြာကြီး ငုံထားတာမျိုးကို ရှောင်သင့်ပါတယ်။
 
(၃) ပလုတ်ကျင်းပါ
အစာစားပြီးတိုင်း သွားတိုက် ဖို့ဆိုတာ သိပ်အဆင် မပြေပါဘူး။ ဒါပေမယ့် သွားတွေရဲ့ ကြွေလွှာဟာ အစာ စားပြီးလို့ မိနစ် ၃၀ လောက် ကြာတဲ့အထိ သွားတွေကို ကာကွယ် ပေးထား ပါတယ်။ ဒါကြောင့် အရင်ဆုံး ရေနဲ့ ပလုတ်ကျင်းထားပြီး နောက်မှ သွားတိုက်ပါ။

--
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \


(^_^)

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။