ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday 16 November 2012

ကင်ချီ ထမင်းကြော် (ဘိုကမ်ဘတ်)

ကင်ချီ ထမင်းကြော် (ဘိုကမ်ဘတ်)

ဒါကတော့ လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့ ကင်ချီ ထမင်းကြော်လေးပါ။
ကိုရီးယားမှာ အိမ်တိုင်းလိုလို ကင်ချီ လုပ်ပြီသား အဆင့်သင့် ရှိကြတာများပါတယ်။
ဒါကြောင့် လုပ်ပြီသားကင်ချီနှင့် အိမ်ကျန် ထမင်းလေးနှင့် အလွယ်တကူ ကြော်စားနိုင်ပါတယ်။
ကင်ချီထမင်းကြော်မှာ ထောပတ်ကြောင့် မွှေးရနံ့ရယ်၊ ကင်ချီရဲ့ အရသာရယ်၊ ၀က်သားပြားကြောင့်အချိုအရသာရယ်
အစုံကို ရရှိမှာပါ။ လုပ်ရလည်း အရမ်းလွယ်ကူတာမို့ တူတူလုပ်စားရအောင်…
ပါဝင်ပစ္စည်းများ
  • ချက်ပြီသားထမင်း [cooked rice] ♦ နို့ဆီဗူး ၁လုံးခွဲ
  • ကင်ချီ [kimchi] ♦ လက်ဖက်ရည်ပန်းကန်လုံး ၃လုံးစာ (ပါးပါးလှီးပေးပါ)
  • ၀က်သား(သို့) ၀က်သားပြား [pork, ham] ♦ လက်ဖက်ရည်ပန်းကန်လုံး ၂လုံးစာ (အတုံးသေးများ တုံးပေးပါ)
  • ကြက်သွန်နီ [onion] ♦ ၁ခု (နှုတ်နှုတ်စဉ်းပေးပါ)
  • ကြက်သွန်ဖြူ [garlic] ♦ ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည်(အကြည်) [soy sauce] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် [spring onion] ♦ ၁စည်း (ပါးပါးလှီးထားပါ)
  • ကြက်ဥ [egg] ♦ ၂လုံး
  • ဆား [salt] ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် [pepper] ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ထောပတ် [butter] ♦ စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း
၁။ ပါဝင်ပစ္စည်းများ ဖြစ်သော (ကင်ချီ၊ ၀က်သား(သို့) ၀က်သားပြား၊ ပဲငံပြာရည်၊ ထောပတ်၊ ကြက်သွန်မြိတ်၊
ကြက်သွန်ဖြူ၊ ကြက်သွန်နီ) တို့ကို ပန်းကန်ပြားပေါ်တွင် တင်ထားပေးပါ။
၂။ ပြီမှ ချက်ပြီသား ထမင်းများကို ထောပတ်ရည်များဖြင့် သမအောင် နယ်ထားလိုက်ပါ။

၃။ ကင်ချီထမင်းကြော် စကြော်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊
ဝက်သား(သို့) ၀က်သားပြားတို့ကို ထည့်ပြီ ၃မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်လိုက်ပါ။
၎။ ပြီးမှ နုယ်ထားသော ထမင်း၊ ပဲငံပြာရည်တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၅။ ထို့နောက် နှုတ်နှုတ်စဉ်းထားသော ကင်ချီထည့်ပြီ ထမင်း၊ ၀က်သားပြားတို့ဖြင့် သမအောင်မွှေပေးးပါ။
၆။ အရသာအပေါ့အငံ့အတွက် ဆား၊ ငရုတ်ကောင်းမှုန့် ထည့်လိုက်ပါ။

ရ။ ကင်ချီထမင်းကြော် ရပြီဆိုလျှင် ကြက်ဥ ၂လုံးကို ခွက်တစ်ခုဆိုထဲ ဖောက်ထည့်ပြီ အလုံးလိုက် ကြော်ပေးပါ။
၈။ ထို့နောက် ကင်ချီထမင်းကြော်ပေးတွင် ကြက်ဥ တစ်လုံးစီတင်ပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေး၍ စားသုံးနိုင်ပါပြီ…

Tips: အစပ်ကြိုက်သူများအနေဖြင့် ငရုတ်သီးမှုန့် အနည်းငယ် ထည့်ကြော်နိုင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။