ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday 7 December 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး

"Beyond the Women"

တည်နေရာအရပ်ရပ်တွင် လူများစွာ ဖြတ်သန်းခဲ့ နေကြသည်။ သို့သော် အသွင်သဏ္ဌာန် ကွဲပြားမှုကိုယ်စီ ရှိကြမည်ထင်
၏။ ဘဝသည် လိုချင်သော သရုပ်ဖော်ပုံတူရေးဆွဲ ရနိုင်ဖို့ရာ ခက်ခဲမည်ဖြစ်ရကား လှုပ်ရှား ရုန်းကန် နေကြရသော လူ့
လောက၏ ပုံသေမဟုတ်သော ကားချပ်များကို အသွင်ကူးပြောင်းရေး ကာလများတွင် အသက်ဆက် ရှင်သန်နေနိုင်ရေး
အတွက် မည်သည့်ခေတ် မည်သည့်ကာလ၊ မည်သည့် အချိန်မဆို ရှင်သန် အားထုတ် နေကြရသည် မဟုတ်ပါလား။
လန်းဆန်းသည် (သို့မဟုတ်) ပင်ပန်းသည်။ ချမ်းသာသည် (သို့မဟုတ်) ဆင်းရဲသည် အစစသော လူတစ်ဦး တစ်ယောက်
၏ လှုပ်ရှားရုန်းကန် နေရသော ဘဝအချိုး အကွေ့ များစွာ..။ နောက်ပြန်လှည့် ကြည့်ပါက ကျန်နေခဲ့ သော သက္ကရာဇ်
များကို လက်ချိုးရေတွက်ရုံဖြင့် မပြီးသာ။ ကမ္ဘာ ၊မြို့ ၊ ရွာ၊ကျေးလက် သက်ရှိ လူတို့၏ အချို့ အချို့သော အားထုတ်ရုန်း
ကန်နေမှုတို့သည် သမိုင်းတစ်စ ၊အနာဂတ်တစ်ခု၊ မှတ်သားလောက်စရာအချို့အဖြစ် ကျန်နေရစ်မည်မှာ အချိန် ကာလ
တစ်ခုအထိ သေချာမည်ထင်၏။




မလျှောက် ရသေးသော လမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်စွမ်း ကိုယ်စီရှိကြသော်လည်း လျှောက်ခဲ့ ပြီးသော ဘဝလမ်း
ဟောင်းများ အတွက် မွမ်းမံ ပြင်ဆင်ဖို့ရာ မဖြစ်နိုင်သည် မှာ ထို့ထက်ပင်သေ ချာ၏။ ပင်ကိုစွမ်းရည် ပင်ကိုစိတ်ဓာတ်ဖြင့်
အား ထုတ်ကြိုးပမ်းရေး အတွက် လှုပ်ရှား ရုန်းကန်နေ ခြင်းတို့တွင် စိတ်ဓာတ်၊ ဥာဏ်၊ ခွန်အား တစ်ခုခုသောရသတို့ကို
ရရှိစေဖို့ ရာ ရည်ရွယ်၍ ယခုလထုတ် ရတီမဂ္ဂဇင်း၏ Beyond The Women ကဏ္ဍ အတွက် မြန်မာ့ ဒီမိုကရေစီ လူထု
ခေါင်းဆောင် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး
ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ)နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးရပ်နားချိန် (အောက်တိုဘာလ ၂၃ရက်နေ့) တွင် တွေ့
ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။




မေး။ ။ ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်ကစပြီး ခံစား မိတာလဲဆိုတာ သိပါရစေခင်ဗျာ။


ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြောချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊
မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာလုပ်တာ မျိုးကိုမျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ်စိတ်နဲ့ လုပ်တယ်လို့ပြောတယ်၊
လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသားချင်းတွေကို ချစ်သလို ကိုယ့်ရဲ့
လူမျိုးချစ်တဲ့ စိတ်ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ထင်ပါတယ်။





မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက်မေးပါရစေ၊
အမေ က မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ပုံစံမျိုးလား။


ဖြေ။ ။ မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ဝတ်တာပါ၊




မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေမှာဝတ်ခဲ့တာကို ကမ္ဘာမှာ မြန်မာဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြ
တယ်လို့ ပြောလာကြ တယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်
နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊


ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ်လို့မရှိပါ ဘူး၊ ဒီလိုပဲ ..၊ တချို့တွေကျ
တော့ သူများတွေချုပ်ပြီးပေးလည်း အမေဝတ်တာပဲ၊ သူများပေးတာဝတ်တာ များတာပေါ့နော်၊ နောက်ထပ် ကိုယ့်ဟာ
ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့မဟုတ်ပါဘူး။






မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲတွေကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက
စိတ်ဓာတ်လေး တစ်ခု သိပါရစေ။


ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ်တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ
မူတည်ပြီးတော့ စိတ်ဓာတ်က ပြောင်းလဲတာပေါ့၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့
နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့၊ ပျော့ပျောင်းတာနဲ့
ပျော့ညံ့တာ မတူဘူး၊ ခိုင်မာတာနဲ့ တင်းမာတာနဲ့ မတူဘူး၊ လိုအပ်ရင် လိုအပ်သလိုပေါ့၊ အမြဲပဲ ဒါပျော့ပျောင်းနေလို့
လည်း မရဘူး၊ ပြောရမယ်ဆိုရင် တိုက်ဖို့လိုရင်လည်း တိုက်ရမှာပဲ၊ ခံဖို့လိုရင် လည်းခံရမှာပဲ၊ ချော့ဖို့လိုရင်လည်း ချော့
ရမှာပဲ၊ လျှော့ဖို့လိုရင်လည်း လျှော့ရမှာပဲ (ရယ်လျက်)။ ဒါက ကိုယ့်ရဲ့ မူအရလုပ်သင့်တာတွေ လုပ်နိုင်ဖို့ စိတ်ဓာတ်ကို
ပြောင်းသွားရမှာပါ။






မေး။ ။ မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။


ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရမှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က
အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်
သိစိတ်ရှိဖို့ သင်ထားတယ်။ အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို
ရှေ့တန်းတင်ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။






မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကိုကျတော့ ဘယ်လိုအဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။


ဖြေ။ ။ မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲဆိုတာ တစ်ခါတလေ
အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်ရဲ့ဖေဖေပြောခဲ့တဲ့ အသုံးအနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ
ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လားဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊ ရဲရင့်တယ် ဆိုတာက
ကိုယ်မှန်ကန်တဲ့ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာနာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို
ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့






မေး။ ။ အခု ပြုပြင်ပြောင်းလဲရေးကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေးတွေပေါ့။ အဲဒါမှာ ဘယ်
အရာက မြန်မာနိုင်ငံအတွက် ပထမဆုံးအဓိက လိုအပ်မယ်လို့ ထင်မိပါသလဲ ။


ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။ ပညာရေးကို အခြေခံမှ
မှန်ကန်တဲ့ စီးပွားရေးမူတွေလည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင်မယ်။ နောက် ..လူမှုရေး
ကလည်း ပညာရေးကအများကြီး အကျုံးဝင်တာပေါ့လေ၊ ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ
မှုတွေကလည်း မှန်ကန်လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ်ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက
အများကြီး သင်တာတွေရှိတယ်၊ သား တို့ခေတ်မှာ ဒါတွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက
စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ်ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။






မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။


ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်းမဟုတ်ဘူး၊ ဒါအားလုံးကျွမ်းကျင်တဲ့ သူတွေ ၊
တကယ်စိတ်ပါဝင်စားတဲ့ သူတွေနဲ့ဆွေးနွေးပြီး လုပ်ရမယ့်ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ်ပညာရေး ဆိုတာက
ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ်ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက်တွေကို ရင်ဆိုင်နိုင်
အောင်လို့ သင်ပေးတာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ
ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်
ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊ နောက်ပြီးတော့ Social Skill လူမှုရေးကျွမ်းကျင်မှုတွေလည်း
ရလာတာပေါ့၊ Lecture တွေကိုလည်း အခန်းထဲမှမဟုတ်ဘူး၊ ကျောင်းခန်းထဲမှရတာ မဟုတ် ဘူး၊ ကျောင်းပြင်ကလည်း
ရတာ၊ အဲဒီအတွက်ဦးတည် ပြီးတော့ တက္ကသိုလ်ပညာရေးကို ပြန်ပြီးထူထောင်ရမှာပါ၊





မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊
ကြားရတာရော တွေ့ရတာရောပေါ့။


ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ဒီကြားဖြတ် ရွေးကောက်ပွဲအတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွ
စွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ်က နုသေးတာပေါ့၊ စိတ်က
နုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ်တွေ မပြောပါနဲ့ လူကြီး
တွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီးတယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့
ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊






မေး။ ။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊
အဲဒါမှာ အမေ့အနေနဲ့ ဘယ်လိုသုံးသပ်ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။


ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိသေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြော
တယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လိုအဆိုလဲ (ပြုံးလျက်) လုံးဝ လက်မခံနိုင်ဘူး။ ဒါလက်ခံ
နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆိုတာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေးအရ လေ့လာ လိုက်တဲ့အခါ
ဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊
သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်းသည် အတွက် အမြဲပဲဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသား
နှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေကျွေးတယ်။ စသဖြင့် နောက်ပြီးတော့
မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေးတွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။
နောက်ဆေးတက္ကသိုလ်ကိစ္စ အမေ ခဏခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ်
ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။






မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့
ရာနှုန်းအားဖြင့် ဘယ်လောက်ရှိမယ် လို့ အမေယူဆပါသလဲ။


ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊
ကံကောင်းတဲ့ နိုင်ငံတွေမှာက ဒီဟာကိုရွေးစရာမလိုဘူး။ ကိုယ်ကလည်း ကိုယ့်နိုင်ငံရဲ့ တာဝန်ကိုယူရင်းနဲ့ မိသားစု
တာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ
ရွေးတဲ့ အခါ ပြတ်ပြတ်သားသားရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေမှာလား၊ နိုင်ငံရေး သမားတစ်ယောက်
အနေနဲ့ နေမှာလား၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့
ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။






မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေရောက်တဲ့ နေရာမှာနည်းနည်း မရှိသလောက်
နည်းတယ်လို့ ယူဆရတဲ့အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်မယ်လို့
ထင်ပါသလဲ ခင်ဗျ။


ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့
ဆိုင်တယ်လို့ အမေထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ
လွှတ်တော်အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလအတိုင်းအတာ တစ်ခုအထိလိုတယ်။ တစ်ခါ တလေ
အမျိုးသမီး တစ်ယောက်အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့
ရှိရင်တော့ လုပ်ရဲကိုင်ရဲတယ်လို့ မြင်ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာ
ယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသားတွေကတော့ ဇော်ပဲ။ (ရယ်လျက်)






မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေအပေါ် လွမ်းဆွတ်မှုအတိုင်းအတာ
ဘယ်လောက်ရှိခဲ့ပါသလဲ။


ဖြေ။ ။ အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ်ဆိုတဲ့ အလုပ်
မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။






မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါသလဲ ခင်ဗျ။


ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာကအလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့စိတ်ရှိတဲ့ ပညာရှိ
ဆိုရင် အင်မတန် အန္တရာယ်များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ထင်ပါတယ်။





မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ဘဝပုံရိပ် ကို ဖော်ပြပေးနိုင်မယ်လို့ ထင်ပါသလား၊
အစစ်အမှန် အငွေ့အသက်လေးပါသလား ခင်ဗျ။


ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့်ဖို့လည်း ရည်ရွယ်ချက်မရှိဘူး၊






မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကို ရိုက်တဲ့အခါ အမေဘယ်လို အခန်းကဏ္ဍကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊
ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။


ဖြေ။ ။ အဲဒါကတော့ ပီပြင်ပါ့မလား ဆိုတဲ့ အတွေးလေးက အတိုင်းအတာ တစ်ခုထိ ရှိတာပေါ့၊ ဒါပေမဲ့လည်းတော်တဲ့
အနုပညာရှင်တွေကို အားကိုးနေတယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ထင်တယ်။ တခြားနိုင်ငံတကာ ကလည်း
ကူညီချင်တဲ့ စိတ်တွေရှိတဲ့အခါကျတော့ ဒါအောင်မြင်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အမေ့အနေနဲ့ အနုပညာရှင်
တွေ အလုပ်ကိုဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊ ဒါပေမဲ့လည်း
တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံဥာဏ် တောင်းတာတွေတော့ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း
အမေမြင်တာတွေ ပြောပြမှာပေါ့။






မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်း လန်းဆန်းပြီး သွက်သွက်လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများ
ကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။


ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်းရှိရှိ နေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။





မေး။ ။ အခု အမေရေးတဲ့စာတွေကို စာဖတ်ပရိသတ်က သဘောကျတာတွေ များတယ်ဆိုတော့ စာအုပ်တွေ
ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊


ဖြေ။ ။ စာအုပ်..၊ ခု သတ်သတ် လုံချင်းစာအုပ်ထုတ်ဖို့တော့ အချိန်လည်းမရှိဘူး၊
အဲဒီတော့ အစီအစဉ်လည်း မရှိသေးပါဘူး၊






မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်းလေးတစ်ခု၊ အဲဒီနည်းလေးတစ်ခုကို စာဖတ်ပရိသတ်အတွက်
မျှဝေပေးနိုင်မလား ခင်ဗျ။


ဖြေ။ ။ ဘဝနေနည်း…၊ ဘဝနေနည်းဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်။ အမေကတော့
အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင်ဘဲနဲ့ ရှောင်လို့ရှိရင်
ဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင်ဘူး၊ အဲဒီတော့ ဘာမဆိုရင်ဆိုင်ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့အခါကျ
လို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင်တာဝန်ယူရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ
ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ်ရှိရမယ်။






မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာပြောသွားတာပါ၊ သူ့ အနေနဲ့ သမ္မတ ဒုတိယ
သက်တမ်းကို ပြည်သူ့ဆန္ဒ ရှိရင် သူကအရွေးချယ်ခံမယ်လို့ ပြောထားတာကြောင့် အမေ့ရဲ့အမြင် သဘောထားလေး
တစ်ချက်လောက်တော့ သိပါရစေ။


ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတ အခြေခံပေါ်
ကနေပြီးတော့ အရွေးချယ်ခံနိုင်အောင်လို့ ကြိုးစားပေးသင့်တယ်။ အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက
တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်မရှိသင့်ဘူးလို့ ဒီလိုပဲ မြင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။