ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 6 December 2012

စိတ်ဓါတ်

အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာ ပိုကောင်းတယ်။



စိတ်ဓါတ်

ကျွန်တော်တို့မြန်မာနိုင်ငံသားတော်တော် များများဟာ ဆရာမောင်ဝံသ ပြောသွားတဲ့ အချက်တွေ
အားလုံးထဲမှာ ပါဝင်နေတာတွေ့ရတယ်
ဒါကြောင့်မို့ ပြန်လည်တင်ပြလိုက်ပါတယ်.....




အမှတ်သည်းခြေ မရှိတဲ့ စိတ်ဓါတ်၊

ရေသာခို အချောင်လိုက်ချင်တဲ့ စိတ်ဓါတ်၊ အရေးသာလျှင် ဘနဖူး သိုက်တူးမယ် ဆိုတဲ့ စိတ်ဓါတ်၊

မိုရွာတုန်း ရေခံထားမှ ဆိုတဲ့ စိတ်ဓါတ်၊

သယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်၊

အထက်ဖား အောက်ဖိ ကိန္နရာက ကချင်တဲ့ စိတ်ဓါတ်၊

မျက်နှာကြီးရာ ဟင်းဖတ်ပါချင်တဲ့ စိတ်ဓါတ်၊

နေရာတကာ ရေလိုက်ငါးလိုက် လုပ်မှဆိုတဲ့ စိတ်ဓါတ်၊

ယူတော့ ပြုံးပြုံး တောင်းတော့မုန်းမုန်း စိတ်ဓါတ်၊

မတရားမှုကို ငုံ့ခံတဲ့ စိတ်ဓါတ်၊

နောက်ကွယ်ကျမှ အတင်းပြောတဲ့ စိတ်ဓါတ်၊

ဆင်မကြောက်ရင် ဖိနပ်ဖြစ်သွားမယ် ဆိုတဲ့ စိတ်ဓါတ်၊

ကြောက်တတ်ရင် ၀န်ကင်းတယ် ဆိုတဲ့ စိတ်ဓါတ်၊

လာမယ့်ဘေး ဝေးဝေးရှောင် ဆိုတဲ့ စိတ်ဓါတ်၊

နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူး ဆိုတဲ့ စိတ်ဓါတ်၊

မိုးခါးရေ လိုက်သောက်မယ် ဆိုတဲ့ စိတ်ဓါတ်၊

နိုင်မယ်ထင်တဲ့ ဘက်က လှေကြုံစီးချင်တဲ့ စိတ်ဓါတ်၊

သူ့ဆန်စား ရဲမှ ဆိုတဲ့ စိတ်ဓါတ်၊

ကမ္ဘာမီးလောင် သားသမီးတောင် ချနင်းမယ် ဆိုတဲ့ စိတ်ဓါတ်၊

ငွေများ တရားနိုင်တယ်၊ ငွေရှိမှ လူရာဝင်တယ် ဆိုတဲ့ စိတ်ဓါတ်၊

အာဏာရှိသူ ဥစ္စာပေါသူကို မျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ စိတ်ဓါတ်၊

နိုင်ငံရေးဆိုတာ ရွံကြောက်စရာ ဝေးစွာရှောင်ရှား ဘေးကင်းငြားဆိုတဲ့ စိတ်ဓါတ်တွေကို တွေ့ရပါတယ်ဗျာ။




မောင်ဝံသ (၂၂-၆-၂၀၁၁) ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၄၉ ၃၀ ဇွန် ၂၀၁၁

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။