ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 6 December 2012

ငါနင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ


တခါက အရမ်းချစ်ကြပြီး လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ စုံတွဲတစ်တွဲရှိတယ် ... ဖြစ်ချင်တော့ ... လက်မထပ်ခင်
တစ်လလောက်အလို ... ကောင်မလေးက ကား accident ဖြစ်ပြီး ... မျက်နှာမှာ သေရာပါတဲ့ အမာရွတ်
တွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ် ။



အဲ့ဒါနဲ့ ကောင်မလေးက...
သူ့ချစ်သူကောင်လေးဆီကို ဖုန်းဆက်လိုက်တယ် ။
 


"ငါနင့်ကိုလက်မထပ်နိုင်တော့ဘူး .. လှပတဲ့ကောင်မလေးတစ်ယောက်ယောက်ကိုပဲ နင်လက်ထပ်လိုက်ပါ
 
တသက်လုံး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မိန်းမတစ်ယောက်နဲ့ နင်အတူနေနိုင်မှာ မဟုတ်ဘူးဆိုတာ
 
ငါသိပါတယ် ... ငါကနင့်အတွက် တန်ဖိုးမရှိတော့ပါဘူးဟာ" ...
 


သူ့ကောင်လေးက အခုလိုပြန်ပြောတယ် ..
 


" နင်နဲ့မတွေ့တဲ့ ဒီရက်ပိုင်းမှာ ရမ်းကားတဲ့လူတစ်စုက ငါ့ကို ၀ိုင်းပြီးထိုးကြိတ်ကြတယ် ... အပြင်ကဒဏ်ရာ
 
တွေက ကျက်သွားခဲ့ပေမယ့် ... ခေါင်းကိုထိခိုက်မိတဲ့ ဒဏ်ကြောင့် ငါတသက်လုံးမျက်စိမမြင်နိုင်တော့ဘူး
 
လို့ ဆရာဝန်တွေက ငါ့ကိုပြောခဲ့တယ် ... ဒါကြောင့် တကယ်တမ်း ကိုယ့်ချစ်သူကို အရှက်ရစေတဲ့လူဟာ
 
ငါပါဟာ ... နင်ရုပ်ပျက်ဆင်းပျက် ဘယ်လောက်ဖြစ်ဖြစ် ... ငါနင့်ကိုမြင်နိုင်မှာ မဟုတ်ပါဘူး ... ဖြစ်နိုင်ရင်
 
ငါ့ရဲ့လက်ထပ်ခွင့်ကို မငြင်းဆန်လိုက်ပါနဲ့နော် "
 
 
 


ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးတို့ လက်ထပ်လိုက်ကြတယ် ... ... နှစ်ပေါင်းအတော်ကြာတဲ့အထိ
 
သူတို့နှစ်ယောက်ဟာ နားလည်မှုတွေ ချစ်ခြင်းတရားတွေနဲ့ အရာရာကို အတူတကွ
 
ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ် ...
 
 


အိမ်ထောင်သက်နှစ် နှစ်ဆယ်အရောက်မှာတော့ ... ဇနီးဖြစ်သူ ကောင်မလေး ကွယ်လွန်သွားခဲ့တယ် ။
 
အသုဘအခမ်းအနားပြီးတော့ ... ဇနီးဖြစ်သူရဲ့ အုတ်ဂူရှေ့မှာ ယောကျာ်းဖြစ်သူ ကောင်လေးက
 
မျက်ရည်တွေစီးကျလာပြီး ... အခုလို တီးတိုးပြောလိုက်ပါတယ် ။
 
 


"နင်ထင်ခဲ့သလို ငါ မျက်မမြင်တစ်ယောက် မဖြစ်ခဲ့ပါဘူး ... ချစ်သူရဲ့အမြင်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
 
လူတစ်ယောက်အဖြစ် မနေလိုတဲ့ နင့်ကို လက်ထပ်နိုင်ဖို့အတွက် ငါဟန်ဆောင်ခဲ့တာပါ ... နင့်ကိုချစ်လွန်း
 
လို့ ပိုင်ဆိုင်ခွင့်ရဖို့ ဟန်ဆောင်မိခဲ့တဲ့ ငါ့ကို ခွင့်လွှတ်ပါဟာ ... ငါနင့်ကို သေတဲ့အထိ ချစ်နေဦးမှာပါ " တဲ့ .
 

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။