ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday 7 December 2012

မြတ်ဗုဒ္ဓ၏အဆုံးအမစာစုများ

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ အသိပေးစကားစုများ

၁။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ အသိပေးစကားတွေပါ၊ အသိဥာဏ်ခွန်အားတိုးပြီး အခက်အခဲတွေကို ကျော်လွှားနိုင်စေတယ်၊ အရူပ်တွေကိုလည်း ရှင်းစေနိုင်တယ်။ အသုံးအနူန်းကွာဟမူကြောင့် လူ့ဘောင်အသိုင်းအ၀န်းထဲကို အရောက်နည်းနေပါသေးတယ်။

၂။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို မိမိရဲ့ ခံယူချက်အတိုင်းအတာကို စကားလုံးပုံစံပြောင်းပြီး ရေးချထားခြင်းဖြစ်ပါတယ်။ အသိပေးစကားစုများကြောင့် စာဖတ်သူတို့ အသိဥာဏ်အားတွေ တိုးတက်ဖွံ့ဖြိုးနိုင်ကြပါစေ။

 ၃။ စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။ ရူပ်နေရင် ရှင်းတဲ့ စိတ်နဲ့ လဲလိုက်ပါ။ ပူနေရင် အေးတဲ့ စိတ်နဲ့ လဲလိုက်ပါ။ နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ။

 ၄။ ကောင်းတာကို လုပ်ဖို့ လွယ်ရင် ကောင်းတဲ့ လူ။ မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ? ။
 ၅။ သူများရဲ့ ပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိန်ပါတယ်။

 ၆။ လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာ။ ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင် နေပေါ့။

 ၇။ ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။ ၀မ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။ ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ အသိဥာဏ်တိုးပြီး လူဖြစ်ရကျိုးနပ်တယ် ဆိုလို့ တော်သေးတာပေါ့။

 ၈။ “ ငါ အတော်ဆုံး ” လို့ ထင်နေရင် “ အဖျင်းဆုံး ” အဆင့်ကို ရောက်သွားပြီ။

 ၉။ တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရူံး မဟုတ်ရင် အမြတ် ရသေးတယ်။ စိတ်ချမ်းသာမူကို ရောင်းစားရင် အရူံးနဲ့ပဲ ရင်ဆိုင်ရမယ်။ စိတ်ချမ်းသာမူကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။

 ၁၀။ ကောင်းတဲ့ အလုပ်ဟာ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ လုပ်ငန်း မစ ရသေးတာပဲရှိတယ်။
 ၁၁။ စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ် ဆိုရင် သူ စားနိုင်သလောက် စား တာကိုလည်း ကျေနပ်နိုင်ပါစေ။

 ၁၂။ “မမှားသော ရှေ့နေ မသေသော ဆေးသမား” တဲ့ ဒီဖြေဆေးဟာ ဆေးယဉ် သွားရင် ရောဂါကျွမ်းတတ်တယ်။ မမှားတာ အကောင်းဆုံးပဲ။

 ၁၃။ အမြင့် ရောက်မှ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်။

 ၁၄။ “ဘေး” ကို ကြည့်လွန်းအားကြီးရင် “ဘေး” တွေ့တတ်တယ်။

 ၁၅။ ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရူံးလိုက်ရပြီ။ ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။

 ၁၆။ လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။

 ၁၇။ တစ်ခါမှားမိရင်ပဲ ပေးဆပ်ရတဲ့ အကြွေးက တိုး ရင်း ပေါင်း များလှပါတယ်။ ပေးဆပ်လို့ မရနိုင်တဲ့ အမှားမျိုးကတော့ အဆိုးဆုံးပဲ။

 ၁၈။ အထွဋ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။

 ၁၉။ မြင်တဲ့ အတိုင်း အမှန် ဖြစ်မှ အမှန် အတိုင်း မြင်တယ် ခေါ်တယ်။ မြင်တဲ့ အတိုင်း မှန် မမှန် ကြားတဲ့ အတိုင်း မှန် မမှန် ဆန်းစစ်တက်ရမယ်။

 ၂၀။ အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မူကို မြှင့်တင်ပေးရမယ်။

 ၂၁။ အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။

 ၂၂။ ကိုယ့် စကားကို သူ နားထောင်စေချင်ရင် သူ့ စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး။

 ၂၃။ “အရေးအကြီးဆုံး ဆိုတာတွေဟာ ဘာမျှ မဟုတ်ပါလား” လို့ နားလည်ပြီးတော့ “ ဘာမျှ မဟုတ်တဲ့ သဘော” ကို သိဖို့က အရေးကြီးဆုံးပါပဲ။

 ၂၄။ ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေမယ့် အများနဲ့တော့ အဆင်ပြေဖို့ မလွယ်ပါဘူး။

 ၂၅။ ကလေးမှားရင် တစ်ပြား၊ လူကြီးမှားရင် တစ်ဆယ်၊ ဘယ်အမှားမှ မကောင်းဘူး။ တစ်ဆယ်က ပိုဆိုးပါတယ်။

 ၂၆။ မေတ္တာ ပို့နေရုံနဲ့ မဖြစ်သေးဘူး။ မေတ္တာဓာတ်တွေ ရှိနေဖို့က အရင် လိုအပ်တယ်။

 ၂၇။ “ဖြစ်လည်း ဖြစ်ချင်တယ်၊ ဖြစ်လည်း ဖြစ်သင့်တယ်” ဆိုရင်တောင်မှ ဖြစ်နိုင်တာကို ရွေးပြီး လုပ်ပါ။

 ၂၈။ ဖြစ်ချင်တိုင်း အဓိဋ္ဌာန်ရင် အောင်မြင်ဖို့ မလွယ်ဘူး။ ဖြစ်နိုင်တာကို ကြိုးစားမှ အဓိဋ္ဌာန် အောင်မယ်။

 ၂၉။ ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ။ အလုပ် လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်။ သိသလောက် ကျင့် ကျင့်သလောက် သိလာလိမ့်မယ်။

 ၃၀။ ကိုယ်က ကြိုက်လို့ ကောင်းတာ ထက် ကောင်းတာမို့လို့ ကြိုက်တယ် ဆိုရင် အကောင်းဆုံးကို ရနိုင်တာပေါ့။

 ၃၁။ အမှန်တရားက နဂို ရှိပြီးသားပါ။ ဖန်တီးလို့ မရပါဘူး။ ဖန်တီးထားတဲ့ အမှန်တရား ဆိုတာလည်း ဘယ်တော့မှ မတည်မြဲသလို မှန်လည်း မမှန်နိုင်ပါဘူး။

 ၃၂။ ကော်ပတ်ရုပ်ကို လူ အစစ်ထင်ပြီး ပျော်တတ်တဲ့ ကလေး။ ကလေးတွေကို ကော်ပတ်ရုပ် အစစ်ထင်ပြီး ပျော်တတ်တဲ့ လူကြီး။ ကစားချင်သလို ကစား ထားချင်သလို ထားလို့ရပေမယ့် ကော်ပတ်ရုပ်ဟာ ကောက်ပတ်ရုပ်ပါပဲ။

 ၃၃။ ယုံကြည်မူသက်သက်နဲ့ မျက်စိမှိတ်ပြီး “အားကိုးရှာ”တတ်သလို အသိဥာဏ်နဲ့ တစ်ဖက်သတ်ချိန်ထိုးပြီးလည်း ရှာတတ်ကြတယ်။ ယုံကြည်မူနဲ့ အသိဥာဏ် ညီမျှမှ အားကိုးရာ အစစ်တွေ့မယ်။

 ၃၄။ လူမူရေးဆိုတဲ့ ကြိုးနဲ့ လူ့ဘောင်ကို ၀ိုင်းခပ်ထားတယ်။ လူကို မမူရင် လူ့ဘောင်ရဲ့ ဘေးရောက်မယ်။ လူကို မူနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး။

 ၃၅။ ဂရု မစိုက်လို့ လူကိုမမူတဲ့ လူမူရေး။ ရရု စိုက်ပြီး လူကို မူတဲ့ လူမူရေး။ ဂရု စိုက်ပြီး လူကို မမူတဲ့ လူမူရေး လို့ သုံးမျိုး ရှိတယ်။

 ၃၆။ အခက်အခဲဆိုတာ ဥာဏ်နဲသူအတွက် ဘ၀ တစ်ခုလုံး ကျိုးပျက်သွားတက်ပေမယ့် အသိဥာဏ်ရှိသူအတွက် ဘ၀ကြီး တစ်ခုလုံး တိုးတက်သွားနိုင်တယ်။

 ၃၇။ အလုပ် လုပ်သူက အပြော မသန်၊ အပြောသန်သူက အလုပ် မလုပ်၊ ပြောသလောက် လုပ်ပြီး လုပ်သလောက် ပြော။ အပြောနည်းပြီး အလုပ် လုပ်တာ အကောင်းဆုံးပဲ။

 ၃၈။ လုံ့လရှိသူက လက်ရုံး အားကိုး - ကြင်နာတတ်သူက နှလုံးသားနဲ့ စဉ်းစား - စည်းကမ်းရှိသူက ကိုယ်ကျင့်တရား လက်ကိုင်ထား - အသိဥာဏ်ရှိသူ ဦးနှောက်နဲက ဆုံးဖြတ် - မြင့်မြတ်သူက အမှန်တရားပေါ် ရပ်တည်။

 ၃၉။ အကြိုက်ချင်း မတူကြပါဘူး။ ကောင်းတာကို ကြိုက်ရင် ကောင်းကြောင်းတော့ ပြောပေးလိုက်ပါ။ ကြိုက်အောင်တော့ အတင်း မတိုက်တွန်းပါနဲ့။

 ၄၀။ “အစစ်” မဟုတ်သေးရင် “အတု” လိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ်။ ကောင်းတာကို အတု လိုက်ရင် ကောင်းတာ ဖြစ်တယ်။ ဒီလို နားလည်ရင် မကောင်းတာကို အတု မလိုက်နဲ့။

 ၄၁။ လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မူရယ် ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။

 ၄၂။ ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။ ချင့်ချိန်တတ်သူကို သူရဲဘော ကြောင်တယ်။ ရက်ရောသူကို လက်ဖွာတယ်။ စည်းကမ်းနဲ့ ပေးသူကို ကပ်စေးနည်းတယ်။ ဦးဆောင်နိုင်သူကို နေရာယူတယ်။ ကျွမ်းကျင်သူကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။

 ၄၃။ အော် မကောင်လိုက်တာက လောက။ အမြဲတမ်း ကောင်းနေတာက အသိဥာဏ်။

 ၄၄။ ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ။ ကိုယ်နဲ့ သိပ်မဆိုင်ရင် ပြဿာနာက သေးတယ်။ များများ ဆိုင်ရင် ပြဿနာက ကြီးလာပြီ။ လုံးဝ မဆိုင်ရင်တော့ ပြဿနာ မရှိတော့ပါဘူး။

 ၄၅ အမြဲတမ်း သူ့ကိစ္စနဲ့ သူ ရူပ်နေတာပါ လို့ နားလည်ရင် ကိုယ့် အရူပ် ထပ် မပေးလိုက်ပါနဲ့။
============================================

ဓမ္မနှင့်စာပေနန်းတော်သို့လာရောက်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာကြပါစေ.. ရှာဖွေစုဆောင်းထားသမျှတရားတော်များအားအားလုံးနာကြားပူဇော်နိုင်ရန်အလို့ငှါ ပြန်လည် စုစည်းတင်ပြထားပါသည်...ဗုဒ္ဓတရားတော်များနဲ့တစ်ကွ စာရေးဆရာများ၏ ရသ စာပေများကိုလည်း ဖတ်ရှု ခံစားနိုင်ပါတယ်နော်... ဖတ်လိုသောစာပေများအား C-Box တွင်ရေးသားတောင်းဆိုခဲ့နိုင်ပါတယ်..... လေးစားစွာဖြင့်....နီနီ
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။