ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Monday 3 December 2012

ဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါစေ

ဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါစေ
 

 
 
ကောင်လေး    ။          ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး  ။          ။ ဘာ ပြောတယ်....
ကောင်လေး    ။          ။ စိတ် မွန်းကြပ်လွန်းလို့ကွာ....
ကောင်မလေး  ။          ။ နင် စိတ်ဖိစီးမှု များလို့ ငါ့ကို လမ်းခွဲမယ်ပေါ့....
ကောင်လေး    ။          ။ ဟုတ်တယ်...နင့်ရဲ့ အရည်အချင်းက ငါ့ထက်ပိုတော်တော့ ငါနဲ့ မလိုက်ဖက်ဘူးလေ...
ကောင်မလေး  ။          ။ ငါ ဂရုမစိုက်ဘူး...ငါနင့်ကို ချစ်တယ်...နင်နဲ့ ပတ်သက်တဲ့  အရာအားလုံးကို ငါချစ်တယ်....
ကောင်လေး    ။          ။ တကယ်ပြောတာလား...
ကောင်မလေး  ။          ။ အင်း.....
ကောင်လေး    ။          ။ ကျေးဇူးပဲ....
 
 
 
 


၃ နှစ်ကြာပြီးနောက်....

ကောင်လေး    ။        ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး  ။         ။ ပြောပြန်ပြီလား....
ကောင်လေး    ။        ။ ငါ့မှာ အခု ပိုက်ဆံလဲ မရှိ၊ ကားလဲ မရှိ၊ အိမ်ခန်းလဲ မရှိဘူး...၊ နင့်ကို ပျော်အောင်
                              ထားနိုင်မှာ မဟုတ်ဘူး....
ကောင်မလေး  ။        ။ ငါ ဂရုမစိုက်ဘူး....ငါ ချစ်တာ နင်....အဲဒီ ပစ္စည်းတွေ မဟုတ်ဘူး...
                              ငါနင့်ကို ချစ်တယ်ဆိုတာ နင်နဲ့ ပတ်သက်သမျှကို ချစ်တာနဲ့ အတူတူပဲ....
ကောင်လေး    ။         ။ ငါလဲ နင့်ကို ချစ်တယ်...ငါတို့ လက်ထပ်ကြရအောင်....
ကောင်မလေး  ။         ။ ငါ လက်ခံပါတယ်.....♥
 
 
 



၁၀ နှစ်ကြာပြီးနောက်....

ကောင်လေး   ။        ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး ။       ။ ဘာလို့လဲ....
ကောင်လေး   ။       ။ ငါတို့ မကြာခင် အသက်တွေ အိုမင်းတော့မယ်.. ငါအသက်ကြီးတဲ့ အခါ နင့်ကို
                            မစောင့်ရှောက်နိုင်မှာစိုးတယ်....
ကောင်မလေး ။       ။ ငါ ဂရုမစိုက်ပါဘူး... တကယ်လို့ နင် ငါ့ကို မစောင့်ရှောက်နိုင်ရင်...
                            ငါ နင့်ကို စောင့်ရှောက်မှာပေါ့...        နင်နဲ့ ပတ်သက်သမျှကို ချစ်တယ်....အခုပဲ ဖြစ်ဖြစ်
                           အနာဂတ်မှာ ပဲ ဖြစ်ဖြစ် ပြောင်းလဲ မှာ မဟုတ်ဘူး....
ကောင်လေး   ။         ။ ကျေးဇူးပဲ မိန်းမရယ်....


123tagged.Com
 
 

အနှစ် ၂၀ ကြာပြီးနောက်....
 

အဘွားအို တစ်ဖြစ်လဲ ကောင်မလေးက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ပြောတယ်..
"စိတ်မကောင်းပါဘူး... ယောကျာ်းရယ်... အစက ပြောတာ ငါနင့်ကို စောင့်ရှောက်မယ်လို့.. ဒါပေမဲ့ အခုတော့ နင်က
ငါ့ကို ပြုစုနေရပြီလေ..."
 

ကောင်လေး။        ။ ငတုံးလေး..... အရင်တုန်းက အမြဲတမ်း နင်ပြောတယ် မလား...
                          ငါ ဘာပဲ ဖြစ်ဖြစ် နင် ဂရုမစိုက်ဘူးဆိုတာလေ... အခုငါက နင့်အစား ပြန်ပြောတော့မယ်....
                          ငါ နင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး.....။

ကောင်မလေး ။          ။ ကျေးဇူးပဲ ယောက်ျားရယ်...

ကောင်လေး   ။          ။ ငါနင့်ကို ချစ်တာ နင်နဲ့ ပတ်သက်သမျှကို ချစ်ခဲ့တာပါ.... ဒီစကားက နင့်စကားပါ....
                              ဒါပေမဲ့ ငါနင့်ကို ဒီစကားနဲ့ သက်သေခံပါရစေ.....

ကောင်မလေး  ။           ။ ငါနင့်ကို ချစ်တယ်....

ကောင်လေး    ။          ။ အင်း...ဒါပေမဲ့ ငါက နင့်ထက် ပိုချစ်တယ်လေ.....

ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အရေးမစိုက်ပါဘူးလို့ ဆိုလာတဲ့ ကိုယ့်နားက ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်ပါစေနော်
 

  
From....facebook
 
(ကြိုက်နှစ်သက်လို့ပြန်လည်ကူးယူဖော်ပြပေးတာပါ။
 
အချစ်ကိုတန်ဖိုးထားနိုင်ကြပါစေ............။)

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။