ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Monday 24 September 2012

မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ““သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း””

 
မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း ထားဝယ်သူ သူရ မချစ်ပို
 
 
 
 
၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါသည်။ မြန်မာ့
တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး "သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ
"သူရ မချစ်ပို" ဖြစ်ပါသည်။




မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပိုသည်
အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသော မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့
တစ်ဦးတည်းထွက်ခွါ သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏ မွေးစားသမီးကဲ့သို့ ချစ်ခြင်းကို ရရှိကာ ၄င်းအိမ်တွင်
ဆက်လက် နေထိုင်ဖြစ်သွားလေသည်။ ထို့နောက် ဦကြွယ်ဒေါ်ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့်
လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင် ကျသွားလေတော့သည်။




မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDOတပ်ဖွဲ့များ
သည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူး
ထင်ပေါ်နှင့် ဗိုလ်ကြီး ဘဖြူ ဦးစီးသော အမှတ် (၁) BEတပ်ခွဲနှင့် အမှတ်(၂)BE တပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများ
သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင်
ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြလေသည်။




မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့
ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ
၂၄ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း ( ယခု မေမြို့ အင်ဂျင်နီယာတပ်) နေရာကို ပြန်လည် သိမ်းပိုက်
ရရှိခဲ့ပြီး လက်နက် ခဲယမ်းများကိုပါရရှိလိုက်လေသည်။ ထို့အပြင် မြို့ တွင်းတိုက်ပွဲအဖြစ် ဆက်လက် တိုက်ခိုက်သော
တပ်ဖွဲ့ဝင်များသည်လည်း မေမြို့ - လားရှိုး လမ်းတစ်လျှောက် မြို့ မ ရုပ်ရှင်ရုံ ထိသိမ်းပိုက်လိုက်နိုင်ခဲ့လေသည်။





အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ်
အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။ ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီး
ဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့်တစ်ဘက် ခြေကုတ်စခန်းများကို အား
ပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်း
လေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း` တိုက်ပွဲဝင်ခဲ့ကြသည်။





ဤအခြေအနေတွင် ခက်ခဲသော ကိစ္စရပ် တစ်ခုမှာ ရန်သူ့ သတင်းထောက်လှမ်းရေးရရှိရေးပင် ဖြစ်လေသည်။ ထိုစဉ်က
BEDT ကုန်းမှထွက်လိုက်သည်နှင့် ရန်သူသည် ယောက်ျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများ ပြုလုပ်
လျှက်ရှိပြီး မိန်းမများမှာ ဈေးရောင်းခြင်း နွားကျောင်းခြင်းများဖြင့် ၀င်ထွက်လျှက်ရှိလေသည်။ BE တပ်ဦးစီးသော တပ်
ပေါင်းစုအတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်း ရရှိရေးအတွက် မိမိဆန္ဒအလျောက် တာဝန်ယူ
လိုက်သူမှာ ထားဝယ်သူလေး `` မချစ်ပို´´ ပင်ဖြစ်ပါသည်။





မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင် အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့်စပ်စပ်၊ အရပ်
ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိလျှင် ပြတ်ပြတ်သားသားလုပ်မည့်
သဘောကိုဆောင်လေသည်။




မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ်လှမောင် အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်
ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ် လှမောင်အား
သေနတ်မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။




မချစ်ပိုသည် ဓါးတို တစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်
တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊
ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ... ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံး
တည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပို
အား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။




မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထားသည့် နေရာများ
အား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်
သာပါက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင် အထိနာခဲ့လေသည်။




စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိ လုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစား
ဘောင်းဘီဝတ်လိုကြောင်း..... နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ် တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်
တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေ
သည်။ မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်
လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများ ဆက်
လက် ဆင်နွှဲကြလေသည်။





မချစ်ပိုပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာခဲ့လေသည်။  ထို့နောက်
ထောက်ပံ့ရေးကုန်းသို့ ၀င်စီးသော ညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်။ နေ့ခင်းဘက်က မချစ်ပို ၀င်ရောက်
ထောက်လှမ်းရရှိခဲ့သည့် လက်နက်ကြီးနေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော်တာဖြင့် ဦးနှိမ် ပစ်ခတ်ထားပြီး.... မချစ်ပို
ပါဝင်သော အဖွဲ့ကရန်သူ၏ ခံစစ်စည်းထဲသို့ အတင်းထိုးဖောက် ၀င်ရောက်သွားကြလေသည်။ ရန်သူများခေါင်းမထောင်
နိုင်အောင်ဖြစ်နေချိန်တွင် စစ်သည်များက လှံစွပ်ဖြင့်တက်ထိုးရန် ပြင်ဆင်ကြလေရာ... မချစ်ပိုကလက်မခံပဲ.. လက်ပစ်
ဗုံးဖြင့် ပစ်မည်ဟု ဆိုကာ.. လှိမ့်၍ချဉ်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးရင်း
ယောင်ပြလှုပ်ရှားမှုများပြုလုပ် ပေးကြလေသည်။





ရန်သူ့ သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ..... လက်စွမ်းပြခဲ့ပြန်လေသည်။ ချဉ်းကပ်မျဉ်းမှ
ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေးမိကာ မတ်တတ် ပြန်
လာခဲ့ခြင်းကြောင့် ရန်သူ့ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကိုလက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်




မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်းညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလေ
သည်။ ရဲဘော်များ မချစ်ပိုကိုပွေ့ကာ မြို့ထဲဘက်သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက်.... မေမြို့ နယူးဆေးတိုက်မှ
ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိလာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေး
လေသည်။ ထိုသို့ ခွဲစိတ်ကုသပြီးသော အချိန်တွင်KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက်စစ်ဆေးကြ
ကြောင်းဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။




ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကိုဖယောင်းတိုင်
မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင်
တစ်ပတ်ခန့်ပုန်းအောင်းကာ ဆေးကုသခံနေခဲ့ရကြောင်း အနာမကျက် သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစား
ဖခင် ဦးကြွယ်၏ နေအိမ်သို့ ပြန်ခဲ့လေသည်။





KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံ ဆိုသူမှာ.... ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူ အမျိုးသမီးနှင့် ပတ်သက်လျှက်
ရှိကြောင်း။ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာလည်း ဖျက်ဆီးခံခဲ့ရ
သည်များလည်း ရှိခဲ့ကြောင်း..... ။





စောဘစံ၏ အမျှောင်မယား မချစ်ပု ၏ လက်ထောက်ချမှုကြောင့်...... စောဘစံအဖွဲ့သည် မချစ်ပိုအား သိရှိသွားလေ
တော့သည်။ မချစ်ပို၏ လှုပ်ရှားမှုများအား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခိုနေထိုင်
နေသောမချစ်ပိုအားစောဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်ဖမ်းဆီး ခေါ်
ဆောင်ကြလေတော့သည်။




မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစား၊ ဓားတိုတစ်ချောင်းကိုဝှက်ယူကာ လိုက်ပါသွားလေသည်။ ထိုရက်များတွင်မေမြို့ရှိ
BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်ဆုတ်ခွာသွားကြလေရာ တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီး
များကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။
မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များ
သည် သာမန် စစ်သည် မိသားစုဝင်များကိုစိတ်မ၀င်စားခြင်း မရှိဘဲ ၄င်းတို့အား နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်ကာ ဒုက္ခပေး
ခဲ့သော မချစ်ပိုကိုသာ သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကို စောဘစံကသူ၏အမြှောင်မယား
မချစ်ပု၏ အိမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားလေသည်။





ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက်ပါကြသူများ
သည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။ စောဘစံ၏မယား မချစ်ပု၏ အိမ်သို့ ရောက်သည်နှင့်
မချစ်ပို ကို ဖမ်းချုပ်ကာသူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။ မချစ်ပိုသည် အံသွားအပို (အံပွား) ပါ
သူတစ်ဦးဖြစ်သည်။ မချစ်ပိုသည် ၀ှက်ယူလာသော ဓါးတိုဖြင့် သွားနှုတ်နေသူအား ထိုးလေရာ နှစ်ဦးထံ ဓါးထိုးခံရကာ
သေဆုံးလေတော့သည်.....။




မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ
မချစ်ပိုမှာ လဲကျသွားလေတော့သည်။ မချစ်ပိုသည် ဒဏ်ရာပြင်းထန်စွာရနေသော်လည်းအတန်ကြာသည်အထိ သေဆုံး
ခြင်း မရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏အလောင်းအား
ရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။




ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာ
လေသည်။ မချစ်ပို ကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များက မန္တလေးမြို့အား
ပြန်လည်သိမ်းပိုက်သောနေ့ဖြစ်လေသည်။ ထို့နောက် မချစ်ပိုသေဆုံးပြီး (၃)ရက်ခန့်အကြာတွင် တပ်များ ပြန်လည်
ရောက်ရှိလာပြီး မချစ်ပို၏ အလောင်းအားပြန်လည်ဆယ်ယူကြလေသည်။




(၁၆-၄-၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ ကားလမ်းအား စစ်ဆေးရန်ရာက်ရှိလာသော
ဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို၏ အလောင်းကို စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့ကြသည်။
မချစ်ပိုအတွက်အမိန့် စာအား ဦးထွန်းအုံက ဖတ်ကြားကြောင်းသိရှိရလေသည်။




နိုင်ငံတော်အတွက်...... အသက်ကို ပဓာန မထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့
စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ
`` သူရ ´´ဘွဲ့တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။




မေမြို့ ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်..... ၁၉၆၀ ပြည့်နှစ်တွင်
မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူးတင်မောင် (သိပ္ပံ မှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည် မွမ်းမံခဲ့
ကြောင်း သိရှိရလေသည်။




အမိမြေကိုချစ်သောအာဇာနည် အမျိုးသမီး “သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘိုရပ်တွင်
ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့် ရွှေ့
ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။





`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာ
အမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။
သူရ မချစ်ပိုသည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည်သတ္တိမသေဆုံးသေးသော. ထာဝရရှင်သန် နေမည့် မြန်မာ
အမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သညိဟု မှတ်ယူနားလည်မိပါသည်။





အမိမြေကိုချစ်သော သားကောင်း သမီးကောင်းများအကြောင်း ပြောဆိုရာတွင် မချစ်ပိုက မြန်မာ အမျိုးသမီးများ၏
အကြောင်းကို အသံမဲ့ ၀င်ရောက် ပြောဆိုနေဦးမည်.... ထာဝရပြောပြနေဦးမည်သာ ဖြစ်ပါကြောင်း ဂုဏ်ပြုရင်း.........




( အပြုံးပန်းဈေးခင်း အား ပြန်လည်မှီငြမ်းပါသည်...။)

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။