ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Monday 24 September 2012

အလှမွေးငါကန်လှလှလေ(10)ခု ကြည်.ကြည်.နော် အရမ်း လှတာ...။

သဘောကျစရာ အလှမွေး ငါးကန် ဒီဇိုင်း ဆန်းဆန်း (၁၀) ခု
လှလှပပ ငါးကန်ထဲတွင် ကူးခတ်နေသော အလှမွေး ငါးကလေးများကို ကြည့်ရှုမိသူတိုင်း လိုလို စိတ်ကြည်နှုး နှစ်သက်မိကြသည်။ အလှမွေးငါး မွေးမြူခြင်းသည်  စိတ်ကြည်နှုးဖွယ်ရာ အလုပ်တစ်ခု ဖြစ်သလို တယုတယ ဂရုစိုက်ရသော အလုပ်တစ်ခုလည်း ဖြစ်သည်။
ပုံမှန် တွေ့မြင်နေကျ မှန်ပုံ သို့မဟုတ် ဖန်အိုး ထဲတွင် မွေးမြူခြင်း မဟုတ်ဘဲ ဒီဇိုင်း ဆန်းဆန်းနှင့် သဘောကျစရာ အလှမွေးငါးကန်များထဲတွင် ပြင်ဆင် ထည့်သွင်းပြီး ရွှေငါးလေးများ မွေးမြူလျင် ငါးမွေးမြူရခြင်းသည် ဝါသနာပါရာ အလုပ်များတွင် ပိုမိုစိတ်ပျော်မွေ့ဖွယ် ကောင်းသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
ယခုတစ်ခေါက်တွင် PatheinCity News ပရိသတ်များအတွက် 10awesome.com တွင် ဖော်ပြထားသော သဘောကျစရာ အလှမွေး ငါးကန် ဒီဇိုင်း ဆန်းဆန်း (၁၀) ခုကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။
၁။ ပုံမှန် တယ်လီဖုန်းရုံတစ်ခုကို ရေလုံအောင် ပြင်ဆင်ပြီး အလှဆင်လိုက်သော အခါ ဆန်းဆန်းပြားပြား ငါးမွေးကန်လေး ရရှိလာသည်။ Source
၂။ Octopus Studio မှ ပုံစံထုတ်ထားသော ငါးမွေးကန်သည် အလုံးပုံ ဖန်အိုးများကို တစ်ကန်နှင့် တစ်ကန် ဆက်ထားသော ပုံစံဖြစ်ပြီး ငါးမွေးဖန်အိုးများနှင့် ငါးအများကြီး မွေးမြူလိုသူများ အတွက် ရော ကန်လည်ထွက်လိုသည့် ရွေငါးလေးများ အတွက်ရော အဆင်ပြေမည့်ပုံစံ ဖြစ်သည်။ Source
၃။ သင့်၏ လက်ဆေး ကြွေဇလုံအောက်တွင် ငါးလေးများ ကူးခတ်နေသည့်ကို စိတ်ကူးမိပါသလား။ ဖန်သားနှင့် ပြုလုပ်ထားသော လက်ဆေးကန်ဖြစ်သည့် sink aquarium ကတော့ ထိုစိတ်ကူးကို အကောင်အထည် ဖော်ပေးပေလိမ့်မည်။ Source
၎။ သင့် ၏ Nike Air Max 360 ဖိနပ် ဟောင်းသွားပြီးလား။ လွင့်ပြစ်ဖို့ မလုပ်ခင် အပြင်အခွံကို လှလှပပ ငါးကန်လေးအဖြစ် ဖန်တီးကြည့်ပါ။ ငါးအကြီးတွေတော့ မွေးလို့ မရဘူးပေါ့။  Source
၅။ အကယ်၍ သင်ဟာ Apple ခရေစီ တစ်ယောက်ဖြစ်သည် ဆိုပါစို့။ သင်၏ Apple G4 Cube ကွန်ပျူတာကို မသုံးတော့ဘူးဆိုလျင် Computer Case ကို Apple တံဆိပ်နှင့် လှလှပပ ငါးကန်လေးအဖြစ် ပြောင်းလဲနိုင်ပါသည်။ Source
၆။ ကော်ဖီစားပွဲ အောက်ဖက်မှာ အလှမွေးငါးလေးများ လှလှပပ ကူးခတ်နေသည်ကို မြင်ချင်ပါသလား။ OpulentItems.com မှာ ရောင်းချတဲ့ Coffee Table aquarium က သင့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အောက်ခံ လျှပ်စစ်မီး၊ ရေစစ်နဲ့ ရေပန့်တွေ အပါအဝင် ဖြစ်ပြီး ဒေါ်လာ ၅၅၀ လောက်တော့ ကျသင့်ပါလိမ့်မယ်။ Source
၇။ တစ်ခါတစ်ရုံ ငါးလေးတွေကို တစ်နေရာရာ သယ်သွားဖို့ အခက်တွေ့နေလား။ ဒီ ဖန်အိုးလေးကတော့ ဒီအခက်အခဲတွေကို ပြေလည်ပါလိမ့်မယ်။ Source
၈။ ငါးမွေးကန်တွေရဲ့ ဖန်သား ထောင့်အချွန်တွေကို မကြိုက်ဘူးဆိုရင်တော့ အခုလို အနားဝိုင်းနဲ့ ငါးမွေးကန်ကို နှစ်သက်မှာ အသေအချပါပဲ။ Source
၉။ ဆန်းဆန်းပြားပြား ငါးမွေးကန်ပါပဲ။ ကန်နှစ်ခုကို ဖန်သား ကန်တစ်ခုနဲ့ ထပ်ပြီး ဆက်သွယ်ထားတာပါ။ Source
၁၀။ ဂျာမနီနိုင်ငံ ဘာလင်မြို့က Radisson SAS ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်မှာ ၁၅ မီတာ (၈၂ ပေ) မြင့်တဲ့ ငါးမွေးကန်ကြီးပါ။ ဆလင်ဒါပုံ ငါးကန်တွေထဲမှာ အကြီးဆုံး အလှမွေးငါးကန်လို့ ပြေရပါမယ်။ Source
PatheinCity News | Source :10awesome

Related Posts


Source : http://patheincity.com/news/index.php/2010/10/10-awesome-aquariums/#ixzz27OW9fkPA
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။