ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 27 September 2012

ချစ်သူတို. ချစ်ကြရာဝယ်....



ယနေ့ခေတ် ကမ္ဘာကြီးကျဉ်းမြောင်းလာမှုနှင့် အတူ နိုင်ငံယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် အယူအဆများသည်လည်း
မြန်မာနိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် စိမ့်ဝင်လာသည်။ ထိုစိမ့်ဝင် လာမှုများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှု
များရှိသကဲ့သို့ မကိုက်ညီသည်များလည်း ရှိသည်။ အထူးသဖြင့် လက်မထပ်ဘဲ အတူနေထိုင်ခြင်းကို အနောက်နိုင်ငံ
အများအပြားတွင် မထူးဆန်းသော အဖြစ်အပျက်အဖြစ် ရှုမြင်ကြသော်လည်း မြန်မာနိုင်ငံတွင်မူ လက်မထပ်ဘဲ အတူ
နေထိုင်ခြင်းကို မြန်မာ့ယဉ်ကျေးမှုနှင့် ချိန်ထိုးကြည့်ရာ၌ အများစုက လက်မခံနိုင်ကြကြောင်း တွေ့ရှိရသည်။




“အဒေါ်တို့ကတော့ ဒီလိုမဖြစ်စေချင်ဘူး။ အဒေါ့်မှာ သမီးတွေရော၊ တူမတွေရော အများကြီးရှိတယ်။ သူတို့ကိုလည်း
ဒီလို မဖြစ်စေချင်ဘူး။ တခြား ဘယ်သူ့ကိုမှလည်း အဲဒီလိုမနေစေချင်ဘူး" ဟု သမီးနှစ်ယောက် မိခင် အသက် ၅၀
ကျော်အရွယ် ဒေါ်ထွန်းက ဆိုသည်။



လက်မထပ်ဘဲ အတူနေထိုင်သည်ဟု ဆိုရာတွင် သမီးရည်းစားများ ဆိတ်ကွယ်ရာအရပ်တွင် အတူ နေထိုင်ကြခြင်းနှင့်
လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ဘဲ တစ်အိမ်တည်းတွင် အတူနေထိုင်ကြခြင်း ဟူ၍ရှိသည်။



မြန်မာနိုင်ငံတွင် လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ထိုသို့လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည်
မြန်မာ့ယဉ်ကျေးမှုအရ မလုပ်သင့် မလုပ်ထိုက်သော အရာတစ်ခုဖြစ်ကြောင်း ဒေါ်ထွန်းက ဆက်လက်ပြောဆိုသည်။
ယခင်က စုံတွဲများသည် အားလပ်ရက်များ တွင် ဘုရားသွားခြင်း၊ ကန်တော်ကြီး၊ ဗိုလ်ချုပ် ပန်းခြံကဲ့သို့သော နေရာများ
တွင် သွားရောက်အပန်းဖြေလေ့ ရှိကြသည်။ ယခုအခါတွင်မူ အချို့သော ငယ်ရွယ်သည့်စုံတွဲများပင်လျှင် ဆိတ်ကွယ်ရာ
ဖြစ်သော တည်းခိုခန်းသွားရန် ဝန်မလေးကြတော့သည်ကို ပိုမိုတွေ့ မြင်လာရသည်။



“ပိုပြီးရဲတင်းလာကြတာပေါ့။ အစကတော့ အဝတ်အစား၊ နောက်တော့ အနေအထိုင်တွေ ရဲတင်းလာကြတာပေါ့” ဟု
အသက် ၂၁ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ မခိုင်လေးက ပြောဆိုသည်။



ရန်ကုန်တွင် တည်းခိုခန်းများ ပေါများနေခြင်းမှာလည်း ထိုအကြောင်းများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းကသူ၏အမြင်
ကို ဆက်လက်ပြောဆိုသည်။ ထို့ပြင် ချစ်သူများနေ့ ကဲ့သို့သောနေ့များတွင် တည်းခိုခန်းများ၌ အခန်းပြည့်သည်အထိ
လူများကြောင်း အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ပြောဆိုသည်။



“အဲဒီလို နေ့တွေမှာဆိုရင် ထိုင်စောင့်ရတာ တောင်ရှိတယ်။ အဲဒီလောက် လူများတာ” ဟု ၎င်းက သူ၏ အတွေအကြုံ
ကို ရှင်းပြသည်။ ထိုသို့ တည်းခိုခန်း သွားကြသူများထဲတွင် အများအားဖြင့် အသက် ၂၀ဝန်းကျင်အရွယ် များပြား
ကြောင်း ထိုအငှားကားမောင်းသူက ဆိုသည်။ “အများအားဖြင့်တော့ တက္ကသိုလ်စတက်စ ပထမနှစ်၊ ဒုတိယနှစ် အရွယ်
လေးတွေ ပိုများပါတယ်” ဟုဆိုသည်။



လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် လူမှုရေး အရကြည့်လျှင် မသင့်တော်သောလုပ်ရပ်ဟု ယူဆ ထားကြသော်လည်း
အချို့သူများသည် ထိုသို့နေထိုင်ခြင်းကိုပင် ကင်မရာဖြင့် ရိုက်ကူးကာ အွန်လိုင်းပေါ် သို့ ပေါ်ပေါ်ထင်ထင် တင်လာကြ
ကြောင်း၊ ယဉ်ကျေးမှုအရ မသင့်တော်သော်လည်း အွန်လိုင်းပေါ်တွင် ဗီဒီယိုများ၊ ဓာတ်ပုံများမှာ တစ်နေ့ထက် တစ်နေ့
များပြားလာကြောင်း အသက် ၂၃ နှစ်အရွယ် ကိုဝေယံက ပြောဆိုသည်။



“မြန်မာ့ယဉ်ကျေးမှု အရတော့ ဒီကိစ္စတွေက လုံးဝ မသင့်တော်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ အမြဲတမ်းကြားနေ၊
မြင်နေ ရတာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ လက်မထပ်ဘဲ အတူနေထိုင်ခြင်းကို အများအားဖြင့် လက်မခံကြ
သော်လည်း လက်ခံသူများလည်းရှိပြီး အများစုမှာ အမျိုးသားများ ဖြစ်ကြကြောင်း အသက်၂၄ နှစ်အရွယ် အမျိုးသား
တစ်ဦးကပြောသည်။




“ဘာလို့လဲဆိုတော့ အဓိကတော့ ပိုင်ဆိုင်ချင်လို့ပါ။ တချို့မိန်းကလေးတွေက ကိုယ်နဲ့လက်ထပ်မယ်လို့ ရည်ရွယ်ထားပေ
မယ့် ကိုယ့်ထက်သာတဲ့သူ တွေ့ရင်လည်း ပါသွားတတ်ကြတယ်” ဟု အသက် ၂၆ နှစ်ရွယ် အိမ်ထောင်ရှင်အမျိုးသား
တစ်ဦးကရှင်းပြသည်။ “ကိုယ်ပိုင်ဆိုင်ချင်တယ်။ ဆုံးရှုံးရမှာ ကြောက် တယ်။ ဒါပေမဲ့ လက်ထပ်ဖို့ ကျတော့ အဆင်သင့်
မဖြစ်သေးဘူး။ ဒါနဲ့ပဲ အတူနေဖြစ်သွားတာပေါ့” ဟု အသက် ၂၅ နှစ်အရွယ် ကိုဝင်းနိုင် (အမည်လွှဲ) က သူ၏အမြင်ကို
ရှင်းပြသည်။



တစ်ချိန် လက်ထပ်ကြမည်ပဲဟု ယူဆကြသောကြောင့် လက်မထပ်ဘဲအတူ နေထိုင်ကြသူအချို့ အကြောင်း အမျိုးမျိုး
ကြောင့် လက်မထပ်ဖြစ်ခဲ့ပါက အမျိုးသမီးများသာ နစ်နာကြရကြောင်း အသက်၂၆ နှစ်အရွယ် မပပက ၎င်း၏ အမြင်
ကို ရှင်းပြသည်။ “ကံကိုယုံပြီး ဆူးပုံနင်းတာပဲ။ အနာဂတ်ကို ကိုယ်မှမပိုင်တာ။ တစ်ခုခုဆို မိန်းကလေးကအရင် နစ်နာ
တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



ထိုသို့နေထိုင်ပြီး လက်မထပ်ဖြစ်ခဲ့လျှင် အမျိုးသမီးများသာမက အမျိုးသားများတွင်လည်း နစ်နာမှု များရှိကြောင်း၊
အမျိုးသမီးများကို ဥပဒေအရလည်း အကာအကွယ် ပေးထားသေးကြောင်း ကိုဝေယံက ပြောသည်။ “တကယ်လို့
မယူဖြစ်ခဲ့ရင် အပေါင်းအသင်းတွေကြားထဲမှာ မိန်းမတစ်ယောက်ကို အတည်မယူနိုင်ဘဲအပျော်ကြံတယ်ဆိုပြီး နာမည်
ဖျက်တယ်။ ပတ်ဝန်းကျင်မှာ လူကြီးလူကောင်း လိုနေတတ်တဲ့သူဆို ပိုဆိုးတယ်” ဟု အသက် ၂၄ နှစ်အရွယ်
ကိုကျော်စွာ(အမည်လွှဲ) က ၎င်း၏ အမြင်ကိုပြောဆိုသည်။



လက်မထပ်ဘဲအတူ နေထိုင်ကြခြင်းဖြင့် အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း၊ အရွယ်မတိုင်ခင် ကလေးမွေးဖွားခြင်း၊
ကာလသားရောဂါ ကူးစက်ခံရခြင်းတို့ ဖြစ်ပွားနိုင်သည်။ ထိုသို့ ကိုယ်ဝန်ရှိလာမှ လက်ထပ်ရန် ပြင်ဆင်ကြသဖြင့် လိုအပ်
ချက်တွေများပြားကာ အိမ်ထောင်ဦး ကာလမှာပင် အဆင်မပြေမှုများနှင့် တွေ့ကြုံကြရတော့ကြောင်း မပပက ဆိုသည်။
“ကိုယ်ဝန်ရှိလာတော့မှာပဲ ကတိုက်ကရိုက်လက်ထပ်ဖို့ လုပ်ကြတယ်။ ပြည့်စုံတဲ့ သူတွေက ကိစ္စမရှိဘူး။ မပြည့်စုံရင်တော့
စုဆောင်းထားတာ မရှိရင် တော်တော်ဒုက္ခ ရောက်တယ်" ဟု မပပက ပြောဆိုသည်။



ထိုကဲ့သို့ လက်မထပ်နိုင် သူများသည် ရရှိလာသောကိုယ်ဝန်ကို ဖျက်ချကြခြင်းကြောင့် အခြားသောရောဂါများဝင်လာ
နိုင်သည့်အပြင် အခန့် မသင့်ပါက မိခင်ပါအသက်ဆုံးရှုံးနိုင်သည်။ အခြေခံကျောင်းသင် ဘဝတွက်တာ ကျွမ်းကျင်စရာ
ဘာသာရပ်တွင် မိန်းကလေးများ တရားဝင်အိမ်ထောင်မပြုမီ မိမိ၏အပျိုစင်ဘဝကို ထိန်းသိမ်းကြရန် ဆရာ၊ ဆရာမ
များက သွန်သင်ဆုံးမ သင်ကြားလေ့ရှိကြောင်း အငြိမ်းစားကျောင်းဆရာတစ်ဦးက ပြောပြသည်။



“အမေရိကမှာတောင် မိန်းကလေးတွေက အရင်ကထက်ပိုပြီး သူတို့ရဲ့အပျိုစင် ဘဝကိုထိန်း သိမ်းလာတယ်လို့ ဖတ်
လိုက်ရတယ်။ ဒီမှာဆိုရင်တော့ ပိုပြီးထိန်းသိမ်းသင့်ပါတယ်” ဟု မခိုင်လေး ကပြောဆိုသည်။ လက်မထပ်ဘဲ အတူနေ
ထိုင်ခြင်းသည် ဗုဒ္ဓ ဘာသာအရ ကံငါးပါးထဲမှ တစ်ခုဖြစ်သော ကာမေသု မိစ္ဆာစာရ ကံကိုလည်း ချိုးဖောက်ခြင်းဖြစ်ပြီး
ကိုယ်ဝန်ဖျက်ချခြင်းသည်လည်း ပါဏာတိပါတကံကို ကျူးလွန်ရာရောက်ကြောင်း အငြိမ်းစားကျောင်းဆရာတစ်ဦးက
ဆိုသည်။ “ဓလေ့ထုံးစံအရ မိန်းကလေးတွေက အိမ်ထောင်မကျမခြင်း မိဘ၊ ဆွေမျိုးတွေရဲ့ အုပ်ထိန်းမှုအောက် က
မလွတ်ဘူး။ ဒါကိုအဲဒီလိုနေမယ်ဆိုရင် ကာမေသုမိစ္ဆာစာရကို ကျူးလွန်တာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။



လက်ထပ် ထိမ်းမြားမှုမရှိဘဲ တစ်အိမ်တည်းတွင် အတူနေထိုင်ခြင်းကိုမူ အချို့လက်ခံပေးကြကြောင်း၊ ငွေကြေး
အဆင်မပြေ၍ သို့မဟုတ် အကြောင်းတစ်ခုခုရှိ၍ဟုတွေးကာ ကရုဏာသက်ကြပြီး လင်မယားအဖြစ် သတ်မှတ်ကြ
ကြောင်း အသက် ၅၀ ကျော်အရွယ် ဒေါ်ထွန်းကပြောသည်။ “ဘာကြောင့်ပဲဖြစ်ဖြစ် လူသိရှင်ကြား လက်ထပ်ရင်တော့
ပိုပြီးကောင်းတာပေါ့။ ဒါပေမဲ့ ခုနကလို ခိုးကြောင်ခိုးဝှက်နေတာထက်စာရင် အဲလိုနေတာက နည်းနည်းပိုကောင်းတာ
ပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။



လက်မထပ်ဘဲ အတူနေထိုင်ပါက အမျိုးသမီးများဘက်မှ နစ်နာဆုံးရှုံးမှုရှိသကဲ့သို့ အမျိုးသားများဘက်တွင်လည်း
ပြဿနာ တစ်စုံတစ်ရာဖြစ်လာပါက တရားဥပဒေပိုင်းဆိုင်ရာအရ တရားစွဲဆိုခံရခြင်းများ ဖြစ်လာနိုင်သည်။ ထိုသို့
အတူနေပြီး လက်မထပ်ဖြစ်ကြပါက အမျိုးသမီးများသည် အမျိုးသားများကို တရားစွဲဆို ခွင့်ရှိကြောင်း၊ အရွယ်
မရောက်သေးသူဖြစ်ပါက ပုဒ်မ ၃၆၆အရ မိဘ သို့မဟုတ် အုပ်ထိန်းသူကတရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်ကြောင်း၊
အရွယ်ရောက်ပြီးဖြစ်ပါ ပုဒ်မ ၄၁၇ လိမ်လည်ပြီး ကာမရယူမှုဖြင့် တရားစွဲဆိုနိုင်ကြောင်း ဥပဒေအကျိုးဆောင်တစ်ဦး
က ရှင်းပြသည်။



ယခုကဲသို့ ခေတ်မီမြန်ဆန်နေသော ခေတ်ကြီးတွင် စားဝတ်နေရေးကြောင့် သော်လည်းကောင်း၊ မိသားစုအရေး
ကိစ္စများကြောင့် သော်လည်းကောင်း လက်မထပ်ဘဲ အတူနေထိုင်လျက်ရှိကြသည်။ သို့သော် မြန်မာ့ဓလေ့ ထုံးတမ်း
အရတွင်မူ ထိုသို့နေထိုင်ခြင်းကို အားမပေးပေ။ ထို့ကြောင့် လူငယ်များ အနေဖြင့်လည်း အတတ်နိုင်ဆုံး လက်ထပ်ပြီး
မှသာ အတူနေကြသင့်ပေသည်။
 မှတ်ချက်.....မြန်မာချစ်သူမေလ်မှ ကူယူဖော်ပြခြင်းဖြစ်ပါသည်...

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။