ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 27 September 2012



လောကမှာ လူရယ်လို့ဖြစ်လာရင် လူတိုင်း လူတိုင်းဟာ လောဘနဲ့မကင်းကြပါဘူး ။ ပုထုဇဉ် လူသားတွေကိုး။
လောဘလွန်ကဲလာရင်လည်း ဒုက္ခရောက်ကြရတာဓမ္မတာပါပဲ။ လောဘဆိုတာ ရှိသင့်တာရှိထိုက်တာထက် ပိုလောဘ
ကြီးလာရင် လောဘနောက်ကောက်ကောက် ပါသွားတတ်ပါတယ်။ လောဘဆိုတာ လိုချင်တက်မက်တဲ့ သဘောတရား
ပါ။ အရာဝတ္ထုတစ်ခုခုအပေါ်မှာ လိုချင်တက်မက်လိုတဲ့ စိတ်ဟာ လောဘစိတ်ပါပဲ။ လောဘမှာမှ သမလောဘနဲ့ ၀ိသမ
လောဘဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ သမလောဘဆိုတာကတော့ မျှမျှတတ တရားသဖြင့် ရယူလိုတဲ့ လောဘစိတ်ပါ။
ဝိသမလောဘဆိုတာကတော့ မလိုမတရားအတင်းအဓမ္မ မတရားသဖြင့် ရယူလိုတဲ့ လောဘစိတ်ပါ။ ကျွန်တော်
သူငယ်ချင်းတွေကို လောဘစိတ်နဲ့ ပတ်သက်ပြီး ပုံပြင်တစ်ခုလောက်ပြောပြချင်ပါတယ် ။




ပုံပြင်လေးကတော့ ......................................
တစ်ခါတုန်းက မြေပိုင်ရှင်ကြီးရဲ့အခစားလယ်သမားတစ်ယောက်ကို ချီးမြှောက်ချင်တာနဲ့လိုတဲ့ဆုကိုတောင်းပါလို့
ပြောလိုက်တယ်။ လယ်သမားက သေသေချာချာစဉ်းစားပြီးနောက်
“ မြေတွေအများကြီးလိုချင်တယ် ” လို့ပြောလိုက်ပါတယ်။ ဒီတော့ မြေပိုင်ရှင်ကြီးက “ နေစထွက်ချိန်ကစပြီး နေဝင်ချိန်
အထိ မြင်းစီးပြီးပတ်မိသလောက်မြေကိုယူစေ ” လို့ မြေပိုင်ဆိုင်ခွင့်ကိုပေးလိုက်ပါတယ်။ လယ်သမားလည်း အရမ်းကို
ဝမ်းသာသွားပါတယ်။ ဒါနဲ့ နေစထွက်ချိန်မှာပဲ မြင်းစီးပြီးထွက်ခဲ့ပါတယ်။ လောဘရဲ့သဘောအတိုင်းပါပဲ၊ မြေကို များများ
လိုချင်တာကြောင့် တော်တော်နဲ့နောက်ကြောင်းမလှည့်ဖြစ်ပါဘူး။ နေဝင်ခါနီးအချိန်ရောက်မှ စထွက်တဲ့နေရာကို ပြန်
ရောက်မှ ဖြစ်မှာကို သတိရပြီး၊ မြင်းကို ဒုန်းဆိုင်းပြီး အားကုန်ပြန်မောင်းနှင်ခဲ့ပါတယ်။ မြင်းဟာ တစ်နေ့လုံး ဘာအစား
မှလည်း မစားရ၊ ရေလည်းမသောက်ရတာကြောင့် အမောဆို့ပြီး လမ်းမှာ သေဆုံးသွားပါတယ်။ နေကလည်း ဝင်တော့
မယ်၊ ဒါနဲ့ပဲ လယ်သမားဟာ စထွက်တဲ့နေရာရောက်ဖို့အားကုန်ပြေးလာခဲ့ပါတယ်။ သူဟာလည်း အစားလည်းမစားဖြစ်၊
ရေလည်းမသောက်ဖြစ်တာကြောင့် ခြေများလေးသည်ထက် လေးလာပါတယ်။ မောသည်ထက်မောလာတယ်။ လောဘ
ဇောကြောင့်သာပြေးနေရပေမယ့် အားကုန်ခမ်းလာပါတယ်။



မိုးကုတ်စက်ဝိုင်းမှ စပြီးနေဝင်စပြုချိန်မှာတော့ စထွက်တဲ့နေရာကိုမြင်တွေ့နေရပါပြီ။ အချိန်နည်းနည်းသာ ကျန်ပါတော့
တယ်။ စထွက်တဲ့နေရာရောက်ဖို့လည်း နည်းနည်းသာလိုပါတော့တယ်။ နောက်ဆုံး ကြိုးစားအားထုတ်မှုအတွက် သူ့မှာ
ရှိသမျှ အင်အားတွေကိုထုတ်ပြီး ဒယိမ်းဒယိုင် နဲ့ ပြေးလာခဲ့ပါတယ်။ စထွက်တဲ့နေရာကိုတော့ ရောက်လာခဲ့ပါတယ်။
ဒါပေမယ့် ပင်ပန်းလွန်းတဲ့အတွက် နှလုံးကမခံနိုင်တာကြောင့် အမောဆို့ပြီးသေဆုံးသွားပါတယ်။ သူ့အနေနဲ့ မြေတွေ
အမြောက်အများလိုချင်ခဲ့ပေမယ့် တကယ်တမ်း ရလိုက်တဲ့ မြေနေရာအားလုံးမှာ ( ၆-ပေx၄-ပေ ) အကျယ် မြေတစ်နေ
ရာသာဖြစ်ပါတယ်။ မိုက်မဲလိုက်တာလို့ အပြောမစောပါနဲ့။ ဒီလောကကြီးထဲမှာအဲဒီလို မိုက်မဲသူတွေ အမြောက်အများ
ရှိနေတယ်ဆိုတာကို ဉာဏ်မျက်စိရှိရင် မြင်နိုင်ပါတယ်။ အဲဒီ မိုက်မဲသူတွေအထဲမှာ ကိုယ်လည်းပါနိုင်ပါလား ? ဆိုတာ
ကတော့ ဉာဏ်သတိရှိမှ သိနိုင်ပါလိမ့်မယ်။




ဒါကြောင့်အခက်မကြုံရအောင် မတရားသဖြင့် လိုချင်တာကသာလောဘ ဖြစ်တယ်လို့အသိပေး လိုက်ပါရစေခင်ဗျာ ။
ဒီပုံပြင်လေးကို အမြဲသတိရပြီးတော့.. ဘယ်အလုပ်ပဲလုပ်လုပ်.. ၀ိသမလောဘဓါတ်တွေ နည်းနိုင်သမျှနည်းအောင်
ကြိုးစားလုပ်ကိုင်ပြီး.. မိမိလုပ်လိုက်တဲ့ အလုပ်ဟာ မိမိသူတစ်ပါးအတွက် တရားမျှတမှုရှိရဲ့လား.. အပြစ်ကင်းရဲ့လား..
ဖြူစင်သန့်ရှင်းကောင်းမြတ်မှန်ကန်သော အသက်မွေးမှုရှိရဲ့လား ဆိုတာလေး အမြဲစဉ်းစားချင့်ချိန်ပြီး လုပ်ကိုင်ဆောင်
ရွက်နိုင်ကြပါစေ လို့ ပြောကြားလိုပါတယ်။




သူငယ်ချင်းအားလုံးကို
အစဉ်လေးစားခင်မင်စွာဖြင့်
မှတ်ချက်..မြန်မာချစ်သူ မေလ်းမှ ပြန်လန်ကူယူဖော်ပြခြင်းဖြစ်ပါသည်....။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။