ချစ်သူများနေ့တဲ့လား
ကောင်မလေးရေ.. ရင်ခုန်နေသလား
ကဒ်လေးတွေပန်းကလေးတွေ
ချောကလက်လေးတွေ ဟိုကသည်က
အများကြီး အများကြီး မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျတ်
လူလတ်တွေလဲ ကသုတ်ကရက်
လူလတ်တွေလဲ ဗရုတ်ဗရက်
အော်..တကယ်တော့ ဒီနေ့ဟာ
ဂရေဂိုရီယံ..ကမ္ဘာသုံးနေ့ပြက္ခဒိန်ရဲ့
45.ရက်မြောက်နေ့ပါ
ကလော်ဒီယံမ်စ်..ဆိုတဲ့
သဘောထားမကြီးမြတ်တဲ့ပဒေသရာဇ်
ဧကရာဇ်ဘုရင်ရဲ့အမိန့်ကို လျူသွေးဖယ်ပြီ
ချစ်သူတွေကို တိတ်တဆိတ်လက်ထပ်ပေးတဲ့
တာနီမြို့က..saine valentiuns..ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီးကို ရောမမှာ
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ
သူတို့ဟာ သူတို့ ဂုဏ်ပြုရင်ပြုပါစေ
တို့များနဲ့အဝေးကြီးပါနော် ကောင်မလေး
ကောင်မလေး...............
တစ်ခုလောက်သေချာစဉ်းစားပါဦး
မနေ့က...
ဖေဖော်ဝါရီလ..13.ရက်နေ့က
လွန်ခဲ့တဲ..95.နှစ်.တာကာလက
နွေအကူး လေရူးတွေဝေနေတဲ့
အဲဒီနေ့ စနေ နေ့မနက်အာရုဏ်တက်လို့ မိုးသောက်ကျင်းအချိန်မှာ
ထိန်လင်းဆိုတဲ့ ကောင်ကလေး
ဟိုး......အညာမြေကနတ်မောက်မြို့မှာ
မွေးဖွားခဲ့သတဲ့ကွယ်
သူက......
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေအားလုံးထက်ပိုပြီး
တို့တိုင်းပြည်ကို ချစ်သတဲ့လေ
ယောင်္ကျားကောင်းတို့ရဲ့ သတ္တိ
ယောင်္ကျားကောင်းတို့ရဲ့ သမာဓိ
ယောင်္ကျားကောင်းတို့ရဲ့ သီလ
ယောင်္ကျားကောင်းတို့ရဲ့ စာဂ
ယောင်္ကျားကောင်းတို့ရဲ့ သိက္ခာ
ယောင်္ကျားကောင်းတို့ရဲ့ ပညာ
ယောင်္ကျားကောင်းတို့ရဲ့ သစ္စာ
သူမှာအကုန်ရှိသတဲ့လေနောက်ဆုံး.....အဲဒါတွေအကုန်လုံး
ဘာမှယူမသွားရှာလေတဲ့
ချစ်သူကောင်းတစ်ယောက်
ယောင်္ကျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့တွေရဲ့...........
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ......ရင်နာလိုက်တာကွယ်
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင်ကိုးရာတစ်ဆယ့်ငါး
ရှေနေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား
တို့ငယ်ငယ်က..ဆိုခဲ့ရတဲ့ကဗျာလေး
အခုတော့.......
ကိုယ်နဲ့ဘာမှမဆိုင်တဲ့
အီတလီကသူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုရာက
ဖြစ်လာတဲ့
ဗယ်လင်တိုင်းနေ့ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်ရက်ဟာ
တို့တွေအတွက်........
ပိုပြီးလေးနက်ကျယ်ပြန့်တဲ့ အဓိပ္ပာယ်တွေရှိခဲ့ပါတယ်နော်
ဒီကဗျာဟာ..ငါရဲ့ကိုယ်ပိုင်မဟုတ်တာကို ရိုးသားစွာဝန်ခံပါသည်
ဒီကဗျာကို နွေးနွေး...ကချင်မှ..ယုယ..တောင်ငူမှ..ခိုင်ခင်တို့နှင့်အတူ..မြန်မာချစ်သူအဖွဲအားလုံးအတွက်
အမှတ်တရအဖြစ်မှတ်တမ်းတင်ပါသည်.........သန့်ဇင်
အချစ်ဆိုတဲ့ အိမ်မက်က
လန့်နိုးလာပြီးဆိုရင်
သင်ဟာဘ၀ကို
နားလည်လာလိမ့်မယ်..ဒါပေမဲ့ပေါ့
အချစ်ရဲ့အပြစ်ကိုတော့
မြင်တက်အောင်..ကြည့်တက်ဖို့တော့လိုလိမ်မယ်နော်
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။