မတူညီနိုင်တဲ့ဘ၀နရီကြားမှာ
နှလုံးသားကိုစတေးရင်း
ချစ်သူကိုမေ့လို့မရနိုင်ခဲ့တာ
အခုဆို......
ဆယ်စုနှစ်ထက်ဝက်တောင်ကျော်ခဲ့ပေါ့။
တစ်ခါတစ်ရံမကတဲ့ဒဏ်ရာတွေနှင့်
သေရာပါအမာရွတ်တစ်ခုလို
ငါ့နှလုံးသားမှာစွဲထင်နေခဲ့ပေမယ့်
ချစ်သူကိုမုန်းမေ့နိုင်ဖို့ဆိုတာ
အိပ်မက်မှာတောင်မမက်ခဲ့ဘူး။
ကောင်မလေးရေ....
မင်းနှင့်ငါပေါင်းဆုံခွင့်ဆိုတဲ့
မျှော်လင့်ချက်တွေဆိတ်သုဉ်းနေပေမယ့်
ငါ့မှာတစ်ဘက်သတ်ဆက်ချစ်နေခွင့်
ရှိသေးတာပဲလေ......
မတူညီတဲ့ဘ၀နှစ်ခုကိုပေါင်းဆုံဖို့ဆိုတာ
တစ်ဘက်သတ်ဆန်တဲ့
ငါ့ရဲ့...စိတ်ကူးယဉ်အိပ်မက်တွေပါ
ကောင်မလေးရေ........
အိပ်မက်ဆိုတာတစ်ကယ်ဖြစ်မလာမှန်း
ကြိုသိခဲ့ပေမယ့်ဖက်တွယ်ထားခဲ့တာ
ဝဋ်ကြွေးတစ်ခုဆိုရင်လည်း
ဒီဘ၀ ဒီမျှသာရှိစေတော့ကွယ်. ။ ။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။