နှင်းမှုန်တွေပက်ဖျန်းတဲ့
ရွာအ၀င်ကုက္ကိုတန်းမှာ
နောက်ဆုံးနုတ်ဆက်စဉ်က
ကြွေကျလုမျက်ရည်
ဖြေမဆည်အလွမ်းတွေနှင့်
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
မခမ်းနားဘူးဆိုတာသိလည်း
နောင်တစ်ချိန်ပြန်ဆုံဖို့အရေး
ကတိလေးတော့ပေးခဲ့ပါ
ငါ့ရင်ကိုဖြိုခွင်းမဲ့မြားတစ်စင်း
မင်းပစ်သွင်းခဲ့တယ်။
နေ့နေ့ညည
မေ့မရတဲ့အခါတိုင်း
ငါရေးနေကျကဗျာတွေက
အလွမ်းဝါကျတွေချည်းပါပဲ။
ကံကြမ္မာရဲ့လှည့်ကွက်အောက်
ဒူးထောက်ခဲ့ရပေမယ့်
ရူးသွပ်စွာစွဲလန်းခဲ့ရမင်းကို
တစ်သက်တာထာဝရထိ
ချစ်မြဲချစ်နေခဲ့တယ်ဆိုတာ
နင်မသိလည်း
နှင်းမှုန်ဖွေးဖွေးကြားက
ကြယ်ကလေးတွေသိပါတယ်။ ။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။