ချစ်သူရေ.....
ညင်သာလို့တိုးတိတ်
လေပြည်ဝေ့တဲ့ညများဆို
ရင်တွင်းမှာဗလောင်ဆူတဲ့သူမို့
မောင်တစ်ယောက်ကတော့ဖြင့်လူမိုက်လေ.....
ညင်သာလို့တိုးတိတ်
လေပြည်ဝေ့တဲ့ညများဆို
ရင်တွင်းမှာဗလောင်ဆူတဲ့သူမို့
မောင်တစ်ယောက်ကတော့ဖြင့်လူမိုက်လေ.....
သာယာတဲ့ညချမ်းအလှ
မခံစားတတ်ခဲ့တာက
မင်းမှအနားမှာမရှိတော့ပဲကွယ်.......
ကျေးငှက်သံကတိတ်ဆိတ်
ညဥ့်ဦးယံမို့ခြောက်သွေ့မယ်ထင်ပါရဲ့
မောင့်ပတ်ဝန်းကျင်မောင့်အခန်းတွင်းမှာက
ဆူညံလို့ပူလောင်လှတယ်ကွယ်......
မင်းတစ်ယောက်ကိုမှ
ရှုးမိုက်စွာချစ်ခဲ့မိသူမို့
တကယ်တော့ဖြင့်မောင်ဟာလူဆိုးပေါ့ကွယ်.....
သူစိမ်းတွေအမြင်ဘယ်လောက်ပင်စိမ်းစေတော့
မယိမ်းတဲ့မောင့်နှလုံးသား
မင်းမှမင်းပဲချစ်သူရယ်....
ဟိုယခင်လက်ချင်းယှက်လို့သာဖြင့်
သာယာလို့ချိုလွင်
မင်းဆံနွယ်လေအဝေ့မှာဖြင့်
မောင့်ဘ၀င်တကယ်ထိခဲ့တာက
မပြုံးပဲလည်းလှရက်သူမို့
ချစ်သူရယ်.....
မင်းမုန်းလဲပဲပြုံးပါ့မယ်.......။ ။
မခံစားတတ်ခဲ့တာက
မင်းမှအနားမှာမရှိတော့ပဲကွယ်.......
ကျေးငှက်သံကတိတ်ဆိတ်
ညဥ့်ဦးယံမို့ခြောက်သွေ့မယ်ထင်ပါရဲ့
မောင့်ပတ်ဝန်းကျင်မောင့်အခန်းတွင်းမှာက
ဆူညံလို့ပူလောင်လှတယ်ကွယ်......
မင်းတစ်ယောက်ကိုမှ
ရှုးမိုက်စွာချစ်ခဲ့မိသူမို့
တကယ်တော့ဖြင့်မောင်ဟာလူဆိုးပေါ့ကွယ်.....
သူစိမ်းတွေအမြင်ဘယ်လောက်ပင်စိမ်းစေတော့
မယိမ်းတဲ့မောင့်နှလုံးသား
မင်းမှမင်းပဲချစ်သူရယ်....
ဟိုယခင်လက်ချင်းယှက်လို့သာဖြင့်
သာယာလို့ချိုလွင်
မင်းဆံနွယ်လေအဝေ့မှာဖြင့်
မောင့်ဘ၀င်တကယ်ထိခဲ့တာက
မပြုံးပဲလည်းလှရက်သူမို့
ချစ်သူရယ်.....
မင်းမုန်းလဲပဲပြုံးပါ့မယ်.......။ ။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။