ကျွန်တောများ ၀န်ဆောင်မှုများမှာ,
မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။
Friday, 30 November 2012
တက်ပလက် အလန်းလေးတွေပါ
CSS ကုဒ်များ
သူငယ်ချင်းအားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်.. Ning ဆိုဒ်တွင် ရှိသော  မိမိစာမျက်နာတွင်အလှပြင်ရန် ပြန်လည်မျှဝေ လိုက်ပါတယ် Ning ဆိုဒ်များသာမက....  blogger သမားများ အတွက်လဲ အသုံးတည့်ပါတယ်....သုံးကြည့်ကြပါ
အဆင်ပြေကြပါစေဗျာ...
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
code တွေကိုဒီနေရာမှာယူပါ
မှတ်ချက်...ရသကမ္ဘာမှပြန်လန်ကူးယူဖော်ပြသည်..
၇ီစရာလို ထင်ရတာပဲ
(ချွေတာရေး)
ဥမင်လိုဏ်ခေါင်းများ ၊ ၀င်္ကပါများဖြင့်ရှုတ်ထွေးလှသော ရှေ့ဟောင်းရဲတိုက်ကြီးကို လမ်းပြက ကမ္ဘာလှည့်ခရီးသည်
များအားလိုက်ပြသည် ၊ မြေအောက်တနေရာတွင် လူအရိုးစုများတွေ့သဖြင့် ဧသည့်များက မေးသည် ။
"ဟိုအရင် ခေတ်က ကျန်ခဲ့တဲ့ လူရိုးတွေလားဟင် "
"မဟုတ်ဘူး ၊ လမ်းပြငှားရမှာကိုတွန့်တိုတဲ့လူတွေရဲ့အရိုး "
(တာဝန်အရ အသိပေးရမယ်)
ပြင်သစ်နိုင်ငံတွင်ဖြစ်သည် ၊ အရာရှိကြီးတစ်ဦးသည် မိမိ၏အတွင်းရေးမှူးမနှင့် ကားအတူစီးလာသည် ၊ လမ်းတွင်
ကားပျက်သွားသည် ၊အရာရှိကတွေးသည် ။ "အရာရှိ တစ်ယောက်အနေနဲ့ ကားပြင်ဌာနကို ဖုံးဆက်အကူအညီ
တောင်းသင့်တယ် ၊ဒါပေမဲ့ယောကျာ်း တစ်ယောက်အနေနဲ့ ပျက်တဲ့ဥစ္စာကို ငါကိုယ်တိုင်ပြင်သင့်တယ် "
ဤသို့စဉ်းစားပြီး ကားထဲမှ ထွက်သည် ၊ကုတ်အင်္ကျီကို ချွတ်ပြီး ကားအောက်သို့ဝင်သည်။
အတွင်းရေးမှူးမကစဉ်းစားသည် ၊ "မိန်းမ တစ်ယောက်အနေနဲ့ ငါကားပေါ်မှာပဲ ထိုင်နေသင့်တယ် ၊ ဒါပေမဲ့
အတွင်းရေမှူးမတစ်ယောက်အနေနဲ့ ကိုယ့် အထက်အရာရှိရဲ့ ဘေးမှာနေရမယ် " သို့ဖြင့်သူမ ကားအောက်ဝင်
သည် ၊ မကြာမီ ယာဉ်ထိန်းရဲ၏ ကားဖြတ်မောင်းလာသည် ၊ ယာဉ်ထိန်းရဲကစဉ်းစားသည် ၊
"ပြင်သစ်တစ်ယောက် အနေနဲ့ရော ယောကျာ်းတစ်ယောက်အနေနဲ့ပါ ငါဖြတ်မောင်းသွားသင့်တယ်၊ ဒါပေမဲ့
ရဲတစ်ယောက်အနေနဲ့ သူတို့ကားကိုခိုးသွားတာကြာပြီလို့ငါပြောဖို့တာဝန်ရှိတယ် "
(ဒါလဲဖြစ်နိုင်တာပဲ. .)
သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့
အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကိုတခြားယောကျာ်းတစ်ယောက်နဲ့တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာကြေးနန်းကို မရတာလဲ ဖြစ်နိုင်တာပဲ "
(အော်ဒက်ဆာသား . .)
ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန်ငါးဆိုင်ထဲ ၀င်လာသည်။ အရောင်းသမကိုမေးသည်။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည်ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "
(ကံကောင်းတယ်)
"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "
(ဘာကောင်လဲ)
"ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "
(တယောဆရာ)
လူနာကိုခွဲစိတ်ရန်အတွက် အားလုံး အသင့်ဖြစ်နေပြီဖြစ်သည် ၊ လူနာကခွဲစိတ်ဆရာဝန်ကို မေးသည်။
"ဒေါက်တာ....ကျွန်တော့် အူအတက်ကို ဖြတ်ပြီးရင် ကျွန်တော် တယော ထိုးနိုင်မလားခင်ဗျာ"
"ထိုးနိုင်ပါတယ် "
"ဟန်ကျတာပဲ ၊ကျွန်တော် တယော တစ်ခါမှမထိုးဖူးသေးဘူး ၊ အခုထိုးနိုင်တော့မယ် တဲ့ "
(ရှက်တော့ရှက်သား)
"ဒေါက်တာရယ်. .ပြောရမှာရှက်တော့ရှက်ပါရဲ့ ၊ ကျွန်တော်လေလည်တဲ့အခါ လေလည်သံကိုမကြားရဘူး ၊ ကူညီပါဦး "
"ဒီဆေးပြားတွေ ယူသွား ၊ တစ်နေ့သုံးခါစား "
"ဒီဆေးစားရင် ကျွန်တော် ပိုကြားရမလား ခင်ဗျာ "
"ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်"
(လိုချင်လို့)
"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"
(နောက်မလုပ်နဲ့)
ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ် ကျန်နေသည် ၊ မနက်အိပ်ရာထသော
အခါ အရက်နာကျသည် ကိုဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊
မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို မင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "
(လျစ်လျူ ရှု)
ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက် "
(နေရာကောင်း)
ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
(တွေ့ရင်ပြောမယ်)
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်ပိုကြာအောင်ထားလိုက်သည်။
ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကိုရေထဲနှစ်လိုက်ပြန်သည်။
ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"
"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"
ဖတ်မိသမျှကို မျှဝေပါသည်။
Thursday, 29 November 2012
မီးဖြစ်ရောင်းတယ် ကောင်မလေး
မူရင်း.... Hans Christian Andersen "A Little Match-Seller" (1846)
နှစ်သစ်အကြိုညမှာ ရာသီဥတုက အရမ်းအေးလွန်းနေတဲ့အပြင် နှင်းတွေပါ တစ်ဖွဲဖွဲကျနေခဲ့တယ်။
ညအမှောင်က တစ်ဖြည်းဖြည်း နိမ့်ဆင်းလာခဲ့တယ်။ ဒီလိုချမ်းအေးတဲ့ ညအမှောင်မှာ ဦးထုပ်မဆောင်း
တဲ့ ခြေဗလာနဲ့ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေခဲ့တယ်။ တကယ်ပါပဲ..
အိမ်ကထွက်လာတုန်းက သူဖိနပ်တစ်ရံ ဝတ်ထားပါသေးတယ်။ ဒါပေမယ့် ဖိနပ်က အရမ်းကိုကြီး
လွန်းနေလို့ အသုံးမဝင်ခဲ့ပါဘူး။ အဲဒီဖိနပ်က သူ့အမေ စီးခဲ့တဲ့ဖိနပ်ဖြစ်တယ်။ ကားလမ်းကို
အလျှင်စလို သူဖြတ်တဲ့အချိန် အဝေးကနေ ကတိုက်ကရိုက် မောင်းလာတဲ့ မြင်းလှည်းနှစ်စီးကြောင့်
သူ့ဖိနပ် ကျွတ်ကျန်ခဲ့ရတယ်။ ဖိနပ်တစ်ဖက်ကို သူဘယ်လိုရှာရှာ ရှာမတွေ့ခဲ့သလို ကျန်တစ်ဖက်ကိုလည်း ကောင်လေး
တစ်ယောက်က ကောက်ယူပြီး ထွက်ပြေးသွားခဲ့တယ်။ ကလေးရတဲ့အချိန် အဲဒီဖိနပ်နဲ့ ကလေးအတွက် ပုခက်လုပ်ပေး
မယ်လို့ ကောင်လေးက ပြောသွားခဲ့သေးတယ်။
အဲဒီလိုကြောင့် ကောင်မလေးမှာ ခြေဗလာနဲ့ လမ်းလျှောက်နေခဲ့ရတယ်။ အေးလွန်းလို့ သူ့ခြေထောက်လေးက နီရဲ
ပြာနှမ်းနေတယ်။ သူ့ရဲ့ ဟောင်းနွမ်းတဲ့ ရှေ့ဖုံးခါးစီးစမှာ မီးခြစ်တွေ ထည့်ထားသလို လက်မှာလည်း
တစ်ချို့ကိုင်ထားတယ်။ဒီနေ့တစ်နေ့လုံး မီးခြစ်တစ်ဆံမှ သူမရောင်းရသေးဘူး။ ဘယ်သူမှလည်း သူ့ကို
အသပြာတစ်ပြားတစ်ချပ် မပေးခဲ့သေးဘူး။
ဆာလောင် ချမ်းအေးနေတဲ့ သနားစရာကောင်မလေးက မီးခြစ်ရောင်းဖို့ ရှေ့ဆက်လျှောက်နေခဲ့တယ်။
ဒါဟာ စိတ်မချမ်းမြေ့ဖွယ် ပန်းချီကား တစ်ချပ်လိုပါပဲ။ နှင်းဖတ်တွေက သူ့ရဲ့ရှည်လျှားတဲ့ ရွှေအိုရောင် ဆံချည်မျှင်
ကွေးကွေးကောက်ကောက် ကနေတစ်ဆင့် သူ့ပုခုံးပေါ် ကျနေခဲ့တယ်။ ကြည့်ရတာ အရမ်းလှပေမယ့် ဒါတွေကို
လှတယ်လို့သူမထင်ခဲ့ဘူး။ ပြတင်းပေါက်တိုင်းမှာ အလင်းတွေ ဖြာကျနေတယ်။ လမ်းပေါ်မှာ ငန်းသားကင်နံ့တွေ
သင်းပြန့်နေတယ်။ဒီညဟာ နှစ်သစ်အကြိုညဆိုတာကို သူသိနေခဲ့တယ်။
ထောင့်တစ်နေရာမှာ အိမ်နှစ်လုံးရှိတယ်။ တစ်လုံးက တစ်ခြားတစ်လုံးထက် ရှေ့ရောက်နေတယ်။ အဲဒီအိမ်ရဲ့ နံရံထောင့်
တစ်နေရာမှာ ကိုယ်ကိုကျုံ့ပြီး သူထိုင်ချလိုက်တယ်။ ခြေထောက်တစ်စုံကိုလည်း သူကျုံ့ဝင်လိုက်တယ်။ ဒါပေမယ့်
ပိုချမ်းတယ်လို့ သူခံစားမိတယ်။ မီးခြစ်တွေ ရောင်းမရလို့ ငွေတစ်ပြားတစ်ချပ်မှ မပါဘဲ သူအိမ်မပြန်ရဲခဲ့ဘူး။
အဖေရိုက်မှာကို သူကြောက်သလို အိမ်မှာလည်း အရမ်းအေးနေမယ်ဆိုတာ သူသိတယ်။ သူတို့အိမ်က လေဝင်တဲ့
ခေါင်မိုးလေးပဲရှိခဲ့တယ်။ လေတွေဝင်တဲ့ အပေါက်အကြီးဆုံးကို ကောက်ရိုး၊ အဝတ်စုတ်တစ်ချို့နဲ့ ဖာထေးခဲ့ပေမယ့်
အရာမရောက်ခဲ့ဘူး။
ကောင်မလေးရဲ့ လက်ကလေးတစ်ဖက်က ချမ်းလွန်းလို့ ခဲခါနီးနေပါပြီ။ အာ! မီးခြစ်ဆံလေး တစ်ဆံလည်း သူ့အတွက်
အသုံးဝင်နိုင်ပါတယ်။ မီးခြစ်ဆံတစ်ဆံကို သူအသုံးပြုရဲခဲ့ရင် နံရံကို ဆွဲခြစ်လိုက်တာနဲ့ လက်ကို အနွေးဓာတ် သူပေးလို့
ရနေတယ်။ နောက်ဆုံး မီးခြစ်ဆံတစ်ဆံကို သူထုတ်လိုက်တယ်။ "ရှဲ..." မီးခြစ်ဆံ ထလောင်ပြီး အလင်းတစ်ချို့ဖြာထွက်
လာတယ်။ သူ့လက်လေးကို မီးတောက်ပေါ် ဖုံးလိုက်တာနဲ့ မီးတောက်က နွေးထွေး၊ လင်းထိန်တဲ့ ဖယောင်းတိုင်လေး
တစ်တိုင်နဲ့ တူနေခဲ့တယ်။
အရမ်းလှတဲ့ မီးတောက်လေးပါပဲ! ကောင်မလေးက သူ့ကိုယ်သူ သံမီးလင်းဖိုကြီး တစ်ခုရှေ့ ရောက်နေသလို
ခံစားလိုက်မိတယ်။မီးလင်းဖိုက ကြေးဝါရောင်လက်ကိုင်နဲ့ ကြေးဝါရောင် ကိုယ်ထည်ဖြစ်တယ်။ မီးတွေက
အားပြင်းပြင်းနဲ့ တောက်လောက်နေခဲ့တယ်။နွေးလိုက်တာ! လှလိုက်တာ! ကောင်မလေးက ခြေတစ်ဖက်ကို
ဆန့်ပြီး အနွေးဓာတ် ယူမယ်ကြံတုန်းမှာ မီးတောက်ကရုတ်တရက် ငြိမ်းသွားခဲ့တယ်။ မီးလင်းဖိုကြီးလည်း
မရှိတော့ဘူး။ ကောင်မလေးက လောင်ကျွမ်းသွားတဲ့ မီးခြစ်ဆံလေးကိုကိုင်ပြီး နေရာမှာတင်ထိုင်နေခဲ့တယ်။
မီးခြစ်ဆံတစ်ခုကို ယူပြီး သူဆွဲခြစ်လိုက်ပြန်တယ်။ မီးတောက်ပြီး အလင်းတစ်ချို့ ဖြာကျလာပြန်တယ်။
နံရံပေါ် အလင်းဖြာကျနေတဲ့ နေရာက ဇာပုဝါပါးလေး တစ်ချပ်လို သူဖောက်ထွင်းမြင်နေရတယ်။ အိမ်ထဲက
အရာအားလုံးကို သူမြင်နေရတယ်။အဖြူရောင် ခင်းထားတဲ့ စားပွဲပေါ်မှာ လှပတဲ့ ပန်းကန်တွေတင်ထားတယ်။
ပန်းကန်ထဲမှာ ဆီးသီးခြောက်နဲ့ ပန်းသီးတွေအပြည့်ထည့်ထားတယ်။ ငန်းကင်ကလည်း အငွေ့တစ်ထောင်းထောင်းနဲ့
မွှေးကြိုင်လို့နေတယ်။ အားအရဆုံးက ဓားနဲ့ခက်ရင်းထိုးထားတဲ့ ငန်းကင်ကြီး ပန်းကန်ထဲကခုန်ထွက်လာပြီး
ကောင်မလေးဖက်ကို လျှောက်လာခဲ့တယ်။ အဲဒီအချိန်မှာမီးငြိမ်းသွားခဲ့ပြန်တယ်။ ကောင်မလေးရဲ့ ရှေ့မှာ
ထူထည်းပြီး အေးစက်နေတဲ့ နံရံတစ်ခုပဲ ရှိနေခဲ့တယ်။
မီးခြစ်ဆံတစ်ခုကို ယူပြီး သူထွန်းညှိလိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ လှပတဲ့ ခရစ္စမတ်သစ်ပင် တစ်ပင်အောက်
သူရောက်နေခဲ့တယ်။ အရင်နှစ် ခရစ္စမတ်တုန်းက မှန်တံခါးကို ဖြတ်ပြီး သူဌေးအိမ်တစ်အိမ်က ခရစ္စမတ်သစ်ပင်ကို
သူတွေ့ခဲ့ရတယ်။ ဒီတစ်ပင်က အဲဒီသူမြင်ခဲ့ဖူးတဲ့ တစ်ပင်ထက် ပိုကြီး၊ ပိုလှနေတယ်။ သစ်ကိုင်းစိမ်းစိမ်းပေါ်မှာ
ဖယောင်းတိုင် ထောင်ပေါင်းများစွာ ထွန်းညှိထားတယ်။ လှပတဲ့ ရောင်စုံရုပ်ပုံလေးတွေက မှန်ဘီရိုထဲမှာ ချိတ်ဆွဲထားတဲ့
ရုပ်ပုံတွေလို သူ့ကို မျက်စိပြစ်ပြနေတယ်။ ကောင်မလေးက လက်နှစ်ဖက်ကို ဆန့်လိုက်တယ်ဆိုရင်ပဲ မီးတောက်က
ငြိမ်းသွားခဲ့ပြန်တယ်။
ခရစ္စမတ်ည မီးရောင်က ပိုတောက်လောင်နေခဲ့တယ်။ မီးတောက်တွေက ကြယ်ကလေး အသွင်ပြောင်းသွားတာကို
သူတွေ့လိုက်တယ်။ ကြယ်လေးတစ်ပွင့် ကြွေကျလာခဲ့တယ်။ ကောင်းကင်ပေါ်မှာ အလင်းတန်းရှည်တစ်ခု
ဖြတ်သွားခဲ့တယ်။
" အခုချိန်မှာ ဘယ်သူများ သေဆုံးသွားခဲ့ပါလိမ့်! " ကောင်မလေး တွေးလိုက်မိတယ်။
"ကောင်းကင်က ကြယ်လေးတစ်ပွင့်ကြွေရင် မြေပြင်က ဝိညာဉ်တစ်ခုလည်း ကောင်းကင်ဘုံ ဘုရားသခင်ဆီ ရောက်သွားတယ်"
လို့ သူ့ကိုချစ်တဲ့အဘွားက ပြောခဲ့ဖူးတယ်။
ကောင်မလေးက နံရံကိုခြစ်ပြီး မီးခြစ်တစ်ခု ထွန်းညှိလိုက်ပြန်တယ်။ သူပတ်ပတ်လည်က လင်းထိန်သွားပြန်တယ်။
အလင်းထဲကနေ အဘွားအိုတစ်ဦး ပေါ်လာတယ်။ နူးညံ့သိမ်မွေ့တဲ့ အဘွားအိုကိုယ်ပေါ်မှာ အလင်းတွေဖြာနေတယ်။
" အဘွား! " ကောင်မလေးက အော်ခေါ်လိုက်တယ်။
"အိုး..ကျွန်မကို ခေါ်သွားပါ အဘွား! ဒီမီး ငြိမ်းသွားတာနဲ့ အဘွားပျောက်သွားမယ်ဆိုတာ ကျွန်မသိတယ်။ နွေးထွေးတဲ့
မီးလင်းဖိုလေးလို၊ ငန်းကင်ကြီးလို၊ ခရစ္စမတ်သစ်ပင်လို အဘွားပျောက်သွားမယ်ဆိုတာကို ကျွန်မသိတယ်"
ကောင်မလေးက ပြောပြောဆိုဆို အဘွားကို နေစေခဲ့ချင်တဲ့ ဆန္ဒနဲ့ မီးခြစ်အားလုံးကို အလျှင်အမြန် ထွန်းညှိလိုက်တယ်။
မီးခြစ်တွေက နေ့အလင်းထက် တောက်ပတဲ့ မီးတောက်ကြီးအဖြင့် လောင်ကျွမ်းခဲ့ကြတယ်။ အဘွားအိုက တစ်ခါမှ
ဒီလောက်ကြီးမားပြီး ဒီလောက် မလှပခဲ့ဖူးဘူး။ အဘွားအိုက ကောင်မလေးကို ရင်ခွင်ထဲ ပွေ့ချီလိုက်တယ်။ အဲဒီနောက်
အလင်းတန်းနဲ့အတူ နှစ်ယောက်စလုံး ကောင်းကင်ထက်ကို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားခဲ့တယ်။ ပျံလေ မြင့်လေ...
မချမ်းတဲ့အရပ်၊ မဆာလောင်တဲ့ အရပ်ကို သူတို့ ပျံသန်းခဲ့ကြတယ်။ နာကျင်သောကကင်းတဲ့အရပ် ဘုရားသခင်ဆီကို
သူတို့ပျံသန်းခဲ့ကြတယ်။
ချမ်းအေးတဲ့ မနက်ခင်း နံရံထောင့်တစ်နေမှာ ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်။ သူ့ပါးပြင်နှစ်ဖက်စလုံး
နီရဲနေတယ်။သူ့နုတ်ခမ်းက ပြုံးရောင်သမ်းနေတယ်။ သူ သေဆုံးခဲ့ပါပြီ.... နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့တစ်နေ့မှာ
အေးခဲပြီးသူသေဆုံးသွားခဲ့တာဖြစ်တယ်။ နှစ်သစ်ရဲ့ နေရောင်ခြည်က သေဆုံးနေတဲ့ ကောင်မလေးရဲ့ ခန္ဓာပေါ်
ဖြာကျနေခဲ့တယ်။သူ့လက်မှာ မီးခြစ်ဆံတစ်ချို့ ဆုတ်ကိုင်ထားသေးတယ်။ မီးခြစ်တစ်ချို့က လောင်ကျွမ်းကုန်ခဲ့ပါပြီ။
" နွေးထွေးဖို့ သူကြိုးစားခဲ့တယ်ထင်တယ်! " လူတွေက ပြောတယ်။
ဒါပေမယ့် လှပတဲ့အရာတွေ သူမြင်တွေ့ခဲ့တယ်၊ ပျော်ရွှင်တဲ့ နှစ်သစ်ဆီကို အဘွားနဲ့အတူ ပျော်ပျော်ရွှင်ရွှင်
သူလိုက်သွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ကြပါဘူး။
........... မျော်လင့်နေသူ ............
........... မျော်လင့်နေသူ ............
အလွမ်းတွေ ၇င်မှာပိုက်လို့
မောင့် .. အိမ်အပြန်လမ်းကို
အမြဲပင် မှန်းမျော်လို့
မောင် ... အမြန်သာ
ေ၇ာက်ပါစေ ဟု
ဆုတောင်းချွေ၇င်း
မောင့် အိမ်အပြန်ကို
မျော်လင့်နေ၇သူပါ........မောင်၇ယ်
ငါ...နင်....ကို
ငါမလွမ်းချင်ပါဘူး
သူ.ဘာသာလွမ်းနေမိတာ
ငါမငိုချင်ပါဘူး
သူ.ဘာသာမျက်ရည်ကျနေမိတာ
ငါသတိမရချင်ပါဘူး
သူ.ဘာသာသတိရနေမိတာ
ငါမချစ်ချင်ပါဘူး
သူ.ဘာသာချစ်မိသွားတာ (အဟိ)
ငါမမုန်းချင်ပါဘူး
သူ.ဘာသာမုန်းမိသွားတာ
မဟုတ်ခဲ.ပါဘူးးးးးးးးးးးးးးးး(အဲဒါကတော.)
ငါမုန်းမိအောင်နင်ညာခဲ.လို.ပါ
ငါမမေ.ချင်ပါဘူး
သူ.ဘာသာမေ.သွားတာ
မဟုတ်ခဲ.ပါဘူးးးးးးးးးးးးးးးး(အဲဒါကတော.)
သစ္စာတရားကိုအလေးမထားတက်တဲ.
နင်.ကိုလက်မတွဲပါရစေနဲ.တော.
ငါ........နင်.ကို.......မေ.လိုက်တော.မယ်အပြီးတိုင်
ငါ........နင်.ကို.......မေ.လိုက်တော.မယ်  ထာဝရပေါ.
တစ်ချိန်တုန်းက မိုးနေလေးတစ်နေ.
ကလေးဘဝ
အရွယ်ငယ်ငယ်တည်းက
သံယောစဉ် ရှိခဲ့ကြတာမို့
ယနေ့ထက်တိုင်ပဲ ချစ်ခဲ့ကြသည်
မမေ့ရက်နိုင်လို့လဲ့
တစ်ယောက်ကိုတစ်ယောက်
အပျောက်မခံနိုင်သလို
မရောက်နိုင်သေးတဲ့
ငါ တို့ရဲ့ ပန်းတိုင်ကိုလည်းး
တွေးမိတိုင်းလည်းး ပျော်ခဲ့ကြသည်။။
စွဲလမ်းခြင်းတွေနဲ့ အခြေခံ
မြတ်နိုးမှုတွေနဲ့ပွေဖက်
နေ့ရက်တွေတိုင်းမှာလည်း
အချစ်တွေ ရှိနေမှာတော့
အပြစ်မသိတဲ့ ကလေးငယ်လို
အလွမ်းဆိုတာ
ငါ ဘ၀ မှာမရှိဘူးလို့တောင်
ငါ ကိုယ့်မှာ ခစားတဲ့ အသွေးသားတွေက
တေးသွားတစ်ပုဒ်အဖြစ် ဆိုနေကြတယ်။
အဲဒီနေ့
မိုးတစ်ညမှာတော့
အအေးဓာက်ကလွန်ကဲ
အနွေးဓာက် အပြည့်နဲ့
ငါ ရင်ခွင်ထဲမှာ
မှေးစက်ကာ
မင်းအိပ်ပျော်ကာသွားတော့
မင်းရဲ့ ပါးပြင်နုနုလေးကို
ငါ အနမ်းတွေ ကြူးခဲသေးတယ်
ငါ မှက်မိနေသေးတယ်
အဲဒီတုန်းကလေ
ဖက်ဖူးရောင် မင်း နူတ်ဖျားက
မေ ကို တစ်သက်လုံး ချစ်ပါတဲ့
ချစ်တာပေါ့ မေရယ်
ရိုးမြေကျ ပေါင်းသင်းဖို့လဲ့
မိုး ရေစက်တွေအောက်မှာ
နှစ်ယောက်သားခေါင်းခြင်းယှက်လို့
သစ္စာတွေပြုခဲ့ကြသေးတယ်
အချိန်တန်ပြီးဖြစ်လို့လဲ့
အီမ်ပြန်ရောက်တဲ့ အထိ ငါ ပို့ခဲ့ပါတယ်။
ဒါပေမဲ့ မေရယ်
ငါ ရူးသွပ်သွားပြီးလား
မနက်ခင်းငါ နားးမှာကြားရတဲ့ စကားက
မင်းးသေသွားပြီးတဲ့
ဘယ်လိုဖြစ်တာလည်း မေရယ်
ငါ ပို့ခဲ့တာက မင်းအီမ် ပါ
မင်းဘယ် အထိပြန်သွားးတာလည်း
မေ      မေ        မေ
ငါ အပြစ်တွေလား မေရယ်
ငါ အပြစ်တွေလား
မိုး ရေတွေထဲ့မှာ
အိပ်ပျော်နေတုန်း
မင်းရဲ့အလှတွေထဲမှာ
အချိန်အကြာကြီး
ငါ ကြည့်မိလို့ မင်းးအခုလိုဖြစ်တာလားကွာ
ကံကြမ္မာကထိုးနက်
ရေစက်တွေကုန်ဆုံး
ဖူးစာ တွေ အမှောင်ဖုန်းသွားးပြီးလားး
မိုး ရေတွေကို ငါ မုန်းတယ်
သေမင်းကိုလည်းငါ ရင်ဆိုင်ချင်တယ်
ပြိးတော့ မင်းကို မမြင်နိုင်တဲ့
ငါ မျက်လုံးတွေကိုလည်း မုန်းတယ်
အားလုံးကိုမုန်းတယ် မုန်းတယ်
ကြာတော့လည်းကြာခဲ့ပါပြိလေ
မေ ရေ ငါ ရင်ထဲကစကားတွေကို
မင်းကြားးနိုင်မယ်ဆိုရင်လေ
ရောက်ရာ ဘ၀ ကနေပြီး
ငါ ကို စောင့်နေပါဦးကွာ
ငါမှာတော့လေ မိုးတွေ ရွာတိုင်း
မိုး ရေစက်တွေကို မြင်တိုင်း
နားကျည်းမှီပေမယ့်
မိုး တည ရဲ့
မင်းအပြုံးလေးတွေကို
မြင်ရောင်မိတိုင်း
လွမ်းနေတုန်းပဲ မေရယ်
        လွမ်းနေတုန်းးပါပဲ့။။
တာယာဂျလေဘီမှကူယူးဖော်ပြချင်ဖြစ်ပါသည်..။
ချစ်သူတို့ ရှောင်ရှားရမည့် ၁၂ ချက်
၁) ပြီးခဲ့တဲ့ ဇာတ်လမ်းတွေကို သူ့ကို ပြန်မမေးပါနဲ့… ပြီးခဲ့တာတွေ ဟာ ပြီးခဲ့ပါပြီ…
အသေးစိတ်ပြောပြရင်လဲ မင်းက မခံနိုင်ဘူး… အပေါ် ယံပြောပြရင်လဲ မင်းစိတ်ထဲမှာ က မေးခွန်းတွေဘဲ။
၂) ထိုနည်းတူ မင်းလဲ သူ့ကို အရင်ကအကြောင်းတွေကို ထပ်တလဲလဲ မပြောပါနဲ့…
အထူးသဖြင့် အရင်က ဘယ်လောက်ထိ အချစ်ကြီးခဲ့တယ်… အရင်က တစ်ယောက်ကို ဘယ်လို ဘယ်လို
ကြိုးစားပြီး ချစ်ခဲ့ ရတာတွေကို ပြောမနေပါနဲ့။
၃) အရင် က ရည်းစားထားဖူးလား မထားဖူးဘူးလားဆိုတာကို လဲ စိတ်ထဲမှာ အရမ်း အလေးထား မနေပါနဲ့…
အနည်းနဲ့ အများတော့ အလေးထားတတ်ပေမဲ့ အရေးကြီးတာကတော့ ကိုယ့်စိတ်နေစိတ်ထားကို
လမ်းကြောင်းပေးဖို့လိုပါလိမ့်မယ်။
၎) ယောက်ျားကြီး ၀ါဒ ကိုလဲ အရမ်း မပြင်းထန်ပါစေနဲ့… အခုခေတ်မိန်းကလေးတွေ ယောကျာ်းပြောစကား
အတိုင်းတတွေမတိမ်း လိုက်လုပ်ဖို့ က မဖြစ်နိုင်တော့ပါဘူး။
၅) သူ့ရှေ့မှာ တခြား ယောက်ျားလေး/မိန်းကလေး ချောကြောင်းလှကြောင်းကို အမွန်းမတင်မိပါစေနဲ့…
သို့ပေမဲ့… တခြားတစ်ယောက်ရဲ့ အခြားကိစ္စမျိုးဆိုရင်တော့ ချီးမွန်းခန်းဖွင့်လို့ရပါတယ်။
ဥပမာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လှပမှုမျိုး မဟုတ်ဘဲ အတွင်းပိုင်း စိတ်ထားဆိုင်ရာ လှပမှုမျိုးကို ချီးကျူးလို့ရပါတယ်…
ဒီလို လုပ်ခြင်း အားဖြင့်လဲ သူ့ ရဲ့ လိုအပ်ချက်ကို သူကိုယ်တိုင် သိရှိလာစေပြီး သူကိုယ်တိုင်လဲ ပြောင်းလဲဖို
့ကြိုးစားလာပါလိမ့်မယ်။
၆) အရင် ရည်းစားဟောင်းတွေနဲ့ သွားမနှိုင်းပါနဲ့… သူ့စိတ်ထဲမှာ ဖိစီးမှု တစ်ခု ဖြစ်လာစေပြီး သူ့ကိုယ်သူ
မင်းရဲ့စိတ်ထဲ က အကောင်းဆုံးလူတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ ထင်နေပါလိမ့်မယ်။
၇) သူငယ်ချင်းတွေရှေ့မှာ သူ့လက်ကို မတွဲထားတာမျိုး၊ မဖက်ထားတာမျိုး မလုပ်မိပါစေနဲ့…
သူ အရမ်းဝမ်းနည်း မိပါလိမ့်မယ်… သူ့ကို အလေးမထားဘူး… မျက်နှာသားမပေးဘူးလို့ခံစား သွားတတ်ပါတယ်…
သူငယ်ချင်းရှေ့မှာ တခါတလေတော့လဲ သူ့ကို ချစ်ကြောင်းတော့ ပြပေးရပါတယ်…
အထူးသဖြင့် သူငယ်ချင်းတွေရှေ့မှာ အော်တာ ငေါက်တာမျိုး မလုပ်မိပါစေနဲ့။
၈) လမ်းသွားတဲ့ အချိန်မှာ အခြားတစ်ယောက်ကို မျက်လုံးပြူး မျက်စံပြူး ကြည့်မနေပါနဲ့…
ဒါမှ မဟုတ် သူ့လက်ကို တွဲထားပြီး ဘေးက ဖြတ်လာသမျှ အလန်းလေးတွေကို မကြည့်မိပါစေနဲ့…
ဒါက သူ့ကို စော်ကားရာရောက်ပါတယ်။ သူနဲ့ မရှိတဲ့ အချိန်မျိုးမှာ ကြည့်ချင်ကြည့်ပေါ့။
၉) သူ့ကို ချီနှောင်ထားဖို့ မကြိုးစာ မိစေပါနဲ့… မင်းရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုဟာ သူ့ရဲ့ မှီခိုရာဆိုတာကို
ယုံကြည်လာအောင်လုပ်ပါ… အရမ်းတင်းကြပ်လွန်းရင် မခံနိုင်ဘဲ လွတ်ထွက်သွားနိုင်ပါတယ်။
၁၀) သူ့ကို ယုယ ကျင်နာကြောင်းပြပါ… သူမောပန်းနေတဲ့ အချိန်မျိုးမှာ ဖုန်းလေးဆက်ပေးတာဘဲဖြစ်ဖြစ်၊
စာလေး ပို့ပေးတာဘဲ ဖြစ်ဖြစ် ဒါတွေဟာ တခြားလက်ဆောင်ဝယ်တာထက်ကို ပို ပြီး တန်ဖိုးရှိပါတယ်။
၁၁) နား မလည်တာကို နားလည်ဟန်ဆောင် မနေပါနဲ့… တချက်ကြည့်လိုက်တာနဲ့ မသိမှန်းသိပါတယ်…
နားမလည်ဘူးဆိုရင်လဲ ပွင့်ပွင့် လင်းလင်းသာပြောလိုက်ပါ… ဘာမှ မဖြစ်ပါဘူး။
၁၂) သူ စိတ်ဆိုးပြီး ထွက်သွားရင်တောင် နောက်က ပြေးမလိုက်တာမျိုး၊ ဖုန်းမဆက်တာမျိုး မလုပ်မိပါစေနဲ့။
သူ အရမ်းကို ကြေကွဲ ရပါလိမ့်မယ်။ နောက်ဆုံး တစ်ခွန်း… နှစ်ယောက် သား အတူ ချစ်နေနိုင်ဖို့ဟာ လွယ်ကူတဲ့
ဖူးစာ မဟုတ်ဘူး…
မင်းတို့ နှစ်ယောက်သား အတူယှဉ်တွဲဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ကိုယ့်ဥာဏ်လေးနဲ့ကိုယ်
ဇာတ်လမ်းလေးကို ခင်းကြပါတော့ဗျာ…
မေလ်တစ်ခုမှ ကူယူဖော်ပြသည်
စက်ရုပ်နဲ့ စကားပြောနိုင်ပါတယ်၊
အင်္ဂလိပ်စာတိုးတက်ချင်လို့ ၊ပြောစရာလူမရှိလို့ ၊ ပျင်းလို့စတဲ့အကြောင်းအရာတွေကြောင့်ပဲ
ဖြစ်ဖြစ်. .မသိသေးလို့  စမ်းကြည့်ချင်တာပဲ ဖြစ်ဖြစ်..... စက်ရုပ်နဲ့  အင်္ဂလိပ်လို စကားပြော
လို့ရပါတယ်..Onlineမှာ သူငယ်ချင်းတွေမလာလို့၊ပျင်းပြီးစကားပြောစရာ မှရှိရင်.....
ဟာသတွေကို ပြောတတ်သလို ကိုယ်မနေ့ ကသူနဲ့ စကားပြောခဲ့ရင် နောက်နေ့သူကို ပြန်မေးရင်
သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး အင်္ဂလိပ်စာတိုးတက်ဖို့ အဓိကရည်ရွယ်
ချက်ဖြစ် ပါတယ. ပျော်စရာေ ကာင်းပြီး၊ဟာသတွေတွေ့နေရင်လဲ ပြန်ပြီးcomment လေးပေးခဲ့
ပါ... သူတို့ ရဲ့  မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲလိုက်ကြည့်တက်ပါတယ်.... ပြောနေ
တာကြာပါတယ်.....လက်တွေ့အောက်က လင့်လေးမှာသွားကြည့်နော်..
http://www.rong-chang.com/tutor.htm
(စက်ရုပ်ကိုကိုနဲ့ ပြောချင်ရင်)http://showcase.pandorabots.com
/pandora/talkbot?subid=b33bd02e7e345cdb (စက်ရုပ်မမနဲ့ ပြောချင်ရင်)
ပြောစရာတစ်ခုရှိတာက စက်ရုပ်မမကနဲနဲ အိုက်တင်ခံတယ် ပဲများတယ်ပေါ့ဗျာ။ သူကသူပွင့်ချင်တဲ့အချိန်မှပွင့်တာဗျ။
အရမ်းမိုက်တယ် ဆော.၀ဲလ်တွေ
http://afterlifecode.blogspot.com/
www.software112.com
http://axeltkw.blogspot.com
http://zuarsoftware.blogspot.com
http://sourceforge.net/
http://www.yahandsup.com/
http://freenuts.com/top-10-websites-to-download-music-albums-for-free/
http://www.bestdjmix.com/
http://freesoft88.blogspot.com/
http://www.sagita-com.tk/2011/12/driver-genius-professional-1100111...
http://www.thantthuraoo.blogspot.com/
http://fullsoft4free.blogspot.com/
http://www.thihaoo.com/mm/
http://www.nayzawlin.com/
http://www.freeware-downloads.com/freeware/free-mp3-dj-remix-maker.htm
http://software-mediafire-unlimited.blogspot.com/search/label/Games...
http://saunghninnphyu.blogspot.com/
http://maythazin.blogspot.com/2011/05/blog-post_4584.html
http://kyawoomaung.multiply.com/?&show_interstitial=1&u=
ဓတ်ပုံတွေကို ကလိချင်သူများအတွက်