ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday 30 November 2012

၇ီစရာလို ထင်ရတာပဲ

(ချွေတာရေး)

ဥမင်လိုဏ်ခေါင်းများ ၊ ၀င်္ကပါများဖြင့်ရှုတ်ထွေးလှသော ရှေ့ဟောင်းရဲတိုက်ကြီးကို လမ်းပြက ကမ္ဘာလှည့်ခရီးသည်
များအားလိုက်ပြသည် ၊ မြေအောက်တနေရာတွင် လူအရိုးစုများတွေ့သဖြင့် ဧသည့်များက မေးသည် ။
"ဟိုအရင် ခေတ်က ကျန်ခဲ့တဲ့ လူရိုးတွေလားဟင် "
"မဟုတ်ဘူး ၊ လမ်းပြငှားရမှာကိုတွန့်တိုတဲ့လူတွေရဲ့အရိုး "




(တာဝန်အရ အသိပေးရမယ်)

ပြင်သစ်နိုင်ငံတွင်ဖြစ်သည် ၊ အရာရှိကြီးတစ်ဦးသည် မိမိ၏အတွင်းရေးမှူးမနှင့် ကားအတူစီးလာသည် ၊ လမ်းတွင်
ကားပျက်သွားသည် ၊အရာရှိကတွေးသည် ။ "အရာရှိ တစ်ယောက်အနေနဲ့ ကားပြင်ဌာနကို ဖုံးဆက်အကူအညီ
တောင်းသင့်တယ် ၊ဒါပေမဲ့ယောကျာ်း တစ်ယောက်အနေနဲ့ ပျက်တဲ့ဥစ္စာကို ငါကိုယ်တိုင်ပြင်သင့်တယ် "


ဤသို့စဉ်းစားပြီး ကားထဲမှ ထွက်သည် ၊ကုတ်အင်္ကျီကို ချွတ်ပြီး ကားအောက်သို့ဝင်သည်။
အတွင်းရေးမှူးမကစဉ်းစားသည် ၊ "မိန်းမ တစ်ယောက်အနေနဲ့ ငါကားပေါ်မှာပဲ ထိုင်နေသင့်တယ် ၊ ဒါပေမဲ့
အတွင်းရေမှူးမတစ်ယောက်အနေနဲ့ ကိုယ့် အထက်အရာရှိရဲ့ ဘေးမှာနေရမယ် " သို့ဖြင့်သူမ ကားအောက်ဝင်
သည် ၊ မကြာမီ ယာဉ်ထိန်းရဲ၏ ကားဖြတ်မောင်းလာသည် ၊ ယာဉ်ထိန်းရဲကစဉ်းစားသည် ၊


"ပြင်သစ်တစ်ယောက် အနေနဲ့ရော ယောကျာ်းတစ်ယောက်အနေနဲ့ပါ ငါဖြတ်မောင်းသွားသင့်တယ်၊ ဒါပေမဲ့
ရဲတစ်ယောက်အနေနဲ့ သူတို့ကားကိုခိုးသွားတာကြာပြီလို့ငါပြောဖို့တာဝန်ရှိတယ် "





(ဒါလဲဖြစ်နိုင်တာပဲ. .)

သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။
"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "
"ဘာဖြစ်လို့လဲ "
"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့
အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကိုတခြားယောကျာ်းတစ်ယောက်နဲ့တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာကြေးနန်းကို မရတာလဲ ဖြစ်နိုင်တာပဲ "




(အော်ဒက်ဆာသား . .)

ယူကရိန်းနိုင်ငံ အော်ဒက်ဆာမြို့သားတစ်ယောက်သည် ငါးဝယ်ရန်ငါးဆိုင်ထဲ ၀င်လာသည်။ အရောင်းသမကိုမေးသည်။
"ခင်ဗျားတို့ဆိုင်က ငါးဟာ အရှင်လား "
"အရှင်ပါ "
"အရှင်ဆိုရင် ဘာဖြစ်လို့ သူ မလှုပ်မရှား ဖြစ်နေတာလဲ "
"သြော် ဒါလား ၊ ငါးအိပ်နေတယ်လေ "
"အိပ်တယ်ဆိုပေမဲ့ အနံ့ဆိုးထွက်နေပါလား "
"ရှင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ၊ ရှင်အိပ်နေတုန်း ပါးစပ်ကအာပုတ်ရည်ထွက်တာကိုထိန်းနိုင်လို့လား ၊ ပြောစမ်းပါ "





(ကံကောင်းတယ်)

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "
"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "
"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲဆောင်သွားလေ့ရှိတယ်ဆို "
"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "





(ဘာကောင်လဲ)

"ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ "
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ၊ ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်"
"အဲဒါနဲ့ ငိုရရောလား ကလေးရဲ့"
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ "






(တယောဆရာ)
လူနာကိုခွဲစိတ်ရန်အတွက် အားလုံး အသင့်ဖြစ်နေပြီဖြစ်သည် ၊ လူနာကခွဲစိတ်ဆရာဝန်ကို မေးသည်။
"ဒေါက်တာ....ကျွန်တော့် အူအတက်ကို ဖြတ်ပြီးရင် ကျွန်တော် တယော ထိုးနိုင်မလားခင်ဗျာ"
"ထိုးနိုင်ပါတယ် "
"ဟန်ကျတာပဲ ၊ကျွန်တော် တယော တစ်ခါမှမထိုးဖူးသေးဘူး ၊ အခုထိုးနိုင်တော့မယ် တဲ့ "





(ရှက်တော့ရှက်သား)

"ဒေါက်တာရယ်. .ပြောရမှာရှက်တော့ရှက်ပါရဲ့ ၊ ကျွန်တော်လေလည်တဲ့အခါ လေလည်သံကိုမကြားရဘူး ၊ ကူညီပါဦး "
"ဒီဆေးပြားတွေ ယူသွား ၊ တစ်နေ့သုံးခါစား "
"ဒီဆေးစားရင် ကျွန်တော် ပိုကြားရမလား ခင်ဗျာ "
"ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်"





(လိုချင်လို့)

"ပီတာ....မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့"
"အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း"
"အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့"





(နောက်မလုပ်နဲ့)

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ် ကျန်နေသည် ၊ မနက်အိပ်ရာထသော
အခါ အရက်နာကျသည် ကိုဖြေဖျောက်ရန် အတွက်အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိတော့ချေ ။
သို့နှင့်အိမ်တွင် မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေ ပိုင်းတွင် မူးပြီးအိမ်ပြန်လာသည် ၊
မိန်းမ ကမေးသည် ။
"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"
"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို မင်းခုလိုပဲဆက်စမ်းနေရင်
မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "





(လျစ်လျူ ရှု)

ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက် "





(နေရာကောင်း)

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"





(တွေ့ရင်ပြောမယ်)

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်ပိုကြာအောင်ထားလိုက်သည်။
ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကိုရေထဲနှစ်လိုက်ပြန်သည်။
ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"
"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"




ဖတ်မိသမျှကို မျှဝေပါသည်။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။