ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Thursday 29 November 2012

ချစ်သူတို့ ရှောင်ရှားရမည့် ၁၂ ချက်

၁) ပြီးခဲ့တဲ့ ဇာတ်လမ်းတွေကို သူ့ကို ပြန်မမေးပါနဲ့… ပြီးခဲ့တာတွေ ဟာ ပြီးခဲ့ပါပြီ…
အသေးစိတ်ပြောပြရင်လဲ မင်းက မခံနိုင်ဘူး… အပေါ် ယံပြောပြရင်လဲ မင်းစိတ်ထဲမှာ က မေးခွန်းတွေဘဲ။
၂) ထိုနည်းတူ မင်းလဲ သူ့ကို အရင်ကအကြောင်းတွေကို ထပ်တလဲလဲ မပြောပါနဲ့…
အထူးသဖြင့် အရင်က ဘယ်လောက်ထိ အချစ်ကြီးခဲ့တယ်… အရင်က တစ်ယောက်ကို ဘယ်လို ဘယ်လို
ကြိုးစားပြီး ချစ်ခဲ့ ရတာတွေကို ပြောမနေပါနဲ့။
၃) အရင် က ရည်းစားထားဖူးလား မထားဖူးဘူးလားဆိုတာကို လဲ စိတ်ထဲမှာ အရမ်း အလေးထား မနေပါနဲ့…
အနည်းနဲ့ အများတော့ အလေးထားတတ်ပေမဲ့ အရေးကြီးတာကတော့ ကိုယ့်စိတ်နေစိတ်ထားကို
လမ်းကြောင်းပေးဖို့လိုပါလိမ့်မယ်။
၎) ယောက်ျားကြီး ၀ါဒ ကိုလဲ အရမ်း မပြင်းထန်ပါစေနဲ့… အခုခေတ်မိန်းကလေးတွေ ယောကျာ်းပြောစကား
အတိုင်းတတွေမတိမ်း လိုက်လုပ်ဖို့ က မဖြစ်နိုင်တော့ပါဘူး။
၅) သူ့ရှေ့မှာ တခြား ယောက်ျားလေး/မိန်းကလေး ချောကြောင်းလှကြောင်းကို အမွန်းမတင်မိပါစေနဲ့…
သို့ပေမဲ့… တခြားတစ်ယောက်ရဲ့ အခြားကိစ္စမျိုးဆိုရင်တော့ ချီးမွန်းခန်းဖွင့်လို့ရပါတယ်။
ဥပမာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လှပမှုမျိုး မဟုတ်ဘဲ အတွင်းပိုင်း စိတ်ထားဆိုင်ရာ လှပမှုမျိုးကို ချီးကျူးလို့ရပါတယ်…
ဒီလို လုပ်ခြင်း အားဖြင့်လဲ သူ့ ရဲ့ လိုအပ်ချက်ကို သူကိုယ်တိုင် သိရှိလာစေပြီး သူကိုယ်တိုင်လဲ ပြောင်းလဲဖို
့ကြိုးစားလာပါလိမ့်မယ်။
၆) အရင် ရည်းစားဟောင်းတွေနဲ့ သွားမနှိုင်းပါနဲ့… သူ့စိတ်ထဲမှာ ဖိစီးမှု တစ်ခု ဖြစ်လာစေပြီး သူ့ကိုယ်သူ
မင်းရဲ့စိတ်ထဲ က အကောင်းဆုံးလူတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ ထင်နေပါလိမ့်မယ်။
၇) သူငယ်ချင်းတွေရှေ့မှာ သူ့လက်ကို မတွဲထားတာမျိုး၊ မဖက်ထားတာမျိုး မလုပ်မိပါစေနဲ့…
သူ အရမ်းဝမ်းနည်း မိပါလိမ့်မယ်… သူ့ကို အလေးမထားဘူး… မျက်နှာသားမပေးဘူးလို့ခံစား သွားတတ်ပါတယ်…
သူငယ်ချင်းရှေ့မှာ တခါတလေတော့လဲ သူ့ကို ချစ်ကြောင်းတော့ ပြပေးရပါတယ်…
အထူးသဖြင့် သူငယ်ချင်းတွေရှေ့မှာ အော်တာ ငေါက်တာမျိုး မလုပ်မိပါစေနဲ့။
၈) လမ်းသွားတဲ့ အချိန်မှာ အခြားတစ်ယောက်ကို မျက်လုံးပြူး မျက်စံပြူး ကြည့်မနေပါနဲ့…
ဒါမှ မဟုတ် သူ့လက်ကို တွဲထားပြီး ဘေးက ဖြတ်လာသမျှ အလန်းလေးတွေကို မကြည့်မိပါစေနဲ့…
ဒါက သူ့ကို စော်ကားရာရောက်ပါတယ်။ သူနဲ့ မရှိတဲ့ အချိန်မျိုးမှာ ကြည့်ချင်ကြည့်ပေါ့။
၉) သူ့ကို ချီနှောင်ထားဖို့ မကြိုးစာ မိစေပါနဲ့… မင်းရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုဟာ သူ့ရဲ့ မှီခိုရာဆိုတာကို
ယုံကြည်လာအောင်လုပ်ပါ… အရမ်းတင်းကြပ်လွန်းရင် မခံနိုင်ဘဲ လွတ်ထွက်သွားနိုင်ပါတယ်။
၁၀) သူ့ကို ယုယ ကျင်နာကြောင်းပြပါ… သူမောပန်းနေတဲ့ အချိန်မျိုးမှာ ဖုန်းလေးဆက်ပေးတာဘဲဖြစ်ဖြစ်၊
စာလေး ပို့ပေးတာဘဲ ဖြစ်ဖြစ် ဒါတွေဟာ တခြားလက်ဆောင်ဝယ်တာထက်ကို ပို ပြီး တန်ဖိုးရှိပါတယ်။
၁၁) နား မလည်တာကို နားလည်ဟန်ဆောင် မနေပါနဲ့… တချက်ကြည့်လိုက်တာနဲ့ မသိမှန်းသိပါတယ်…
နားမလည်ဘူးဆိုရင်လဲ ပွင့်ပွင့် လင်းလင်းသာပြောလိုက်ပါ… ဘာမှ မဖြစ်ပါဘူး။
၁၂) သူ စိတ်ဆိုးပြီး ထွက်သွားရင်တောင် နောက်က ပြေးမလိုက်တာမျိုး၊ ဖုန်းမဆက်တာမျိုး မလုပ်မိပါစေနဲ့။
သူ အရမ်းကို ကြေကွဲ ရပါလိမ့်မယ်။ နောက်ဆုံး တစ်ခွန်း… နှစ်ယောက် သား အတူ ချစ်နေနိုင်ဖို့ဟာ လွယ်ကူတဲ့
ဖူးစာ မဟုတ်ဘူး…
မင်းတို့ နှစ်ယောက်သား အတူယှဉ်တွဲဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ကိုယ့်ဥာဏ်လေးနဲ့ကိုယ်
ဇာတ်လမ်းလေးကို ခင်းကြပါတော့ဗျာ…

မေလ်တစ်ခုမှ ကူယူဖော်ပြသည်

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။