အနေဝေးတဲ့လူတယောက်နဲ့ပတ်သက်ရတာသိပ်ပြီးလွယ်ကူတဲ့အလုပ်တခုတော့မဟုတ်ဖူး
ဝမ်းနည်းချိန်လည်း ကိုယ့်အနားမှာသူမရှိနိုင်ဘူးဝမ်းသာချိန်လည်း အတူရီမောမပျော်ရွှင်နိုင်ဘူး
စိတ်ကောက်ရင်လည်း အနားလာပြီးချော့တာမျိုးကိုမခံစားရဘူး ရန်ဖြစ်ချင်လည်း အားရပါးရဖြစ်ခွင့်မရဘူး
နွေးထွေးတဲ့အကြင်နာလေးတွေလည်း နှစ်ကိုယ်ကြားမပေးနိုင်ဘူး စိတ်ဆိုးရင်လည်း ရှင်းပြခွင့်အလွယ်တကူမရနိုင်ဘူး
နှစ်ယောက်လုံးရဲ့နှလုံးသားတွေ အထီးမကျန်တာလေးတခုပဲ
တခါတလေကျတော့လည်းအချစ်ကကျနော်တို့ကိုအခွင့်အရေးသိပ်များများစားစားမပေးဘူးလေ
တယောက်နှလုံးသားကိုတယောက်ပိုင်ဆိုင်ထားတယ်ဆိုတဲ့အသိလေးနဲ့ပဲနေ့ပေါင်းများစွာကို
ခက်ခက်ခဲခဲဖြတ်သန်းကျော်လွန်နေခဲ့ရပါတယ်
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။