ကျွန်တောများ ၀န်ဆောင်မှုများမှာ,
မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။
Sunday, 25 November 2012
Photoshop ၀ါသနာရှင်များအတွက် အလွယ်ဆုံး ဓာတ်ပုံပြင်နည်း
Photoshop ၀ါသနာရှင်များအတွက် အလွယ်ဆုံး ဓာတ်ပုံပြင်နည်း
ဆော့ဝဲကလည်း သုံးရတာလမ်းတယ် မော်ဒယ်ကလည်း ဖလမ်းဖလမ်..ဆိုတော့ကာ....
ဒီဆော့ဝဲလေးကလည်း ၀ါသနာတူသူငယ်ချင်းများအတွက် အသုံးဝင်တဲ့ ဆော့ဝဲပါ
ဒီဇိုင်း ၊ကာလာ၊ အဖြူအမဲ၊ ခဲချစ်ပန်းချီ ၊ နှစ်ကိုယ်ခွဲသုံးကိုခွဲ၊ရုပ်ပြောင်၊ ပန်းဘောင်
အလှဆင် အစုံသုံးရတယ် စက်လည်းမလေးတဲ့ ပေါ့ပေါ့ပါးပါးလေးပါ ။အသုံးပြုပုံက
လွယ်ကူနေသောကြောင့် ယူဖြစ်အောင်သာ ဆောင်ထားကြပါလို့ .......................။
ဒီမှာယူလိုက်ပါ - http://www.mediafire.com/? Eflim Design Effect softwere
မောင်(စွယ်စုံကျမ်း..မူရင်း
ဓာတ်ပုံမူပိုင်ပြင်ချင်တဲ့ ဘလော့ဂါများနဲ့  မူပိုင်နာမည်ထဲ့ချင်သူများအတွက်
ဓာတ်ပုံမူပိုင်ပြင်ချင်တဲ့ ဘလော့ဂါများနဲ့  မူပိုင်နာမည်ထဲ့ချင်သူများအတွက်
နမူနာထည့်ကြည့်တာ...မြန်မာလိုလည်းရပါတယ်..ဖလမ်းဖလမ်း
ပုံဘယ်လောက်များများ တစ်ကြိမ်ရေးတာနဲ့  ပုံအားလုံးမှာ သွားပြီးထင်တာပါ..လန်းတယ်
ဒီဆော့ဝဲလေးကတော့ ဘလော့မှာ မိမိတို့ ရဲ့ပုံတွေ အများကြီးတင်ချင်တဲ့အခါ ပုံထဲမှာ
မိမိဘလော့လိပ်စာ သို့ မဟုတ် အမှတ်သား လေးတစ်ခုခု ထည့်ချင်ရင် သုံးသင့်တယ်
ဘာလို့ လည်းဆိုတော့ Folderတစ်ခုထဲမှာ ပုံ၃၀လောက်ထည့်ပြီး ဒီဆော့ဝဲလေးနဲ့ ယူ
ပြီးရင် ထည့်ချင်တဲ့စာတမ်းရေး ထားမယ့်နေရာရွေး မြန်မာလိုလည်းရေးလို့ ရပါတယ်
ပုံရဲ့အောက်ခြေမှာလား အလည်မှာလား သေချာပြင်ပါ ပြီးရင် နှိပ်လိုက် တစ်ကြိမ်ထဲနဲ့ 
Folder ထဲမှာရှိတဲ့ ပုံတွေမှာမိမိထည့်ထားတဲ့စာ ပေါ်နေမှာပါ တစ်ခုဆိုးတာက မှားရင်
မူရင်းပုံတွေမှာ သွားထင်တဲ့အတွက် မသေချာရင် ပုံတွေကို ကော်ပီယူထားပါ ဒါဆိုရင်
မှားတဲ့အခါ မူလပုံအကောင်း ပြန်ယူလို့ ရတယ် ပုံများများတင်ပြီး တစ်ပုံချင်း ဘလော့
လိပ်စာတွေ မိမိမေးလိပ်စာတွေလိုက်ထည့်ရရင်မလွယ်ဘူး ခုဒီနည်းက ပုံများများကို
တစ်ကြိမ်ထဲနဲ့  Copy Right ထည့်လို့ ရပါကြောင်း....လိုအပ်ရင်ဆွဲစေ.................။
ဒီမှာယူလိုက်ပါ - http://www.mediafire.com/?Esay Image Modify (copy Right)
မူရင် ..မောင်(စွယ်စုံကျမ်း)
Photoshop ၀ါသနာရှင်များအတွက် ဓာတ်ပုံကို ကာတွန်းပုံပြောင်းနည်း
Photoshop ၀ါသနာရှင်များအတွက် ဓာတ်ပုံကို ကာတွန်းပုံပြောင်းနည်း
ဒီဆော့ဝဲကလည်း ပုံတစ်ပုံကို ကားတွန်းစတိုင်ဖြစ်ဖို့  အလွယ်ပြောင်းတဲ့ ဆော့ဝဲပါ
အသုံးပြုနည်းTutorial လေးပါတယ် ကြည့်ပြီးပုံစံတူလုပ်ပေးရုံပဲ လိုအပ်သူများတွက်
ပြန်လည်မျှဝေလိုက်ပါတယ်................................................................................။
ဒီမှာယူလိုက်ပါ - http://www.mediafire.com/? Photo to Cartoon
အတော်လေးကောင်းတဲ့ Photoshop ပါ ( နမူနာကြည့်ကြည့်..ကြိုက်စေရမယ်)
အတော်လေးကောင်းတဲ့ Photoshop ပါ ( နမူနာကြည့်ကြည့်..ကြိုက်စေရမယ်)
Photoshop ပိုင်းဆိုင်ရာ ပြုပြင်နည်းတွေအများကြီးပါသေးတယ်..လိုအပ်သလိုသုံးကြည့်
စာတမ်းကို နောက်ခံမပျက်စေပဲ ဖျက်ထားတဲ့ပုံပါ..အတော်လေး သဘောကျတယ်
ဒီဆော့ဝဲလေးက အရင်တင်ပီးသားထင်တယ် အသုံးလိုနေတဲ့နေရာလေးတစ်ခုရှိလို့ 
ထပ်ပြီးတင်လိုက်ပါတယ် Photoshopပိုင်းဆိုင်ရာမျက်နှာအနုစိတ်jပန်ပြင်ဖို့ အတွက်
အသုံးပြုလို့ ကောင်းတယ် ပုံတွေမှာပါလာတဲ့ စာတွေကိုလည်း နောက်ခံမပျက်စေပဲ
ဖျက်ပေးပါတယ် နမူနာပုံလေးတင်လိုက်ပါတယ်..အသုံးလိုရင်ယူ...Full Version ..။
ဒီမှာ Download ယူပါ -http://www.mediafire.com/?Photoinstrument5.5 full
မှတ်ချက်..မေလ်တစ်ခုမှ ပြန်လန်ဖော်ပြသည်
အပိုအလိုနှိုင်းစရာမလိုတဲ့ Photo Shine ( ရက် 30 ကျော် ပြဿနာအတွက်)
အပိုအလိုနှိုင်းစရာမလိုတဲ့ Photo Shine ( ရက် 30 ကျော် ပြဿနာအတွက်)
ဒီဆော့ဝဲလေးရဲ့ကောင်းမွန်ပုံကိုတော့ သိကြပြီးသားဖြစ်မယ် အရင်တင်ထားပါတယ်
ရက်30ကျော်လာရင် ပြဿနာတက်ပြီး သုံးမရဖြစ်နေသော သူငယ်ချင်းများအတွက်
Key generator လေးနဲ့  ပြန်တင်လိုက်ပါတယ် လုပ်နည်းလေးကတော့လွယ်ပါတယ်
အရင်အဟောင်းမဖျက်ပဲ အင်စတောထပ်လုပ်လိုက်ပါ
ပြီးရင် ဒေါင်းလုပ်ယူထားတဲ့ ဖိုင်ထဲက Key Gen ကို ဖွင့်ပါ
ပွင့်လာရင် Photoshine ကိုရွေးပါ(တခြားဆော့ဝဲအတွက်လည်း key ရှာရပါတယ်)
Generate ကိုနှိပ် Key ထွက်လာရင် Copy ယူလိုက်ပါ
Photo Shine ဖွင့် Key Gen ကထွက်လာတဲ့ key ကိုထည့်လိုက်ပါ အဆင်ပြေပါ၏
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/Photoshine with Key
မူရင်းလင့် - htt://www.ivennuary.com/2011/12/free-download-photoshine-full
မူရင်းလင့် - http://sector169.blogspot.com/2012/07/free-download
မှတ်ချက် ...မောင်(စွယ်စုံကျမ်းမှ ပြန်လန် မျှဝေကူယူဖော်ပြသည်..။
ဒီပညာလေးလည်း မဆိုးဘူး..စိတ်ဝင်စားဖို့ တော့ ကောင်းသား
ဒီပညာလေးလည်း မဆိုးဘူး..စိတ်ဝင်စားဖို့ တော့ ကောင်းသား
အင်တာနက်မှာ ပုံတွေရှာရင်း ကူးရင်း နဲ့  အခုလို ပြဿနာလေးတွေ တွေ့ ခဲ့ရပါတယ်
ကာထားတာ ရှိတယ် အဲ့ခါမျိုးမှာ Enable Java Script ကို အမှန်ချစ်ဖြုတ်ပြီးကူးရင်
ရတယ် ဒါပေမယ့် ဒီနည်းကတော့ Java နဲ့ မရဘူး သဘောကျလို့  ပြန်တင်ကြည့်တာ
ဘာမှတော့မဟုတ်ဘူး..လေ့လာကြည့်စေဖို့  မျှဝေလိုက်တယ်နော်...ဆေ့မရဘူးဆိုရင်
ရအောင်ဆေ့တဲ့ နည်းတွေအများကြီး Prtsc လုပ်လည်းရ Sniping ဖြတ်ယူလည်းရ
နောက်ထပ်အများကြီး၇ှိသေးတယ်..လေ့လာလိုတယ်ဆိုရင် သွားကြည့်.................။
ဒီလင့်မှာနှိပ်ကြည့်ပါ..- http://www.flickr.com/photo
ဒီနည်းလမ်းလေးက တကယ့်ကိုအဆင်ပြေတယ် သုံးဖြစ်အောင်သုံးကြည့်
ဒီနည်းလမ်းလေးက တကယ့်ကိုအဆင်ပြေတယ် သုံးဖြစ်အောင်သုံးကြည့်
ဒီနည်းလေးကလည်း အတော်လေး အသုံးဝင်ပါတယ်။ ဒါကြောင့် အရမ်းညွှန်းနေတာ
သုံးကြည့်စေချင်လို့ လေ ။  အသုံးပြုပုံက ပုံတွေ ဒေါင်းလုပ်ယူတဲ့အခါ အများဆုံးဆေ့
တာက Desktop ပေါ်ကို အလွယ်ဆေ့တာ ကြာတော့ မျက်နှာပြင်တစ်ခုလုံးပြည့်ရော
ဒီဟာလေးက  ဘယ်နေရာမှာမဆို သုံးလို့ ရတယ် စတစ်တွေထဲကို ထည့်ထားလိုက်
ပြီးရင် ၂ချက်သာ နှိပ်ပေးလိုက် ။ ပြန်ကျဲနေတဲ့ ပုံတွေ ဓာတ်ဖိုင်လေးနဲ့  အော်တိုစုပီး
သိမ်းပေးလိမ့်မယ်။ ဒေါင်းလုပ်ယူထားတဲ့ ဖိုင်လေးကို ဖြည့်လိုက်ပါ ပြီးရင် ပုံတွေများ
တဲ့နေရာမှာထား ။ ကျနော်က အပြင်မှာများလို့ ထားလိုက်တာပါ စတစ်ထဲကူးထည့်
ချင်လည်းရတယ် ။ စတစ်ထဲမှာ  ရှင်းပေးလိမ့်မယ် ။တခြားနည်းတွေနဲ့  ဆတူပွားပြီး
ရေးချင်ရင်လည်းရတယ်  ဒီကုတ်တွေကို မူရင်းရေးသားသူက  ဦးလေး  မသုံးလုံးပါ
သူရေးထားတဲ့ ကုတ်တွေကို ပြန်ပြင်ပြီး ဖလမ်းဖလမ်း ထကြည့်တာ စာဖတ်သူတွေ
အဆင်ပြေအောင် အရန်သင့် လုပ်ပေးတာပါ ။ အများကြီးမပြင်ထားပါဘူး အဲ့တော့
ပြန်ပြင်ချင်တယ် ထပ်ပြီးတခြား သီချင်းဖိုင်တို့ များများ ဆေ့တဲ့ဟာတွေအတွက်ကို
သီးသန့် ထပ်ပြင်ရေးလည်းရပါတယ် များသောအားဖြင့်ပုံတွေပဲ ဆေ့ဖြစ်တာဆိုရင်
ဒါလေးနဲ့ ရှင်းလိုက်..ကဲ ကြိုက်ရင်ဆွဲ..လိုရင်သုံး...ကိုမသုံးလုံး......ကျေးဇူးပါ........။
ဒီမှာ Downloadယူပါ - http://www.mediafire.com/အလန်းဇယားလေးပါ.
မူရင်းကုတ်တွေရေးသူ- http://maymyomoe90.blogspot.com/ မေမြိုမိုး
ချစ်သူဆီက အဖြေတောင်းတဲ့နည်း (ချစ်မလား လက်ထပ်မလား မေးသလိုလို)
ချစ်သူဆီက အဖြေတောင်းတဲ့နည်း (ချစ်မလား လက်ထပ်မလား မေးသလိုလို)
ဒီနည်းလေးကတော့ ချစ်သူဆီက အဖြေတောင်းဖို့ ကောင်းတဲ့နည်းလေးပါ အဖြေ
မရသေးတဲ့သူများ ဒီနည်းနဲ့ တောင်းကြည့် မိုက်တယ်.ဆော့ဝဲလေးကို ချစ်သူဆီပို့ 
အဲ့ဆိုသူသဘောပေါက်သွားလိမ့်မယ်။အဘတို့ ကအသက်ကြီးပီကွယ် ကလေးတို့ 
ဆော့ဖို့ မျှဝေလိုက်တယ်နော် အပျိုးကြီးလူပျိုကြီးများနှင် ချစ်သူမရှိသူများသို့ .....။
ဒီလင့်မှာယူပါ - http://www.mediafire.com/?အဖြေတောင်းနည်းဆော့ဝဲ
ဖုန်းရော ကွန်ပျုတာမှာပါ သုံးလို့ ရတဲ့ စကားပြောဆော့ဝဲ
ဖုန်းရော ကွန်ပျုတာမှာပါ သုံးလို့ ရတဲ့ စကားပြောဆော့ဝဲ (မဆဲနဲ့ နောသူ့ ကို)
ဒီဆော့ဝဲလေးက ဖုန်းအတွက်သာမဟုတ်ပဲ  ကွန်ပျုတာမှာလည်း သုံးလို့ ရပါတယ်
အပျင်းပြေ အပြန်အလှန် စကားပြောလို့ ရပါတယ် ။ သိချင်တာလည်း မေးလို့ ရ၏
မေးချင်ရာမေး ဖြေချင်ရာဖြေတယ် ရီလည်း၇ီရ စိတ်လည်းတိုရပေါ့ သွားပြီးတော့
ဆဲရင် ပြန်ဆဲတယ်ဗျာ ။ဖုန်းမှာမထည့်ခင် ကွန်ပျုတာမှာလည်း စမ်းကြည့်လိုက်ပါ
တကယ်ပျော်ရတယ် ။ ဖုန်းမှာထည့်သုံးချင်ရင် Gplay မှာယူလို့ ရပါတယ် ။ မရရင်
မေးပို့ လိုက်ပါ ထည့်လို့ ရအောင် ကူညီပါမည်.................................................။
ကွန်ပျုတာမှာစမ်းချင်ရင် ဒီမှာ - http://www.simsimi.com/talk.htm
Android Phone မှာထည့်ချင်ရင် ဒီမှာ - https://play.google.com/store/apps
မှတ်ချက်..မောင်စွယ်စုံကျမ်းမှ ပြန်လည်ကူးယူးမျှဝေဖော်ပြသည်
ဖိတ်စာ ၊ လိပ်စာ ၊ ပြက္ခဒိန် ဒီဇိုင်းကဒ်များ အမြန်လုပ်လို့ ရတဲ့ နည်းလမ်းတစ်ခု
ဖိတ်စာ ၊ လိပ်စာ ၊ ပြက္ခဒိန် ဒီဇိုင်းကဒ်များ အမြန်လုပ်လို့ ရတဲ့ နည်းလမ်းတစ်ခု
ဒီနည်းလမ်းကတော့ ပြုလုပ်ရတာ လွယ်ကူမြန်ဆန်သလို စက်တိုင်းမှာလည်းရှိတယ်
သူ့ နာမည်က  Miscrosoft Publisher ပါ ။ Miscrosoft Package  တစ်ခုလုံးကိုသာ
Standard နဲ့ အင်စတောလုပ်ထားရင် ဒီဟာပါလာမှာပါ အဲ့လိုမဟုတ်ပဲ ပြုပြင်ထားတဲ့
Customize အင်စတောဆို Publisher ,Access ,တို့ ဖြုတ်ထားတတ်တယ် မသုံးတဲ့
အပိုင်းတွေ ထားခဲ့တော့ စက်ပေါ့တယ် နေရာအလွတ်ကျန်တယ် ရုံးက ကွန်ပျုတာမှာ
မထည့်ထားတဲ့ စက်တွေများတယ် ရုံးပိုင်းမှာက သိပ်မသုံးကြဘူး ။ Word , Excel နဲ့ 
Power Point တွေ အသုံးများလို့ ပါ ဒါပေမယ့် ဒီဇိုင်းဝါသနာရှင်တွေ ဖိတ်စာ လိပ်စာ
ဓာတ်ပုံနဲ့ ပြက္ခဒိန်လုပ်ချင်သူတွေက ဒီဟာလေးကို သုံးကြည့် အရမ်းအဆင်ပြေတယ်
နာမည်တွေအစားထိုးရုံနဲ့  လွယ်ကူစွာ လိပ်စာကဒ်တစ်ခု ရလာမှာပါ ။ ပိုစ်ကတ်လေး
မီနူးဒီဇိုင်း ဘွဲလက်မှတ် ဒီဇိုင်းစုံလင်စွာ လုပ်လို့ ရပါတယ် ။ ဒီဇိုင်းနဲ့ ပတ်သက်လာရင်
ဝက်ဆိုဒ်ဒီဇိုင်းတွေက အစ  ရေးလို့ ရအောင်  ပြုလုပ်ပေးထားတဲ့အတွ က် သုံးဝင်တဲ့
ဆော့ဝဲလေးပါ ကိုယ်စက်ထဲမှာ ရှိတယ်ဆိုရင် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါ၏.....။
Microsoft Publisher — desktop publishing software mostly used for designing brochures, labels, calendars, greeting cards, business cards, newsletters, and postcards.
Saturday, 24 November 2012
ဂီမ်းဆော.၀ဲလ်လေးပါ
အပျင်းပြေစိတ်လှုပ်ရှားစရာလေးတစ်ခုပါ
အပျင်းပြေတယ်...ဘယ်သူ့ မှသတိမရဘူး..ဆော့ကြည့်
ဒီလင့်မှာ သွားဆော့ပါ......  http://www.puffgames.com/flashstrike/
ဘိလိယက်ထိုးချင်ရင် Computer ထဲ ကို အင်စတောလုပ်လိုက်
ဘိလိယက်ထိုးတာ ၀ါသနာပါတဲ့ Gameသမားတွေအတွက် အဆင်ပြေပါတယ်
ဒီလင့်မှာ Download ယူလိုက်ပါ - http://www.mediafire.com/ဘိလိယက် Game
မူရင်းလင့် - http://www.brtricks.com/2012/05/3d-live-pool-v232-game
အပျင်းပြေ Game ဆော့ဖို့ အတွက် Angry birth(ဆော့လို့ ကောင်းတယ်)
သေနပ်ပစ်တာတွေ မဆော့ချင်ရင် ဒါလေးယူ။ Path မလုပ်တတ်ရင် ဆက်သွယ်ပါ
ဒေါင်းလုပ်ယူ အင်စတောလုပ်ပြီး zwmnna@gmail.com ကို မေးလို့ ရပါကြောင်း...။
Path ဖိုင်သုံးပြီးမှ ကီးထည့်ပါ -Serial : ADCD-EFGH-IJKL-MNOP
ဒီလင့်မှာ Download ယူပါ - Angry -birth Full version with path & Key
မူရင်းလင့် - http://www.brtricks.com/2012/05/angry-bird
ပစ်တာခတ်တာဝါသနာပါသူတို့ အတွက် ဖလမ်းဖလမ်းထစေတဲ့ free game
ပိုက်ဆံစုထားလိုက် ရပြီဆိုရင် လက်နက်ကြီးဝယ်ပြီးပစ် ပစ်ရတာ ဖလမ်းဖလမ်းထတယ်
ဒီကောင်လေးကလည်းAlier နဲ့ အတူတူပဲ ပစ်ပုံပစ်နည်းတော့အနည်းငယ်ကွာတယ်
ဇာတ်လမ်း လည်းတူပါတယ် ။ ဒီမှာတော့ ဇာတ်လိုက်က တစ်ယောက်ထဲ ပြောင်းလို့ 
မရဘူး Alier မှာက ပြောင်းရတယ် လက်နက်တွေလည်း ၀ယ်လို့ ရတယ် ပိုက်ဆံကို
စုထားလိုက်ပါ။လက်နက်ကြီး စက်သေနပ်တွေနဲ့  ပစ်ရတာ အရမ်းဆော့လို့ ကောင်း
အိပ်လို့ လည်းမရဘူး စိတ်ညစ်တာလည်း ပျောက်တယ် အားလုံးမေ့ပြီး Game ထဲကို
နှစ်ထားလိုက် အင်စတောလုပ်ရတာလည်းမခက်ဘူး ။ အလကားရတဲ့ ဆော့ဝဲလေး
ဆော့ချင်ရင်ယူထား မပြောဘူး။ ဆော့ဖို့ အတွက် သေသေချာချာယူထားပေတော့.။
ဒီလင့်မှာ Download ယူပါ - http://www.media.com/Theseus shooter games
မူရင်းလင့် - http://www.gametop.com/download-fre games/theses-shooter/
ဒီမှာလည်းရ-http://game.giveawayoftheday.com/theseus-return-of-the-hero/
လွယ်လည်းလွယ် ဆော့လို့ လည်းကောင်း အပျင်းလည်းပြေတဲ့ Game Ali
ဒီ Game လေးက အရမ်းဆော့လို့ ကောင်းသလို  အင်စတောလုပ်ရတာလည်း အရမ်း
လွယ်ကူတယ် စိတ်ဝင်စားဖို့ ကောင်းတယ် အပျင်းလည်းပြေတယ် ပစ်တာခတ်တာကို
ဝါသနာပါသောသူငယ်ချင်းတို့ အတွက် အခုဆော့နေတဲ့ game လေး တင်ပေးတာပါ
တကယ်ကောင်းတယ်။အကောင်တွေကို သေနပ်နဲ့ လိုက်ပစ်ရတာ အကောင်တွေမှာ
အစိမ်းရောင် ၊အနီရောင် ၊အပြာရောင်၊ အ၀ါရောင် ရှိတယ်။ ပစ်နေတုံးမှာ အကောင်
တွေသေရင်  ကိုယ့်အတွက် ကျည်ဆံ သို့ မဟုတ် စက်သေနပ်၊ လောင်ချာ ၊ ဗုံး တွေ
ရတယ် များများ သတ်လေ လက်နက်များများ ရလေပဲ၊အဲ့တော့ ပွဲဦးထွက်လာတာနဲ့ 
တွေ့ သမျှအကောင်တွေကို ပစ္စတိုသေနပ်နဲ့  အသေပစ် ။ လက်နက်တွေ ကောက်ပါ
နောက်ထပ် အကောင်ကြီးတွေ ထွက်လာရင် လက်နက်ပြောင်းပစ် ။အဲ့မှာ ဆီပီပါတို့ 
ပေါက်ကွဲစေတဲ့ ပစ္စည်းတွေရှိတယ် ။ အကောင်များလာရင် အဲ့လိုနေရာတွေကိုသွား
စုလာပြီဆို အဲ့နေရာကို ဖောက်ခွဲလိုက် အကောင်တွေ အများကြီးသေတယ် မပေါက်
ကွဲခင် ကိုယ်က ထွက်ပြေးဖို့ လိုတယ်နော် ။ မဟုတ်ရင် GameOverဆိုပြီး သေရော။
ဇာတ်လိုက် နှစ်ယောက်ပါတယ် မဆော့ခင်ရွေး။ ကောင်လေးဆော့ရင် ကောင်လေး
ဇာတ်လိုက်ထား ။ ကောင်မလေးတွေ ဆော့ရင်တော့ ကောင်မလေးဇာတ်လိုက်ထား
ဆော့တာ ရင်မောတယ် ။ မနိုင်မချင်းဆော့တာနဲ့  အိပ်ရေး ပျက်မှာတော့ သေချာပီ
ကဲ ..ပျက်ချင်ရင်ယူ....မှားတွားလို့ ...ဆော့ချင်တဲ့သူယူ.................................။
ဒီလင့်မှာ ယူပါ - http://www.zwmnna.com%29. Shotting Alier PC Game
မူရင်းလင့်ပါ - http://www.gametop.com/download-free-games/alien
လက်ကွက်ကျင့်နည်းနဲ့ စာရိုက်မြန်စေနိုင်တဲ့Game လေးပါ
ဒီဆော့ဝဲလေးကအင်စတောလုပ်စရာမလိုပဲတန်းသုံးလို့ ရတဲ့ဟာပါ portable
လေးမလို့  အားလုံးအဆင်ပြေမှာပါ အားတဲ့အခါ စာစီစာရိုက်ကျင့်ရင်းGame
ဆော့လို့ ရတယ်နော Game ဆော့တာကလဲ Abc ပေါ်လာတဲ့  ဟာရိုက်ရင်
အမှတ်ရတဲ့ဟာ သူပေါ်ပေးတဲ့ဟာ အမြန်ရိုက်ရင်  လက်ကွက်ကမြန်လာမှာ
ပါအများကြီး စာရှည်မှာစိုးလို့ ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော
(၁) စာစီစာရိုက်အခြေခံသင်တန်း မတက်ဖူးသေတဲ့အခြေခံသူများ
(၂)အခုမှကွန်ပျုတာကိုစတင်လေ့လာမည်အခြေခံပညာသင်သူများ
(၃)စာရိုက်ပုံရိုက်နည်းကိုစနစ်တကျမသိသူများ
(၄)သင်တန်းတက်ဖူးသော်လည်းအမြန်မရိုက်တတ်သူများ
အထက်ပါ၎ချက်ထဲမှာ ပါရင်တော့ဒီဆော့ဝဲလေးယူမှရမှာနော်ကျနော်တောင်
game ဆောရင်းရိုက်နေတာပျော်ဖို့ ကောင်းတယ်စာရိုက်လည်းမြန်တယ်အ
ပျင်းလည်းပြေတယ်သူ့ ထက်ကောင်းတာတောင်သူ့ လောက်မကောင်းဘူးလို့ 
ပြောချင်ပါတယ်ဗျာ..ကဲ...စမ်းချင်ရင်ဆွဲပေတော့.......................။
ဒီမှာDownload ယူပါ ...စာစီစာရိုက်ကျင့်တဲ့ဆော့ဝဲ
အထက်ကမရရင်ဒီကယူပါ  စာစီစာရိုက်ကျင့်တဲ့ဆော့ဝဲ
မြန်မာဖောင့် ပြဿနာတက်သူများအတွက် Zawgyi Blog Day ပါ
မြန်မာဖောင့် ပြဿနာတက်သူများအတွက် Zawgyi Blog Day ပါ
မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်
လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ
လေးထောင့်ကွက်တွေ  ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်
ရေးရင် လေးထောင့်ကွက် ၊  နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို
သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။
ဒီမှာ Download ယူပါ -http://www.mediafire.com/Zawgyi Blog Day Font
မသုံးခင် ဖတ်ကြည့်ပါ - http://www.alpha.com.mm/blogday/index.html
.မှတ်ချက် ... အကိုမောင် ဆီမှ ကြိုက်နှစ်သက်လို. ပြန်လန်မျှဝေကူးယူဖော်ပြပါသည်..။
Friday, 23 November 2012
ပုံလေးတွေကို အစားထိုးပြီးပုံဖော်ရအောင်နော်
ဒီထဲလေးမှာ ပုံစံအမျိုးမျိုးလုပ်ကြည့်လို့ရပါတယ်နော် ဒီဆိုဒ်ကို သိတဲ့သူတွေရှိမှာပါ
သိပြီးသူတွေကိုတော့ မပြောတော့ဘူး။
မသိသေးတဲ့သူတွေ အခုမှ ဒီဆိုဒ်ကို ရောက်တဲ့သူတွေအတွက်ပါ။  
သူငယ်ချင်းတို့ လွယ်လွယ်လေးပုံဖော်လို့ရအောင် ပုံလေးနဲ့ရှင်းပြထားပါတယ်နော်
အရင်ဆုံး ဒီနေရာကို သွားလိုက်ပါနော်
သူငယ်ချင်းတို့ ပျင်းတဲ့အခါ ကလိကြည့်နော်..မှတ်ချက် မေလ်တစ်ခုမှ ပြန်လန်မျှဝေကူယူဖော်ပြသည်...။
ကိုယ့််ခန္ဓာကိုယ်ကို ကိုယ်နှစ်သက်သွားစေမယ့် လျှို့ဝှက်ချက် ၆ ချက်
ကိုယ့်ရဲ့ ရှိရင်းစွဲ ပုံစံကို ကျေနပ်သဘောကျဖို့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အချိုးအစစ်နဲ့ ရုပ်ရည်ကို ပိုင်ဆိုင်စရာမလိုပါဘူး။
အခုပြောပြမယ့် လျှိုဝှက်ချက်တွေက ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှု့ရှိစေမှာပါ။
၁။ ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အရာအားလုံးဟာ သူများနဲ့မတူ တမူထူးခြားနေတယ်ဆိုတာ သိထားပါ။
ကိုယ့်မျက်ခွံတွေက ငိုက်စင်းနေမယ်။ကိုယ့်နှာခေါင်းက မှိုပွင့်တစ်ပွင့်နဲ့တူနေမယ်၊ ဒါမှမဟုတ် ကိုယ့်ဒူးခေါင်းတွေက ရယ်စရာဖြစ်နေမယ်ဆိုရင်လည်း ဘာဖြစ်လဲ။ အဲဒါတွေက ကိုယ့်ကို သူမျာနဲ့မတူစေပဲ တမူထူးခြားစေတယ်လေ။
၂။ ကျန်းမာရေးကိုပဲအဓိကထားပါလေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစာကို ဂရုတစိုက်စားဖို့လိုအပ်ပါတယ်။ ဒါမှကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာပေါ့။ဒါပေမယ့် အစာအငတ်ခံတာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖို့ ကိုယ်ကိုယ်ကို ဖိအားပေးတာတွေဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်တခုဘယ်လိုမှမရနိုင်ပါဘူး။
၃။ ကိုယ့်ရဲ့ အလှပဆုံးနေရာကိုပြလိုက်ပါ။ကိုယ်ခန္ဓာကိုယ်မှာ ကိုယ်အကြိုက်ဆုံးနေရာတခုရှိရင် အဲဒါကို လူတွေမြင်အောင်ပြလိုက်စမ်းပါ။နေလောင်ကွက်ရှိနေလား အဲဒါတွေကို ဖုံးကွယ်မနေပါနဲ့။
ကိုယ့်ရဲ့ သန်မာတဲ့ လက်မောင်းတွေကိုသဘောကျရင် လက်ပြတ်အင်္ကျီဝတ်လိုက်ပါ။စိတ်ကျေနပ်သဘောကျနေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု့များစွားတိုးပွားစေပါတယ်။
၎။ ခန္ဓာကိုယ်နဲ့ပတ်သတ်တဲ့ဘ၀င်မကျမှုတွေကို အနိုင်ယူကျော်လွှားလိုက်ပါ။ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်စိတ်တိုင်းမကျတဲ့ရက်တွေ ရှိနေပါလိမ့်မယ်။အစာစားတာကို မထိန်းချုပ်နိုင်လို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလို့ စသဖြင့် ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်မနေပါနဲ့။အဲဒီအတွက် ကိုယ့်စိတ်ကိုယ်ညှင်းဆဲပြီး အရာရာကို အဆိုးမြင်နေစရာမလိုပါဘူး။ကိုယ့်ရဲ့ခံစားချက်ကို လက်ခံလိုက်ပါ။
ပြီးတော့ အချိန်တန်ရင်ပြီးသွားမှာပဲဆိုတာ သိထားပါ။
၅။ ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းနဲ့မဆိုင်ဘူးဆိုတာ အမြဲသတိရပါ။စိတ်ကျေနပ်မှု့ရှိစေဖို့ ကိုယ့်ကိုယ်ကို ပိုကြည့်ကောင်းအောင်လုပ်ချင်လုပ်ပါ။ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်နဲ့ အသွင်ပြင်အပေါ်အစွဲအလမ်းကြီးလွန်းပြီး တခြားသူတွေနဲ့ နှိုင်းယှဉ်နေမယ်ဆိုရင်ကိုယ့်ကိုယ်ကို ယုံကြည်မှု့ပျောက်အောင်လုပ်တာနဲ့အတူတူပါပဲ။
ကိုယ့်ရဲ့ အသွင်ပြင်က ကိုယ့်ကိုပိုမိုပျော်ရွှင်အောင်လုပ်နိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်လိုက်ပါ
၆။ သဘာဝကပေးတဲ့ ရုပ်ခန္ဓာနဲ့ကျေနပ်ပါ။လူသိများကျော်ကြားတဲ့ သူတဦးဦးနဲ့ တူချင်လွန်းလို့ မျက်နှာကို ခွဲစိတ်ပြုပြင်တာဟာသဘာဝမကျသလို အစာအငတ်ခံပြီးပိန်ချုံးအောင်လုပ်နေတာလဲနေမကောင်းနေတဲ့သူလို့ လူတွေထင်ကြပါလိမ့်မယ်။မော်ဒယ်တွေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဟာအဲဒီအသွင်ပြင်ကြောင့် ငွေတွေအများကြီးရတယ်ဆိုတာ သိထားပါ။ ပြီးတော့ သူတို့အားလုံးဟာကျန်းမာတဲ့သူတွေမဖြစ်နိုင်ပါဘူး။
ဒါ့ပြင် မကြာခဏဆိုသလို မဂ္ဂဇင်းတွေထဲမှာ ကိုယ်မြင်နေရတဲ့ရုပ်ပုံတွေကအဲဒီသရုပ်ဆောင်မော်ဒယ်တွေရဲ့ အပြင်ပုံစံအတိုင်းမဟုတ်ပါဘူး။သဘာဝက ပေးတဲ့ ခန္ဓာကိုယ်တွေဟာ ပုံစံ အရွယ်စားမျိုးစုံရှိပါတယ်။
အားလုံးပျော်ရွှင်နိုင်ပါစေ
ခင်မင်လျက်
လဲ့
¨˜°¯̄϶ϵ̄¯°˜¨ “အားတင်းကြစို့ ညီမလေးရယ်” ¨˜°¯̄϶ϵ̄¯°˜¨
သူမတို့သားအမိ အိမ်ကို လာလည်မယ်ဆိုတုန်းက မထူးဆန်းခဲ့ပေမယ့် သူမကိုတွေ့တော့ စိတ်မကောင်းလည်းဖြစ်
တထူးတဆန်းနဲ့ ခဏတော့ စိုက်ကြည့်နေခဲ့မိတာ အမှန်။ အရင်ဆို ဘယ်လောက်ပဲ ဒုက္ခတွေဝေနေပါစေ တက်တက်
ကြွကြွ နဲ့ အမြဲပြုံးနေတတ်တဲ့ ညီမ ၀မ်းကွဲတော်သူက ခုတော့အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါရောလား။
တကယ်တော့လည်း စိတ်ကျရောဂါ စွဲကပ်တာ ခံရတာကို ခံစားရတာဟာ လွယ်ကူတဲ့ အခြေအနေတခု မဟုတ်ပါဘူး။
စိတ်ကျတယ်ဆိုတဲ့ အခြေအနေမှာ အလွန်အမင်း စိတ်ဆင်းရဲတာနဲ့ စိတ်ပျက်တာတွေ ပါဝင်ပြီး အသက်အရွယ်မရွေး
ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခုပါပဲ။ တချို့သူတွေမှာ စိတ်ကျဆင်းတာဟာ သူတို့ဘ၀မှာ တစ်ခါ နှစ်ခါသာ ကြုံရပေမယ့်
တချို့သူတွေမှာတော့ ထပ်ခါထပ်ခါ ဖြစ်တတ်တာကို တွေ့ရတတ်တယ် မဟုတ်လား။
စိတ်ကျရောဂါ ဟာ ဆေးဝါးနဲ့ စိတ်အခြေအနေကို တိုးတက် ကောင်းမွန်စေတယ် ဆိုပေမယ့် လုံးဝပျောက်ကင်းဖို့ဆိုတာ
အချိန် အတော်လေးယူရတဲ့ကိစ္စပါ။ အဲဒါအပြင် စိတ်ကျရောဂါကုထုံးဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရဲ့ ရန်ကလည်း
ရှိသေးတာမို့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့ ဆောင်ပုဒ်ကို ကျမ ပြန်သတိရမိပြန်တယ်။
စိတ်ကျခြင်းနဲ့ အဓိကပက်သက်နေတဲ့ အချက်ကတော့ စိတ်ဖိစီးမှုလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အမြဲတစေ ခံစား
ရတဲ့သူတွေမှာ စိတ်ကျဖို့ရာ အခွင့်အလမ်း ပိုများပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်ကျခြင်းကိုခံစားရတဲ့ အချိန်ကာလကို
ကြာမြင့်စေပြီးတော့ စိတ်ကျခြင်းကို ဆိုးရွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်းဟာ စိတ်ကျခြင်းကို
ကာကွယ်နိုင်ဖို့ နဲ့ လက်ရှိခံစားနေရတဲ့ စိတ်ကျခြင်းကို အချိန်တိုစေဖို့ ထိရောက်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ မထူးဆန်းလှပေမယ့် လူတယောက်ဟာ စိတ်ဖိစီးနိုင်တဲ့
အကြောင်းအရာတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့အဆင်မပြေတာတွေ၊ အကျပ်အတည်းရိုက်မှု တွေနဲ့
အတူ မောပန်းနေမယ်၊ အားအင်ကုန်ခမ်းမယ်၊ စိတ်တိုလွယ်မယ်၊ အာရုံစူးစိုက်လို့လည်းမရဘူး၊ အိပ်မပျော်တာ ဒါမှ
မဟုတ် အရမ်းကို အိပ်ချင်နေတာ၊ ခေါင်းကိုက်တတ်တာ၊ အကြောင်း ပြချက် မခိုင်လုံပဲအမြဲ စိုးရိမ်ပူပန်နေတတ်တာ၊
ဆီးဝမ်း သွေးလေမမှန်တော့တာ၊ ဖျားနာလွယ်တာ စတာတွေပါ ပူးတွဲနေမယ်ဆိုရင် စိတ်ဖိစီးမှုလို့ပြောဖို့ အခွင့်အရေး
အများကြီး ရှိနေပါပြီ။
စိတ်ဖိစီးတာကို လျော့ကျစေဖို့ နည်းလမ်းအများကြီးရှိတဲ့ အထဲကမှ
လူအများနဲ့ သင့်တော်တယ် ထင်တဲ့အချက်ကလေးတွေ ကတော့...
၁။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက endorphins ထွက်လာပြီး
အဲဒီဟောမုန်းတွေရဲ့ အကျိုးအာနိသင်က သင့်စိတ်ကို ချမ်းမြေ့စေပါလိမ့်မယ်။
၂။ တိုးတိုးဖော်လေးရှိစေချင်တယ်
နွေးထွေးတဲ့ ထွေးဖက်မှုနဲ့အတူ မေတ္တာယှက်တဲ့ အပြုအမူတိုင်း ဟာ ဦးဏှောက်မှ အောက်စီတိုစင် oxytoxin ကို
ထွက်စေပြီး သွေးပေါင်ကို ထိန်းပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း ကျစေတာကို တွေ့ရပါတယ်။ စိတ်ထိခိုက်စရာ ပေါ်လာ
တဲ့အခါ တယောက်တည်း မနေဘဲ မိတ်ဆွေ ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောပေးပါ။ သူတို့က
ကျွမ်းကျင်သူတွေလို မစွမ်းဆောင် ပေးနိုင်ပေမယ့် ။ အတူ လိုက်ပါ ခံစားပေးခြင်း အားဖြင့် စိတ်ဖိစီးမှုတွေကို
သက်သာစေပါလိမ့်မယ်။
၃။ ပျော်ပျော်ပါးပါးပေါ့
တစ်မိနစ်လောက် ရယ်မောနိုင်တာဟာ ၁၅ မိနစ်လောက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ်
ဆယ်မိနစ်လောက် စက်ဘီးစီးကျင့်တာနဲ့ တူပါတယ်။ ရယ်မောခြင်းကြောင့် သွေးပေါင် ကောင်းစေပြီး စိတ်ဖိစီးမှုကို
လျော့စေတဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရယ်မောစရာ အနည်းငယ်ကလေး
ကတောင် စိတ်ဖိစီးတဲ့အခါ ထွက်လာတတ်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ dopac, cortisol and epinephrine လျော့ကျစေ
လို့ပါ။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာ ရုပ်ရှင်ကားကလေးတွေကြည့်တာ ဒါမှ မဟုတ်
ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းနဲ့ စကားပြောပြီး လွတ်လွတ်လပ်လပ် ရယ်မော ပစ်လိုက်တာဟာ စိတ်ဖိစီးမှုကို
လျော့ကျစေမှာ အမှန်ပါပဲ။
၎။ သင်နှင့် အစားအသောက်
စိတ်ဖိစီးမှုကို ခံစားနေရချိန်မှာ ပေါ့ပေါ့ပါးပါး အစာလေးတွေကို စားသုံးတာ ပိုသင့်လျော်ပါ လိမ့်မယ်။ ဒါပေမယ့် စိတ်ဖိစီး
နေတဲ့အချိန်မှာ ဒီအစာလေးများ စားလိုက်ရင် ပိုများ “၀” လာမလားဆိုတဲ့ စိတ်က စိုးစိတ်တွေကို ပိုစေတဲ့အပြင် ပိုဆာ
လောင်စေပါတယ်။ ဒါကြောင့် ရေဓတ်နဲ့ အမျှင်ဓတ်မျာများပါတဲ့ သစ်သီးတွေကို များများစားပေးတာဟာ ၀မ်းပြည့်စေတဲ့
အပြင် ကိုယ်အလေးချိန် တက်မှာလည်း မကြောက်ရ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်စရာ မလိုတော့ဘူးပေါ့။
caffine ဟာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပွား စေတတ်တာမို့ caffine စားသုံးမှုကို လျှော့ချပေးပါ။ ချောကလက်မှာ caffine ဓတ်
ပါတယ် ဆိုပေမယ့် နဲနဲနဲ့ ချင့်ချိန်စားမယ်ဆိုရင်တော့ အကျိုးထူးတွေ ခံစားရမှာပါ။ Dark chocolate မှာ antioxidant
အတော်များများ ပါဝင်တာမို့ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါကို အတန်အသင့်ကာကွယ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း
လျော့ပါးစေပါတယ်။
ကြက်သွန်ဖြူထဲမှာပါတဲ့ organosulfur allicin ဟာ ခန္ဓာကိုယ်က hydrogen sulfide တွေကို ထွက်စေပြီး သွေးကျော
တွေကို ကျယ်စေကာ သွေးလျှောက်နှုန်းကို ကောင်းစေတာမို့ နှလုံး ကို အားကောင်းစေပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။
စိတ်ကျရောဂါနဲ့ နှလုံးသွေးကြော ရောဂါတွေကို (Omega 3 fatty acid) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်မှုနည်းတဲ့ အစားအစာ
စားသုံးသူတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် Omega 3 fatty acid ကို စားသုံးနိုင်ပါတယ်။
၅။ နားနားနေနေပေါ့
စိတ်ကိုအနားရစေမယ့် အလုပ်ကလေးတွေဖြစ်တဲ့ ရေနွေးနွေးကလေးနဲ့ ရေချိုးတာ၊ ဂိမ်းဆော့တာ ၊ နှစ်သက်တဲ့ ပေါ့ပေါ့
ပါးပါး စာအုပ်ကလေးတွေ ဖတ်တာတွေဟာ လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တခု၊ အချိန်တခုအထိ
မေ့ထား စေပါလိမ့်မယ်။ ပန်းပျိုးတဲ့ လက်တွေဟာ စိတ်တည်ငြိမ်ဖို့ အခွင့်အရေးပိုများတာကို တွေ့ရပါတယ်။ ဒါကြောင့်
သစ်ပင်ပန်းပင် စိုက်ပျိုးပြီး စိတ်ဖိစီးမှုလျှော့ချတာဟာလည်း ကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါလိမ့်မယ်။
၆။ နှိပ်နယ်ပေးတဲ့ အခါ
နည်းစနစ်ကျနတဲ့ နှိပ်နယ်မှုကို ခံယူခြင်းဟာလည်း စိတ်ဖိစီးမှု ကို လျော့ကျစေပါလိမ့်မယ်။ လက်ညိုးနဲ့ လက်မကြားက
hoku လို့ခေါ်တဲ့ နေရာကို နှိပ်နယ်ပေးခြင်းဟာလည်း စိတ်ဖိစီးတာကို ၃၉ % ခန့် လျော့ကျစေတယ်လို့ ဆိုပါတယ်။
၇။ ပြင်ဆင်ချက်လေးများ
စိတ်ပူပန်ခြင်းဟာ ဘာကိုမှပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ပူပန် နေမဲ့အစား ရှေ့ကိုဘာဆက်လုပ်ရမယ်
ဆိုတာ စဉ်းစားပါ၊ ကိုယ်စိုးရိမ်တဲ့ ကိစ္စအတွက် ကျွမ်းကျင် တတ်သိတဲ့သူတွေနဲ့ တိုင်ပင်ပါ ။ အပြုသဘောဆောင်တဲ့
လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုဒဏ်မှ ကျော်လွှားစေပါလိမ့်မယ်။
၈။ စကားများနဲ့ အားယူပါ။
မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေကို ပြင်ပြီးတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်ထားနဲ့ တစ်နေ့တာ ကို ဖြတ်ကျော်
ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေကို အားနာပါးနာနဲ့ လက်ခံနေမဲ့အစား မလုပ်နိုင်
ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာလည်း စိတ်ဖိစီးမှုကို နည်းစေမှာပါ။
၉။ ငြိမ်းချမ်းရာ တခုမှာ
ဘယ်လိုပဲ စိတ်ဖိစည်းမှုတွေကြုံရ ကြုံရ တရားအားထုတ်ခြင်းဟာ ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဘ၀တခုဆီကို ဆောင်ယူ
ပေးတတ်တာမို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေး လုပ်ပေးနိုင်ပါတယ်။
၁၀။ ရှုပ်ရှုပ်ထွေးထွေးလေးတွေ
Eric Abrahamson နဲ့ David H. Freedman ရဲ့ တွေ့ရှိချက်အရတော့ အနည်းငယ်ရှုပ်ပွနေတဲ့ အခန်းဟာ စိတ်အစဉ်
ကို ဆန်းသစ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။
၁၁။ ဖြေးဖြေးပေါ့။
စိတ်ဖိစီးတဲ့သူတွေမှာ စကားပြောတဲ့အခါ ခါတိုင်းထက်ပိုပြီး မြန်မြန်နဲ့လောလော ပြောတတ်တာကို တွေ့ရပါတယ်။
စကားဖြေးဖြေးပြောတာဟာ စိတ်ပူပန်မှု နည်းစေပြီး စိတ်ဖိစီးနေတဲ့ အခြေအနေကို သက်သာစေတာမို့ ကြိုးစား
ကြည့်နိုင်ပါတယ်။
၁၂။ အလှအပလေးများ
စိတ်ဖိစီးနေတဲ့အချိန်မှာ အလှအပရေးရာ နဲ့ စတိုင်ကျကျ ပြင်ဆင် ပေးခြင်းဟာ အတော်လေး အကျိုးရှိတဲ့ ကိစ္စပါ။
ဒါကြောင့် စိတ်ဖိစီးနေတဲ့အချိန်မှာ ဆံပင်ညှပ်တာ ဒါမှမဟုတ် ဆံပင်ပုံစံပြောင်းတာ၊ မိန်းကလေးဆိုရင်တော့ နှုတ်ခမ်း
နီဆိုး၊ မျက်တောင်ကော့၊ လည်ဆွဲ နားကပ် ၀တ်တာ စတဲ့ အသေးအမွှားလေးတွေ က စိတ်ကို ကြည်လင်စေတာမို့
အိမ်နေရင်းတောင် ပြင်ပြင်ဆင်ဆင်လေး နေဖို့လိုပြီပေါ့…။
အခုလည်း ကျွန်မညီမလေးကို တတ်နိုင်သလောက် ကူညီဖေးမ ပေးဖို့ ကျွန်မ ကြိုးစားရဦးမှာပါ။ နောက်တစ်ပတ်ထဲ
ပြောင်းလာမဲ့ သူတို့မိသားစုအတွက် အခန်းရှင်းပေးရင်း စာတိုပေစ လေးတွေကိုဖတ်မိရာက သူမရဲ့ ပုံရိပ်တွေပေါ်လာ
ပြန်တယ်။ ရှင်သန်ရတဲ့ ဘ၀မှာ ချစ်မြတ်နိုးတဲ့ သူကို လက်လွှတ်ဆုံးရှုံးရလို့၊ အလုပ်အကိုင် မအောင်မြင်လို့၊ အမိမြေရဲ့
အဝေး တစိမ်းတွေရဲ့အလည်မှာမို့၊ အမိမြေမှာ အဆင်မပြေလို့ စတာတွေ နဲ့ စိတ်ဖိစီးစရာတွေ ရှိတာပဲလေ။ တစ်ဘ၀လုံး
အားမလျှော့ခဲ့သမျှ ဒီတစ်ခေါက်မှ အရှုံးပေးလိုက်တော့မှာလား။ ဘာပဲဖြစ်ဖြစ် အဲဒီ အိပ်မက်ဆိုးကြီးထဲက ရုန်းထွက်နိုင်
ဖို့ အားတင်းကြရအောင်လား ညီမလေးရယ်… ။
Wednesday, 21 November 2012
ဧည့်ကောင်တာလှလှလေး လုပ်ကြမယ်
 ဒါလေးကလည်း ဧည့်ကောင်တာ တမျိုးလေးပါ..သူလဲ လှပါတယ်.. ဒီဇိုင်းမျိုးစုံကို
စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်တဲ့ ကောင်တာလေးပါ..သုံးကြည့်နော်..
အဆင့်-(၁)    အေနနဲ့   သည်ကနေ    သွားလိုက်ပါနော်...။
ပုံမှာ ပြထားသလို ပထမဆုံး  Singup For Free ဆိုတာကိုကလစ်လိုက်ပါ။
အဆင့် (၂) ။                  ။  နောက်စာမျက်နှာရောက်ပါ့မယ်...
Config tool
ကာလာချိန်ရန် အောက်က
Format Skin (ရွေးချယ်ပါ)
Type fonts
Size tool  (ရွေးချယ်ပါ)
Coloring Who is online
Period  (ရွေးချယ်ပါ)
Coloring Who is offline
မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်..ကာလာတွေလဲ ချိန်နိုင်ပါတယ်..
မိမိတို့ ကောင်တာ ဇယားလေး အတွင်းက ကာလာတွေကို ပြောင်းလဲ ပြီး သင့်တော်မယ့် အရောင်
ကို ရွေ.ချယ်ပေးပါ။
 သည်ပုံလေးတွေ ကိုတော့ ကိုယ်စိတ်ကြိုက် ဘေးက မျှားလေးကတေ တစ်ခု ချင်းရွေးချယ်လိုက်ပါ
စိတ်ကြိုက်တွေ့တာနဲ့ အဲပုံကို ကလစ်ပေးလိုက်ပေါ့.. သူ့အောက်မှာ နိုင်ငံပေါင်းစုံကိုတွေ့ ရှိရမှာပါ
မိမိတို့ ကောင်တာကို လာလည်သူ တွေ နိုင်ငံအလိုက် တောင် ကြိုတင် ထည့်ပေးလို့ ရပါတယ်..
ဥပမာ   ။     ။ လာလည်သူ ၁၅၀၀ ကစမယ်ဆိုရင်.. ၁၅၀၀ ..လူဦးရေကို သင့်တော်တဲ့ နိုင်ငံတွေကနေ  ထည့်ထားပေးလို့ ရပါတယ် .   ။
အားလုံး ပြီးတာနဲ့ အောက်ဆုံးက  Valider la Comfiguration ဆိုတာကိုကလစ်ပေးပါ။
အဆင့်  (၃) ။            ။  နောက်အဆင့်သွားမယ်နော်..
အီးမေး နဲ့ ပါတ်ဝပ် ဖြည့်ပါ.. Name Of Youe Site နေရာမှာ မိမိတို့ ဘလော့ဆိုဒ် လိပ်စာပါ...
Gategory နေရာကတော့ အဆင်ပြေသလို ထည့်နိုင်ပါတယ်..
ပြီးတာနဲ့  Submit Query ကိုကလစ်ပေးလိုက်ပါ။
အဆင့် (၄) ။              ။  နောက်ဆုံးအဆင့်ပါနော်...
မိမိတို့ လိုခြင်တဲ့ ကုဒ်ကျလာပါပြီ ကော်ပီ ယူလိုက်ပါနော်...
ဘလော့တွင် ထည့်နည်း ကတော့..
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ
  ►3.  Page Elements
   ►4.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►5.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►6. အပေါ်က ယူလာတဲ့ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
အဆင်ပြေကြပါစေနော်။။။။။။မှတ်ချက်....အောင်အောင် (မကစ)မ ပြန်လည်ကူးယူမျှဝေချင်းဖြစ်ပါသည်...။
အင်တာနက်ပေါ်က Flash Song တွေကို MP3 ပြန်ပြောင်းချင်ရင်
အင်တာနက်ပေါ်က Flash Song တွေကို MP3 ပြန်ပြောင်းချင်ရင်
ဒီဟာလေးကလည်း အားလုံးအတွက်  အဆင်ပြေနိုင်ပါတယ်  အင်တာနက်ပေါ်မှာ
နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်
ပြီးတော့ သီချင်ရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်
ပြန်ပြောင်းပြီး သုံးလို့ ရတယ် တစ်ခါတလေ ကျနော်လည်းသီချင်းလိုချင်တာရှာလို့ 
မလွယ်ဘူး ဒါနဲ့  Flashသီချင်းတွေကိုMP3 ပြန်ပြောင်းသုံးလိုက်တာအဆင်ပြေလို့ 
အဲ့တော့ အဆင်ပြေချင်ရင်ယူထား..................................................................။
ဒီလင့်မှာဆွဲပါ - http://www.mediafire.com/?Flash Song to MP3
DVD VCD အခွေထုတ်ချင်သောသူများအတွက်ဆော့ဝဲကောင်းလေးတစ်ခုပါ
DVD VCD အခွေထုတ်ချင်သောသူများအတွက်ဆော့ဝဲကောင်းလေးတစ်ခုပါ
DVD VCD အခွေ  လုပ်ချင်သူများ    ဒီဆော့ဝဲလေးရှိရင်    အဆင်ပြေပါတယ်
ဝယ်ထားတဲ့  VCD   အခွေထဲကနေ   တစ်ပုဒ်ချင်း   Selection  လုပ် သီးသန့် 
လက်ရွေးစင်အခွေလေး    တရုတ်သိုင်းကားတွေလိုပဲ    Menu လေးနဲ့  ကိုယ်
ကြိုက်တာ   အရင်ရွေးဖွင့်လို့  ရအောင်   လုပ်လို့ ရပါတယ်   အဆင်ပြေသလို
ဥာဏ်ကောင်းသလို ဖန်တီးလို့ ရပါတယ်  Nero 7 ကိုတော့  အတော်လေးသုံး
ဖြစ်ခဲ့တယ် နောက်ပေါ်လာတဲ့  Nero 8  Nero9 စုံနေတာပဲ အခွေလုပ်တာက
ဆော့ဝဲမသုံးလည်း  BURN လို့ ရနေတာပဲ   Window7    ဆိုလည်း အလိုလိုပါ
နေပီးသာ  Window DVD Maker  လည်းကောင်းပါတယ်  သူက VCD တော့
မရဘူး  အခုတင်ပေးလိုက်တာက  အစုံတော့ရတယ်  Nero   လောက်တော့ မ
ကောင်းဘူး  Nero က Photo Slide Show  တွေဘာတွေ လုပ်ရတာ အတော်
လေးအဆင်ပြေပါတယ် ဘာပဲဖြစ်ဖြစ် စုံအောင် လေ့လာထားဖို့  အခြေခံပညာ
သင် ၀ါသနာတူသူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ်........။
ဒီမှာ Download ယူပါ  Magic Burnig Studio(DVD & VCD)
ဒီလင့်မှာလည်းကြည့်ပါ http://www.magic-video-software.com
့်မာန မကင်းသည်. အချစ်
တိတ်တခိုးနဲ့ စွဲလန်း
နှလုံးအသည်းပန်းကို
သူ့အတွက်ရည်စူး
သိပ်ကိုချစ်ဖူးခဲ့သည်။
မိန်းကလေးသဘာဝမို့
အချစ်ကိုမြိုသိပ်
မာနစိတ်နဲ့
မသိကျိုးကျွံပြုခဲ့ဖူးသည်။
ငယ်သူ သူ့အား
မယုံစားလို့
သူအချစ်ကို မျက်ကွယ်ပြုလို့
အချစ်သစ်တစ်ခုကို
ရှာခဲ့ဖူးသည်။
မသိစိတ်ကို အတိတ်မှာထားလို့
အသိတစ်ခုနဲ့
ဘ၀တစ်ခု တည်ထောင်ဖို့ထိ
ကြိုးစားတည်ဆောက်ပေမဲ့
အထမမြောက်မှု မရှိခဲ့ပြီ။
စိတ်ရင်းအခြေခံ
အချစ်စစ်မှန်ရင်
သူနဲ့ကိုယ်ကြား
ဘာတွေခြားခြား
ရင်ခုန်သံတွေ ကြားနိုင်မှာပါ
ဘ၀တွေမနီးနိုင်ရင်လဲ
ဒီရင်ထဲက ချစ်ခြင်းတရား
သူနားလည်နိုင်မှာပါ..
ကျောခိုင်းခဲ့ပေမဲ့
နှလုံးသားက သူ့နားကျန်ခဲ့တာကို
သူသိနိုင်မှာပါ..
Upload Pictures
နင်+ငါ=လမ်းခွဲတဲ့လား?
 Image
xxxx....ကျေနပ်....လိုက်ပါတော့...
          အလွမ်းခန်းမှာ....ကျရှုံး
          အပြုံးတစ်စက်မှ....မရလိုက်တဲ့သူပါ.....
xxxx........ကျေအေး...လိုက်ပါတော့....
              အမုန်း....အာဃာတ....ရှို့မီးနဲ့
              ဒီရင်ကို....ရိုက်ချိုး...ကျောခိုင်း
               ငါ့...မြတ်နိုးခြင်းတွေတောင်....အပိုင်းပိုင်းဖြစ်အောင်
               တဆစ်ဆစ်....တဒိုင်းဒိုင်း...ရိုက်ချိုး...စွန့်ပစ်ခဲ့...ြ့ပီးပြီပဲ.....
xxxx.............ကျောခိုင်း.....သွားပါတော့...
                   ဥပက္ခာ....သန်ခေါင်စာရင်းမှာ..မှတ်တမ်းဆိုး
                    ရင်တခြမ်းတောင်...သပ်လျှိုထိုးခဲ့ပြီးပြီပဲ
                    မပျိုးခင်ကတည်းက....ညှိုးစေမယ်ဆိုတဲ့...သစ္စာမျိုး
                    နင့်ရင်မှာ....တလက်လက်....ပိုး..လို....မွေးခဲ့လေ...သလား?
xxxx................ကျော်....သွားပါတော့လေ
                      ငါ့တွက်တော့...အလွမ်းဆိုတဲ့...သန္ဓေက
                      ကျောက်ချ...ပန္တွက်ရိုက်....ကဗ္ဗည်းထိုး....
                     ချစ်ခြင်းရဲ့... ကြမ္မာဆိုးဆိုတာ..ငါ့နဲ့..အမျိုးတော်နေသလို
                     အဆန်း..မဟုတ်တော့ပါဘူး....
xxxx..........ကျေနပ်....ပါတယ်လေ.....
                ဒီရေ....ဒီနှင်...ဒီခရီးမှာ
                ဒီလူကို....အထီးတည်း....ထားခဲ့လဲ...
                 နင်မကြေကွဲနိုင်ဘူးဆိုတာ...ငါသိလိုက်...ရပြီပဲ....
xxx.......ကျေးဇူး.....ပါပဲလေ.....
             နင့်အချစ်နဲ့တကွ...ဘာတစ်ခုမှ...ပနံသင့်ခွင့်..မရခဲ့ဘူးဆိုရင်တောင်
             နင့်ကို...ချစ်တတ်ခဲ့တဲ့..နှလုံးသားတစ်ခြမ်းနဲ့
             နင့်ကို....တမ်းတတတ်ခဲ့တဲ့...ကိုယ်ပိုင်အလွမ်းတွေ...ရလိုက်ပြီပဲ....
                   ကျေး.....ဇူး.....ပါ....ပဲ......လေ...........................