ကျွန်တောများ ၀န်ဆောင်မှုများမှာ,
Monday, 15 October 2012
လွယ်ကူစွာ မိမိကိုယ်တိုင်gmail အကောင့် လုပ်နည်း
မြန်မာပြည်မှာရှိတဲ့ မိတ်ဆွေတို့ရေ.....ကျပ် ၉ထောင်တို့ တစ်သောင်း ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ဒါလေးကို သေခြာ စမ်းစစ်ကြည့်ပေးကြပါဗျာ.. ပျော်ရွှင်စေသွားမဲံနည်းလမ်းလေးပါ...
ပထမ အင်တာနက် စာမျက်နှာ I.E သို့ MOZILLA ကိုဝင် google စာထည့်ရိုက် ပွင့် လာတာနဲ့ အောက်ပါအတိုင်း create new google account စာသားရိုက်ပြီး
ကီးဘုတ်မှEnter နိပ်...ဝက်ပေ ခ်ျ့ စာမျက်နှာ ခေါင်းစဉ်များ ပေါ်လာမည်
(အောက်ပါ ဒီစာလေးကိုမောက်နဲ့  နိပ်လိုက်ပါ တစ်ခါတည်း တန်းလုပ်လို့ ရတယ် ) google link
ချိတ်ထားပေးတယ်
Create an account - Gmail - Google
mail.google.com/mail/signup
Create a new Google Account ... Your phone number helps us with things like keeping your account secure. .... Your Google Account is more than just Gmail.
ထပ်ဆင် ပြီး
အောက်ပါ စာကလေးကိုလည်း မောက်နဲ့  နိပ်ဝင်လို့ ရတယ်
Create an account - Gmail - Googl
အထက်ပါစာအားမောက်ဖြင့် နိပ်ပါ မိမိအကောင့်ပြုလုပ်ရမည့်  စာဖြည် ရန်ဇယားကွက်ပေါ်လာမည်
နောက်ပါတိုင်း သေချာ အဆင့်ဆင့် ပြုလုပ်ပါ။
၁=first name - last namae နေရာမှာ(ဥပမာ first name...kogawlistar ပေါ့ last name မှာstar)
၂=choose your username နေရာမှာ အထက်ပါမိမိ ပေးထားသောနာမည်
ဥပမာkogawlistar@gmail.com ပေါ့
၃=create a password နေရာမှာမိမိနှစ်သက်ရာပါတ်ဝှက်အနည်းဆုံး8လုံး နာမည် သို့  ဂဏန်း
၎=confirm password နေရာမှာ ခုနကမိမိလုပ်ထားသော နာမည် သို့  ဂဏန်း ထည့် ဖြည့် 
၅=birdday မွေးနေ့ မိမိနှစ်သက်ရာ လ ရက် ခုနှစ်
၆=gender မှာ male သို့  female တစ်ခုအမှန်ချစ်
ရ=mobile phone လုံးဝ မထည့် နဲ့ ချန်ခဲ့ပါ
၈=other mail address မှာ မိမိခင်သောမိတ်ဆွေအီးမေးအကောင့် ဖြည့် ပါ
၉=prove youre not a robot ဆိုသောစာလိမ် ဖြေခိုင်းပါမယ် type the two prieces of text: ရေးထားသော အကွက်လေးမှာ အပေါ်မှာပြထာသော စာလိမ်ကလေးကို တိတိကျကျရေးဖြေထည့် ပါ
မှားယင် နောက်တစ်ခါ စဆုံးပြန်လုပ်ရပါတယ် psaa word တို့ သင်ပြုလုပ်နေဆဲ အကောင့်ပြန်ရေးခိုင်းပါတယ်
၁၀=location နေရာမှာ ဘေးချက်ကချက်ဘောက်ကိုနိပ်ပြီး ကျနော်ကတော့  malaysia-thailand- Laos, Australia, Cambodia, Sri-Lanka, India စသောနိုင်ငံတွေနဲ့ အစုံလုပ်ဘူးပါတယ်
၁၁=ပြီးယင်အောက်ကလေးထောင့် အကွက်ကလေးနေရာမှာ အမှန်ချစ်လိုက်ပြီး
next step ကိုနိပ်လိုက်ပါတယ် အချိန်နည်းငယ်တွင်း သင်အကောင့် သစ်တစ်ခုရလာပါမယ်.
အကောင့် သစ်ရရှိလာယင် အယင်ဆုံးဂျီတောမှာ စမ်းဖွင့် ပါ နောက်ပြီးမှ မိမိမေးဘောက်ကြီးကို ဝင်ပါ မိမိရဲ့  အီးမေးဘောက်ကြီးကို လိုအပ်သလိုပြုပြင်နိုင်ပါတယ်
မိမိအကောင့် တစ်ခုသုံးပြီးတိုင်းမှာ singout နဲ့ သေချာပြန်ထွက်ပါ။
ဒါကတော့ ကျနော်ဂေါ်လီလုပ်တဲ့နည်းပါ။
အောက်ပါစာကတော့ အွန်လိုင်းမှ တွေ့ ရသောနည်းတစ်ခုပါ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ
-------------------------------------------------------
ဒါလေးကတော့ နောက်ထပ်နည်းလမ်းလေးတခုပေါ့
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် (First Name, Last Name, Username, D.O.B, Security Question စသည် လိုအပ်တာတွေဖြည့်စွက်ပါ။ ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။
ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
အဆင်ပြေကြပါစေနော်.....ကြိုးစားလျှက်
ဖုန်ကိုင် ချင်သူများ သတိပြုစေရန်
ဖုန်းကိုင်တက်သော ကိုကို ၊ မမ များသိထားသင့်သော အကြောင်းအရာလေးများ
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု -
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုလျှိုဝှက်တွေကို သိရှိသူတွေအလွန်နည်းပါး
နေပါ တယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာ နိုင်ငံမှာရှိတဲ့
လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ
တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm
နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်
ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်
ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေ
မှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်
*3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ
ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက် ထရီ အားပြန်
ဖြည့်တဲ့အခါမှာသာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်
ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့
ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ
တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်
လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး
ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှု
မရှိပဲအဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့
အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါ
တယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ
တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်
မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်း
ပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်း
ကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်
မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့
Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့
IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။
ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်
ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။
ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့
အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော
ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့
*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult
code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။
Friday, 12 October 2012
virusရှိမရှိ စစ်မယ်..။
virus ရှိမရှိ စစ်မယ် တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် .. cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နိုပ်မယ် ဒါဆိုရင် please go to the
Control Panel to install and configure system components ဆိုပြီး dialog
box လေးပေါ်လာရင် virus မရှိပါဘူး မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ
**********************************
iiiiii-Virus ကိုသတ်ရန်
သူငယ်ချင်းတို့ရဲ့ Computer မှာ Virus ရှိ/ မရှိ Anti-Virus နဲ့ စစ်စရာမလိုဘဲ သိနိုင်သည့်နည်းရှိပါတယ်။
Virus တွေဟာ Anti-Virus နဲ့ သတ်လို့ မရပါဘူး။ Kaspersky Anti-Virus နဲ့သတ်ရင် တစ်ခဏဘဲ သေပါတယ်။ အမြစ်မပြတ်ပါဘူး။
အထက်က Virus တွေ သူငယ်ချင်းတို့ရဲ့ Computer မှာ ရှိ/ မရှိ သိချင်ရင်
Start>All Programs>Start up ကို မြား (Pointer) နဲ့ ထောက်ကြည့်လိုက်ပါ။
အကယ်၍ Virus ရှိလျှင် iiiiii ဆိုသည့် တုတ်ချောင်းပုံစံရယ်၊
97FF7E ဆိုသည့် ဖိုင်တွေကို တွေ့ရမှာပါ။ ဒါဆို သူငယ်ချင်းတို့ Computer မှာသေချာပေါက် Virus ရှိနေပြီ။ဒီဗိုင်းရပ်ကို သတ်ဖို့ ကျတော် နည်းလေးတစ်ခုပေးချင်ပါတယ်။ ယုံရင်စမ်းကြည့်လိုက်ပါ။
My Computer မှ Local Disk (c:) ကို ဖွင့်လိုက်ပါ။ ပြီးတော့ Windows ကို ထပ်ပြီးဖွင့်လိုက်ပါ။ ထို့နောက် System32 ထပ်ဖွင့်ပါ။
အဲဒီထဲမှာ 97FF7E ဖိုင်ကို ရှာပါ။ တွေ့ပါက အဲဒီဖိုင်ကို (Delete) ဖျက်ပစ်လိုက်ပါ။
ထို့နောက် All Programs >Start up ထဲက 97FF7E ဖိုင်ပေါ်ကို Right Clickနှိပ်ပြီး Delete ကိုနှိုပ်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို Restart လုပ်လိုက်ပါ။ဒါဆို OK သွားပါပြီ သူငယ်ချင်းတို့ရေ။
iiiiii-Virus ကိုတော့
My Computer မှ Local (c:) ကို ဖွင့်လိုက်ပါ။ ထို့နောက် Windows ထပ်ဖွင့်လိုက်ပါ။ ပြီးတော့ System 32 ထပ်ဖွင့်ပါ။
အဲဒီထဲမှာ 324D24 ဖိုင်ကို ရှာလိုက်ပါ။ တွေ့ပါက select မှတ်ပြီး ဖျက်ပစ်လိုက်ပါ (Delete)။တစ်ခါတစ်လေ ဖျက်လို့မရပါဘူး။
ဖျက်လိုက်ရင် Box လေး ပေါ်လာတတ်ပါတယ်။ အဲဒီ Box ပေါ်လာရင် အဲဒီ Box ထဲမှာ 59FFEE.EXE စာသားကို တွေ့ရမှာပါ။
အဲဒီစာသားတွေကို မှတ်ထားပြီး။ Box ကို ပိတ်ပစ်လိုက်ပါ။
ထို့နောက် Window Task Manager ကို ဖွင့်လိုက်ပါ။ ထို့နောက် Proeesses ထပ်ဖွင့်လိုက်ပါ။ အဲဒီထဲမှာ 59FFEE.EXE စာသားကို ရှာပါ။
တွေ့ပါက select မှတ်ပြီး End processes ကို ပေးလိုက်ပါ။ ပြီးတော့ System 32 ထဲက
59ffee ဖိုင်ကို ပြန်ဖျက်(Delete)လိုက်ပါ။ ဒါဆို အထက်က ဖော်ပြခဲ့သော Virus တွေ
အဆုံးသတ်သွားမှာပါ။
***********************************
viousအားကိုယ်တိုင်သုတ်သင်ရန်
Computer တွေမှာဗိုင်းရပ်စ်ကိုက်သွားလို
drives တွေကို doubleclick နဲ့ဖွင့်လို့မရတော့တာမျိုးကို ကြုံဖူးကြမှာပါ။
rightclick လုပ်ပြီးဖွင့်ကြရတာလေ။
အဲဒီအခါမှာအကောင်းဆုံးကတော့  update ဖြစ်တဲ့antivirus တစ်ခုနဲ့ စစ်ပြီးဖြေရှင်းလိုက်တာကတော့  အကောင်းဆုံးပေါ့။
အခုပြောမယ်နည်းကတော့အလွယ်ပေါ့။ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။
driveတွေမှာautorunမတက်အောင်လုပ်လိုက်တာလေ။
အဲဒီနည်းနဲ့ဖြေရှင်းမယ်ဆိုလည်းအဆင်တော့ပြေပါတယ်။
ကြိုက်ရာပေါ့ ။ဘာကြောင့်လည်းဆိုတော့ autorun မတက်ရင်
vious မောင်မောင်တွေက အလုပ်ကိုမလုပ်တာ
သူက autorun တွေနဲ့အလုပ်လုပ်ပါတယ် Computer မှာ Autorun ပိတ်ထားရင်
vious ဆိုတာအလုပ်မလုပ်ပါဘူး
အရင်ဆုံး Auto Run ကိုပိတ်ထားလိုက်နော် အောက်ကအဆင့်အတိုင်း ပီးရင် vious တွေကို ကိုယ်တိုင်လိုက်သတ်ကြမယ် ဘယ်လိုသတ်မလည်းဆိုတော့ အောက်နားမှာဖတ်နော်
1. Start Menu > run
2. အဲဒီ Run မှာ gpedit.msc လို့ရိုက်
3.Enter
အဲဒီမှာ Group Policy ဆိုတာပွင့်လာပါလိမ့်မယ်။ အဲဒီGroup Policy မှ
User Configuration >> Administrative Templates >> System >> Turn Off Autoplay အထိသွားပါ။
အဲဒီTurn off Autoplayမှာ Enabledကိုရွေးပါ။Turn off Autoplay on မှာ All drivesကိုရွေးပါ။
ပြီးရင်တော့Apply နဲ့ Okပေါ့။ Virus အားမြင်အောင်ကြည့်ခြင်း Virus ရဲ့ လုပ်ဆောင်မှုတွေ ပါ
တကယ့် Virus Program ကို မြင်ရတာမဟုတ်ပါဘူး
Virus ကို မြင်အောင်ကြည့်တတ်ရင် Anti – Virus Software တောင် မလိုပဲ Virus ကို Delete လုပ်နိုင်ပါတယ်
ဒါပေမယ့် စိတ်ချရအောင် Anti – Virus Program တစ်ခုတော့တင်ထားရပါမယ်
အရင်ဆုံး လုပ်ရမှာက …. Autorun ပိတ်ထားဖို့ပါ .. အလွန်အရေးကြီးပါတယ် Autorun ပိတ်ပြီးရင်
1.Start ကနေ all Program ကနေ My Computer ကို ဖွင့်ပါ
2.အပေါ်ဘားတန်း Tools အောက်က Folder Options ကို နိုပ်
3.View ကိုနိုပ်ပြီး
Show Hidden files and folder ကို Click ခြင်းဖြင့်
Hidden file တွေကို မြင်ရအောင်လုပ်ပါ
3.ပြီးရင် Hide Protected operation system file ရှေ့ က အမှန်လေးကို ဖြုတ်ပါ
Virus က system file အမျိုးအစားဖြစ်လို့ ပါ
4. ပြီးရင် Hide extensions for known file types ကို အမှန်ဖြုတ်ပါ
5. ပြီးရင် Use Simple File sharing ကို အမှန်ဖြုတ်ပါ
6.ပြီးရင် OK ကို နိုပ်ပါ
7.ပြီးရင် သင့်ရဲ့ Stick , Mp3 , Mp4 ,Camera တစ်ခုခု ထိုးလိုက်ပါ
သင့် Stick မှာ Virus ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဒီနည်းအတိုင်းပဲ လုပ်ပါ …..
*****Stick ကို Double Click နဲ့ လုံးဝ မဖွင့်လိုက်ပါနဲ့ …*****
stard ကနေပဲ right click (သို့) Window+E ကိုနှိပ်လိုက်ပါ
Folder လေးတစ်ခုပွင့်လာလိမ့်မယ် အဲ့ Folder ထည်းက ညာဘက်ချမ်းကို လုံးဝမထိပါနှင့်
ဘယ်ဘက်ချမ်းကနေပဲ သင့်ရဲ့ Stick ကိုတွေ့အောင်ရှာလိုက်ပါ
8.Removable Disk ကိုရွေးလိုက်ပါ
ဒါဆို ညာဘက်မှာ Removal Disk ထဲက File တွေ ကို မြင်ရပါပြီ …
မှိန်နေတဲ့ File တွေ ၊ Folder တွေ မရှိဘူး ဆိုရင်သင့်ရဲ့ Stick မှာ Virus မရှိပါဘူး ..
Virus မရှိခဲ့ ရင်…
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့ Button လေးကို click ပါ
အရင်အတိုင်း Setting ကိုပြန်ထားလိုက်တာဖြစ်ပါတယ်
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ဒီလို မဖျောက်ခဲ့ ရင်Hard disk C:\ ထဲက မှိန်နေတဲ့ 
System File တွေ မှားဖျက်မိရင် Window ပြန်မတက်နိုင်တော့ပါဘူး…
ကဲတကယ်လို့  မှိန်နေတဲ့ File တွေ Stick ထဲ မှာ ရှိတယ်ဆိုရင်တော့ ..
အဲဒီ Stick ထဲက ဘယ်ဖိုင်တွေ ၊ဖိုဒါတွေ ကို မှ သွားမဖွင့်ပါနှင့်
မှိန်နေတဲ့ File တွေ ဟာ Virus ပါပဲ Stick ထဲ က မှိန်နေတဲ့  File နော်
သင့်Computer ထဲ က မှိန်နေတဲ့  File တွေကို ပြောတာမဟုတ်ပါဘူး
***Folder မဟုတ်ဘူးနော်..File ပါ..***
.exe , .vbs , ….reg , ….com အစရှိသဖြင်. ဆုံးနေတတ်ပါတယ်
အဲဒီလို မှိန်နေတဲ့ File တွေ ၊Filder တွေ ရှိပြီ ဆိုရင်
Autorun.inf ဆိုတဲ File လေးရှိနေပါလိမ့်မယ်
အဲဒါဆိုရင်တော့ ကြိမ်းသေ Stick ထဲမှာ Virus ရှိနေပါပြီ
.exe , .vbs , ….reg , ….com တို့ကိုဘယ်လိုကြည့်မလည်းဆိုတော့
Stick ထည်းကို Righr click >> View >> Details ကိုရွှေးလိုက်ပါ
ပီးရင် အပေါ်ဘားတန်းလေးမှာ name တို့ Dare modified တို့ type တို့ size တို့
အဲ့နားက Type ဆိုတာ .exe , .vbs , ….reg , ….com ဆိုတာကိုတွေ့ရမှာပါ
မှိန်နေတဲ့ Folder တွေ ရှိနေမယ် ဆိုရင်တော့ အဲဒီ Folder ဟာ စာဖတ်သူရဲ့  data တွေ ပါနေတဲ့ 
****Folder အစစ်တွေ ပါ ..သွားမဖျက်ပါနဲ့  …****
မှိန်နေတဲ့  Folder တွေရှိပြီ ဆိုရင် တော့ အဲဒီ Folder နာမည်နဲ့ တူ တဲ့ Virus Folder ရှိနေပါလိမ့်မယ်
Virus Folder ဟာ .exe နဲ့ ဆုံးနေပါလိမ့်မယ်Folder အစစ်ဟာ နောက်မှာ ဘာ extension မှ မရှိရပါဘူးသင့် Folder အစစ် Virus က မမြင်ရအောင်လုပ်ထားသဖြင့် မှိန်နေပါလိမ့် မယ်
ဥပမာ
Virus Folder အား name.exe ( ထင်ထင်ရှားရှားမြင်နေရပါလိမ့်မယ်
ဒါမှသာ သင့် Folder အမှတ်နဲ့ Virus ကို Click မိမှာလေ..Click မိတာနဲ့ Virus ၀င်သွားပါလိမ့်မယ့့် )
Virus Folder ကို ရွေးပြီး ဖျက်နိုင်ပါပြီ ….ဖျက်တဲ့ အခါမှာ သတိထားပြီး ဖျက်ပါ ..
Double click လုံးဝမနိုပ်မိပါစေနဲ့ ..ဖျက်ချင်တဲ့ File ကို Left Click တချက်ထဲသာနိုပ် Select ပေးပြီး
Shift + Delete တွဲ နိုပ်ခြင်းဖြင့် ဖျက်နိုင်ပါတယ် ….(သို့ မဟုတ်) ဖျက်ချင်တဲ့ File ပေါ် Right Click နိုပ်ပြီး
Delete ကို ရွေးပြီးလဲ ဖျက်နိုင်ပါတယ် …အမှိုက်ပုံးထဲကိုပါ Clean လုပ်ပေးရမှာပါ …
စာဖတ်သူရဲ့  Stick ထဲက File တွေ ကိုကိုယ် အသိဆုံးပါ
ကိုယ့် File လဲ မဟုတ်ဘူးမှိန်လဲမှိန်နေတယ် ဆိုရင်တော့ 
အကုန်သာ ဖျက်ပစ် …မှိန်နေတဲ့ Folder တွေ ရှိမယ်ဆိုရင်တော့
Folder ထဲကို Double Click နဲ့ ဝင်ပြီး အထဲက File တွေ ကို Copy ကူးယူပြီး
စက်ထဲမှာ ပြန်သိမ်းထားလိုက်ပေါ့  ဒါက နောက်ဆုံးမှလုပ်ပါ
ဖျက်သင့်တဲ့ Virus တွေ အရင်သတ်ပါ Folder က ထင်ရှားနေတယ်
နောက်မှာ .exe နဲ့ ဆုံးတယ်ဆိုရင်တော့
သွားမနိုပ်ပါနဲ့ Virus စစ်စစ်ကြီးပါ …မသနားနဲ့ …ဖျက်သာပစ်ဗျာ …..
ဥပမာ(MyFolder.exe)
ကဲအားလုံးပြီးသွားရင်တော့ System File တွေ ကို ပြန်ပြီး
မမြင်ရအောင်ဖျောက်ပစ်ရပါတော့မယ် မဟုတ်ရင် C:\ ထဲမှာ ရှိနေတဲ့ 
မှိန်နေတဲ့  file တစ်ခုခုကို မှားဖျက်မိရင်တော့ တင်ပေတော့ Windows ပဲ …
My Computer >> Tools >> Folder Options မှာ View ကို Click ပြီး
Restore Defaults ဆိုတဲ့  Button လေးကို click ပါ
Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ
ပြီးရင်တော့ Virus ကင်းရှင်းစွာနဲ့ စိတ်ကြိုက်သုံနိုင်ပါပြီ..
Avira Av-ti Virus Program လေးကို တော့တင်ထားသင့်ပါတယ်
သူသတ်လို့ ကျန်ခဲ့ တဲ့ File တွေကို မှ ကိုယ်တိုင် ဖျက်ပစ်ပေါ့  ..
တစ်ခုတော့ ရှိတယ်
ဒီနည်းတွေ ဟာ သင့် Computer မှာ Virus ကင်းစင်မှ သုံးလို့ ရမှာပါ ….
Virus ၀င်နေလို့ ကတော့  Folder Options တောင်တွေ့ ရမှာ မဟုတ်ဘူး …
ဒီနည်းကို ကျွမ်းကျင်လာရင် An-ti Virus software တောင် မလိုပဲ
Virus သတ်နိုင်ကြောင်းပါ ..
Virus File တွေဟာ Right >> Properties ကိုနိုပ်ကြည့်ရင်
Hidden နေရာမှာ အလုပ် လုပ်လို့ မရအောင်မှိန်နေတတ်ပါတယ် …..
ဒီစာမျက်နှာတစ်ခုလုံးကို Download ချချင်ရင် အပေါ်ဘားတန်း File Menu အောက်မှ
Save Page as ကိုရွေးပြီး (သို့) Crtl+s ကိုနှိပ်ပါ Computer ထဲကို
DownLoad ယူနိုင်ပါတယ် ....
Virus အားလုံးကို ကိုယ်တိုင်မြင်ဖူးပြီး
ကိုယ်တိုင် သုတ်သင်နိုင်ပါစေ ….. ဒီကနော်
အဆင်ပြေပါစေ... အာကာဖြိုး(နည်းပညာ) မှကူးယူကာ ပြန်လည် မျှဝေလိုက်ပါတယ်
Wednesday, 10 October 2012
မီမီ ဂျီမေလ်း ပတ်စ်ဝေါ်မဟတ်ခံရအောင် ...။
ဒါကတော့
ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ
တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ
အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail
အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့်
နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ ..
သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ ..
ပထမဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ G-Mail အကောင့်တွေကို ၀င်တော့ မယ်ဆိုရင် အရင်ဆုံး Windows Srart Botton ကို Click လိုက်ပါ .. ပြီးရင် Search Box မှာ Screen Keyboard လို့ရိုက်ထည့် လိုက်ပါ .. ဒါဆိုရင် Screen Keyboard လေးကျလာပါလိမ့်မယ် .. အဲ့ဒီ Screen Keyboard လေးကို အသုံးပြုမယ် ဆိုရင် မိမိရိုက်ထည့်လိုက်တဲ့ Username နဲ့ Password ကို Keylogger ကမှတ်ထားလို့ မရတော့ ပါဘူး ။ ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် ..
နောက်တစ်ချက်တော့ တစ်ချို့ Keylogger တွေဟာ အပေါ်မှာ ပြောခဲ့သလို Screen-Keyboard တွေကို ခေါ်လို့ မရအောင် ပိတ်ထားတက်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ မိမိတို့ရဲ့ Username နဲ့ Password တွေကို Notepad ထဲမှာ အရင်ရေး ပြီးတော့မှ Copy , Paste လုပ်ပေးခြင်းဖြင့်လည်း Kyelogger များမှတ်သားလို့ ရမှာမဟုတ်ပါဘူး .. အရင်ဆုံး Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. Run Box ပွင့်လာပြီ ဆိုရင် Run Box ထဲမှာ Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Notepad လေးပွင့်လာပါလိမ့်မယ် .. Notepad ထဲမှာ မိမိတို့ Username နဲ့ Password ကို အရင်ရိုက်ထည့်လိုက်ပါ .. ပြီးတော့မှ G-mail Username နဲ့ Password ထဲမှာ Copy , Paste လုပ်ပြီး ပြန်ထည့်ပေးလိုက် ယုံပါပဲ ..
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့်တွေကို Firefox မှာဝင်တဲ့ အခါမှာ Firefox မှာ Save လုပ်မှာလား မေးပါလိမ့်မယ် .. အဲ့ဒါကို မသိတဲ့ သူတွေက သွားပြီး Save မိတဲ့ အခါမှာ မိမိတို့ G-mail အကောင့်ရော Password ရောဟာ Firefox မှာ မှတ်ပြီး ကျန်ခဲ့ပါလိမ့်မယ် .. အဲ့ဒီအခါမှာ အခုကျွန်တော် ပြောတဲ့ နည်းလမ်း အတိုင်း သွားပြီး ကြည့်လိုက်တာနဲ့ Firefox မှာ Save မိလိုက်တဲ့ Account နဲ့ Password တွေကို အလွယ်တကူပဲ ရရှိသွားမှာ ဖြစ်ပါတယ် .. အဲ့ဒီအတွက် Save ထားတဲ့ Password တွေ အလွယ်တကူ မကျန်ခဲ့အောင် အခုကျွန်တော် ပြောတဲ့ နည်းလမ်းအတိုင်း သွားပြီး ဖျက်ပေးဖို့လည်း လိုပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မေးရင် Yes ကိုပေးလိုက် ယုံပါပဲ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ Firefox မှာ မှတ်ထားတဲ့ Account ရော Password ရောပျက်သွားမှာ ဖြစ်ပါတယ် ..
နောက်တစ်ချက်ကတော့ G-talk ကနေ သုံးတဲ့သူများ မိမိတို့ ပြောသမျှကို record လုပ်မထားတဲ့ နည်းလမ်း လေးပဲ ဖြစ်ပါတယ် .. အဲ့ဒီအတွက် မိမိတို့ပြောသမျှက record မလုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာမှကျန်ခဲ့ မှာမဟုတ်တော့ ပါဘူး .. နောက်ပိုင်း မိမိတို့က View past Chat
ကနေ ပြန်ကြည့် ချင်ရင်တောင် ပြန်ကြည့်လို့ ရမှာမဟုတ်တော့ပါဘူး ..
အဲ့ဒီနည်းလမ်းကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ
ပြပေးထားပါတယ် ..
အပေါ်ကအတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သမျှတွေဟာ record လုပ်ထားတော့မှာ မဟုတ်တော့ပါဘူး .. တကယ်လို့ မိမိတို့က နောက်ပိုင်း ပြန်ပြီးတော့ Record လုပ်ချင်တယ် ဆိုရင်တော့ Save chat history in my Gmail account အကိုပြန်ရွေး ပေးလိုက် ယုံပါပဲ .. အားလုံးပဲ ဒီလောက် ဆိုရင်တော့ အတန်အသင့်တော့ မိမိတိုပ G-Mail အကောင့်ကို လွယ်လွယ် ကူကူနဲ့ သူများနောက် ပါမသွားအောင် သတိထားလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ် ..
မှတ်ချက် ...ကိုအောင်အောင်ဘလော.မှ ကူးယူဖော်ပြသည်....
့်ကိုယ်ဓတ်ပုံလေးနဲ calandar လုပ်ကြည်.ကြမယ်...။
ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........
ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။

အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်
အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။
အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။ ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။
အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။
အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။
ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။

ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်

ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ
စောစောကလုပ်ထားတဲ့ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး
ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ
သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်
photo shotသင်ခန်းစာ(1)
Photoshop CS2 ရဲ့ အနုပညာများ
ဒီနေ့တော့ ခဲခြစ်ပန်းချီလေးဆွဲကြည့်ကြရအောင်နော် ………..
(၁) ပုံလေးတစ်ပုံလောက်ကို ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ ခပ်ချောချော ကောင်မလေးတစ်ပုံဖွင့်လိုက်တယ်နော်။
(၂) ပြီရင်တော့ Layer ထဲက New > Layer via Copy (သို့) Ctrl + J ကိုနှိပ်လိုက်ပါ။
Layer Box မှာ ပုံတစ်ခုထပ်ပွားသွားပါလိမ့်မယ်။
(၃) ပြီရင်တော့ …………… Image> Adjustments>Desaturate (သို့) Ctrl+Shift+U ကိုနှိပ်လိုက်ပါ။ ပုံလေးဒီလိုမီးခိုရောင်လေးဖြစ်သွားပါလိမ့်မယ်။
(၄) နောက်ထပ် နံပါတ်စဉ် (2) အတိုင်း Layer ထပ်ပွားပါဦး။ Ctrl+J ပေါ့နော့်။
(၅) နံပါတ် (၅) အနေနဲ့ကတော့ Image> Adjustments>Invert (သို့) Ctrl+I ကိုနှိပ်လိုက်ပါ။
(၆) အနေနဲ့ကတော့ Layer Box မှ Normal ကို Color Dodge သို့ပြောင်းလိုက်ပါ။ ပုံလေးပျောက်သွားပါလိမ့်မယ်။
(၇) ကတော့ Filter>Blur>Gaussian Blur ကိုနှိပ်လိုက်ပါ။ ပြီရင်တော့ Gaussian Blur ဘောက်ကလေးမှာ သူငယ်ချင်းတို့ စိတ်ကြိုက်ညှိလိုက်တော့နော်။
တတ်လို့/တော်လို့တော့မဟုတ်ဘူးနော်။ မျှဝေတဲ့သဘောပါ။ မသိတဲ့သူများ အတွက် ပေါ့။ အားလုံးပျော်ရွှင်ပါစေ။
Friday, 5 October 2012
မာနလေးတွေလျော.စေချင်.....
“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်
တော့မှ အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်
ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကို
လည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“
စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်
ထားတဲ့ အပြောလေးတြွေ ဖစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်
လေးတွေ ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကိုတွေ့ရတတ်ပါတယ်။
မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲ
မာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့
သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကိုကိလေသာ
တစ်မျိုးအဖြစ် ဖော်ပြ ထားပြီး သတ္တ၀ါတွေကို ပူလောင်စေ တတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ်ညွန်ပြ
ကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။
မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့
ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူး
ရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန ၊ ပိုက်ဆံရှိသူကလည်း
ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊အသက်
ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေး
တွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလိုအလိုလိုကိုယ့်ကိုယ်ကိုအထင်ကြီး
နေတတ်ပါတယ်။
တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီးမှားမှန်းသိရဲ့နဲ့အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ဒီသဘော
တွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့
ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့အမှားအမှန်ပြဿနာများမှာအဖေဆိုတဲ့မာန၊
အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့
စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်
ပါတယ်။
ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ
ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စ
လေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှား
သွားတယ်၊ ခွင့်လွှတ်ကွာလို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊
ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး ဖြစ်ကုန်တတ်ပါတယ်။
သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့မာနအစွဲကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း
အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။
မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။မာနကြီးလာရင်
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာမင်္ဂလာ
တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေမရှိဖြစ်
လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင်
မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့် လိုက်တော့ မာနတရား
လက်ကိုင် ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။
မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင်ဖြစ်အောင်
အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။
တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်
လောက်ပဲ လှလှ မာနကြီးပါက စက်ဆုတ်ရွံ့ ရှာခံရ တတ်ပါတယ်၊ ရာထူး ဌာနန္တရ ဘယ်လောက် ပဲကြီးကြီး ခက်ထန်
မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်းမာနကြီး
ပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။
တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေ
တဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း
မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့
အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။
အရင်းစစ်တော့ မာနကြောင့်ပါပဲ။
တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်
ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုေ
ပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်
ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါ
တယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ
အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလိုသံသရာ
မှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့
မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့
အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေ
အရှင်ဝိစိတ္တ- မနာပဒါယီ
World of Wisdom မှကူးယူဖော်ပြပါတယ်။လေးတွေ ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကိုတွေ့ရတတ်ပါတယ်။
မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲ
မာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့
သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကိုကိလေသာ
တစ်မျိုးအဖြစ် ဖော်ပြ ထားပြီး သတ္တ၀ါတွေကို ပူလောင်စေ တတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ်ညွန်ပြ
ကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။
မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့
ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူး
ရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန ၊ ပိုက်ဆံရှိသူကလည်း
ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊အသက်
ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေး
တွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလိုအလိုလိုကိုယ့်ကိုယ်ကိုအထင်ကြီး
နေတတ်ပါတယ်။
တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီးမှားမှန်းသိရဲ့နဲ့အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ဒီသဘော
တွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့
ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့အမှားအမှန်ပြဿနာများမှာအဖေဆိုတဲ့မာန၊
အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့
စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်
ပါတယ်။
ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ
ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စ
လေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှား
သွားတယ်၊ ခွင့်လွှတ်ကွာလို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊
ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး ဖြစ်ကုန်တတ်ပါတယ်။
သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့မာနအစွဲကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း
အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။
မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။မာနကြီးလာရင်
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာမင်္ဂလာ
တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေမရှိဖြစ်
လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင်
မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့် လိုက်တော့ မာနတရား
လက်ကိုင် ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။
မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင်ဖြစ်အောင်
အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။
တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်
လောက်ပဲ လှလှ မာနကြီးပါက စက်ဆုတ်ရွံ့ ရှာခံရ တတ်ပါတယ်၊ ရာထူး ဌာနန္တရ ဘယ်လောက် ပဲကြီးကြီး ခက်ထန်
မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်းမာနကြီး
ပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။
တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေ
တဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း
မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့
အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။
အရင်းစစ်တော့ မာနကြောင့်ပါပဲ။
တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်
ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုေ
ပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်
ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါ
တယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ
အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလိုသံသရာ
မှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့
မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့
အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေ
အရှင်ဝိစိတ္တ- မနာပဒါယီ
သူငယ်ချင်းတို့လည်းမာန်မာနတွေနည်းပြီးစိတ်ချမ်းသာနိုင်ပါစေ။
Saturday, 29 September 2012
အမှန်တကယ်ချစ်ဖို. လိုအပ်တယ်...။
အရင်တယောက်နဲ့မပြတ်သားနိုင်သေးရင်
နောက်တယောက်နဲ့ဇာတ်လမ်းမစပါနဲ့
အရင်တယောက်ကိုလုံးဝမမေ့နိုင်သေးရင်
နောက်တယောက်နဲ့ သံယောဇဉ်မပျိုးပါနဲ့
အရင်တယောက်ကို ချစ်နေသေးရင်
နောက်တယောက်ကိုရွေးချယ်ဖို့မကြိုးစားပါနဲ့
လူတယောက်ကိုရင်ထဲကထုတ်ပစ်ဖို့အတွက်
နောက်လူတယောက်ကို မစတေးပစ်ပါနဲ့
တခါတလေ မချစ်ဘူး
ဒါပေမဲ့ အားနာသလို ၊ ငြင်းဖို့ခက်နေသလိုနဲ့လူတယောက်ကို
မရည်ရွယ်ပဲ ဒဏ်ရာတွေပေးမိသွားတတ်တယ်
အချစ်ဆိုတာ ချစ်ရင်လည်းရဲရင့်တတ်ဖို့လိုသလို
မချစ်နိုင်ဘူးသေချာနေရင်လည်း
အားမနာတမ်းငြင်းဆန်ပစ်ဖို့လိုတယ်လေ ။ ။
အချစ်ဆိုတာ တကယ်ချစ်မိသွားရင် ချစ်နေဖို့ပဲ လိုအပ်ပါတယ်။
Thursday, 27 September 2012
ဘောလုံဝါသနာရှင်များအတွက်
England
Matches
Sponsored links
Players
| Player | Team | |||
|---|---|---|---|---|
| R. van Persie | Manchester United | 5 | 1 | 2 |
| D. Ba | Newcastle United | 4 | 0 | 3 |
| J. Defoe | Tottenham Hotspur | 4 | 0 | 3 |
| S. Fletcher | Sunderland | 4 | 0 | 3 |
| R. Lambert | Southampton | 4 | 1 | 3 |
| Michu | Swansea City | 4 | 0 | 1 |
| D. Duff | Fulham | 3 | 0 | 2 |
| M. Fellaini | Everton | 3 | 0 | 1 |
| K. Nolan | West Ham United | 3 | 0 | 3 |
| C. Tévez | Manchester City | 3 | 0 | 1 |
| B. Zamora | Queens Park Rangers | 3 | 0 | 3 |
| V. Anichebe | Everton | 2 | 0 | 1 |
| H. Ben Arfa | Newcastle United | 2 | 1 | 1 |
| D. Berbatov | Fulham | 2 | 1 | 1 |
| P. Crouch | Stoke City | 2 | 0 | 1 |
Sponsored links
Claim 2500 EUR/GBP In Free Bets
Free Bets From Over 30 Bookmakers and Casinos. Many Exclusives. Click here to visit betrescue.com
Free Bets From Over 30 Bookmakers and Casinos. Many Exclusives. Click here to visit betrescue.com
Free Betting Offers - September 2012
ValuePunter.com provides a top list of available free bets from some of the most reliable bookmakers online.
ValuePunter.com provides a top list of available free bets from some of the most reliable bookmakers online.
Soccerway
- About
- About
- Advertising
- Contact us
- Terms
- Mobile
- iPhone
- iPad
- PDA/WAP
- SMS alerts
- Kick-off Times
- Kick-off times are converted to your local PC time.
GSM Brands
Subscribe to:
Posts (Atom)





















Lloris is not frustrated - AVB
Jenas to make Forest loan move
McDermott hopes Pardew is welcomed