ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday, 5 October 2012

မာနလေးတွေလျော.စေချင်.....


“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်

တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်
ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကို
လည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ 

စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်
ထားတဲ့ အပြောလေးတြွေ ဖစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်
လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကိုတွေ့ရတတ်ပါတယ်။
မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲ
မာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့
သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကိုကိလေသာ
တစ်မျိုးအဖြစ် ဖော်ပြ ထားပြီး သတ္တ၀ါတွေကို ပူလောင်စေ တတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ်ညွန်ပြ
ကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။


မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့
ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူး
ရှိတဲ့သူကလည်း  ရာထူးကို  အမှီပြုပြီး  မာနတက်ကြသလို  ပညာတတ်သူကလည်း  ပညာမာန ၊ ပိုက်ဆံရှိသူကလည်း
ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊အသက်
ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေး
တွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလိုအလိုလိုကိုယ့်ကိုယ်ကိုအထင်ကြီး
နေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီးမှားမှန်းသိရဲ့နဲ့အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ဒီသဘော
တွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့
ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့အမှားအမှန်ပြဿနာများမှာအဖေဆိုတဲ့မာန၊
အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့
စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်
ပါတယ်။
ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ
ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စ
လေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှား
သွားတယ်၊ ခွင့်လွှတ်ကွာလို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊
ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး   ဖြစ်ကုန်တတ်ပါတယ်။
သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့မာနအစွဲကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း
အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။
မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။မာနကြီးလာရင်
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာမင်္ဂလာ
တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေမရှိဖြစ်
လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ  အကုသိုလ်ပါပဲ။ ဒါဆိုရင်
မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။  သေချာဆက်စပ်   တွေးကြည့် လိုက်တော့ မာနတရား
လက်ကိုင် ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး  ဖြစ်မှန်းမသိ   ဖြစ်နေတော့တာပါ။
မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင်ဖြစ်အောင်
အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။


တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်
လောက်ပဲ လှလှ မာနကြီးပါက စက်ဆုတ်ရွံ့ ရှာခံရ တတ်ပါတယ်၊ ရာထူး ဌာနန္တရ ဘယ်လောက် ပဲကြီးကြီး ခက်ထန်
မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်းမာနကြီး
ပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေ
တဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း
မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့
အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။
အရင်းစစ်တော့ မာနကြောင့်ပါပဲ။
တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်
ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုေ
ပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်
ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါ
တယ်။

ဘယ်လိုပဲဖြစ်ဖြစ်  မာနတရားဟာ  ပြိုင်ဆိုင်မှုကို  ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို  ဆုတ်ယုတ်စေတယ်ဆိုတာ
အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလိုသံသရာ
မှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့
မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့
အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေ

အရှင်ဝိစိတ္တ- မနာပဒါယီ

World of Wisdom မှကူးယူဖော်ပြပါတယ်။
 သူငယ်ချင်းတို့လည်းမာန်မာနတွေနည်းပြီးစိတ်ချမ်းသာနိုင်ပါစေ။

Saturday, 29 September 2012

ဓတ်ပုံ


အမှန်တကယ်ချစ်ဖို. လိုအပ်တယ်...။

အရင်တယောက်နဲ့မပြတ်သားနိုင်သေးရင်

နောက်တယောက်နဲ့ဇာတ်လမ်းမစပါနဲ့


အရင်တယောက်ကိုလုံးဝမမေ့နိုင်သေးရင်

နောက်တယောက်နဲ့ သံယောဇဉ်မပျိုးပါနဲ့
အရင်တယောက်ကို ချစ်နေသေးရင်

နောက်တယောက်ကိုရွေးချယ်ဖို့မကြိုးစားပါနဲ့


လူတယောက်ကိုရင်ထဲကထုတ်ပစ်ဖို့အတွက်

နောက်လူတယောက်ကို မစတေးပစ်ပါနဲ့


တခါတလေ မချစ်ဘူး

ဒါပေမဲ့ အားနာသလို ၊ ငြင်းဖို့ခက်နေသလိုနဲ့လူတယောက်ကို

မရည်ရွယ်ပဲ ဒဏ်ရာတွေပေးမိသွားတတ်တယ်


အချစ်ဆိုတာ ချစ်ရင်လည်းရဲရင့်တတ်ဖို့လိုသလို

မချစ်နိုင်ဘူးသေချာနေရင်လည်း

အားမနာတမ်းငြင်းဆန်ပစ်ဖို့လိုတယ်လေ ။ ။


အချစ်ဆိုတာ တကယ်ချစ်မိသွားရင် ချစ်နေဖို့ပဲ လိုအပ်ပါတယ်။

Thursday, 27 September 2012

ဘောလုံဝါသနာရှင်များအတွက်



Tables

# Team MP W D L F A D P Last 5 matches H2H
1 5 4 1 0 9 2 +7 13 W D W W W
2 Previous rank: 5 5 4 0 1 12 6 +6 12 W W W W L
3 Previous rank: 6 5 3 1 1 9 5 +4 10 W D L W W
4 Previous rank: 3 5 3 1 1 7 4 +3 10 W L W D W
5 Previous rank: 8 5 2 3 0 9 2 +7 9 D W W D D
6 Previous rank: 11 5 3 0 2 12 7 +5 9 W W L L W
7 Previous rank: 4 5 2 3 0 10 7 +3 9 D D W D W
8 Previous rank: 14 5 2 2 1 8 6 +2 8 W W D D L
9 Previous rank: 7 5 2 2 1 5 4 +1 8 D D W L W
10 5 2 2 1 6 6 +0 8 W D D L W
11 Previous rank: 2 5 2 1 2 10 7 +3 7 L L D W W
12 Previous rank: 13 4 0 4 0 4 4 +0 4 D D D D
13 Previous rank: 12 5 0 4 1 4 5 -1 4 L D D D D
14 Previous rank: 17 5 1 1 3 5 9 -4 4 L W D L L
15 Previous rank: 9 5 1 1 3 5 10 -5 4 L L D W L
16 Previous rank: 20 5 1 0 4 9 15 -6 3 W L L L L
17 Previous rank: 15 5 0 3 2 2 8 -6 3 L D D D L
18 5 0 2 3 4 10 -6 2 L D L D L
19 5 0 2 3 3 11 -8 2 L D L D L
20 Previous rank: 16 4 0 1 3 4 9 -5 1 L L L D
Champions League
Champions League qualifiers
Europa League
Relegation
Sponsored links