ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Friday, 16 November 2012

ရည်းစားစာ လှလှလေး ရေးရအောင်

သူငယ်ချင်းတို့ရဲ့ချစ်သူ ကောင်မလေးတို့ဆီကို ရည်းစားစာလှလှလေးတဲ့အခါ စာရွက်လှလှ
လေးနဲ့ရေးကြတယ်နော် အပြင်မှာပဲစာရွက်လှလေးတွေနဲ့ရေးတာငြီးငွေ့မှာစိုးလို့ ထက်ထက်
သိမ်းထားတဲ့ စာရွက်အလှလေးတွေကို တင်ပေးလိုက်ပါတယ်
ကဗျာလေးက ထက်ထက်ရဲ့အချစ်ဆုံသူငယ်ချင်း Online မင်းသား http://junekoko.blogspot.com/

ကဲ သူငယ်ချင်းတို့လည်း သဘောကျမယ်လို့ ထင်ပါတယ် ပျော်ရွှင်ပါစေနော်

မိမိရဲ့ပုံလေးတွေ သရဲပုံလေးလုပ်ကြည့်ချင်တယ်ဆိုရင်

မိမိရဲ့ပုံလေးတွေ သရဲပုံလေးလုပ်ကြည့်ချင်တယ်ဆိုရင် အရင်ဆုံး ဒီလင့်လေးကို သွားပါ
လုပ်ပုံလုပ်နည်းကိုတော့ အောက်မှာပုံလေးပြထားပါတယ် ပုံလေးအတိုင်းလိုက်လုပ်ကြည့်လိုက်နော်
နောက်ဆုံးတော့ ဒီလိုပုံလေးပေါ့
သရဲမကြောက်တတ်ဘူးဆိုတော့ စမ်းသပ်ကြည့်ပေါ့
ဒါလေးက အပျော်လေးပါ မူလရုပ်ကချောရင်တော့ သရဲချောချောလေးထွက်လာမှာပါ
ထက်ထက်ရုပ်ဆိုးတော့ သရဲပုံဆိုးကြီးထွက်လာတယ်လေ
ထက်ထက် သူငယ်ချင်းတို့ကတော့ ချောပြီးသားတွေမလား သရဲပုံလေးလုပ်မယ်ဆိုရင်ချောချောလေးတွေ
ထွက်လာမှာပါ.........ဟုတ်တယ်မလား
မှတ်ချက်...အီမေလ်းတစ်ခုမှတင်ပြချင်း ဖြစ်ပါသည်..။

Thursday, 15 November 2012

ဂိမ်းလန်းလန်းလေတွေဒေါာင်းမယ်

ဒီ awem ဂိမ်းဟာ နာမည်ကျော်ဂိမ်းများစွာကို ဖန်တီးပေးနေတဲ့ အွန်လိုင်း ဂိမ်းဝက်ဆိုက်တစ်ခု
ဖြစ်ပါတယ်။


ဒီဆိုက်မှာ အပျင်းပြေကစားနိုင်မယ့် အပျော်တမ်းဂိမ်းအပြင် ပဟေဌိဂိမ်းတွေလဲ ပါသေးတယ်...


ဂိမ်းတွေလဲ အရမ်းမိုက်တယ်...အခမဲ့ကစားနိုင်သလို အခပေးပြီး Download ဆွဲနိုင်ပါတယ်...


။အခပေးကစားရတဲ့ ဂိမ်းကိုလဲ download ပြုလုပ်စဉ် အခမဲ့အွန်လိုင်းဂိမ်းအဖြစ်လဲ ကစားနိုင်
သေးတယ်နော်...Windows | Mac OS | iPhone | iPad | Nintendo တို့မှာလဲ ကစားနိုင်
ပါသေးတယ်.....

   
ဆိုက်ကတော့ http://www.awem.com


သိပြီးသား ဂိမ်းဘုရင်လေးတွေရှိနေရင် လည်း Sorry.........

------- မဆိုးနဲ့တော့ချစ်သူရယ် -------

ချစ်သူရေ...... လောကမှာ အခြေအနေရယ် အချိန်အခါရယ် နေရာဒေသရယ်ကို မှန်ကန်စွာသုံးသပ်တတ်ဖို့အရေးကြီးပါတယ်ဟာ.... လူတွေဟာ စစ်ကို မတိုက်ချင်ပဲတိုက်နေကြရတာ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာကြောက်လို့ပါ ဒီလိုပါပဲ...... ငါလည်းနင့်ကို မတားချင်ပဲတားနေရတာ နင်မှားသွားမှာကြောက်လို့ပါ...... မပြောချင်ပဲပြောနေရတာ နင်ထားခဲ့မှာစိုးရိမ်လို့ပါ တခါတလေမှာဆို ဒီလောက်တောင်ပြောရခက်တဲ့ချစ်သူ နေရစ်တော့ကွာလို့ထားခဲ့ချင်ပေမယ့် တွယ်ရစ်နေတဲ့ သံယောဇဉ်တွေရယ်ကြောင့် ရုန်းမထွက်နိုင်ခဲ့ဘူးချစ်သူရယ်....... အဝေးဆုံးမှာ ပြေးပုန်းခဲ့ချင်ပေမယ့်လည်း ငါမုန်းမေ့မိသွားမှာစိုးလို့ပါဟာ ငါနင့်ကို ပြောနေရတာ တားနေရတာ သ၀န်တိုနေရတာတွေရယ်က နင့်ကိုဆုံးရှုံးရမှာကြောက်လို့ပါဟာ....... တကယ်တော့ ငါ့ဘ၀မှာနင့်ကိုလေ တွယ်တာလို့မြတ်နိုး တန်ဖိုးထားလွန်းသူမို့ ရိုးရိုးလေးပဲပြောတော့မယ်ကွယ် မဆိုးနဲ့တော့ချစ်သူရယ်.........။

နိုင်ငံကျော် အဆိုတော် ဦးခင်မောင်တိုး သေဆုံး

တီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြုပြောကြားခဲ့ပါ သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သော ခင်မောင်တိုးသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့ ဇာတိ ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့က ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှတို့မှ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဂီတလမ်းကြောင်း ဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယ နှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။ " RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ ဒုတိယ နှစ်မှာ အဆောင် နေတာ ဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးက ထလာပြီး ဂီတလုပ်တဲ့ အချိန်က ပိုများလာတယ်။ စတီရီယို သီချင်းတွေ ပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာ ကိုယ့်ပုံစံတစ်ခု မွေးဖွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်း ကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာ အောင် လုပ်ဖို့များသွားတာပေါ့" ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။ ၁၉၇၃ခုနှစ်ကာလတွင် "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်” တေးစီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီး မှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။ "ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကို ကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။ ကျွန်တော်မှတ်မိနေတာက သွင်းတဲ့ စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရ တော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။ ၁၉၇၉ ခုနှစ်တွင်မူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆ၀ီ"ဟု ပြောင်းလဲလိုက်ပြီး 'လိစ္ဆ၀ီ' တီးဝိုင်းတွင် ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နှင့်အတူ ဂီတဖန်တီးမှုများ လုပ်ဆောင်ခဲ့ပါသည်။ ၁၉၇၉ခုနှစ် တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် "၀ိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "၀ိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့ သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက် ရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် "လိစ္ဆ၀ီ" တီးဝိုင်းအဖွဲ့ အမည်ကို "မဇ္ဇျိမလှိုင်း" ဟု ထပ်မံ အမည်ပြောင်းလဲခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့ သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ် တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်း များ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ် အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။ "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်းသီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။ " ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံး ကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘ၀ အတွက် အင်မတန်သင့်တော်ပါ တယ်" ဟု ခင်မောင်တိုးက Eleven Media Group သို့ ပြောကြားခဲ့ဖူးပါသည်။ ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ရှိခဲ့ပါသည်။ အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာ ရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်း များမှာ ကောလာဟလ များသာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး ၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်း စ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိခဲ့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဦးကျော်သူနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ

စာနာမှုမိတ်ဆွေများ-နာရေးကူညီမှုအသင်း အမှတ်တရ ဓါတ်ပုံ ယ္ခုတင်ပြရတဲ့အကြောင်းအရာလေးကေတာ့ ကျွန်တော်တို့ သတင်းတစ်ရပ်မဟုတ်ပေမယ့်... အများပြည်သူ သိစေအပ်သော အကျိုးပြုလုပ်ငန်းလေးတစ်ရပ် ဖြစ်နေပါတယ်.. ဒါကြောင့် ကျွန်တော် ရရှိသမျှ အချက်အလက်လေးတွေကို စုဆောင်းကာ ယ္ခုလို တင်ပြ အသိပေးလိုက်ရပါတယ်... ဦးကျော်သူ (နာရေးကူညီမှုအသင်းရုံးချုပ် ရန်ကုန်) မှ အဖွဲ့ငယ်များကိုပံပိုးကူညီခြင်း ရုပ်ရှင်မင်းသားအကယ်ဒမီဦးကျော်သူသည် နာရေးကူညီမှုအသင်းအဖွဲ့ငယ်များ ရံပုံငွေအင်အားနည်းသောမြို့နယ်များကိုအများပြည်သူအတွက်ကောင်းကျိုးပြုသူ အဖွဲ့များ၏လိုအပ်ချက် လမ်းညွန်ချက်များ ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အစွန်ဆုံး သမိုင်းဝင်နာမည်ကြီး ကျွန်းစုတစ်ခုဖြစ်သော ဟိုင်းကြီးကျွန်း ငပုတောမြို့နယ် ဧရာဝတီတိုင်းဒေသကြီးတွင် ဖွဲ့စည်းထားသော စာနာမှုမိတ်ဆွေများ နာရေးကူညီမှု အဖွဲ့၏ လိုအပ်သော နာရေးမော်တော်ယာဉ်တစ်စီးကို ဦးကျော်သူထံမတည်အလှုငွေ ထည့်ဝင်ပေးပါရန် အမှတ် (၃)ရပ်ကွက်၊ဟိုင်းကြီးကျွန်းရှိတာဝန်ရှိသူများမှတောင်းဆို ချက်ကို ဦးကျော်သူမှ လက်ခံတွေ့ဆုံ ဆွေးနွေးပေးပါသည်။ဦးကျော်သူနှင့် လက်ခံဆွေးနွေးနေစဉ် တာဝန်ရှိသူတစ်ဦးမှဟိုင်းကြီးကျွန်းမြို့မိမြို့ဖသို့ ဖုန်းဆက်အကြောင်းကြားလိုက်ပါသည်။ထိုသတင်းကိုကြားပြီး ဟိုင်းကြီးကျွန်းတစ်မြို့လုံးမှ ၀မ်းသာပီတိ ဖြစ်ကြပါသည်။ဦးကျော်သူသည် နာရေးတစ်ခုတည်းကိုသာ ကူညီနေခြင်းမဟုတ်ပါ..ပြည်သူများအတွက်ဆောင်ရွက်နေသောအဖွဲ့ငယ်များနှင့် ချိတ်ဆက်လာသူများကို ကူညီပေးနေသော ဂရုဏာရှင်တစ်ဦးဖြစ်ပါသည်။နောင်အနာဂါတ်တွင် ဒီလို လူကောင်းများများများထွက်လာနိုင်စေရန် ပြည်သူများကိုတိုက်တွန်းလိုက်ပါသည်။ သတင်းရေးသားသူ ဦးညွှန့်ဝင်း အထက်ပါသတင်းများအတွက်အစစ အရာရာတာဝန်ယူပါသည်။
ဦးကျော်သူနှင့်စာနာမှုအဖွဲ့ စာရွက်စာတမ်းများဖတ်ကြားနေစဉ်
ဟိုင်းကြီးကျွန်းမြေပုံအနေအထားအားလေ့လာ ကြည့်ရှုနေစဉ်
ဦးကျော်သူနှင့် စီမံအုပ်ချုပ်ရေးမှူး မဧရာမောင်မောင်
ဦးကျော်သူမှ လုပ်ငန်းစဉ်များ ရှင်းလင်းညွှန်ကြားနေစဉ်
လုပ်းငန်းစဉ်များအားရှင်းလင်းကာ ဆွေးနွေးနေကြစဉ် ယ္ခုတင်ပြသော ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့်ပါတ်သက်လို့ မိတ်ဆွေများ သိလိုပါက-မေးမြန်းဆက်သွယ်လိုပါက- ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း..... ဆယ်သွယ်ရန် ( ၁ ) ................. အမှတ် ၃ ရပ်ကွက်။ဟိုင်းကြိးကျွန်းမြို့နယ်ခွဲ ဧရာဝတီတိုင်းဒေသကြိး ဆက်သွယ်ရန် ( ၂ ) .................. ဦးဘရည် ၁၂၅/အေ အောင်သစ်စာလမ်း၊ထန်းပင်ကုန်းရပ်ကွက်၊ အင်းစိန်၊ရန်ကုန်တိုင်းဒေသသကြီး ဖုန်း -- ၀၉ ၅၀၃၁၆၂၂ ဆက်သွယ်ရန် ( ၃ ) ................ တိုက် (၂၇)အခန်း ၂၀၃။ ( ၂ ) လမ်း ဘီဘလောက်၊ ယုဇနဥယျာဉ်မြို့တော် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-- ၀၁ ၅၉၃၀၅၆,၀၉ ၇၃၀၇၉၀၂၃ မိမိတို့ရဲ့ အတွေးစိတ် အကြံစည်များနဲ့အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်အတွက်.. ဆန္ဒလေးများကို ပါဝင် ရေးသားကြစေလိုပါသည်...။ ၀ဿန်

Wednesday, 14 November 2012

ဓါတ်ပုံတွေကို Slide Show တခုဖန်တီးတော့မယ်ဆိုရင်.....

slide show ဆော့ဝဲလ်ကို ဒီမှာဒေါင်းပါ

ဓါတ်ပုံတွေကိုslide show တခုဖန်တီးတော့မယ်ဆိုရင်အဆင့် ( ၄ )ဆင့်ရှိတယ်
ဒေါင်းပြီးတဲ့ ဖန်ရှင်ကိုဖွင့်လိုက်>>>>new ဆိုတာကိုရှာပြီးဖွင့်လိုက်တာနဲ့........


၁။ photo ဆိုတဲ့ဖိုင်ကျလာလိမ့်မယ်>>>> ဒီထဲမှာဓါတ်ပုံတွ သိမ်းထားခဲ့တဲ့နေရာကိုရှာ....
my computer>>>>my documents ထဲမှာရှိတာများတယ်။
ပြီးရင်လိုချင်တဲ့ပုံတွေကို တစ်ပုံချင်း selects လုပ်ပြီး add နှိပ်လိုက်ရင်ပုံတွေယူတဲ့ အပိုင်းပြီးသွားပြီ။
အဲဒီ select photos ဘောက်ကိုပိတ်လို့ ရပြီ။ ပုံတွေကိုလိုသလိုချိန်လို့ ရတယ်...



၂။ template အပိုင်းမှာကဓါတ်ပုံဘောင်ရွေးရမှာ.....ကြိုက်တာကိုရွေးပြီးရင်
ညာဘက်ခြမ်းမှာပေါ်လာလိမ့်မယ်....အဲဒီအောက်မှာ template config ကိုဖွင့်လိုက်
သူ့ ဘောက်ကျလာရင် အေက်ဆုံးကလေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပြီး down arrow မှာ
နောက်ခံကာလာရွေးလိုက်.....ပြီးရင်အောက်မှာ music ဆိုတဲ့ ဘောက်ကိုဖွင့်လိုက်
စက်ထဲမှာရှိတဲ့ mp3 သီချင်းဘောက်ကျလာလိမ့်မယ်...ကြိုက်တာကိုရွေးပြီး open လုပ်လိုက်ရင်
သီချင်းရောက်သွားပြီ....




၃။ decorate အပိုင်းမှာသူ့ ကိုဖွင့်လိုက် ဘယ်ဘက်ခြမ်းမှာ ပုံလေးတွေတွေ့ လိမ့်မယ်။
ကြိုက်တဲ့ပုံကိုရွေးပြီး ၂ချက်နှိပ်လိုက်ရင် ဓါတ်ပုံပေါ်ရောက်သွားလိမ့်မယ်...
သူ့ ကိုလဲအကြီးအသေးချိန်လို့  ရတယ်နော်...ပြီးရင်ဘယ်ဘက်အောက်မှာ intro ကိုဖွင့်လိုက်
သူ့ ဘောက်ပေါ်လာလိမ့်မယ်....ညာဘက်အပေါ်မှာ လေးထောင့်ကွက်ထဲကစာတွေကို
စိတ်ကြိုက်ပြောင်းရေးလို့ ရတယ်....။
ဒီစာတွေက ပြီးသွားရင်အစမှာလာမယ့် စာတွေဘဲ......ပြီးရင်ညာဘက်မှာ end ဆိုတာကိုထပ်ဖွင့်လိုက်
သူကလဲအတူတူဘဲ ကြိုက်တဲ့စာပြောင်း ဒါကတော့နောက်ဆုံးမှာ လာမယ့်စာတွေဘဲ.......



၎။ နောက်ဆုံးအဆင်ဘဲ publish ကိုဖွင့်လိုက် ဘယ်ဘက်အပေါ်ဆုံးမှာရှိတဲ့ make swf movie နှိပ်လိုက်ရင်
သိမ်းရမယ့်နာမည် တောင်းလိမ့်မယ်။ ကြိုက်တာပေးလိုရတယ် .....
ပြီးရင်တော့ အိုကေနဲ့စောင့်နေလိုက်တော့ သူ အလုပ်လုပ်နေလိမ့်မယ်.....
ပြီးရင် yes ကိုနှိပ်လိုက် ပေးခဲ့တဲ့နာမည်နဲ့စက်ထဲမှာရောက်နေလိမ့်မယ်....
double ကလစ်နှိပ်ပြီးဖွင့်လိုက် window ဘောက်ပေါ်လာမယ်
select program from alist ကိုအတည်ပြုပြီး ok လိုက် mozilla firefox ကိုသုံးထားရင်
firefox ယူပြီး အိုကေပေးလိုက်ရင် လုပ်ထားခဲ့တဲ့ photo slide show တစ်ခုအောင်မြင်စွာပြီးဆုံးသွားပါပြီ။

PLEASE»»»» အချိန်လေး နဲနဲပေးပါ။

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့မိန်းမက ကျွန်တော့ကို အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူထွက်စားပြီး
ရုပ်ရှင်အတူတူ ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။ သူကျွန်တော့်ကို ချစ်တယ်တဲ့။
ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။



ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်

အမေပါ။ ကျွန်တော့်ရဲ့ အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို အကြောင်းထူးရှိတဲ့
တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။ အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲအတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။



"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?" အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်

ထွက်စားဖို့ခေါ်ရင် သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့ သူပါ။ "မဟုတ်ပါဘူး အမေရယ်။ အမေနဲ့
အေးအေး ဆေးဆေးတွေ့ပြီး စကားလေးဘာလေး ပြောချင်လို့ပါ။ ကျွန်တော် နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ" အမေက
စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ ပြန်ပြောပါတယ်။ အဲဒီအပတ်သောကြာနေ့မှာ
ရုံးဆင်းတာ နဲ့ အမေ့ကို ကားနဲ့သွားကြိုပါတယ်။



ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှား နေမိတယ်။ အမေ့အိမ်ကိုရောက်တဲ့ အခါမှာ အမေလည်း ကျွန်တော့လိုပဲ

စိတ်လှုပ်ရှားပျော်ရွှင်နေတာ တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေး
တွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည်ပွဲတုန်းက ၀တ်ခဲ့တဲ့အကျီ
လေးကိုပဲ ၀တ်ထားပါတယ်။ အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။



"အမေ့သူငယ်ချင်းတွေကို င့ါသားလေးနဲ့ အပြင်ထွက်ပြီးထမင်းစားမလို့ လို့ပြောလိုက်တော့ သူတို့တတွေက အမေ့ကို

အထင်ကြီးနေကြတယ်။ သားနဲ့ ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။



ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်

တယ်။ ထိပ်တန်းအမျိုးသမီးကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့အမေက ကျွန်တော့်လက်မောင်းကိုကိုင်ထားပါတယ်။ စားပွဲ
မှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။ အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်
တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့ မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို တွေ့ရပါတယ်။
အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...



"သား ငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့...”

“အခုတော့ အမေအနားယူပြီး ကျွန်တော့်ကိုအလှည့်ပေးပေါ့... နော်အမေ..." လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။



ညစာစားရင်း ကျွန်တော်တို့ နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။

ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခုလတ်တလော ကိုယ်ဘာတွေလုပ်
တယ်။ ဘာတြွေဖစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲ ဆိုရင်
ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။



အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့်

ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..." လို့ ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ
ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့ အပြုံးနဲ့ မေးပါတယ်။



"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့

ပြန်ဖြေမိပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး အမေဆုံးရှာပါတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာ
ခင်မှာ အမေနဲ့ကျွန်တော် သွားခဲ့တဲ့စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့စာအိတ်တစ်အိတ်
ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့စာလေးတစ်စောင်ပါ ပါလာပါတယ်။



"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီးပိုက်ဆံပေးခဲ့တယ်။ အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလား

ဆိုတာတော့ သိပ်မသေချာဘူး... ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့ အမေ့
ချွေးမအတွက်ပါ... သားနဲ့ ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး... သားကို အမေသိပ်ချစ်တယ်..."





အမေ့စာကိုဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မီပြောဖို့၊
သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့
ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါတယ်။
ဘ၀မှာဘုရားနဲ့ မိသားစုထက် ပိုပြီး အရေးကြီးတဲ့ အရာမရှိပါဘူး။

အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ

အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ
ကျွန်းလှမြို့၊ ကျွန်းရွှေဝါကျောင်းတိုက်မှကူညီရေးကား
ပြာကျ အရိုးပေါ်ရုပ်မပီပြင်တော့သည့်အလောင်းနှင့်မီးလောင်ပြင်မြင်ကွင်း
9.11.2012 ယနေ့စာရေးသူထံဖုန်းဝင်လာသည်။မကြားချင်တဲ့သတင်းတစ်ခု ။ စာရေးသူရဲ့ဇာတိနယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ ၏မြောက်ဘက် ချပ်ကြီးဘူတာအ၀င်မိုင်တိုင်အမှတ်(၅၁၁/၈)နှင့်(၅၁၁/၁၃)ကြားအနီး နံနက်၉း၅၀အချိန်တွင်မန္တလေးမြို့ဟောင်းဘူတာမှထထွက်ခွာလာသော ဓါတ်ဆီ(၇)တွဲဒီဇယ်(၂) နှစ်တွဲပါ အမှတ်(၈၀၇)အဆန် ဆီတွဲရထားတစ်စီးဓါတ်ဆီတွဲနှစ်တွဲဘီးချော်တိမ်းမှောက်ကြောင်း ရထားမှောက်သောကြောင့် ဓါတ်ဆီများမှာ လယ်ကွင်းပြင်သို့ စီးဆင်းယိုဖိတ်လာရာ ရွာသူရွာသားများက ဆီများကို ဗူးများ သံချောင်များ ခွက်များဖြင့် အလုအယက် ခပ်ယူကြရာ လူများအုပ်အုပ်ကျက်ကျက်ဖြစ်လာကြောင်း ထိုသို့အလုအယက် ခပ်ယူနေကြရင်း တစ်နာရီခန့်ကြာသောအခါမီးလောင်စရာတစ်စုံတစ်ခုကြောင့် ဆီများမှာ မီးဟုန်းဟုန်းထတောက်တော့ရာ ဆီကိုခပ်ယူနေကြသောလူများပါလောင် ကျွမ်းသောကြောင့် လူယောက်သုံးဆယ်ဝန်းကျင် ခန့်သေဆုံးပြီး အယောက်တစ်ရာဝန်းကျင်မီးလောင်ဒဏ်ရာရကာ အရေးပေါ်ဆေးကုသယူနေရကြောင်းနှင့် သေဆုံးသူများမှာ အချို့ ပြာဖြစ်သွားပြီးအရိုးသာ ကျန်တော့ကြောင်း ရုပ်အလောင်းကျန်နေသောသူများမှာလဲ ဘယ်သူဘယ်ဝါမခွဲခြားနိုင်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်း မနက်၁၀ နာရီခန့်မှစလောင်သောမီးဟာ ညနေပိုင်းလောက်မှ မီးငြိမ်းသွားကြောင်း ထိန့်လန့်တုန်လှုပ်ခြောက်ချားဖွယ်ရာ ကြားသိလိုက်ရသည်။ မယုံနိုင်ဖွယ်ရာ ပူပူနွေးနွေးသတင်းတစ်ပုဒ်။ မီးလောင်ပြင်မြင်ကွင်းက တကယ့်ပြာကျနေတဲ့လူတွေ ပြီးတော့ မီးမလောင်ကျွမ်းနိုင်တဲ့ သံပုန်းသံခွက်တွေ သေနေသူတွေကတုံးလုံးပက်လက်အရိုးစုတစ်ပျက် ဒဏ်ရာရသူတွေက မရှု့မလှ ပုံများကို ကြည့်ရင်စာရေးသူရဲ့ရင်ထဲစို့နစ်လာမိသလို။ အတွေးများကလည်းသံဝေဂများစွာကိုဦးတည်ခဲ့သည်။ အော်လူတွေ လူတွေ ``အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် ´´ဆိုတာကို မေ့ထားကြတယ်။ ´´သတိမမူ ဂူမမြင်´´ဆိုတာ မျိုးလိုအရာရာသတိမထားစဉ်းစားချင့်ချိန် ဉာဏ်ပညာနဲ့သုံးသပ်မှုနည်းကြတယ်။ ဖြစ်ချင်တာရချင်တာ လုပ်ချင်တာကိုပဲဖျတ်ကနဲလုပ်တတ်ကြပြီး အလွယ်ရမယ် အလကားရမယ်ဆို ရေရှည်မတွေးအလေးမမူသူ့ထက်ငါပြိုင်ဆိုင်လုပ်တတ်ကြတယ်။ လုပ်သင့်မလုပ်သင့်ဖြစ်သင့်မဖြစ်သင့်ဆိုတာ မတွေးတော့ မဆင်ခြင်တတ်ကြဘူး။ ဒီအဖြစ်အပျက်လေး ကိုကောက်ချက်ချလိုက်တော့အလွယ်ရချင်ခြင်း ရေဆာခိုခြင်း လောဘကြီးခြင်းဆိုတဲ့အချက်တွေ ကို တွေ့လိုက်ရတယ်။ ဒီအချိန်မှာ ဒီလိုစကားမျိုးမပြောသင့်ဘူးလို့ ယူဆမိပေမယ့် တကယ့်အမှန်က ဒီလောဘဦးစီးအလွယ်ကြိုက်ခြင်းတွေကြောင့်ဆိုတာ အသေအချာဖြစ်နေလို့ သေသူအတွက်ဝမ်းနည်းနေမယ့်အစား ကျန်သူအတွက် အကျိုးရှိသင်္ခန်းစာရစေချင်လို့ ပြောလိုက်ရတာပါ။ တကယ်လို့သာ စဉ်းစားဉာဏ်ရှိကြမည်ဆိုရင်။ နံပါတ်တစ် ဆီရထားတွဲချော်လို့ဆီတွေ မှောက်တယ် မီးဘေးအန္တရယ်ဖြစ်နိုင်တယ်။ ဒီအတွက်ကြိုတင်ဘယ်လိုကာကွယ်သင့်သလဲ စဉ်းစားသင့်တယ်။ နံပါတ်နှစ် ဓါတ်ဆီဖြစ်စေ ဒီဇယ်ဖြစ်စေ ဆီဆိုတဲ့အမျိုးက မီးလောင်လွယ်တာကိုသတိထားပြီး မီးလောင်ကျွန်းစေတတ်သော ဆေးလိပ်အနီးအနားမှာ သောက်ခြင်း ၊ ဟန်းဖုန်းများ အနီးနားမှာယူမသွားခြင်းပြုလုပ်သင့်တယ်။ ခုတော့ဒီလိုမဟုတ်ဘဲ ဟ ဆီရထားမှောက်လို့တဲ့ဟ ဖိတ်ကျကုန်တယ်ဆီ တွေနှမျှောစရာ ရှိရာဗူးခွက်တွေယူပြီးသွားခပ်ကြဆိုပြီးပြီးသူ့ထက်ငါ အလုအယက်ခပ် ယူကြတော့ မီးခြစ်ပါလာသူရှိကောင်းရှိမယ် ဟန်းဆက်ပါလာသူရှိကောင်းရှိမယ် ဆေးလိပ်သောက်ရင်းဆီခပ်သူရှိကောင်းရှိမယ် ။ နောက်ယူလာတဲ့ထဲမှာ ဗူးတွေထဲမှာကစားဆီထည့်ထားတာ မျိုးအစရှိတဲ့ ဆီပေါင်းရေပေါင်းများစွာထည့်အသုံးပြုထားတာတွေရှိတယ်။ ဓါတ်ဆီ၊ဒီဇယ်ဆိုတဲ့ အမျိုးကမတည့်တဲ့ဆီနဲ့တွေ့ရင် မီးထတောက်လောင်တတ်တာ သတိထားရမယ်။ရေကြီးသုပ်ပြာခပ်ကြတော့ဘယ်သူမှ ဗူးတွေကို ဆေးကြောလာကြမှာမဟုတ်ဘူး။ ထင်တယ်အဲဒီအချိန် သူတို့စိတ်ထဲ မီးလောင်လိမ့်မယ်ဆိုတာ ဘယ်သူမှတွေးမိမှာ မဟုတ်ဘူး။ ဆီတွေကိုမရလိုက်မှာဆိုတဲ့ပူပင်သောက၊ ဆီတွေကိုရချင်လွန်တဲ့လောဘ တွေကြောင့် ဆီခပ်ယူထည့်ဖို့ရာပဲသူတို့စိတ်ထဲမှာတွေးနေလိမ့်မယ်။ ဒါကြောင့်လဲအလုအယက်ခပ်ယူကြတာပေါ့။ ဒီတော့လောဘကြောင့်သေရတယ် ။``လောဘကြောင့်သေ ငရဲပြည်´´ဆိုတဲ့ဆရာတော်တွေဟောတဲ့တရားအတိုင်းဆိုရင်သွားပြီ၊ ဒီလောဘကြောင့် အသက်နှင့်ခန္ဓာပေါင်းများစွာ ပေးဆပ်လိုက်ကြရသလို ငရဲသို့လည်းခရီးဆက်ရဦးမလားတော့မပြောတတ်။ ဘယ်အလုပ်တိုင်းမဆို ဖြစ်သင့်မဖြစ်သင့်မစဉ်းစာပဲ လောဘကိုဦးတည် ဖြစ်ချင်တာကို အသားပေးလုပ်မိရင် ဒီမီးလောင်းပျက်စီးရခြင်းမျိုးလိုပဲ တကယ်ကိုဘ၀ တွေနာကြရလိမ့်ဦးမယ်။ ဒီတော့ တစ်ခါအမှား ဖြစ်ရငြားလည်း ဧကန်တစ်ခါ မှန်ရပြန်က စဉ်းစားဆင်ခြင် ဉာဏ်သို့ယှဉ် ဆိုတဲ့ပညာရှိတို့စကားလေးလို ဒီတစ်ခါတွေ့လိုက်ရတဲ့ အမှားကြောင့်လူပေါင်းများစွာရက်အသက်တွေကိုပေးဆပ်လိုက်ရတာ ကိုသင်္ခန်းစာယူပြီး နောင်အမှားမတွေ့ရအောင် (အချောင်ရလို)အလွယ်ရလိုတဲ့လောဘ ၊ ဖြစ်ချင်တာကိုဇွတ်လုပ်တတ်တဲ့ဗီဇ တွေကို ဖျောက်ပစ်ဖို့လိုပါပြီ။ ဆီတွေအလကားရမယ် တို့မိသားစုလေးအတွက် အသာနေရင်း ၀င်ငွေရမယ်။ ဆိုတဲ့ ပျော်စရာအတွေးဟာ ဆင်ခြင်ဉာဏ်နည်းပါးခြင်းကြောင့် ကြေကွဲစရာမိသားစုလေးတွေဖြစ်ခဲ့ရရှာတယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုရင် ရလွယ်ဖြစ်လွယ်တဲ့လောဘကိုဦးမတည်သင့်ပဲ အချောင်လိုချင်တဲ့ ဆန္ဒကိုဖျောက်၊ဖြစ်နိုင်ချေနှင့်ဖြစ်နိုင်တာကို စဉ်းစားဆင်ခြင်၊ ဖြစ်ချင်တာထက် ဖြစ်သင့် တာကိုဦးတည်ဖြစ်နေတာကို အကောင်အထည်ဖော်ပြီး သုံးသပ်ချင့်ချိန်တတ်တဲ့ဉာဏ်ပညာလေးရှိသင့်တယ်ဆိုတာ အသက်ပေါင်းများစွာ ပေးပြီးရလိုက်တဲ့ ဒီသင်္ခန်းစာလေးရအောင်ယူသင့်လှပါတယ်။ ဆရာတော်ကြီးတွေရဲ့ အမှားနှင့်အမှန် ဝေဖန်ခွဲခြား စုံစမ်းသူအလွန်ရှား၏ စုံစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူရှား၏ ခွဲခြားသိစေကာမူ အမှန်အမှားပြောနိုင်သူရှား၏ ပြောနိုင်စေဦး အမှားကိုစွန့်၍ အမှန်ကိုကျင့်သူရှား၏ ဆိုတဲ့ ဆုံးမစကားလေးတွေအတိုင်း စာရေးသူအပါအ၀င် လူတိုင်းဟာ အမှန်အမှား ခွဲခြားချင့်ချိန်ပြောဆို လုပ်ကိုင်နိုင်သူအလွန်ရှားပါတယ်။ ဒါပေမယ့် မလုပ်လို့လဲမရပါဘူး။ ခွဲခြားသိမြင်နိုင်စွမ်းမရှိ လုပ်ကိုင်နိုင်စွမ်းမရှိပြန်ရင် ဒီလို ရင်နာစရာအဖြစ်မျိုးတွေက နောက်လဲကြုံနေရဦးမှာပါ။ လောဘသည် အငတ်ကမ္ဘာကြီးကို ဖန်တီး တတ်သည်။ဆိုတဲ့ဘုရားဟောလို လောဘဦးစီးပြီး အမှားအမှန်ဝေဖန်ပိုင်းခြားမကျင့်ကြံပဲ တရားသည်မတရားသည်မသိလုပ်ကိုင်က သူ့ထက်ငါ ပြိုင်ဆိုင်ကြ မာန်ထောင်ကြမယ်ဆိုရင် ကမ္ဘာအ၀ှမ်းအမြဲသွေးချောင်းစီးပြီး မငြိမ်းမချမ်းနဲ့ ငတ်ကြပြတ်ကြနဲ့နေရဦးမှာပါလားဆိုတာ သတိထားပြီးကြပြီး အချောင်ကြိုက် အလွယ်လိုက် လောဘမိုက်ကို မွေးကြတဲ့ အကျင့်တွေဖျောက်ပယ်နိုင်ကြပါစေ။

အမေရိကန်တွင် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်တစ်ဦးအဖြစ် ခန့်အပ်ထား

ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ် လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက် နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေ မယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။ ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွား ပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိ မှတ်တမ်းစာရင်းထဲလည်း တကယ် ထည့်ထားရပြီး Talkeetna မြို့ တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။ --ိံ7Days News Journal မှကူးယူတင်ပြခြင်းဖြစ်သည်..

Tuesday, 13 November 2012

သိပ္ပံမောင်ဝပြောသော **“ မြန်မာမိန်းမတို့၏ အခြေအနေ ”**

သိပ္ပံမောင်ဝ ခေတ်စမ်းသမားမဖြစ်မီ ၁၉၃၆ခုနှစ်က ရေးခဲ့တဲ့ စာတမ်းတစောင် ဖတ်မိတယ်။ စာတမ်းအမည်က “မြန်မာမိန်းတို့၏ အခြေအနေအကြောင်း” တဲ့။ သိပ္ပံမောင်ဝရဲ့ Feminism နဲ့ Gender အပေါ် အဲဒီခေတ်က အမြင်လို့ ပြောနိုင်မယ့် စာတမ်းပါ။ ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ တရားဥပဒေအရေး၊ ဘာသာရေးနဲ့ တိုင်းရေးပြည်ရေးမှာ မိန်းမတို့ အခြေအနေတွေကို အခန်း ၅ခန်းနဲ့ ရေးပြထားတာမို့ အကျဉ်းသဘော အဲဒီခေတ်ကာလအမျိုးသမီးများ အခြေအနေကိုမြင်သာအောင် ဖော်ပြချင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတွင် မြန်မာမိန်းမတို့၏အခြေအနေ လူမှုဆက်ဆံရေးမှာ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံသူများ အိမ်တွင်းပုန်းတာနဲ့ အနောက်နိုင်ငံသူများ ပွင့်လင်းလွန်းတဲ့ အစွန်းနှစ်ဖက်ကြားလို့ သိပ္ပံမောင်ဝက သုံးသပ်ပါတယ်။ “အပျိုဖော် လူပျိုဖော်” ဝင်လာရင် အိုးချင်းထားအိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိမယ်ဆိုပြီး ကျား၊မ သတ်သတ်စီဖွံ့ဖြိုးစေခဲ့တဲ့ မြန်မာ့အလေ့ အထကိုလည်း ဖော်ပြထားပါတယ်။ ဒီကဏ္ဍမှာ ရည်းစားသနာထားတာ၊ စာပေးစာယူလုပ်တာ၊ ခိုးရာလိုက်ပြေးတာ၊ မိဘ စီစဉ်ပေးစားတာတွေရဲ့အပေါ် ပြဿနာနဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးထားပါတယ်။ မြန်မာ့အိမ်ထောင်မှုစနစ်မှာ မိန်းမကယောကျာ်းရဲ့ လခငွေကိုကိုင်တွယ်ပြီး စီမံအုပ်ချုပ်မှု သဘောနဲ့ လူမှုရေးများပါ အရေးပါပုံကိုလည်း ရေးထားပါတယ်။ ယောက်ျား၊ မိန်းမ လူမှုဆက်ဆံရေးမှာ အနောက်နိုင်ငံတွေလို ထုံးစံအတည်တကျ မရှိပေမယ့် တဦးနဲ့တဦး ရှေ့အပြူအမူ၊ အမူအယာ အထူးသတိပြု နေထိုင်ကြတာမျိုးကိုလည်း ဖော်ပြထားပါတယ်။ ဒီခေတ်မှာ အထူးအဆန်းမဟုတ်သလို ထင်ကြတဲ့ မိန်းမနဲ့ အရက်သေစာ သောက်စားမှုကိုလည်း တင်ပြထားတာ တွေ့ရပါတယ်။ မုဆိုးမနဲ့ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်ရေးထားပါသေးတယ်။ ။------------------------------။ ပညာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ ပညာရေးမှာ မြန်မာမိန်းမများ အရေအတွက်နည်းသည့်တိုင် မညံ့ပုံကို ပုဂံခေတ်ကနေချီပြီး ပြန်ပြောထားပါတယ်။ ကျစွာမင်းကြီးရဲ့ သမီးတော်ဟာ သဒ္ဒါကျမ်းတစောင်ကို ပြုစုခဲ့တဲ့အကြောင်း၊ ရဟန်းများကိုပင် စာချတဲ့အကြောင်းနဲ့ ထိုလက်ထက်က အပျိုကညာများ ဆန်ဖွပ်၊ ဈေးရောင်းရင်း သဒ္ဒါ၊ သင်္ဂြိုဟ် ခဲရာခဲဆစ်တို့ကို လေ့လာကြောင်းတွေ ဖော်ပြထားပါတယ်။ သမိုင်းထဲက ပညာရှိမိန်းမများအဖြစ် ဇင်းမယ်မိဖုရား၊ ပဲခူးမိဖုရား၊ နန်းတွင်းမိညို၊ နန်းတွင်းမိဖြူ၊ ရဝေရှင်ထွေးစတဲ့ မိဖုရား နဲ့ နန်းတွင်းသူတွေကို ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝတို့ခေတ်က ပညာရေးမှာ ယောကျာ်းလေးတွေထက် မိန်းကလေး က ပညာသင်ကြားရမှု နောက်ကျတာကြောင့် အနည်းငယ် ညံ့သွားပုံ၊ မိန်းကလေးကျောင်းများ ပေါ်လာတာကြောင့် အိုင်အေ၊ ဘီအေ အောင်တဲ့ မိန်းကလေးများရှိလာပုံ၊ အောက်ခြေလူတန်းစား မိန်းမတွေကတော့ ဝမ်းဝခါးလှအောင် အပမ်းတကြီး ရှာဖွေရတာကြောင့် တိုင်းရင်းစာကိုပင် မဖတ်နိုင်သူတွေ ရှိကြောင်းလည်း ပါဝင်ပါတယ်။ ။------------------------------။ တရားဥပဒေတွင် မြန်မာမိန်းမတို့၏အခြေအနေ မိန်းမတို့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဓမ္မသတ်စာစောင် တခုနဲ့တခု မညီညွတ်တာကြောင့် အရှုပ်အရှုပ်အထွေးထွေး ဖြစ်နေလို့ ရှေ့နေရှေ့ရပ်နဲ့ တရားသူကြီးတွေ တရားမှန်လမ်းမှန်ရောက်ဖို့ အကြပ်အတည်းနဲ့ ကြုံရကြောင်းကို ထောက်ပြထားပါတယ်။ အသက် ၂၀ မပြည့်ခင် မိန်းကလေးက ခိုးရာလိုက်တဲ့အခါ မိဘတွေသဘောမတူက အချိန်မရွေးခွဲပစ်နိုင်ကြောင်းကို မြင်းကွန်းဓမ္မသတ်ကို ကိုးကားပြီး “သူကညာကို၊ ကြိုက်ပါသောအား၊ ယောကျာ်းခိုး၍၊ တကျိပ်စေ့ပင်၊ သားတည်းမြင် လည်း၊ မိခင်ဘမင်း၊ မဆောက်နှင်းက၊ မနေရချေ၊ မိဘကြိုက်သူ၊ ပေးစားဟူ၏” လို့ ပါကြောင်းနဲ့ မိန်းကလေးက အခွင့်အရေးဆုံးရှုံးနေကြောင်း ပြောထားပါတယ်။ မယားကြီး၊ မယားငယ် ပြဿနာ၊ မယားကြီးနဲ့ မယားငယ် အခွင့်အရေး၊ ဒါမျိုးတွေ ပပျောက်ဖို့ ထိုခေတ်က အစိုးရတွေ ဥပဒေကို တဖြည်းဖြည်းပြောင်းလဲနေကြောင်းလည်း ဖော်ပြထားပါတယ်။ လင်ကွာ မယားကွာ ပစ္စည်းခွဲဝေပုံများ နဲ့ လူမျိုးခြားနဲ့လက်ထပ်တဲ့အခါ မြန်မာမိန်းမများ နစ်နာမှုဆိုင်ရာတွေကိုလည်း ဆွေးနွေးထားပါတယ်။ ။------------------------------။ ကိုးကွယ်ရာ ဘာသာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ မိန်းမတို့၏ အခြေအနေနဲ့ အခွင့်အရေးကို စဉ်းစားရာမှာ ဘာသာတရားကို မပယ်ထားသင့်ကြောင်း၊ ဗုဒ္ဓဘာသာအရ ယောက်ျားက မိန်းမထက် မြတ်သည်ဟု ဖြေဆိုသူများမှာ နက်နက်နဲနဲ မတွေးတောဘဲ ဖြေဆိုသူများဖြစ်ကြောင်း ပြော ထားပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ မြန်မာတွေဟာ ဂုဏ်အသက်ကို အရေးဂရုဓမ္မ အလေးပြုရတာကြောင့် ယောကျာ်းနဲ့ မိန်းမတို့ရဲ့ အခြေအနေကို တမျိုးတမည် ဆင်ခြင်နိုင်သေးကြောင်း ထောက်ပြထားပါတယ်။ အမိကို ဖြစ်စေ၊ အဖကို ဖြစ်စေ ပြစ်မှားလျှင် အပြစ်ကြီးမှု အတူတူပင်ဖြစ်ကြောင်း ဥပမာပေးထားပါတယ်။ ယောကျာ်းနှင့် မိန်းမ မြတ်၏ အမြတ်၏ အကျိုးအပြစ်များကို ဘုရားဟောသုတ္တန်များ၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝ လင်္ကာများနဲ့ ယှဉ်ပြီး ရေးထားပါတယ်။ ယောကျာ်း၊ မိန်းမ မဟူ အတွင်းဓာတ်ခံသာလျှင် ပဓာနအရင်းခံဖြစ်ကြောင်း နိဂုံး ချုပ်ထားပါတယ်။ ။------------------------------။ တိုင်းရေးပြည်ရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ အရေးအခွင့် တိုင်းရေးပြည်မှု၊ ယခုခေတ်အခေါ် နိုင်ငံရေးမှာ မိန်းမများ ဝင်ရောက်ဆောင်ရွက်နိုင်ခွင့်ရရေး ဆူပူဆောင်းဆိုကြသည် မှာ အနောက်နိုင်ငံက စကြောင်း၊ မြန်မာပြည်သမိုင်း အုပ်ချုပ်ရေးကဏ္ဍတွင် မိန်းမများရှိခဲ့ကြောင်း၊ ဘုရင်မကြီးရှင်စောပု၊ ရှင်စောနစ်၊ မင်းဆက်ငါးဆက်တိုင် မိဖုရားဖြစ်ခဲ့သူ ရှင်ဘို့မယ်၊ အလယ်နန်းမတော် ဆင်ဖြူမရှင် စသူတို့မှအစ မြန်မာ မင်းများ လက်ထက်တော်အခါက မိန်းမရွာသူကြီး၊ မိန်းမဆယ်အိမ်ခေါင်း၊ မိန်းမစာချီ စသူတို့ ရှိခဲ့ကြောင်းတွေ ဖော်ပြထားပါတယ်။ ၁၁၁၉ ခုနှစ်မှာ မြေခဲရွာသူကြီးသည် မိန်းမဖြစ်ကြောင်း၊ ၁၁၂၇ ခုနှစ် တောင်ပုံတန်းအဝင် ရေမြက်ရွာစစ်တမ်းမှာ ရွာသူကြီးက မမိငြိမ်းဖြစ်ကြောင်း၊ ဒါ့အပြင် ပုဂံနယ်မှာ မိန်းမရွာသူကြီး ၆ ယောက်ရှိကြောင်းတွေ ဖော်ပြထားပါတယ်။ ပုသိမ်မြို့ ဆားကျင်းများကို သမီးများကဆက်ခံရပြီး သားများကပိုင်ဆိုင်ခွင့် မရကြောင်း၊ တချို့သော ရေနံရိုးတို့မှာ ယောကျာ်းက မဆက်ခံရဘဲ သမီးမိန်းမများကသာ ဆက်ခံခွင့်ရကြောင်း ရေးထားပါတယ်။ အင်္ဂလိပ်ခေတ်ရောက်မှ မိန်းမသူကြီး၊ ဆယ်အိမ်ခေါင်းတွေ ပပျောက်ကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၂၈၇ ခုနှစ် တပို့တွဲလဆန်းထုတ် သူရိယ သတင်းစာမှာ မင်းတိုင်ပင်အမတ် ရွေးကောက်ပွဲနဲ့ မြူနီစီပယ် လူကြီး ရွေးကောက်ပွဲတွေ မှာ မြန်မာအမျိုးသမီးတွေ ဝင်ရောက် မဲဆန္ဒပေးဖို့ အခွင့်ရပေမယ့် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်း ရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေ မဲဆန္ဒယင်ရောက် ပေးပိုင်ခွင့်မရှိလို့ ဝေဖန်ရေးသားထားတာကိုလည်း ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝရဲ့စာတမ်းကို ၁၉၃၆ ခုနှစ် ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းကနေ ဖော်ပြခဲ့ တာပါ။ စာတမ်းတခုလုံးအချုပ်အားဖြင့် ယောကျာ်းနဲ့ မိန်းမ တတန်းတစားတည်း ထားမှသာသင့်မြတ်ကြောင်း၊ တတန်း တည်းဆိုသော်လည်း နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကျင့်ကြံရန် မဟုတ်ကြောင်း၊ မိမိတို့ဆိုင်ရာ တင့်တယ်သော နေရာများမှ ဝင်ရောက်ဆောင်ရွက်သင့်ကြောင်း၊ အကျင့်စာရိတ္တ ချို့ယွင်းပျက်ပြားမည့် နေရာများမှာ မိန်းမများဟာ ကောင်းစွာ ရှောင်ရှားသင့်ကြောင်း သိပ္ပံမောင်ဝက အကြံပြုပြီး သူ့စာတမ်းကို နိဂုံးချုပ်ထားပါတယ်။

ကမ္ဘာ့တီထွင်မှု အကောင်းဆုံး ကုမ္မဏီအဖြစ် Apple က နံပါတ် ၁တွင်ရှိနေဆဲ

သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တီထွင်မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းကောက် ကုမ္မဏီ တစ်ခုဖြစ်တဲ့ Booz မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ အကြောင်းအရင်းမှာ လက်ရှိ သူတို့ ပြုလုပ်ထားတဲ့ Project Glass ( Smart Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို ဆိုပါတယ်။ နံပါတ် ၃ မှာတော့ 3M အမည်ရ နည်းပညာ ထုတ်ကုန်ပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ သူရဲ့ အဓိက ထုတ်ကုန်က ဆော့ဖ်ဝဲရော၊ ဟာ့ဒ်ဝဲရော ပါရှိပြီး အမေရိကန် အခြေဆိုက် ကုမ္မဏီဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ တစ်ဝန်းက မီးပွိုင့်တော်တော်များများဟာ သူတို့ ထုတ်ကုန် ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်း များအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲ၊ Application များစွာလည်း ထုတ်လုပ်ထားပါတယ်။ နံပါတ် ၄ နေရာမှာကတော့ Samsung ဖြစ်ပါတယ်။ Apple နဲ့ ကြားမှာ နှစ် ခု တောင် ကွာသွားပါတယ်။ OLED displays နဲ့ NFC နည်းပညာ တို့ကြောင့် နံပါတ် ၄ အထိ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ Microsoft က နံပါတ် ၅ မှာတော့ မရှိခဲ့ပါဘူး။ နံပါတ် ၆မှာသာ တည်ရှိပါ တယ်။ Lumia စမတ်ဖုန်းသစ်၊ Surface Tablet, Windows 8 အစရှိသဖြင့် ယခုနှစ်အတွင်း အကောင်းဆုံး ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပေမယ့် နံပါတ် ၆ နေရာမှာ ရှိခဲ့တာကို Microsoft user တို့ မကျေပ်နပ်ခဲ့ပါဘူး။ စတိဗ်ဂျော့ မရှိတော့ပေမယ့် နံပါတ် ၁ နေရာမှာ ဆက်လက် တည်ရှိအောင် ထိန်းထားပေးနိုင်တဲ့ Tim Cook ကို Apple Fan တို့လေးစားခဲ့ ပါတယ်။ နောက်နှစ်တွေမှာလည်း Apple ကပဲ နံပါတ် ၁ Innovative ကုမ္မဏီ တစ်ခု ဖြစ်လာဖို့ မျော်လင့်ထားတယ်လို့ သိရပါတယ်။ -- TechSpace Journal မှကူးယူတင်ပြင်ခြင်းဖြစ်သည်....

Monday, 12 November 2012

အသိမှတ်ပြုပေးနေရင်ကိုကျေနပ်ပါတယ်ချစ်သူရယ်

မရေရာတဲ့ဘ၀နဲ့ သေချာအောင်နေနေခဲ့တာမို့ အကြင်နာချစ်ခြင်းသက်သက်နဲ့ လိုရာကိုဖြည့်ဆည်းခဲ့တာကို မယုံကြည်ဘူးဆိုရင်လဲ ခဏတာအတူရှိချိန်လေး ရင်ထဲမှာတကယ်အလေးနက်ဖြစ်ခဲ့မယ်ဆိုရင်တော့...... အမှားတွေကိုခ၀ါချ သံသယတွေကင်းကင်းနဲ့ တို့တွေပြန်ဆုံခဲ့ကြတာမဟုတ်ဘူးလား ဘယ်သူ့ဘယ်သူ့ကိုမှ မောင့်လောက်ရည်စူး မချစ်ဘူးလို့ ဘယ်သောအခါမှ မောင့်လောက်ကြည်နှုး မချစ်ခဲ့ဖူးလို့..... မယုံကြည်တဲ့စကားက နှလုံးသားပါးပါးကို ဓါးထက်ထက်နဲ့ တစ်ချက်တစ်ချက် ထိုးနှက်ရက်တယ်နော်... တပြည်တစ်ရွာ အနေကွာနေပေမဲ့ နှလုံးအိမ်မှာ အမြစ်တွယ်လာတဲ့အချစ်က ဒီရင်မှာအမြဲရှိခဲ့တာမို့ ကြင်နာသူရေ... မင်းကမစာနာလဲ အပြစ်မြင်မရခဲ့တာကြောင့် ဒီကအချစ်ကိုတော့ အလေးမထားချင်နေပါ အသိမှတ်လေးတော့ပြုပေးပါ....

အာရှအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် မြန်မာ မှ '' ကြည်လင်း ''ပါဝင်

နာမည်ကြီးဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက် အာရှအကောင်းဆုံးဘောလုံးသမား ၁၁ ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင်ကစားသမားကြည်လင်း ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်မှ ရွေးချယ်ခဲ့သော ကစားသမား ၁၁ ဦး စာရင်းတွင် ကြည်လင်းသည် ဂျပန်လက်ရွေးစင်ဂိုးသမား ကာဝါရှီမာ၊ အင်တာမီလန်အသင်းမှ ဂျပန်လက်ရွေးစင် နောက်ခံလူ နာဂါတိုမို၊ ဟမ်းဘတ်အသင်းမှ တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင် စသည့် နာမည်ကြီးကစားသမားများနှင့်အတူ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ၃း၎း၃ ကစားကွက်ပုံစံဖြင့် ရွေးချယ်ထားသော အဆိုပါ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ကြည်လင်းသည် ညာတောင်ပံကစားသမားနေရာမှ ရွေးချယ်ဖော်ပြခြင်းခံရခြင်း ဖြစ်သည်။ ကြည်လင်းကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ဆူဇူကီးဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ရေးအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုးသုံးဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း၊ ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ကြည်လင်းသည် ခြေစွမ်းပြကစားနိုင်ပါက အရှေ့တောင်အာရှ ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံရနိုင်ကြောင်း Goal.com က သုံးသပ်ဖော်ပြထားသည်။ ကြည်လင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှ အားထားရသော အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သည်။
7Day News Journal Planet Myanmar Network

ပုံလေးတွေ Photo fun frame maker လေးနဲ့ပုံဖော်ကြည့်ရအောင်

သူငယ်ချင်းတို့ရဲ့ ပုံလေးတွေကို ကိုယ်ပိုင်စိတ်ကူးလေးနဲ့ပုံဖော်ကြည့်လိုက်ပါ စိတ်ဝင်စားဖို့ကောင်းပါတယ် ဒေါင်းမဲ့နေရာကို ပုံနဲ့ပြထားပါတယ် ပထမဆုံး ဆော့ဝ်လဲကို ဒေါင်းပြီတာနဲ့ နှစ်ချက်နှိပ်လိုက်ပါ ဒီလိုလေးပေါ့
ပုံထဲမှာ ဘောလ်ပင်နှစ်ချောင်းရှိတယ် ဘောလ်ပင်ရဲ့အပေါ်နဲ့အောက်ခြေကို မောက်စ်လေးတင်ပြီးနှိပ်ကြည့်ပါ ညာဘက်အခြမ်းမှာ ပုံရဲ့နောက်ခံ အနီရောင်နဲ့ဘောင်ခတ်ထားတဲ့ frames အများကြီးကိုတွေ့ရ ပါလိမ့်မယ် ဒါမှမဟုတ် ဘယ်ဘက်ခြမ်းက အစိမ်းရောင် frame ကိုလည်းနှိပ်လို့ရပါတယ် မကြိုက်ရင် No frame ကိုနှိပ်ပြီးပြန်ဖြုတ်လို့ရပါတယ်
နောက်တခု ပုံနဲ့အတူ နောက်ခံဒီဇိုင်းရွေးပြီးပြီဆိုရင် ပိုပြီးလှအောင်Effects တွေကို ထည့်ရအောင်ညာဘက်အခြမ်းမှာရှိတဲ့ အပြာရောင် Effects လေးကိုနှိပ်လိုက်တာ နဲ့ ပြောင်းသွားပါလိမ့်မယ် ကြိုက်တဲ့ effect ကိုထည့်ပါ
ပြီးရင်ပုံမှာ စာရေးမယ် အင်္ဂလိပ်လိုပဲရတယ်နော် ညာဘက်အခြမ်းက အပြာရောင် Text ကိုနှိပ်လိုက်ရင် ဒီလိုလေးဖြစ်သွားမယ်နော်
ကဲနောက်ဆုံးမှာတော့ ပုံလေးကို သိမ်းမယ်ဆိုရင် ဘယ်ဘက်ခြမ်းမှာ Save Photo လေးကိုနှိပ် လိုက်ပါ ပြီးရင်ပုံမှာပြထားအတိုင်း လုပ်ကြည့်လိုက်ပါ
သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်

ချစ်တတ်တဲ့လူများကိုယ်ကဘာအချစ်နဲ့ ချစ်နေလဲဆိုတာသိရအောင်ဖတ်ကြည့်သင့်ပါတယ်

ချစ်တတ်တဲ့လူများကိုယ်ကဘာအချစ်နဲ့ ချစ်နေလဲဆိုတာသိရအောင်ဖတ်ကြည့်သင့်ပါတယ် အချစ်လေးမျိုးရှိတယ်တဲ့.... 1. Ego Love 2. One-sided Love 3. Blind Love 4. True Love 1. Ego Love ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်.... အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့... ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး... သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love ဖြစ်နေပါပြီ... အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်... သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်... အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး.... အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့... 2. One-sided Love ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...... အရာရာပေးဆပ်နေချင်တယ်...... အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...... ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး... အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်... အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့....... မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်... 3. Blind Love ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်... အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့... အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်... ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ.... ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး.... အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်.. 4. True love နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်... ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ.... ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်... လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ.... အသဲကွဲတယ်ဆိုတာလဲမရှိဘူး.... သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး.... ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်.... အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်... တစ်ချို့က တစ်ခါတစ်လေ...Blind Love ကို True Love နဲ့ လဲမှားတတ်ကြပါတယ်...ဆင်တာကိုး... မတူကတော့... Blind Love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး... အဲဒါကြောင့်......ချစ်မိပြီဆိုရင်..... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး... ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...

နင်အနားမှာပဲ ချစ်သူရယ်...။

ချစ်သူရေ..... နင် ငါ့ရဲ့နှလုံးသားကို နာကျည်းမှုတွေပေးခဲ့တာများနေပြီကွာ အဲဒီနာကျည်းချက်တွေကြောင့်ပဲ တချိန်ချိန်မှာ ငါ နင့်အနားကနေ ဟိုး....အဝေးဆုံးကိုထွက်သွားမိလိမ့်မယ်ချစ်သူ...... အခုဆိုရင် ငါ့နှလုံးသားလေးက နင့်ကို သိပ်ကြောက်နေမိပြီလေ ငါက နင့်ကိုကြောက်ချင်တာမဟုတ်ဘူး ငါက နင့်ကို ချစ်ပဲချစ်ချင်ခဲ့တာလေ ငါ့ကိုချစ်မယ့်သူ...... ငါ့ကိုနားလည်မယ့်သူတစ်ယောက် တချိန်ချိန်မှာ ငါ့အနားကိုရောက်လာခဲ့ရင်တောင်မှ ငါ့နှလုံးသားလေးက နင့်အနားမှာပါပဲချစ်သူရယ်........။ ။

...ငါလွမ်းနေပါတယ်....

ချစ်သူရေ..... တမ်းတလို့လွမ်းလိုက်မိတိုင်းမှာဖြင့် အသည်းခိုက်အောင်နာကျည်းလှသူမို့ တကိုယ်တည်းပဲနေတော့မှာပါ...... တွယ်တာသူလှယမင်းကိုမှ ရင်ထဲမှာကတော့ထာဝရ မင်းပါ....... နေ့ရက်တွေကအလီလီ ရာသီတွေဘယ်လောက်ပင်ပြောင်းစေဦးတော့ မဟောင်းနိုင်တဲ့ရင်ခွင် တွယ်ငင်နေတဲ့အနမ်းပန်း မောင်မလှမ်းဝံ့တော့ပါဘူးလေ....... မင်းပေးခဲ့တဲ့နှလုံးသားရဲ့တစုံတရာ စေစားခဲ့မိတာက အမုန်းပန်းတစ်ခက် ရတက်ပွေစွာနဲ့ဆွတ်ခူး အမုန်းဖူးကိုမှဦးတည် နှလုံးသားတည့်တည့်ကိုမှချိန်ခွင်း ပစ်လွှတ်လိုက်တဲ့မင်းရဲ့အမုန်းမြားရဲ့အရှိန် ထိချက်ကတော့နာလှပါတယ်ကွယ်...... ပကာသနကိုလည်းမခုံမင် မာနတွေကိုလည်းမတွယ်တာတဲ့သူမို့ ချစ်သူရယ်..... ကွယ်ရာကပဲလွမ်းပါ့မယ်........ တနေ့နေ့တချိန်ချိန် ဒီအချိန်ကိုပြန်ရောက်ပြီဆိုရင်ဖြင့် နင်မမေ့ဘူးဆိုတဲ့အသိ ငါ့ရင်ထဲမှာရှိနေပြီလေ...... တနေ့နေ့တချိန်ချိန် ဒီအချိန်ကိုပြန်ရောက်ပြီဆိုရင်ဖြင့် ငါမမေ့သေးဘူးဆိုတဲ့အသိ နင့်ရင်ထဲမှာရှိနေရင်ကိုပဲ ငါကျေနပ်နေမှာပါ ဒီလောက်ဆိုကျေနပ်ပါတော့ရယ်လို့ ဖွဲ့နွဲ့ကာမရေးချတတ်သူမို့ ချစ်သူရယ်..... မနေ့ကလိုပဲလွမ်းပါတယ်.......။ ။

Sunday, 11 November 2012

တစ်ချိန်က ....ချစ်သူ

ချစ်သူ......... အပြင်မှာမိုးတွေရွာနေတယ်...... အဆောင်အပြင်ကိုလှမ်းကြည့်လိုက်ရင်......သိန်းသောင်းမကကျဆင်းနေတဲမိုးစက်တွေက ငါကိုလှောင်ရယ်ပြုလို့ပေါ့........ ချစ်သူ........ ကန်သုံးဆင့်ဥယျာဉ်ကြီးကအခုထိလှပနေတုန်းပေါ့.......... ဥယျာဉ်ထဲကိုဝင်ကြည့်လိုက်ရင်.....မင်းနဲအတူပျော်ရွှင်ခဲတဲ့..ခုံတန်းဟောင်းလေးက ငါ့ကိုလှောင်ရယ်ပြုလို့ပေါ့ ချစ်သူ......... အခု့တော့အသည်းတွေကွဲငါတစ်ယောက်တည်းမနေတက်တော့ဘူး......ချစ်သူရယ်.... ချစ်ခဲ့တာတစ်နှစ်မက... အနှစ်နှစ်အလလချစ်ခဲ့ပြီးမှ.....စာလည်းမထည့် ဖုန်းမဆက်နဲ့မင်းငါ့ကိုမုန်းရက်ပြီပေါ့....ချစ်သူရယ်....... ချစ်သူ... အခု့တော့...ငါ့နှလုံးသား.. ဆားမပါတဲ့ဟင်းလိုပါဘဲလားကွယ်.......

Tuesday, 23 October 2012

မိုဘိုင်းဖုန်းအကြောင်း သိကောင်းစရာ

္ဖGalaxy S2 I9100G ကို Android 4.1.1 Jelly Bean သို့ CyanogenMod 10 ဖြင့် upgrade လုပ်နည်းလေးပါ အောက်က Link နှစ်ခုကို Down ပါ။ 1. http://dl-bacon.bbqdroid.org/dinner/cm-10-20120723-EXPERIMENTAL-i9100g-CODEWORKX.zip 2.http://d-h.st/D8Y Wipe data/factory reset လုပ်ရမယ့်အဆင့်ပါတဲ့အတွက် data တွေ backup လုပ်ထားပါ။ Instructions 1. Download လုပ်ထားသော zip file နှစ်ခုကို copy ကူးပြီး ဖုန်းရဲ့ internal SD card ထဲကိုထည့်ပါ။ 2. ဖုန်းကို power ပိတ်ပါ။ 3. Volume Up+Home+Power button တွဲနှိပ် ပြီး Recovery Mode ၀င်ပါ။ 4. Wipe data/factory reset ကိုရွေးပါ။ YES ကိုနှိပ်ပါ။ 5. Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 1 မှ Download လုပ်ထားသော CM10 ROM.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။ 5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။ 6. ပြီးရင် main menu ကိုပြန်သွားပါ။Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 2 မှ Download လုပ်ထားသော flash gapps-jb-20120717-signed.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။ 7. ပြီးရင် main menu ကိုပြန်သွားပါ။Reboot system now ကိုရွေးပါ။ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် 10 မိနစ်လောက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ပြီးရင်တော့ သူငယ်ချင်းတို့ jelly-bean စားသုံးနိုင်ပါပြီ..:) from mobile store ====================================================================== Android ဖုန်းပေါ်မှာ root မဖောက်ပဲမြန်မာလိုမြင်ရအောင်လုပ်နည်း Android ဖုန်းတွေမှာ root မဖောက်ပဲ မြန်မာလိုမြင်ရအောင်လုပ်တဲ့နည်းလေးပါ 1.>ပထမဆုံး GOSMS Pro ကို သွင်းထားရမှာဖြစ်တယ် 2.>သွင်းပြီးပြီဆိုရင် အခုကျွန်တော်ပေးတဲ့ theme ကိုသွင်းလိုက်ပါ https://www.dropbox.com/s/7dqigf7etbxd5s2/GO%20SMS%20Pro%20Star%20Theme%20v1.0.apk 3.>နောက် အောက်က font ကိုဒေါင်းလုပ်ချလိုက်ပါ https://www.dropbox.com/s/0ecqxa4zb1g3nt2/gofonts_yueyuan.ttf 4.>ပြီးလျှင် ရလာသော font ကို sd ကဒ်ထဲထည့်လိုက်ပါ 5.>အဲ့ဒီဖောင့်ကို file manager တစ်ခုခုနဲ့ GOSMS>fonts ဆိုတဲ့ဖိုဒါအောက်ကိုရွှေလိုက်ပါ 6.>ပြီးလျှင် GOSMS ကိုဖွင့်ပြီး စောစောက star theme ဆိုတာကိုရွေးလိုက်ပါ မြန်မာလိုတွေအကုန်မြင်ရပါပြီ ကီးဘုတ်ရှိရင် ပြန်ရိုက်လို့လည်းရပါတယ် ဒါပေမယ့်မြန်မာလိုတော့ ရိုက်နေချိန်မှာမမြင်ရပါဘူး send လို့နှိပ်ပြီးသွားမှမြင်ရမှာဖြစ်ပါတယ် from Thura Soe in Myanmar Mobile Users Group (Files) ·