ကျွန်တောများ ၀န်ဆောင်မှုများမှာ,

မိမိတို့ အားလပ်သော တစ်နေ့တာ အချိန်ကို Onlin မှာ Paid to click ကြောညာ Clicl ခြင်းဖြစ်လည်ကောင်း၊ ဂိမ်းဆော့ခြင်းဖြစ်လည်ကောင်း၊ Satoshi (or) Bitcoin စုဆောင်းခြင်းများဖြင့် ပိုက်ဆံရှာပါ. PTC ဆိုဒ်များကို Scam လွတ်ပြီ အခက်ခဲကင်စွာ ငွေရှာရလွယ်အောင် Skill များ ပြောပြပေးပါသည်..Sites များမှ ရရှိလာသော USD$ များကို ငွေသွင်း ငွေထုတ် ယူရန် Prefect money , Payeer onlin banking အကောက်များဖွင့်ခြင်း ၊ USD$ မှန်ကန်သော ဈေးနှုန်းနဲ့ လျင်မြန်သော ၀န်ဆောင်မှုများပေးပါသည်... ဆက်သွယ်ရန်moenyamaung93@gmail.com suntunlin..phone.01611272.610083..09420308096....။ ဘလော့မှာ တင်ပြထားသည် PTC Sites များသည် ကျတော် ကိုယ်တိုင် Scam စစ်နည်း သုံးလေးမျီုးဖြစ် စစ်ထားသည် 80% အထက် ယုံကြည့် စိတ်ချရတဲ့ Sits လေးတွေပါ..ကျတော်ကိုယ်တိုင်လည်း အဒီဆိုဒ်တွေမှာ ၀င်ငွေရှာဖွေနေလျှက်ရှိပါသည်..။

Wednesday, 14 November 2012

PLEASE»»»» အချိန်လေး နဲနဲပေးပါ။

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့မိန်းမက ကျွန်တော့ကို အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူထွက်စားပြီး
ရုပ်ရှင်အတူတူ ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။ သူကျွန်တော့်ကို ချစ်တယ်တဲ့။
ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။



ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်

အမေပါ။ ကျွန်တော့်ရဲ့ အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို အကြောင်းထူးရှိတဲ့
တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။ အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲအတူ ညစာထွက်စားပြီး
ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။



"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?" အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်

ထွက်စားဖို့ခေါ်ရင် သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့ သူပါ။ "မဟုတ်ပါဘူး အမေရယ်။ အမေနဲ့
အေးအေး ဆေးဆေးတွေ့ပြီး စကားလေးဘာလေး ပြောချင်လို့ပါ။ ကျွန်တော် နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ" အမေက
စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ ပြန်ပြောပါတယ်။ အဲဒီအပတ်သောကြာနေ့မှာ
ရုံးဆင်းတာ နဲ့ အမေ့ကို ကားနဲ့သွားကြိုပါတယ်။



ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှား နေမိတယ်။ အမေ့အိမ်ကိုရောက်တဲ့ အခါမှာ အမေလည်း ကျွန်တော့လိုပဲ

စိတ်လှုပ်ရှားပျော်ရွှင်နေတာ တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေး
တွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည်ပွဲတုန်းက ၀တ်ခဲ့တဲ့အကျီ
လေးကိုပဲ ၀တ်ထားပါတယ်။ အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ
လင်းလက်တောက်ပနေပါတယ်။



"အမေ့သူငယ်ချင်းတွေကို င့ါသားလေးနဲ့ အပြင်ထွက်ပြီးထမင်းစားမလို့ လို့ပြောလိုက်တော့ သူတို့တတွေက အမေ့ကို

အထင်ကြီးနေကြတယ်။ သားနဲ့ ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။
သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။



ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်

တယ်။ ထိပ်တန်းအမျိုးသမီးကြီးတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့အမေက ကျွန်တော့်လက်မောင်းကိုကိုင်ထားပါတယ်။ စားပွဲ
မှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။ အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်
တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့ မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို တွေ့ရပါတယ်။
အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...



"သား ငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့...”

“အခုတော့ အမေအနားယူပြီး ကျွန်တော့်ကိုအလှည့်ပေးပေါ့... နော်အမေ..." လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။



ညစာစားရင်း ကျွန်တော်တို့ နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။

ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခုလတ်တလော ကိုယ်ဘာတွေလုပ်
တယ်။ ဘာတြွေဖစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲ ဆိုရင်
ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။



အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့်

ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..." လို့ ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ
ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့ အပြုံးနဲ့ မေးပါတယ်။



"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့

ပြန်ဖြေမိပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး အမေဆုံးရှာပါတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော်ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာ
ခင်မှာ အမေနဲ့ကျွန်တော် သွားခဲ့တဲ့စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့စာအိတ်တစ်အိတ်
ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့စာလေးတစ်စောင်ပါ ပါလာပါတယ်။



"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီးပိုက်ဆံပေးခဲ့တယ်။ အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလား

ဆိုတာတော့ သိပ်မသေချာဘူး... ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့ အမေ့
ချွေးမအတွက်ပါ... သားနဲ့ ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ
သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး... သားကို အမေသိပ်ချစ်တယ်..."





အမေ့စာကိုဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မီပြောဖို့၊
သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့
ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါတယ်။
ဘ၀မှာဘုရားနဲ့ မိသားစုထက် ပိုပြီး အရေးကြီးတဲ့ အရာမရှိပါဘူး။

အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ

အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့ လောဘပေးတဲ့ သင်္ခန်းစာ
ကျွန်းလှမြို့၊ ကျွန်းရွှေဝါကျောင်းတိုက်မှကူညီရေးကား
ပြာကျ အရိုးပေါ်ရုပ်မပီပြင်တော့သည့်အလောင်းနှင့်မီးလောင်ပြင်မြင်ကွင်း
9.11.2012 ယနေ့စာရေးသူထံဖုန်းဝင်လာသည်။မကြားချင်တဲ့သတင်းတစ်ခု ။ စာရေးသူရဲ့ဇာတိနယ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ ၏မြောက်ဘက် ချပ်ကြီးဘူတာအ၀င်မိုင်တိုင်အမှတ်(၅၁၁/၈)နှင့်(၅၁၁/၁၃)ကြားအနီး နံနက်၉း၅၀အချိန်တွင်မန္တလေးမြို့ဟောင်းဘူတာမှထထွက်ခွာလာသော ဓါတ်ဆီ(၇)တွဲဒီဇယ်(၂) နှစ်တွဲပါ အမှတ်(၈၀၇)အဆန် ဆီတွဲရထားတစ်စီးဓါတ်ဆီတွဲနှစ်တွဲဘီးချော်တိမ်းမှောက်ကြောင်း ရထားမှောက်သောကြောင့် ဓါတ်ဆီများမှာ လယ်ကွင်းပြင်သို့ စီးဆင်းယိုဖိတ်လာရာ ရွာသူရွာသားများက ဆီများကို ဗူးများ သံချောင်များ ခွက်များဖြင့် အလုအယက် ခပ်ယူကြရာ လူများအုပ်အုပ်ကျက်ကျက်ဖြစ်လာကြောင်း ထိုသို့အလုအယက် ခပ်ယူနေကြရင်း တစ်နာရီခန့်ကြာသောအခါမီးလောင်စရာတစ်စုံတစ်ခုကြောင့် ဆီများမှာ မီးဟုန်းဟုန်းထတောက်တော့ရာ ဆီကိုခပ်ယူနေကြသောလူများပါလောင် ကျွမ်းသောကြောင့် လူယောက်သုံးဆယ်ဝန်းကျင် ခန့်သေဆုံးပြီး အယောက်တစ်ရာဝန်းကျင်မီးလောင်ဒဏ်ရာရကာ အရေးပေါ်ဆေးကုသယူနေရကြောင်းနှင့် သေဆုံးသူများမှာ အချို့ ပြာဖြစ်သွားပြီးအရိုးသာ ကျန်တော့ကြောင်း ရုပ်အလောင်းကျန်နေသောသူများမှာလဲ ဘယ်သူဘယ်ဝါမခွဲခြားနိုင်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်း မနက်၁၀ နာရီခန့်မှစလောင်သောမီးဟာ ညနေပိုင်းလောက်မှ မီးငြိမ်းသွားကြောင်း ထိန့်လန့်တုန်လှုပ်ခြောက်ချားဖွယ်ရာ ကြားသိလိုက်ရသည်။ မယုံနိုင်ဖွယ်ရာ ပူပူနွေးနွေးသတင်းတစ်ပုဒ်။ မီးလောင်ပြင်မြင်ကွင်းက တကယ့်ပြာကျနေတဲ့လူတွေ ပြီးတော့ မီးမလောင်ကျွမ်းနိုင်တဲ့ သံပုန်းသံခွက်တွေ သေနေသူတွေကတုံးလုံးပက်လက်အရိုးစုတစ်ပျက် ဒဏ်ရာရသူတွေက မရှု့မလှ ပုံများကို ကြည့်ရင်စာရေးသူရဲ့ရင်ထဲစို့နစ်လာမိသလို။ အတွေးများကလည်းသံဝေဂများစွာကိုဦးတည်ခဲ့သည်။ အော်လူတွေ လူတွေ ``အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် ´´ဆိုတာကို မေ့ထားကြတယ်။ ´´သတိမမူ ဂူမမြင်´´ဆိုတာ မျိုးလိုအရာရာသတိမထားစဉ်းစားချင့်ချိန် ဉာဏ်ပညာနဲ့သုံးသပ်မှုနည်းကြတယ်။ ဖြစ်ချင်တာရချင်တာ လုပ်ချင်တာကိုပဲဖျတ်ကနဲလုပ်တတ်ကြပြီး အလွယ်ရမယ် အလကားရမယ်ဆို ရေရှည်မတွေးအလေးမမူသူ့ထက်ငါပြိုင်ဆိုင်လုပ်တတ်ကြတယ်။ လုပ်သင့်မလုပ်သင့်ဖြစ်သင့်မဖြစ်သင့်ဆိုတာ မတွေးတော့ မဆင်ခြင်တတ်ကြဘူး။ ဒီအဖြစ်အပျက်လေး ကိုကောက်ချက်ချလိုက်တော့အလွယ်ရချင်ခြင်း ရေဆာခိုခြင်း လောဘကြီးခြင်းဆိုတဲ့အချက်တွေ ကို တွေ့လိုက်ရတယ်။ ဒီအချိန်မှာ ဒီလိုစကားမျိုးမပြောသင့်ဘူးလို့ ယူဆမိပေမယ့် တကယ့်အမှန်က ဒီလောဘဦးစီးအလွယ်ကြိုက်ခြင်းတွေကြောင့်ဆိုတာ အသေအချာဖြစ်နေလို့ သေသူအတွက်ဝမ်းနည်းနေမယ့်အစား ကျန်သူအတွက် အကျိုးရှိသင်္ခန်းစာရစေချင်လို့ ပြောလိုက်ရတာပါ။ တကယ်လို့သာ စဉ်းစားဉာဏ်ရှိကြမည်ဆိုရင်။ နံပါတ်တစ် ဆီရထားတွဲချော်လို့ဆီတွေ မှောက်တယ် မီးဘေးအန္တရယ်ဖြစ်နိုင်တယ်။ ဒီအတွက်ကြိုတင်ဘယ်လိုကာကွယ်သင့်သလဲ စဉ်းစားသင့်တယ်။ နံပါတ်နှစ် ဓါတ်ဆီဖြစ်စေ ဒီဇယ်ဖြစ်စေ ဆီဆိုတဲ့အမျိုးက မီးလောင်လွယ်တာကိုသတိထားပြီး မီးလောင်ကျွန်းစေတတ်သော ဆေးလိပ်အနီးအနားမှာ သောက်ခြင်း ၊ ဟန်းဖုန်းများ အနီးနားမှာယူမသွားခြင်းပြုလုပ်သင့်တယ်။ ခုတော့ဒီလိုမဟုတ်ဘဲ ဟ ဆီရထားမှောက်လို့တဲ့ဟ ဖိတ်ကျကုန်တယ်ဆီ တွေနှမျှောစရာ ရှိရာဗူးခွက်တွေယူပြီးသွားခပ်ကြဆိုပြီးပြီးသူ့ထက်ငါ အလုအယက်ခပ် ယူကြတော့ မီးခြစ်ပါလာသူရှိကောင်းရှိမယ် ဟန်းဆက်ပါလာသူရှိကောင်းရှိမယ် ဆေးလိပ်သောက်ရင်းဆီခပ်သူရှိကောင်းရှိမယ် ။ နောက်ယူလာတဲ့ထဲမှာ ဗူးတွေထဲမှာကစားဆီထည့်ထားတာ မျိုးအစရှိတဲ့ ဆီပေါင်းရေပေါင်းများစွာထည့်အသုံးပြုထားတာတွေရှိတယ်။ ဓါတ်ဆီ၊ဒီဇယ်ဆိုတဲ့ အမျိုးကမတည့်တဲ့ဆီနဲ့တွေ့ရင် မီးထတောက်လောင်တတ်တာ သတိထားရမယ်။ရေကြီးသုပ်ပြာခပ်ကြတော့ဘယ်သူမှ ဗူးတွေကို ဆေးကြောလာကြမှာမဟုတ်ဘူး။ ထင်တယ်အဲဒီအချိန် သူတို့စိတ်ထဲ မီးလောင်လိမ့်မယ်ဆိုတာ ဘယ်သူမှတွေးမိမှာ မဟုတ်ဘူး။ ဆီတွေကိုမရလိုက်မှာဆိုတဲ့ပူပင်သောက၊ ဆီတွေကိုရချင်လွန်တဲ့လောဘ တွေကြောင့် ဆီခပ်ယူထည့်ဖို့ရာပဲသူတို့စိတ်ထဲမှာတွေးနေလိမ့်မယ်။ ဒါကြောင့်လဲအလုအယက်ခပ်ယူကြတာပေါ့။ ဒီတော့လောဘကြောင့်သေရတယ် ။``လောဘကြောင့်သေ ငရဲပြည်´´ဆိုတဲ့ဆရာတော်တွေဟောတဲ့တရားအတိုင်းဆိုရင်သွားပြီ၊ ဒီလောဘကြောင့် အသက်နှင့်ခန္ဓာပေါင်းများစွာ ပေးဆပ်လိုက်ကြရသလို ငရဲသို့လည်းခရီးဆက်ရဦးမလားတော့မပြောတတ်။ ဘယ်အလုပ်တိုင်းမဆို ဖြစ်သင့်မဖြစ်သင့်မစဉ်းစာပဲ လောဘကိုဦးတည် ဖြစ်ချင်တာကို အသားပေးလုပ်မိရင် ဒီမီးလောင်းပျက်စီးရခြင်းမျိုးလိုပဲ တကယ်ကိုဘ၀ တွေနာကြရလိမ့်ဦးမယ်။ ဒီတော့ တစ်ခါအမှား ဖြစ်ရငြားလည်း ဧကန်တစ်ခါ မှန်ရပြန်က စဉ်းစားဆင်ခြင် ဉာဏ်သို့ယှဉ် ဆိုတဲ့ပညာရှိတို့စကားလေးလို ဒီတစ်ခါတွေ့လိုက်ရတဲ့ အမှားကြောင့်လူပေါင်းများစွာရက်အသက်တွေကိုပေးဆပ်လိုက်ရတာ ကိုသင်္ခန်းစာယူပြီး နောင်အမှားမတွေ့ရအောင် (အချောင်ရလို)အလွယ်ရလိုတဲ့လောဘ ၊ ဖြစ်ချင်တာကိုဇွတ်လုပ်တတ်တဲ့ဗီဇ တွေကို ဖျောက်ပစ်ဖို့လိုပါပြီ။ ဆီတွေအလကားရမယ် တို့မိသားစုလေးအတွက် အသာနေရင်း ၀င်ငွေရမယ်။ ဆိုတဲ့ ပျော်စရာအတွေးဟာ ဆင်ခြင်ဉာဏ်နည်းပါးခြင်းကြောင့် ကြေကွဲစရာမိသားစုလေးတွေဖြစ်ခဲ့ရရှာတယ်။ အလုပ်တစ်ခု လုပ်မယ်ဆိုရင် ရလွယ်ဖြစ်လွယ်တဲ့လောဘကိုဦးမတည်သင့်ပဲ အချောင်လိုချင်တဲ့ ဆန္ဒကိုဖျောက်၊ဖြစ်နိုင်ချေနှင့်ဖြစ်နိုင်တာကို စဉ်းစားဆင်ခြင်၊ ဖြစ်ချင်တာထက် ဖြစ်သင့် တာကိုဦးတည်ဖြစ်နေတာကို အကောင်အထည်ဖော်ပြီး သုံးသပ်ချင့်ချိန်တတ်တဲ့ဉာဏ်ပညာလေးရှိသင့်တယ်ဆိုတာ အသက်ပေါင်းများစွာ ပေးပြီးရလိုက်တဲ့ ဒီသင်္ခန်းစာလေးရအောင်ယူသင့်လှပါတယ်။ ဆရာတော်ကြီးတွေရဲ့ အမှားနှင့်အမှန် ဝေဖန်ခွဲခြား စုံစမ်းသူအလွန်ရှား၏ စုံစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူရှား၏ ခွဲခြားသိစေကာမူ အမှန်အမှားပြောနိုင်သူရှား၏ ပြောနိုင်စေဦး အမှားကိုစွန့်၍ အမှန်ကိုကျင့်သူရှား၏ ဆိုတဲ့ ဆုံးမစကားလေးတွေအတိုင်း စာရေးသူအပါအ၀င် လူတိုင်းဟာ အမှန်အမှား ခွဲခြားချင့်ချိန်ပြောဆို လုပ်ကိုင်နိုင်သူအလွန်ရှားပါတယ်။ ဒါပေမယ့် မလုပ်လို့လဲမရပါဘူး။ ခွဲခြားသိမြင်နိုင်စွမ်းမရှိ လုပ်ကိုင်နိုင်စွမ်းမရှိပြန်ရင် ဒီလို ရင်နာစရာအဖြစ်မျိုးတွေက နောက်လဲကြုံနေရဦးမှာပါ။ လောဘသည် အငတ်ကမ္ဘာကြီးကို ဖန်တီး တတ်သည်။ဆိုတဲ့ဘုရားဟောလို လောဘဦးစီးပြီး အမှားအမှန်ဝေဖန်ပိုင်းခြားမကျင့်ကြံပဲ တရားသည်မတရားသည်မသိလုပ်ကိုင်က သူ့ထက်ငါ ပြိုင်ဆိုင်ကြ မာန်ထောင်ကြမယ်ဆိုရင် ကမ္ဘာအ၀ှမ်းအမြဲသွေးချောင်းစီးပြီး မငြိမ်းမချမ်းနဲ့ ငတ်ကြပြတ်ကြနဲ့နေရဦးမှာပါလားဆိုတာ သတိထားပြီးကြပြီး အချောင်ကြိုက် အလွယ်လိုက် လောဘမိုက်ကို မွေးကြတဲ့ အကျင့်တွေဖျောက်ပယ်နိုင်ကြပါစေ။

အမေရိကန်တွင် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်တစ်ဦးအဖြစ် ခန့်အပ်ထား

ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ် လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက် နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေ မယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့ တော်ဝန် ဖြစ်သွားရရှာပါတယ်။ ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွား ပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါ တယ်။ ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိ မှတ်တမ်းစာရင်းထဲလည်း တကယ် ထည့်ထားရပြီး Talkeetna မြို့ တော်ဝန် အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့ တစ်ခု ဖြစ်လာပါတယ်။ --ိံ7Days News Journal မှကူးယူတင်ပြခြင်းဖြစ်သည်..

Tuesday, 13 November 2012

သိပ္ပံမောင်ဝပြောသော **“ မြန်မာမိန်းမတို့၏ အခြေအနေ ”**

သိပ္ပံမောင်ဝ ခေတ်စမ်းသမားမဖြစ်မီ ၁၉၃၆ခုနှစ်က ရေးခဲ့တဲ့ စာတမ်းတစောင် ဖတ်မိတယ်။ စာတမ်းအမည်က “မြန်မာမိန်းတို့၏ အခြေအနေအကြောင်း” တဲ့။ သိပ္ပံမောင်ဝရဲ့ Feminism နဲ့ Gender အပေါ် အဲဒီခေတ်က အမြင်လို့ ပြောနိုင်မယ့် စာတမ်းပါ။ ပေါင်းသင်းဆက်ဆံရေး၊ ပညာရေး၊ တရားဥပဒေအရေး၊ ဘာသာရေးနဲ့ တိုင်းရေးပြည်ရေးမှာ မိန်းမတို့ အခြေအနေတွေကို အခန်း ၅ခန်းနဲ့ ရေးပြထားတာမို့ အကျဉ်းသဘော အဲဒီခေတ်ကာလအမျိုးသမီးများ အခြေအနေကိုမြင်သာအောင် ဖော်ပြချင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတွင် မြန်မာမိန်းမတို့၏အခြေအနေ လူမှုဆက်ဆံရေးမှာ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံသူများ အိမ်တွင်းပုန်းတာနဲ့ အနောက်နိုင်ငံသူများ ပွင့်လင်းလွန်းတဲ့ အစွန်းနှစ်ဖက်ကြားလို့ သိပ္ပံမောင်ဝက သုံးသပ်ပါတယ်။ “အပျိုဖော် လူပျိုဖော်” ဝင်လာရင် အိုးချင်းထားအိုးချင်ထိ၊ ကြိုးချင်းထား ကြိုးချင်းငြိမယ်ဆိုပြီး ကျား၊မ သတ်သတ်စီဖွံ့ဖြိုးစေခဲ့တဲ့ မြန်မာ့အလေ့ အထကိုလည်း ဖော်ပြထားပါတယ်။ ဒီကဏ္ဍမှာ ရည်းစားသနာထားတာ၊ စာပေးစာယူလုပ်တာ၊ ခိုးရာလိုက်ပြေးတာ၊ မိဘ စီစဉ်ပေးစားတာတွေရဲ့အပေါ် ပြဿနာနဲ့ အကျိုးအပြစ်တွေကို ဆွေးနွေးထားပါတယ်။ မြန်မာ့အိမ်ထောင်မှုစနစ်မှာ မိန်းမကယောကျာ်းရဲ့ လခငွေကိုကိုင်တွယ်ပြီး စီမံအုပ်ချုပ်မှု သဘောနဲ့ လူမှုရေးများပါ အရေးပါပုံကိုလည်း ရေးထားပါတယ်။ ယောက်ျား၊ မိန်းမ လူမှုဆက်ဆံရေးမှာ အနောက်နိုင်ငံတွေလို ထုံးစံအတည်တကျ မရှိပေမယ့် တဦးနဲ့တဦး ရှေ့အပြူအမူ၊ အမူအယာ အထူးသတိပြု နေထိုင်ကြတာမျိုးကိုလည်း ဖော်ပြထားပါတယ်။ ဒီခေတ်မှာ အထူးအဆန်းမဟုတ်သလို ထင်ကြတဲ့ မိန်းမနဲ့ အရက်သေစာ သောက်စားမှုကိုလည်း တင်ပြထားတာ တွေ့ရပါတယ်။ မုဆိုးမနဲ့ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်ရေးထားပါသေးတယ်။ ။------------------------------။ ပညာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ ပညာရေးမှာ မြန်မာမိန်းမများ အရေအတွက်နည်းသည့်တိုင် မညံ့ပုံကို ပုဂံခေတ်ကနေချီပြီး ပြန်ပြောထားပါတယ်။ ကျစွာမင်းကြီးရဲ့ သမီးတော်ဟာ သဒ္ဒါကျမ်းတစောင်ကို ပြုစုခဲ့တဲ့အကြောင်း၊ ရဟန်းများကိုပင် စာချတဲ့အကြောင်းနဲ့ ထိုလက်ထက်က အပျိုကညာများ ဆန်ဖွပ်၊ ဈေးရောင်းရင်း သဒ္ဒါ၊ သင်္ဂြိုဟ် ခဲရာခဲဆစ်တို့ကို လေ့လာကြောင်းတွေ ဖော်ပြထားပါတယ်။ သမိုင်းထဲက ပညာရှိမိန်းမများအဖြစ် ဇင်းမယ်မိဖုရား၊ ပဲခူးမိဖုရား၊ နန်းတွင်းမိညို၊ နန်းတွင်းမိဖြူ၊ ရဝေရှင်ထွေးစတဲ့ မိဖုရား နဲ့ နန်းတွင်းသူတွေကို ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝတို့ခေတ်က ပညာရေးမှာ ယောကျာ်းလေးတွေထက် မိန်းကလေး က ပညာသင်ကြားရမှု နောက်ကျတာကြောင့် အနည်းငယ် ညံ့သွားပုံ၊ မိန်းကလေးကျောင်းများ ပေါ်လာတာကြောင့် အိုင်အေ၊ ဘီအေ အောင်တဲ့ မိန်းကလေးများရှိလာပုံ၊ အောက်ခြေလူတန်းစား မိန်းမတွေကတော့ ဝမ်းဝခါးလှအောင် အပမ်းတကြီး ရှာဖွေရတာကြောင့် တိုင်းရင်းစာကိုပင် မဖတ်နိုင်သူတွေ ရှိကြောင်းလည်း ပါဝင်ပါတယ်။ ။------------------------------။ တရားဥပဒေတွင် မြန်မာမိန်းမတို့၏အခြေအနေ မိန်းမတို့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဓမ္မသတ်စာစောင် တခုနဲ့တခု မညီညွတ်တာကြောင့် အရှုပ်အရှုပ်အထွေးထွေး ဖြစ်နေလို့ ရှေ့နေရှေ့ရပ်နဲ့ တရားသူကြီးတွေ တရားမှန်လမ်းမှန်ရောက်ဖို့ အကြပ်အတည်းနဲ့ ကြုံရကြောင်းကို ထောက်ပြထားပါတယ်။ အသက် ၂၀ မပြည့်ခင် မိန်းကလေးက ခိုးရာလိုက်တဲ့အခါ မိဘတွေသဘောမတူက အချိန်မရွေးခွဲပစ်နိုင်ကြောင်းကို မြင်းကွန်းဓမ္မသတ်ကို ကိုးကားပြီး “သူကညာကို၊ ကြိုက်ပါသောအား၊ ယောကျာ်းခိုး၍၊ တကျိပ်စေ့ပင်၊ သားတည်းမြင် လည်း၊ မိခင်ဘမင်း၊ မဆောက်နှင်းက၊ မနေရချေ၊ မိဘကြိုက်သူ၊ ပေးစားဟူ၏” လို့ ပါကြောင်းနဲ့ မိန်းကလေးက အခွင့်အရေးဆုံးရှုံးနေကြောင်း ပြောထားပါတယ်။ မယားကြီး၊ မယားငယ် ပြဿနာ၊ မယားကြီးနဲ့ မယားငယ် အခွင့်အရေး၊ ဒါမျိုးတွေ ပပျောက်ဖို့ ထိုခေတ်က အစိုးရတွေ ဥပဒေကို တဖြည်းဖြည်းပြောင်းလဲနေကြောင်းလည်း ဖော်ပြထားပါတယ်။ လင်ကွာ မယားကွာ ပစ္စည်းခွဲဝေပုံများ နဲ့ လူမျိုးခြားနဲ့လက်ထပ်တဲ့အခါ မြန်မာမိန်းမများ နစ်နာမှုဆိုင်ရာတွေကိုလည်း ဆွေးနွေးထားပါတယ်။ ။------------------------------။ ကိုးကွယ်ရာ ဘာသာရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ မိန်းမတို့၏ အခြေအနေနဲ့ အခွင့်အရေးကို စဉ်းစားရာမှာ ဘာသာတရားကို မပယ်ထားသင့်ကြောင်း၊ ဗုဒ္ဓဘာသာအရ ယောက်ျားက မိန်းမထက် မြတ်သည်ဟု ဖြေဆိုသူများမှာ နက်နက်နဲနဲ မတွေးတောဘဲ ဖြေဆိုသူများဖြစ်ကြောင်း ပြော ထားပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ မြန်မာတွေဟာ ဂုဏ်အသက်ကို အရေးဂရုဓမ္မ အလေးပြုရတာကြောင့် ယောကျာ်းနဲ့ မိန်းမတို့ရဲ့ အခြေအနေကို တမျိုးတမည် ဆင်ခြင်နိုင်သေးကြောင်း ထောက်ပြထားပါတယ်။ အမိကို ဖြစ်စေ၊ အဖကို ဖြစ်စေ ပြစ်မှားလျှင် အပြစ်ကြီးမှု အတူတူပင်ဖြစ်ကြောင်း ဥပမာပေးထားပါတယ်။ ယောကျာ်းနှင့် မိန်းမ မြတ်၏ အမြတ်၏ အကျိုးအပြစ်များကို ဘုရားဟောသုတ္တန်များ၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝ လင်္ကာများနဲ့ ယှဉ်ပြီး ရေးထားပါတယ်။ ယောကျာ်း၊ မိန်းမ မဟူ အတွင်းဓာတ်ခံသာလျှင် ပဓာနအရင်းခံဖြစ်ကြောင်း နိဂုံး ချုပ်ထားပါတယ်။ ။------------------------------။ တိုင်းရေးပြည်ရေးတွင် မြန်မာမိန်းမတို့၏ အခြေအနေ အရေးအခွင့် တိုင်းရေးပြည်မှု၊ ယခုခေတ်အခေါ် နိုင်ငံရေးမှာ မိန်းမများ ဝင်ရောက်ဆောင်ရွက်နိုင်ခွင့်ရရေး ဆူပူဆောင်းဆိုကြသည် မှာ အနောက်နိုင်ငံက စကြောင်း၊ မြန်မာပြည်သမိုင်း အုပ်ချုပ်ရေးကဏ္ဍတွင် မိန်းမများရှိခဲ့ကြောင်း၊ ဘုရင်မကြီးရှင်စောပု၊ ရှင်စောနစ်၊ မင်းဆက်ငါးဆက်တိုင် မိဖုရားဖြစ်ခဲ့သူ ရှင်ဘို့မယ်၊ အလယ်နန်းမတော် ဆင်ဖြူမရှင် စသူတို့မှအစ မြန်မာ မင်းများ လက်ထက်တော်အခါက မိန်းမရွာသူကြီး၊ မိန်းမဆယ်အိမ်ခေါင်း၊ မိန်းမစာချီ စသူတို့ ရှိခဲ့ကြောင်းတွေ ဖော်ပြထားပါတယ်။ ၁၁၁၉ ခုနှစ်မှာ မြေခဲရွာသူကြီးသည် မိန်းမဖြစ်ကြောင်း၊ ၁၁၂၇ ခုနှစ် တောင်ပုံတန်းအဝင် ရေမြက်ရွာစစ်တမ်းမှာ ရွာသူကြီးက မမိငြိမ်းဖြစ်ကြောင်း၊ ဒါ့အပြင် ပုဂံနယ်မှာ မိန်းမရွာသူကြီး ၆ ယောက်ရှိကြောင်းတွေ ဖော်ပြထားပါတယ်။ ပုသိမ်မြို့ ဆားကျင်းများကို သမီးများကဆက်ခံရပြီး သားများကပိုင်ဆိုင်ခွင့် မရကြောင်း၊ တချို့သော ရေနံရိုးတို့မှာ ယောကျာ်းက မဆက်ခံရဘဲ သမီးမိန်းမများကသာ ဆက်ခံခွင့်ရကြောင်း ရေးထားပါတယ်။ အင်္ဂလိပ်ခေတ်ရောက်မှ မိန်းမသူကြီး၊ ဆယ်အိမ်ခေါင်းတွေ ပပျောက်ကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၂၈၇ ခုနှစ် တပို့တွဲလဆန်းထုတ် သူရိယ သတင်းစာမှာ မင်းတိုင်ပင်အမတ် ရွေးကောက်ပွဲနဲ့ မြူနီစီပယ် လူကြီး ရွေးကောက်ပွဲတွေ မှာ မြန်မာအမျိုးသမီးတွေ ဝင်ရောက် မဲဆန္ဒပေးဖို့ အခွင့်ရပေမယ့် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်း ရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာအမျိုးသမီးတွေ မဲဆန္ဒယင်ရောက် ပေးပိုင်ခွင့်မရှိလို့ ဝေဖန်ရေးသားထားတာကိုလည်း ဖော်ပြထားပါတယ်။ သိပ္ပံမောင်ဝရဲ့စာတမ်းကို ၁၉၃၆ ခုနှစ် ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းကနေ ဖော်ပြခဲ့ တာပါ။ စာတမ်းတခုလုံးအချုပ်အားဖြင့် ယောကျာ်းနဲ့ မိန်းမ တတန်းတစားတည်း ထားမှသာသင့်မြတ်ကြောင်း၊ တတန်း တည်းဆိုသော်လည်း နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက်ကျင့်ကြံရန် မဟုတ်ကြောင်း၊ မိမိတို့ဆိုင်ရာ တင့်တယ်သော နေရာများမှ ဝင်ရောက်ဆောင်ရွက်သင့်ကြောင်း၊ အကျင့်စာရိတ္တ ချို့ယွင်းပျက်ပြားမည့် နေရာများမှာ မိန်းမများဟာ ကောင်းစွာ ရှောင်ရှားသင့်ကြောင်း သိပ္ပံမောင်ဝက အကြံပြုပြီး သူ့စာတမ်းကို နိဂုံးချုပ်ထားပါတယ်။

ကမ္ဘာ့တီထွင်မှု အကောင်းဆုံး ကုမ္မဏီအဖြစ် Apple က နံပါတ် ၁တွင်ရှိနေဆဲ

သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တီထွင်မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းကောက် ကုမ္မဏီ တစ်ခုဖြစ်တဲ့ Booz မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ အကြောင်းအရင်းမှာ လက်ရှိ သူတို့ ပြုလုပ်ထားတဲ့ Project Glass ( Smart Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို ဆိုပါတယ်။ နံပါတ် ၃ မှာတော့ 3M အမည်ရ နည်းပညာ ထုတ်ကုန်ပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ သူရဲ့ အဓိက ထုတ်ကုန်က ဆော့ဖ်ဝဲရော၊ ဟာ့ဒ်ဝဲရော ပါရှိပြီး အမေရိကန် အခြေဆိုက် ကုမ္မဏီဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ တစ်ဝန်းက မီးပွိုင့်တော်တော်များများဟာ သူတို့ ထုတ်ကုန် ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်း များအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲ၊ Application များစွာလည်း ထုတ်လုပ်ထားပါတယ်။ နံပါတ် ၄ နေရာမှာကတော့ Samsung ဖြစ်ပါတယ်။ Apple နဲ့ ကြားမှာ နှစ် ခု တောင် ကွာသွားပါတယ်။ OLED displays နဲ့ NFC နည်းပညာ တို့ကြောင့် နံပါတ် ၄ အထိ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ Microsoft က နံပါတ် ၅ မှာတော့ မရှိခဲ့ပါဘူး။ နံပါတ် ၆မှာသာ တည်ရှိပါ တယ်။ Lumia စမတ်ဖုန်းသစ်၊ Surface Tablet, Windows 8 အစရှိသဖြင့် ယခုနှစ်အတွင်း အကောင်းဆုံး ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပေမယ့် နံပါတ် ၆ နေရာမှာ ရှိခဲ့တာကို Microsoft user တို့ မကျေပ်နပ်ခဲ့ပါဘူး။ စတိဗ်ဂျော့ မရှိတော့ပေမယ့် နံပါတ် ၁ နေရာမှာ ဆက်လက် တည်ရှိအောင် ထိန်းထားပေးနိုင်တဲ့ Tim Cook ကို Apple Fan တို့လေးစားခဲ့ ပါတယ်။ နောက်နှစ်တွေမှာလည်း Apple ကပဲ နံပါတ် ၁ Innovative ကုမ္မဏီ တစ်ခု ဖြစ်လာဖို့ မျော်လင့်ထားတယ်လို့ သိရပါတယ်။ -- TechSpace Journal မှကူးယူတင်ပြင်ခြင်းဖြစ်သည်....

Monday, 12 November 2012

အသိမှတ်ပြုပေးနေရင်ကိုကျေနပ်ပါတယ်ချစ်သူရယ်

မရေရာတဲ့ဘ၀နဲ့ သေချာအောင်နေနေခဲ့တာမို့ အကြင်နာချစ်ခြင်းသက်သက်နဲ့ လိုရာကိုဖြည့်ဆည်းခဲ့တာကို မယုံကြည်ဘူးဆိုရင်လဲ ခဏတာအတူရှိချိန်လေး ရင်ထဲမှာတကယ်အလေးနက်ဖြစ်ခဲ့မယ်ဆိုရင်တော့...... အမှားတွေကိုခ၀ါချ သံသယတွေကင်းကင်းနဲ့ တို့တွေပြန်ဆုံခဲ့ကြတာမဟုတ်ဘူးလား ဘယ်သူ့ဘယ်သူ့ကိုမှ မောင့်လောက်ရည်စူး မချစ်ဘူးလို့ ဘယ်သောအခါမှ မောင့်လောက်ကြည်နှုး မချစ်ခဲ့ဖူးလို့..... မယုံကြည်တဲ့စကားက နှလုံးသားပါးပါးကို ဓါးထက်ထက်နဲ့ တစ်ချက်တစ်ချက် ထိုးနှက်ရက်တယ်နော်... တပြည်တစ်ရွာ အနေကွာနေပေမဲ့ နှလုံးအိမ်မှာ အမြစ်တွယ်လာတဲ့အချစ်က ဒီရင်မှာအမြဲရှိခဲ့တာမို့ ကြင်နာသူရေ... မင်းကမစာနာလဲ အပြစ်မြင်မရခဲ့တာကြောင့် ဒီကအချစ်ကိုတော့ အလေးမထားချင်နေပါ အသိမှတ်လေးတော့ပြုပေးပါ....

အာရှအကောင်းဆုံး ဘောလုံးသမားစာရင်းတွင် မြန်မာ မှ '' ကြည်လင်း ''ပါဝင်

နာမည်ကြီးဘောလုံးအားကစား ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Goal.com ၏ အောက်တိုဘာလအတွက် အာရှအကောင်းဆုံးဘောလုံးသမား ၁၁ ဦး စာရင်းတွင် မြန်မာ့လက်ရွေးစင်ကစားသမားကြည်လင်း ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်မှ ရွေးချယ်ခဲ့သော ကစားသမား ၁၁ ဦး စာရင်းတွင် ကြည်လင်းသည် ဂျပန်လက်ရွေးစင်ဂိုးသမား ကာဝါရှီမာ၊ အင်တာမီလန်အသင်းမှ ဂျပန်လက်ရွေးစင် နောက်ခံလူ နာဂါတိုမို၊ ဟမ်းဘတ်အသင်းမှ တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင် စသည့် နာမည်ကြီးကစားသမားများနှင့်အတူ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ၃း၎း၃ ကစားကွက်ပုံစံဖြင့် ရွေးချယ်ထားသော အဆိုပါ အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ကြည်လင်းသည် ညာတောင်ပံကစားသမားနေရာမှ ရွေးချယ်ဖော်ပြခြင်းခံရခြင်း ဖြစ်သည်။ ကြည်လင်းကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ဆူဇူကီးဖလားခြေစစ်ပွဲတွင် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ရေးအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး သွင်းဂိုးသုံးဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း၊ ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ကြည်လင်းသည် ခြေစွမ်းပြကစားနိုင်ပါက အရှေ့တောင်အာရှ ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံရနိုင်ကြောင်း Goal.com က သုံးသပ်ဖော်ပြထားသည်။ ကြည်လင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှ အားထားရသော အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သည်။
7Day News Journal Planet Myanmar Network

ပုံလေးတွေ Photo fun frame maker လေးနဲ့ပုံဖော်ကြည့်ရအောင်

သူငယ်ချင်းတို့ရဲ့ ပုံလေးတွေကို ကိုယ်ပိုင်စိတ်ကူးလေးနဲ့ပုံဖော်ကြည့်လိုက်ပါ စိတ်ဝင်စားဖို့ကောင်းပါတယ် ဒေါင်းမဲ့နေရာကို ပုံနဲ့ပြထားပါတယ် ပထမဆုံး ဆော့ဝ်လဲကို ဒေါင်းပြီတာနဲ့ နှစ်ချက်နှိပ်လိုက်ပါ ဒီလိုလေးပေါ့
ပုံထဲမှာ ဘောလ်ပင်နှစ်ချောင်းရှိတယ် ဘောလ်ပင်ရဲ့အပေါ်နဲ့အောက်ခြေကို မောက်စ်လေးတင်ပြီးနှိပ်ကြည့်ပါ ညာဘက်အခြမ်းမှာ ပုံရဲ့နောက်ခံ အနီရောင်နဲ့ဘောင်ခတ်ထားတဲ့ frames အများကြီးကိုတွေ့ရ ပါလိမ့်မယ် ဒါမှမဟုတ် ဘယ်ဘက်ခြမ်းက အစိမ်းရောင် frame ကိုလည်းနှိပ်လို့ရပါတယ် မကြိုက်ရင် No frame ကိုနှိပ်ပြီးပြန်ဖြုတ်လို့ရပါတယ်
နောက်တခု ပုံနဲ့အတူ နောက်ခံဒီဇိုင်းရွေးပြီးပြီဆိုရင် ပိုပြီးလှအောင်Effects တွေကို ထည့်ရအောင်ညာဘက်အခြမ်းမှာရှိတဲ့ အပြာရောင် Effects လေးကိုနှိပ်လိုက်တာ နဲ့ ပြောင်းသွားပါလိမ့်မယ် ကြိုက်တဲ့ effect ကိုထည့်ပါ
ပြီးရင်ပုံမှာ စာရေးမယ် အင်္ဂလိပ်လိုပဲရတယ်နော် ညာဘက်အခြမ်းက အပြာရောင် Text ကိုနှိပ်လိုက်ရင် ဒီလိုလေးဖြစ်သွားမယ်နော်
ကဲနောက်ဆုံးမှာတော့ ပုံလေးကို သိမ်းမယ်ဆိုရင် ဘယ်ဘက်ခြမ်းမှာ Save Photo လေးကိုနှိပ် လိုက်ပါ ပြီးရင်ပုံမှာပြထားအတိုင်း လုပ်ကြည့်လိုက်ပါ
သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်

ချစ်တတ်တဲ့လူများကိုယ်ကဘာအချစ်နဲ့ ချစ်နေလဲဆိုတာသိရအောင်ဖတ်ကြည့်သင့်ပါတယ်

ချစ်တတ်တဲ့လူများကိုယ်ကဘာအချစ်နဲ့ ချစ်နေလဲဆိုတာသိရအောင်ဖတ်ကြည့်သင့်ပါတယ် အချစ်လေးမျိုးရှိတယ်တဲ့.... 1. Ego Love 2. One-sided Love 3. Blind Love 4. True Love 1. Ego Love ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်.... အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့... ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး... သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love ဖြစ်နေပါပြီ... အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်... သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်... အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး.... အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့... 2. One-sided Love ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...... အရာရာပေးဆပ်နေချင်တယ်...... အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...... ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး... အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်... အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့....... မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်... 3. Blind Love ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်... အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့... အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်... ဒါဆိုရင် blind love ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ.... ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး.... အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်.. 4. True love နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်... ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ.... ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်... လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ.... အသဲကွဲတယ်ဆိုတာလဲမရှိဘူး.... သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး.... ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်.... အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး မှာ Ego Love နဲ့ One-sided Love က နည်းနည်းဆင်ပါတယ်... တစ်ချို့က တစ်ခါတစ်လေ...Blind Love ကို True Love နဲ့ လဲမှားတတ်ကြပါတယ်...ဆင်တာကိုး... မတူကတော့... Blind Love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး... အဲဒါကြောင့်......ချစ်မိပြီဆိုရင်..... ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး... ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...

နင်အနားမှာပဲ ချစ်သူရယ်...။

ချစ်သူရေ..... နင် ငါ့ရဲ့နှလုံးသားကို နာကျည်းမှုတွေပေးခဲ့တာများနေပြီကွာ အဲဒီနာကျည်းချက်တွေကြောင့်ပဲ တချိန်ချိန်မှာ ငါ နင့်အနားကနေ ဟိုး....အဝေးဆုံးကိုထွက်သွားမိလိမ့်မယ်ချစ်သူ...... အခုဆိုရင် ငါ့နှလုံးသားလေးက နင့်ကို သိပ်ကြောက်နေမိပြီလေ ငါက နင့်ကိုကြောက်ချင်တာမဟုတ်ဘူး ငါက နင့်ကို ချစ်ပဲချစ်ချင်ခဲ့တာလေ ငါ့ကိုချစ်မယ့်သူ...... ငါ့ကိုနားလည်မယ့်သူတစ်ယောက် တချိန်ချိန်မှာ ငါ့အနားကိုရောက်လာခဲ့ရင်တောင်မှ ငါ့နှလုံးသားလေးက နင့်အနားမှာပါပဲချစ်သူရယ်........။ ။

...ငါလွမ်းနေပါတယ်....

ချစ်သူရေ..... တမ်းတလို့လွမ်းလိုက်မိတိုင်းမှာဖြင့် အသည်းခိုက်အောင်နာကျည်းလှသူမို့ တကိုယ်တည်းပဲနေတော့မှာပါ...... တွယ်တာသူလှယမင်းကိုမှ ရင်ထဲမှာကတော့ထာဝရ မင်းပါ....... နေ့ရက်တွေကအလီလီ ရာသီတွေဘယ်လောက်ပင်ပြောင်းစေဦးတော့ မဟောင်းနိုင်တဲ့ရင်ခွင် တွယ်ငင်နေတဲ့အနမ်းပန်း မောင်မလှမ်းဝံ့တော့ပါဘူးလေ....... မင်းပေးခဲ့တဲ့နှလုံးသားရဲ့တစုံတရာ စေစားခဲ့မိတာက အမုန်းပန်းတစ်ခက် ရတက်ပွေစွာနဲ့ဆွတ်ခူး အမုန်းဖူးကိုမှဦးတည် နှလုံးသားတည့်တည့်ကိုမှချိန်ခွင်း ပစ်လွှတ်လိုက်တဲ့မင်းရဲ့အမုန်းမြားရဲ့အရှိန် ထိချက်ကတော့နာလှပါတယ်ကွယ်...... ပကာသနကိုလည်းမခုံမင် မာနတွေကိုလည်းမတွယ်တာတဲ့သူမို့ ချစ်သူရယ်..... ကွယ်ရာကပဲလွမ်းပါ့မယ်........ တနေ့နေ့တချိန်ချိန် ဒီအချိန်ကိုပြန်ရောက်ပြီဆိုရင်ဖြင့် နင်မမေ့ဘူးဆိုတဲ့အသိ ငါ့ရင်ထဲမှာရှိနေပြီလေ...... တနေ့နေ့တချိန်ချိန် ဒီအချိန်ကိုပြန်ရောက်ပြီဆိုရင်ဖြင့် ငါမမေ့သေးဘူးဆိုတဲ့အသိ နင့်ရင်ထဲမှာရှိနေရင်ကိုပဲ ငါကျေနပ်နေမှာပါ ဒီလောက်ဆိုကျေနပ်ပါတော့ရယ်လို့ ဖွဲ့နွဲ့ကာမရေးချတတ်သူမို့ ချစ်သူရယ်..... မနေ့ကလိုပဲလွမ်းပါတယ်.......။ ။

Sunday, 11 November 2012

တစ်ချိန်က ....ချစ်သူ

ချစ်သူ......... အပြင်မှာမိုးတွေရွာနေတယ်...... အဆောင်အပြင်ကိုလှမ်းကြည့်လိုက်ရင်......သိန်းသောင်းမကကျဆင်းနေတဲမိုးစက်တွေက ငါကိုလှောင်ရယ်ပြုလို့ပေါ့........ ချစ်သူ........ ကန်သုံးဆင့်ဥယျာဉ်ကြီးကအခုထိလှပနေတုန်းပေါ့.......... ဥယျာဉ်ထဲကိုဝင်ကြည့်လိုက်ရင်.....မင်းနဲအတူပျော်ရွှင်ခဲတဲ့..ခုံတန်းဟောင်းလေးက ငါ့ကိုလှောင်ရယ်ပြုလို့ပေါ့ ချစ်သူ......... အခု့တော့အသည်းတွေကွဲငါတစ်ယောက်တည်းမနေတက်တော့ဘူး......ချစ်သူရယ်.... ချစ်ခဲ့တာတစ်နှစ်မက... အနှစ်နှစ်အလလချစ်ခဲ့ပြီးမှ.....စာလည်းမထည့် ဖုန်းမဆက်နဲ့မင်းငါ့ကိုမုန်းရက်ပြီပေါ့....ချစ်သူရယ်....... ချစ်သူ... အခု့တော့...ငါ့နှလုံးသား.. ဆားမပါတဲ့ဟင်းလိုပါဘဲလားကွယ်.......

Tuesday, 23 October 2012

မိုဘိုင်းဖုန်းအကြောင်း သိကောင်းစရာ

္ဖGalaxy S2 I9100G ကို Android 4.1.1 Jelly Bean သို့ CyanogenMod 10 ဖြင့် upgrade လုပ်နည်းလေးပါ အောက်က Link နှစ်ခုကို Down ပါ။ 1. http://dl-bacon.bbqdroid.org/dinner/cm-10-20120723-EXPERIMENTAL-i9100g-CODEWORKX.zip 2.http://d-h.st/D8Y Wipe data/factory reset လုပ်ရမယ့်အဆင့်ပါတဲ့အတွက် data တွေ backup လုပ်ထားပါ။ Instructions 1. Download လုပ်ထားသော zip file နှစ်ခုကို copy ကူးပြီး ဖုန်းရဲ့ internal SD card ထဲကိုထည့်ပါ။ 2. ဖုန်းကို power ပိတ်ပါ။ 3. Volume Up+Home+Power button တွဲနှိပ် ပြီး Recovery Mode ၀င်ပါ။ 4. Wipe data/factory reset ကိုရွေးပါ။ YES ကိုနှိပ်ပါ။ 5. Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 1 မှ Download လုပ်ထားသော CM10 ROM.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။ 5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။ 6. ပြီးရင် main menu ကိုပြန်သွားပါ။Install ZIP from SD card ကိုရွေးပါ။Choose ZIP from SD card ကိုရွေးပါ။ 2 မှ Download လုပ်ထားသော flash gapps-jb-20120717-signed.zip ကိုရွေးပါ။YES ကိုနှိပ်ပါ။5 မိနစ်လောက်စောင့်ရမှာဖြစ်ပါတယ်။ 7. ပြီးရင် main menu ကိုပြန်သွားပါ။Reboot system now ကိုရွေးပါ။ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် 10 မိနစ်လောက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ပြီးရင်တော့ သူငယ်ချင်းတို့ jelly-bean စားသုံးနိုင်ပါပြီ..:) from mobile store ====================================================================== Android ဖုန်းပေါ်မှာ root မဖောက်ပဲမြန်မာလိုမြင်ရအောင်လုပ်နည်း Android ဖုန်းတွေမှာ root မဖောက်ပဲ မြန်မာလိုမြင်ရအောင်လုပ်တဲ့နည်းလေးပါ 1.>ပထမဆုံး GOSMS Pro ကို သွင်းထားရမှာဖြစ်တယ် 2.>သွင်းပြီးပြီဆိုရင် အခုကျွန်တော်ပေးတဲ့ theme ကိုသွင်းလိုက်ပါ https://www.dropbox.com/s/7dqigf7etbxd5s2/GO%20SMS%20Pro%20Star%20Theme%20v1.0.apk 3.>နောက် အောက်က font ကိုဒေါင်းလုပ်ချလိုက်ပါ https://www.dropbox.com/s/0ecqxa4zb1g3nt2/gofonts_yueyuan.ttf 4.>ပြီးလျှင် ရလာသော font ကို sd ကဒ်ထဲထည့်လိုက်ပါ 5.>အဲ့ဒီဖောင့်ကို file manager တစ်ခုခုနဲ့ GOSMS>fonts ဆိုတဲ့ဖိုဒါအောက်ကိုရွှေလိုက်ပါ 6.>ပြီးလျှင် GOSMS ကိုဖွင့်ပြီး စောစောက star theme ဆိုတာကိုရွေးလိုက်ပါ မြန်မာလိုတွေအကုန်မြင်ရပါပြီ ကီးဘုတ်ရှိရင် ပြန်ရိုက်လို့လည်းရပါတယ် ဒါပေမယ့်မြန်မာလိုတော့ ရိုက်နေချိန်မှာမမြင်ရပါဘူး send လို့နှိပ်ပြီးသွားမှမြင်ရမှာဖြစ်ပါတယ် from Thura Soe in Myanmar Mobile Users Group (Files) ·

Monday, 15 October 2012

လွယ်ကူစွာ မိမိကိုယ်တိုင်gmail အကောင့် လုပ်နည်း မြန်မာပြည်မှာရှိတဲ့ မိတ်ဆွေတို့ရေ.....ကျပ် ၉ထောင်တို့ တစ်သောင်း ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ဒါလေးကို သေခြာ စမ်းစစ်ကြည့်ပေးကြပါဗျာ.. ပျော်ရွှင်စေသွားမဲံနည်းလမ်းလေးပါ... ပထမ အင်တာနက် စာမျက်နှာ I.E သို့ MOZILLA ကိုဝင် google စာထည့်ရိုက် ပွင့် လာတာနဲ့ အောက်ပါအတိုင်း create new google account စာသားရိုက်ပြီး ကီးဘုတ်မှEnter နိပ်...ဝက်ပေ ခ်ျ့ စာမျက်နှာ ခေါင်းစဉ်များ ပေါ်လာမည် (အောက်ပါ ဒီစာလေးကိုမောက်နဲ့  နိပ်လိုက်ပါ တစ်ခါတည်း တန်းလုပ်လို့ ရတယ် ) google link ချိတ်ထားပေးတယ် Create an account - Gmail - Google mail.google.com/mail/signup Create a new Google Account ... Your phone number helps us with things like keeping your account secure. .... Your Google Account is more than just Gmail. ထပ်ဆင် ပြီး အောက်ပါ စာကလေးကိုလည်း မောက်နဲ့  နိပ်ဝင်လို့ ရတယ် Create an account - Gmail - Googl အထက်ပါစာအားမောက်ဖြင့် နိပ်ပါ မိမိအကောင့်ပြုလုပ်ရမည့်  စာဖြည် ရန်ဇယားကွက်ပေါ်လာမည် နောက်ပါတိုင်း သေချာ အဆင့်ဆင့် ပြုလုပ်ပါ။ ၁=first name - last namae နေရာမှာ(ဥပမာ first name...kogawlistar ပေါ့ last name မှာstar) ၂=choose your username နေရာမှာ အထက်ပါမိမိ ပေးထားသောနာမည် ဥပမာkogawlistar@gmail.com ပေါ့ ၃=create a password နေရာမှာမိမိနှစ်သက်ရာပါတ်ဝှက်အနည်းဆုံး8လုံး နာမည် သို့  ဂဏန်း ၄=confirm password နေရာမှာ ခုနကမိမိလုပ်ထားသော နာမည် သို့  ဂဏန်း ထည့် ဖြည့်  ၅=birdday မွေးနေ့ မိမိနှစ်သက်ရာ လ ရက် ခုနှစ် ၆=gender မှာ male သို့  female တစ်ခုအမှန်ချစ် ရ=mobile phone လုံးဝ မထည့် နဲ့ ချန်ခဲ့ပါ ၈=other mail address မှာ မိမိခင်သောမိတ်ဆွေအီးမေးအကောင့် ဖြည့် ပါ ၉=prove youre not a robot ဆိုသောစာလိမ် ဖြေခိုင်းပါမယ် type the two prieces of text: ရေးထားသော အကွက်လေးမှာ အပေါ်မှာပြထာသော စာလိမ်ကလေးကို တိတိကျကျရေးဖြေထည့် ပါ မှားယင် နောက်တစ်ခါ စဆုံးပြန်လုပ်ရပါတယ် psaa word တို့ သင်ပြုလုပ်နေဆဲ အကောင့်ပြန်ရေးခိုင်းပါတယ် ၁၀=location နေရာမှာ ဘေးချက်ကချက်ဘောက်ကိုနိပ်ပြီး ကျနော်ကတော့  malaysia-thailand- Laos, Australia, Cambodia, Sri-Lanka, India စသောနိုင်ငံတွေနဲ့ အစုံလုပ်ဘူးပါတယ် ၁၁=ပြီးယင်အောက်ကလေးထောင့် အကွက်ကလေးနေရာမှာ အမှန်ချစ်လိုက်ပြီး next step ကိုနိပ်လိုက်ပါတယ် အချိန်နည်းငယ်တွင်း သင်အကောင့် သစ်တစ်ခုရလာပါမယ်. အကောင့် သစ်ရရှိလာယင် အယင်ဆုံးဂျီတောမှာ စမ်းဖွင့် ပါ နောက်ပြီးမှ မိမိမေးဘောက်ကြီးကို ဝင်ပါ မိမိရဲ့  အီးမေးဘောက်ကြီးကို လိုအပ်သလိုပြုပြင်နိုင်ပါတယ် မိမိအကောင့် တစ်ခုသုံးပြီးတိုင်းမှာ singout နဲ့ သေချာပြန်ထွက်ပါ။ ဒါကတော့ ကျနော်ဂေါ်လီလုပ်တဲ့နည်းပါ။ အောက်ပါစာကတော့ အွန်လိုင်းမှ တွေ့ ရသောနည်းတစ်ခုပါ ဘာပဲဖြစ်ဖြစ် အတူတူပါပဲ ------------------------------------------------------- ဒါလေးကတော့ နောက်ထပ်နည်းလမ်းလေးတခုပေါ့ ၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ! ၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။ ၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။ ၄။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။ ၅။ Account Create Page ပေါ်လာရင် (First Name, Last Name, Username, D.O.B, Security Question စသည် လိုအပ်တာတွေဖြည့်စွက်ပါ။ ဖြည့်လိုက်ပါ။ ၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။ ၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။ ၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။ ၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။ ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေနော်.....ကြိုးစားလျှက်

ဖုန်ကိုင် ချင်သူများ သတိပြုစေရန်

ဖုန်းကိုင်တက်သော ကိုကို ၊ မမ များသိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု - မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုလျှိုဝှက်တွေကို သိရှိသူတွေအလွန်နည်းပါး နေပါ တယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ် ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန် ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေ မှာဖြစ်ပါတယ်။ (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက် ထရီ အားပြန် ဖြည့်တဲ့အခါမှာသာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ် ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ (၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက် လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှု မရှိပဲအဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ (၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါ တယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်း ပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်း ကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင် မှာဖြစ်ပါတယ်။ (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင် ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

Friday, 12 October 2012

virusရှိမရှိ စစ်မယ်..။

virus ရှိမရှိ စစ်မယ် တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ .. Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် .. cd\ ရိုက်ထည့်ပါ enter နိုပ်ပါ C:\>setup လို့ ရိုက်ထည့်မယ် enter နိုပ်မယ် ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ ********************************** iiiiii-Virus ကိုသတ်ရန် သူငယ်ချင်းတို့ရဲ့ Computer မှာ Virus ရှိ/ မရှိ Anti-Virus နဲ့ စစ်စရာမလိုဘဲ သိနိုင်သည့်နည်းရှိပါတယ်။ Virus တွေဟာ Anti-Virus နဲ့ သတ်လို့ မရပါဘူး။ Kaspersky Anti-Virus နဲ့သတ်ရင် တစ်ခဏဘဲ သေပါတယ်။ အမြစ်မပြတ်ပါဘူး။ အထက်က Virus တွေ သူငယ်ချင်းတို့ရဲ့ Computer မှာ ရှိ/ မရှိ သိချင်ရင် Start>All Programs>Start up ကို မြား (Pointer) နဲ့ ထောက်ကြည့်လိုက်ပါ။ အကယ်၍ Virus ရှိလျှင် iiiiii ဆိုသည့် တုတ်ချောင်းပုံစံရယ်၊ 97FF7E ဆိုသည့် ဖိုင်တွေကို တွေ့ရမှာပါ။ ဒါဆို သူငယ်ချင်းတို့ Computer မှာသေချာပေါက် Virus ရှိနေပြီ။ဒီဗိုင်းရပ်ကို သတ်ဖို့ ကျတော် နည်းလေးတစ်ခုပေးချင်ပါတယ်။ ယုံရင်စမ်းကြည့်လိုက်ပါ။ My Computer မှ Local Disk (c:) ကို ဖွင့်လိုက်ပါ။ ပြီးတော့ Windows ကို ထပ်ပြီးဖွင့်လိုက်ပါ။ ထို့နောက် System32 ထပ်ဖွင့်ပါ။ အဲဒီထဲမှာ 97FF7E ဖိုင်ကို ရှာပါ။ တွေ့ပါက အဲဒီဖိုင်ကို (Delete) ဖျက်ပစ်လိုက်ပါ။ ထို့နောက် All Programs >Start up ထဲက 97FF7E ဖိုင်ပေါ်ကို Right Clickနှိပ်ပြီး Delete ကိုနှိုပ်ပါ။ နောက်ဆုံးအနေနဲ့ Computer ကို Restart လုပ်လိုက်ပါ။ဒါဆို OK သွားပါပြီ သူငယ်ချင်းတို့ရေ။ iiiiii-Virus ကိုတော့ My Computer မှ Local (c:) ကို ဖွင့်လိုက်ပါ။ ထို့နောက် Windows ထပ်ဖွင့်လိုက်ပါ။ ပြီးတော့ System 32 ထပ်ဖွင့်ပါ။ အဲဒီထဲမှာ 324D24 ဖိုင်ကို ရှာလိုက်ပါ။ တွေ့ပါက select မှတ်ပြီး ဖျက်ပစ်လိုက်ပါ (Delete)။တစ်ခါတစ်လေ ဖျက်လို့မရပါဘူး။ ဖျက်လိုက်ရင် Box လေး ပေါ်လာတတ်ပါတယ်။ အဲဒီ Box ပေါ်လာရင် အဲဒီ Box ထဲမှာ 59FFEE.EXE စာသားကို တွေ့ရမှာပါ။ အဲဒီစာသားတွေကို မှတ်ထားပြီး။ Box ကို ပိတ်ပစ်လိုက်ပါ။ ထို့နောက် Window Task Manager ကို ဖွင့်လိုက်ပါ။ ထို့နောက် Proeesses ထပ်ဖွင့်လိုက်ပါ။ အဲဒီထဲမှာ 59FFEE.EXE စာသားကို ရှာပါ။ တွေ့ပါက select မှတ်ပြီး End processes ကို ပေးလိုက်ပါ။ ပြီးတော့ System 32 ထဲက 59ffee ဖိုင်ကို ပြန်ဖျက်(Delete)လိုက်ပါ။ ဒါဆို အထက်က ဖော်ပြခဲ့သော Virus တွေ အဆုံးသတ်သွားမှာပါ။ *********************************** viousအားကိုယ်တိုင်သုတ်သင်ရန် Computer တွေမှာဗိုင်းရပ်စ်ကိုက်သွားလို drives တွေကို doubleclick နဲ့ဖွင့်လို့မရတော့တာမျိုးကို ကြုံဖူးကြမှာပါ။ rightclick လုပ်ပြီးဖွင့်ကြရတာလေ။ အဲဒီအခါမှာအကောင်းဆုံးကတော့  update ဖြစ်တဲ့antivirus တစ်ခုနဲ့ စစ်ပြီးဖြေရှင်းလိုက်တာကတော့  အကောင်းဆုံးပေါ့။ အခုပြောမယ်နည်းကတော့အလွယ်ပေါ့။ သိပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။ driveတွေမှာautorunမတက်အောင်လုပ်လိုက်တာလေ။ အဲဒီနည်းနဲ့ဖြေရှင်းမယ်ဆိုလည်းအဆင်တော့ပြေပါတယ်။ ကြိုက်ရာပေါ့ ။ဘာကြောင့်လည်းဆိုတော့ autorun မတက်ရင် vious မောင်မောင်တွေက အလုပ်ကိုမလုပ်တာ သူက autorun တွေနဲ့အလုပ်လုပ်ပါတယ် Computer မှာ Autorun ပိတ်ထားရင် vious ဆိုတာအလုပ်မလုပ်ပါဘူး အရင်ဆုံး Auto Run ကိုပိတ်ထားလိုက်နော် အောက်ကအဆင့်အတိုင်း ပီးရင် vious တွေကို ကိုယ်တိုင်လိုက်သတ်ကြမယ် ဘယ်လိုသတ်မလည်းဆိုတော့ အောက်နားမှာဖတ်နော် 1. Start Menu > run 2. အဲဒီ Run မှာ gpedit.msc လို့ရိုက် 3.Enter အဲဒီမှာ Group Policy ဆိုတာပွင့်လာပါလိမ့်မယ်။ အဲဒီGroup Policy မှ User Configuration >> Administrative Templates >> System >> Turn Off Autoplay အထိသွားပါ။ အဲဒီTurn off Autoplayမှာ Enabledကိုရွေးပါ။Turn off Autoplay on မှာ All drivesကိုရွေးပါ။ ပြီးရင်တော့Apply နဲ့ Okပေါ့။ Virus အားမြင်အောင်ကြည့်ခြင်း Virus ရဲ့ လုပ်ဆောင်မှုတွေ ပါ တကယ့် Virus Program ကို မြင်ရတာမဟုတ်ပါဘူး Virus ကို မြင်အောင်ကြည့်တတ်ရင် Anti – Virus Software တောင် မလိုပဲ Virus ကို Delete လုပ်နိုင်ပါတယ် ဒါပေမယ့် စိတ်ချရအောင် Anti – Virus Program တစ်ခုတော့တင်ထားရပါမယ် အရင်ဆုံး လုပ်ရမှာက …. Autorun ပိတ်ထားဖို့ပါ .. အလွန်အရေးကြီးပါတယ် Autorun ပိတ်ပြီးရင် 1.Start ကနေ all Program ကနေ My Computer ကို ဖွင့်ပါ 2.အပေါ်ဘားတန်း Tools အောက်က Folder Options ကို နိုပ် 3.View ကိုနိုပ်ပြီး Show Hidden files and folder ကို Click ခြင်းဖြင့် Hidden file တွေကို မြင်ရအောင်လုပ်ပါ 3.ပြီးရင် Hide Protected operation system file ရှေ့ က အမှန်လေးကို ဖြုတ်ပါ Virus က system file အမျိုးအစားဖြစ်လို့ ပါ 4. ပြီးရင် Hide extensions for known file types ကို အမှန်ဖြုတ်ပါ 5. ပြီးရင် Use Simple File sharing ကို အမှန်ဖြုတ်ပါ 6.ပြီးရင် OK ကို နိုပ်ပါ 7.ပြီးရင် သင့်ရဲ့ Stick , Mp3 , Mp4 ,Camera တစ်ခုခု ထိုးလိုက်ပါ သင့် Stick မှာ Virus ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဒီနည်းအတိုင်းပဲ လုပ်ပါ ….. *****Stick ကို Double Click နဲ့ လုံးဝ မဖွင့်လိုက်ပါနဲ့ …***** stard ကနေပဲ right click (သို့) Window+E ကိုနှိပ်လိုက်ပါ Folder လေးတစ်ခုပွင့်လာလိမ့်မယ် အဲ့ Folder ထည်းက ညာဘက်ချမ်းကို လုံးဝမထိပါနှင့် ဘယ်ဘက်ချမ်းကနေပဲ သင့်ရဲ့ Stick ကိုတွေ့အောင်ရှာလိုက်ပါ 8.Removable Disk ကိုရွေးလိုက်ပါ ဒါဆို ညာဘက်မှာ Removal Disk ထဲက File တွေ ကို မြင်ရပါပြီ … မှိန်နေတဲ့ File တွေ ၊ Folder တွေ မရှိဘူး ဆိုရင်သင့်ရဲ့ Stick မှာ Virus မရှိပါဘူး .. Virus မရှိခဲ့ ရင်… My Computer >> Tools >> Folder Options မှာ View ကို Click ပြီး Restore Defaults ဆိုတဲ့ Button လေးကို click ပါ အရင်အတိုင်း Setting ကိုပြန်ထားလိုက်တာဖြစ်ပါတယ် Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ ဒီလို မဖျောက်ခဲ့ ရင်Hard disk C:\ ထဲက မှိန်နေတဲ့  System File တွေ မှားဖျက်မိရင် Window ပြန်မတက်နိုင်တော့ပါဘူး… ကဲတကယ်လို့  မှိန်နေတဲ့ File တွေ Stick ထဲ မှာ ရှိတယ်ဆိုရင်တော့ .. အဲဒီ Stick ထဲက ဘယ်ဖိုင်တွေ ၊ဖိုဒါတွေ ကို မှ သွားမဖွင့်ပါနှင့် မှိန်နေတဲ့ File တွေ ဟာ Virus ပါပဲ Stick ထဲ က မှိန်နေတဲ့  File နော် သင့်Computer ထဲ က မှိန်နေတဲ့  File တွေကို ပြောတာမဟုတ်ပါဘူး ***Folder မဟုတ်ဘူးနော်..File ပါ..*** .exe , .vbs , ….reg , ….com အစရှိသဖြင်. ဆုံးနေတတ်ပါတယ် အဲဒီလို မှိန်နေတဲ့ File တွေ ၊Filder တွေ ရှိပြီ ဆိုရင် Autorun.inf ဆိုတဲ File လေးရှိနေပါလိမ့်မယ် အဲဒါဆိုရင်တော့ ကြိမ်းသေ Stick ထဲမှာ Virus ရှိနေပါပြီ .exe , .vbs , ….reg , ….com တို့ကိုဘယ်လိုကြည့်မလည်းဆိုတော့ Stick ထည်းကို Righr click >> View >> Details ကိုရွှေးလိုက်ပါ ပီးရင် အပေါ်ဘားတန်းလေးမှာ name တို့ Dare modified တို့ type တို့ size တို့ အဲ့နားက Type ဆိုတာ .exe , .vbs , ….reg , ….com ဆိုတာကိုတွေ့ရမှာပါ မှိန်နေတဲ့ Folder တွေ ရှိနေမယ် ဆိုရင်တော့ အဲဒီ Folder ဟာ စာဖတ်သူရဲ့  data တွေ ပါနေတဲ့  ****Folder အစစ်တွေ ပါ ..သွားမဖျက်ပါနဲ့  …**** မှိန်နေတဲ့  Folder တွေရှိပြီ ဆိုရင် တော့ အဲဒီ Folder နာမည်နဲ့ တူ တဲ့ Virus Folder ရှိနေပါလိမ့်မယ် Virus Folder ဟာ .exe နဲ့ ဆုံးနေပါလိမ့်မယ်Folder အစစ်ဟာ နောက်မှာ ဘာ extension မှ မရှိရပါဘူးသင့် Folder အစစ် Virus က မမြင်ရအောင်လုပ်ထားသဖြင့် မှိန်နေပါလိမ့် မယ် ဥပမာ Virus Folder အား name.exe ( ထင်ထင်ရှားရှားမြင်နေရပါလိမ့်မယ် ဒါမှသာ သင့် Folder အမှတ်နဲ့ Virus ကို Click မိမှာလေ..Click မိတာနဲ့ Virus ၀င်သွားပါလိမ့်မယ့့် ) Virus Folder ကို ရွေးပြီး ဖျက်နိုင်ပါပြီ ….ဖျက်တဲ့ အခါမှာ သတိထားပြီး ဖျက်ပါ .. Double click လုံးဝမနိုပ်မိပါစေနဲ့ ..ဖျက်ချင်တဲ့ File ကို Left Click တချက်ထဲသာနိုပ် Select ပေးပြီး Shift + Delete တွဲ နိုပ်ခြင်းဖြင့် ဖျက်နိုင်ပါတယ် ….(သို့ မဟုတ်) ဖျက်ချင်တဲ့ File ပေါ် Right Click နိုပ်ပြီး Delete ကို ရွေးပြီးလဲ ဖျက်နိုင်ပါတယ် …အမှိုက်ပုံးထဲကိုပါ Clean လုပ်ပေးရမှာပါ … စာဖတ်သူရဲ့  Stick ထဲက File တွေ ကိုကိုယ် အသိဆုံးပါ ကိုယ့် File လဲ မဟုတ်ဘူးမှိန်လဲမှိန်နေတယ် ဆိုရင်တော့  အကုန်သာ ဖျက်ပစ် …မှိန်နေတဲ့ Folder တွေ ရှိမယ်ဆိုရင်တော့ Folder ထဲကို Double Click နဲ့ ဝင်ပြီး အထဲက File တွေ ကို Copy ကူးယူပြီး စက်ထဲမှာ ပြန်သိမ်းထားလိုက်ပေါ့  ဒါက နောက်ဆုံးမှလုပ်ပါ ဖျက်သင့်တဲ့ Virus တွေ အရင်သတ်ပါ Folder က ထင်ရှားနေတယ် နောက်မှာ .exe နဲ့ ဆုံးတယ်ဆိုရင်တော့ သွားမနိုပ်ပါနဲ့ Virus စစ်စစ်ကြီးပါ …မသနားနဲ့ …ဖျက်သာပစ်ဗျာ ….. ဥပမာ(MyFolder.exe) ကဲအားလုံးပြီးသွားရင်တော့ System File တွေ ကို ပြန်ပြီး မမြင်ရအောင်ဖျောက်ပစ်ရပါတော့မယ် မဟုတ်ရင် C:\ ထဲမှာ ရှိနေတဲ့  မှိန်နေတဲ့  file တစ်ခုခုကို မှားဖျက်မိရင်တော့ တင်ပေတော့ Windows ပဲ … My Computer >> Tools >> Folder Options မှာ View ကို Click ပြီး Restore Defaults ဆိုတဲ့  Button လေးကို click ပါ Hidden file နဲ့ှsystem file တွေကို ပြန်ဖျောက်လိုက်တာပါ ပြီးရင်တော့ Virus ကင်းရှင်းစွာနဲ့ စိတ်ကြိုက်သုံနိုင်ပါပြီ.. Avira Av-ti Virus Program လေးကို တော့တင်ထားသင့်ပါတယ် သူသတ်လို့ ကျန်ခဲ့ တဲ့ File တွေကို မှ ကိုယ်တိုင် ဖျက်ပစ်ပေါ့  .. တစ်ခုတော့ ရှိတယ် ဒီနည်းတွေ ဟာ သင့် Computer မှာ Virus ကင်းစင်မှ သုံးလို့ ရမှာပါ …. Virus ၀င်နေလို့ ကတော့  Folder Options တောင်တွေ့ ရမှာ မဟုတ်ဘူး … ဒီနည်းကို ကျွမ်းကျင်လာရင် An-ti Virus software တောင် မလိုပဲ Virus သတ်နိုင်ကြောင်းပါ .. Virus File တွေဟာ Right >> Properties ကိုနိုပ်ကြည့်ရင် Hidden နေရာမှာ အလုပ် လုပ်လို့ မရအောင်မှိန်နေတတ်ပါတယ် ….. ဒီစာမျက်နှာတစ်ခုလုံးကို Download ချချင်ရင် အပေါ်ဘားတန်း File Menu အောက်မှ Save Page as ကိုရွေးပြီး (သို့) Crtl+s ကိုနှိပ်ပါ Computer ထဲကို DownLoad ယူနိုင်ပါတယ် .... Virus အားလုံးကို ကိုယ်တိုင်မြင်ဖူးပြီး ကိုယ်တိုင် သုတ်သင်နိုင်ပါစေ ….. ဒီကနော် အဆင်ပြေပါစေ... အာကာဖြိုး(နည်းပညာ) မှကူးယူကာ ပြန်လည် မျှဝေလိုက်ပါတယ်

Wednesday, 10 October 2012

မီမီ ဂျီမေလ်း ပတ်စ်ဝေါ်မဟတ်ခံရအောင် ...။



ဒါကတော့ ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ .. သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ .. 

ပထမဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ အနေနဲ့  မိမိတို့ G-Mail အကောင့်တွေကို ၀င်တော့ မယ်ဆိုရင် အရင်ဆုံး Windows Srart  Botton ကို Click လိုက်ပါ .. ပြီးရင် Search Box မှာ Screen Keyboard လို့ရိုက်ထည့် လိုက်ပါ .. ဒါဆိုရင် Screen Keyboard  လေးကျလာပါလိမ့်မယ် .. အဲ့ဒီ Screen Keyboard လေးကို အသုံးပြုမယ် ဆိုရင် မိမိရိုက်ထည့်လိုက်တဲ့ Username နဲ့ Password ကို Keylogger ကမှတ်ထားလို့ မရတော့ ပါဘူး ။ ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် .. 

နောက်တစ်ချက်တော့ တစ်ချို့ Keylogger တွေဟာ အပေါ်မှာ ပြောခဲ့သလို Screen-Keyboard တွေကို ခေါ်လို့ မရအောင် ပိတ်ထားတက်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့  မိမိတို့ရဲ့ Username နဲ့ Password တွေကို Notepad ထဲမှာ အရင်ရေး ပြီးတော့မှ Copy , Paste လုပ်ပေးခြင်းဖြင့်လည်း Kyelogger များမှတ်သားလို့ ရမှာမဟုတ်ပါဘူး .. အရင်ဆုံး  Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. Run Box ပွင့်လာပြီ ဆိုရင် Run Box ထဲမှာ  Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Notepad လေးပွင့်လာပါလိမ့်မယ် .. Notepad ထဲမှာ မိမိတို့ Username နဲ့ Password ကို အရင်ရိုက်ထည့်လိုက်ပါ .. ပြီးတော့မှ G-mail Username နဲ့ Password ထဲမှာ Copy , Paste လုပ်ပြီး ပြန်ထည့်ပေးလိုက် ယုံပါပဲ .. 
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့်တွေကို Firefox မှာဝင်တဲ့ အခါမှာ Firefox မှာ Save လုပ်မှာလား မေးပါလိမ့်မယ် .. အဲ့ဒါကို မသိတဲ့ သူတွေက သွားပြီး Save မိတဲ့ အခါမှာ မိမိတို့ G-mail အကောင့်ရော Password ရောဟာ Firefox မှာ မှတ်ပြီး ကျန်ခဲ့ပါလိမ့်မယ် .. အဲ့ဒီအခါမှာ အခုကျွန်တော် ပြောတဲ့ နည်းလမ်း အတိုင်း သွားပြီး ကြည့်လိုက်တာနဲ့  Firefox မှာ Save မိလိုက်တဲ့ Account နဲ့ Password တွေကို အလွယ်တကူပဲ ရရှိသွားမှာ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  Save ထားတဲ့ Password တွေ အလွယ်တကူ မကျန်ခဲ့အောင် အခုကျွန်တော် ပြောတဲ့ နည်းလမ်းအတိုင်း သွားပြီး ဖျက်ပေးဖို့လည်း လိုပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မေးရင် Yes ကိုပေးလိုက် ယုံပါပဲ ..
ဒါဆိုရင်တော့ ကျွန်တော်တို့  Firefox မှာ မှတ်ထားတဲ့ Account ရော Password ရောပျက်သွားမှာ ဖြစ်ပါတယ် ..
နောက်တစ်ချက်ကတော့  G-talk ကနေ သုံးတဲ့သူများ မိမိတို့ ပြောသမျှကို  record  လုပ်မထားတဲ့ နည်းလမ်း လေးပဲ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  မိမိတို့ပြောသမျှက record မလုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာမှကျန်ခဲ့ မှာမဟုတ်တော့ ပါဘူး .. နောက်ပိုင်း မိမိတို့က View past Chat ကနေ ပြန်ကြည့် ချင်ရင်တောင် ပြန်ကြည့်လို့ ရမှာမဟုတ်တော့ပါဘူး .. အဲ့ဒီနည်းလမ်းကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ ပြပေးထားပါတယ် ..
အပေါ်ကအတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သမျှတွေဟာ record လုပ်ထားတော့မှာ မဟုတ်တော့ပါဘူး .. တကယ်လို့ မိမိတို့က နောက်ပိုင်း ပြန်ပြီးတော့  Record လုပ်ချင်တယ် ဆိုရင်တော့  Save  chat  history in my Gmail account အကိုပြန်ရွေး ပေးလိုက် ယုံပါပဲ .. အားလုံးပဲ ဒီလောက် ဆိုရင်တော့  အတန်အသင့်တော့ မိမိတိုပ G-Mail အကောင့်ကို လွယ်လွယ် ကူကူနဲ့ သူများနောက် ပါမသွားအောင် သတိထားလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ် ..
 မှတ်ချက် ...ကိုအောင်အောင်ဘလော.မှ ကူးယူဖော်ပြသည်....

့်ကိုယ်ဓတ်ပုံလေးနဲ calandar လုပ်ကြည်.ကြမယ်...။


ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ  ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........

ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။




အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်



အဆင့်(၁) ။     ။  "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။         


                         

အဆင့်(၂) ။    ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။  ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။





အဆင့်(၃)။    ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။




အဆင့်(၄)။    ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။





အဆင့်(၅)။   ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။





အဆင့်(၆)။   ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။



ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။





ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်





ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ


စောစောကလုပ်ထားတဲ့ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး
ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ

သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်

မူရင်းလင့် http://www.yearlycalendarmaker.net  မေလ်းတစ်ခုမှ ကူးယူဖော်ပြသည်...။

photo shotသင်ခန်းစာ(1)




Photoshop CS2 ရဲ့ အနုပညာများ

ဒီနေ့တော့ ခဲခြစ်ပန်းချီလေးဆွဲကြည့်ကြရအောင်နော် ………..
(၁) ပုံလေးတစ်ပုံလောက်ကို ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ ခပ်ချောချော ကောင်မလေးတစ်ပုံဖွင့်လိုက်တယ်နော်။

(၂) ပြီရင်တော့ Layer ထဲက New > Layer via Copy (သို့) Ctrl + J ကိုနှိပ်လိုက်ပါ။

Layer Box မှာ ပုံတစ်ခုထပ်ပွားသွားပါလိမ့်မယ်။



(၃) ပြီရင်တော့ …………… Image> Adjustments>Desaturate (သို့) Ctrl+Shift+U ကိုနှိပ်လိုက်ပါ။ ပုံလေးဒီလိုမီးခိုရောင်လေးဖြစ်သွားပါလိမ့်မယ်။


(၄) နောက်ထပ် နံပါတ်စဉ် (2) အတိုင်း Layer ထပ်ပွားပါဦး။ Ctrl+J ပေါ့နော့်။
(၅) နံပါတ် (၅) အနေနဲ့ကတော့ Image> Adjustments>Invert (သို့) Ctrl+I ကိုနှိပ်လိုက်ပါ။

(၆) အနေနဲ့ကတော့ Layer Box မှ Normal ကို Color Dodge သို့ပြောင်းလိုက်ပါ။ ပုံလေးပျောက်သွားပါလိမ့်မယ်။

(၇) ကတော့ Filter>Blur>Gaussian Blur ကိုနှိပ်လိုက်ပါ။ ပြီရင်တော့ Gaussian Blur ဘောက်ကလေးမှာ သူငယ်ချင်းတို့ စိတ်ကြိုက်ညှိလိုက်တော့နော်။

တတ်လို့/တော်လို့တော့မဟုတ်ဘူးနော်။ မျှဝေတဲ့သဘောပါ။ မသိတဲ့သူများ အတွက် ပေါ့။ အားလုံးပျော်ရွှင်ပါစေ။

Friday, 5 October 2012

မာနလေးတွေလျော.စေချင်.....


“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်

တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်
ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကို
လည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ 

စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်
ထားတဲ့ အပြောလေးတြွေ ဖစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်
လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကိုတွေ့ရတတ်ပါတယ်။
မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲ
မာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့
သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကိုကိလေသာ
တစ်မျိုးအဖြစ် ဖော်ပြ ထားပြီး သတ္တ၀ါတွေကို ပူလောင်စေ တတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ်ညွန်ပြ
ကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။


မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့
ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူး
ရှိတဲ့သူကလည်း  ရာထူးကို  အမှီပြုပြီး  မာနတက်ကြသလို  ပညာတတ်သူကလည်း  ပညာမာန ၊ ပိုက်ဆံရှိသူကလည်း
ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊အသက်
ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့အရာလေး
တွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလိုအလိုလိုကိုယ့်ကိုယ်ကိုအထင်ကြီး
နေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီးမှားမှန်းသိရဲ့နဲ့အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ဒီသဘော
တွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့
ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့အမှားအမှန်ပြဿနာများမှာအဖေဆိုတဲ့မာန၊
အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့
စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်
ပါတယ်။
ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ
ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စ
လေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှား
သွားတယ်၊ ခွင့်လွှတ်ကွာလို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊
ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး   ဖြစ်ကုန်တတ်ပါတယ်။
သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့မာနအစွဲကြောင့်ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း
အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။
မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။မာနကြီးလာရင်
ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာမင်္ဂလာ
တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေမရှိဖြစ်
လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ  အကုသိုလ်ပါပဲ။ ဒါဆိုရင်
မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။  သေချာဆက်စပ်   တွေးကြည့် လိုက်တော့ မာနတရား
လက်ကိုင် ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး  ဖြစ်မှန်းမသိ   ဖြစ်နေတော့တာပါ။
မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင်ဖြစ်အောင်
အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။


တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်
လောက်ပဲ လှလှ မာနကြီးပါက စက်ဆုတ်ရွံ့ ရှာခံရ တတ်ပါတယ်၊ ရာထူး ဌာနန္တရ ဘယ်လောက် ပဲကြီးကြီး ခက်ထန်
မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်းမာနကြီး
ပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေ
တဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။
ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း
မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့
အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။
အရင်းစစ်တော့ မာနကြောင့်ပါပဲ။
တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်
ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုေ
ပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်
ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါ
တယ်။

ဘယ်လိုပဲဖြစ်ဖြစ်  မာနတရားဟာ  ပြိုင်ဆိုင်မှုကို  ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို  ဆုတ်ယုတ်စေတယ်ဆိုတာ
အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလိုသံသရာ
မှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့
မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့
အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေ

အရှင်ဝိစိတ္တ- မနာပဒါယီ

World of Wisdom မှကူးယူဖော်ပြပါတယ်။
 သူငယ်ချင်းတို့လည်းမာန်မာနတွေနည်းပြီးစိတ်ချမ်းသာနိုင်ပါစေ။