တစ်ခါက . . . .
လူတစ်ယောက်ဟာ ချောက်ထဲ ကျတော့မဲ့ မြည်းတစ်ကောင်ရဲ့အမြီးကို ဆွဲပြီး
ချောက်နှုတ်ခမ်းပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေသတဲ့။
ဒါပေမဲ့ မြည်းကလည်း ကြောက်လန့်တကြား ရုန်းကန်နေတော့ သူပါ ချောက်ထဲကျမလို ဖြစ်နေတာကြောင့်
ဆွဲမတင်ဖြစ်တော့ပဲ နောက်ဆုံးမှာ လွှတ်ချလိုက်ရသတဲ့။
ဒီအတွက် စာသားလေး တစ်ခု ရလာပါသည်။
“ တကယ်တော့ တစ်စိတ်တစ်ပိုင်းကို ရတယ်ဆိုတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး။ ”
************************
တချို့တွေက အလွန်ကို တော်ကြပါတယ်။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အတုယူကြတယ်။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားကျကြတယ်။
တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားငယ်ကြတယ် တဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော် အကြောင်းအရာလေး တစ်ခု ပြောပြပါ့မယ်။
(၁၀) တန်းတုန်းက ကျွန်တော်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကျွန်တော်နဲ့ စာပြိုင်ဘက်။ သူက ပိုတော်ပါတယ်။
(၁၀) တန်းရောက်လို့ ကျောင်းကထွက်ပြီး အပြင်ဖြေဖို့ ကျူရှင်တတ်တော့လည်း အတူတူပဲ။ သူနဲ့ ကျွန်တော်က ရေစက်
ပါတယ် ပြောရမယ်။ ဘာလုပ်လုပ် အမြဲတွေ့နေတတ်တယ်။ သူ့ နာမည် “ စိုင်း ----- ” လို့ခေါ်တယ်။
ဘာသာစုံမှာ ထူးချွန်တယ်။ တတ်တဲ့ကျူရှင်က ဘာသာရပ်တိုင်းရဲ့ လစဉ်စာမေးပွဲမှာ နံပါတ် (၁) ချည်းပဲ။ ကျွန်တော်
ကတော့ ဒီလိုပါပဲ။ ဆရာတွေ အားလုံးကလည်း သူကို တော်တော် မျှော်မှန်းထားတာပါ။ ဘာသာစုံ ပါလာနိုင်တယ်
ပေါ့လေ။ တကယ်လည်း သူကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ ပုံပြင်လေးလို “ တစိတ်တပိုင်းကို
ရတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး ” ဆိုတာ သူသဘော မပေါက်ခဲ့ဘူး။
အောင်စာရင်းတွေထွက် အမှတ်စာရင်းထုတ်ရလို့ သွားထုတ်ပြီးတော့ သူ မျက်ရည်တွေ ဒုတိယ အကြိမ် မျက်ရည်တွေ
ကျတယ်။ အောင်စာရင်းထွက်တော့ နောက်မှ ဘာမှ မပါလို့ ပထမ အကြိမ် မျက်ရည်တွေ ကျရတယ်။ သူ့အမှတ်တွေ
ဆိုးဆိုးဝါးဝါး နည်းနေတယ်။ သူ့ကိုယ်သူလည်း မယုံနိုင်ဘူး။ ကျွန်တော်တို့လည်း မယုံနိုင်ဖြစ်ခဲ့ရတယ်။
ဒါနဲ့ ကျွန်တော်တို့တုန်းက တက္ကသိုလ်တွေက ပိတ်ထားလို့ ဒဂုံတက္ကသိုလ်ပဲ တတ်တော့ သူနဲ့ကျွန်တော် မေဂျာ စကွဲ
တယ်။ နောက် ကျွန်တော် အိမ်က ကားပစ္စည်းအလုပ်ကိုပဲ ဝိုင်းလုပ်ပြီး (တကယ်တော့ လုပ်တယ်ဆိုပြီး မုန့်ဖိုး ရအောင်
ယောင်တာပါ။) သူကတော့ အိမ်မှာ ယောင်ဝါးဝါးပါပဲ။
ဒါလိုနဲ့ အရင်လို တတွဲတွဲ မနေဖြစ်ကြပေမဲ့ ၃ ရပ်ကွက်လောက်ပဲခြား ၊ အချစ်ဆုံး သူငယ်ချင်းတွေ ဆိုတော့ တွေ့ဖြစ်
ပါတယ်။ ဒီလိုနဲ့ မတွေ့ဖြစ်တာ ၂ လလောက်ကြာပြီးမှ သူနဲ့တွေ့တော့ ....
“ မင်း ဘာတွေလုပ်နေလဲ။” လို့မေးမိတယ်။
“ အေးကွာ ငါ့ကို ငါ့အကိုက စင်ကာပူ ကနေလှမ်းခေါ်နေတယ်။ မသွားချင်သေးဘူး။
ငါ့ဘက်က အဆင်သင့် မဖြစ်သေးဘူး။”
“ အမ် မင်းက ဘာအဆင်သင့် မဖြစ်သေးတာလဲ။”
“ ဒီလိုလေကွာ စင်ကာပူ ကကောင်တွေက အရမ်း Bright ဖြစ်တယ်လေကွာ။ သူတို့နဲ့ယှဉ်နိုင်ဖို့ ငါ Eng; တွေ ၊
Computer တွေလေ့လာရဦးမယ်လေ ။ ဒါတွေလိုသေးတယ်လေကွ။ ”
“ အင်းလေ လေ့လာပေါ့ကွ။ ”
ကျွန်တော် ဒါပဲ ပြောခဲ့ပါသေးတယ်။ နောင် ၆ လကြာတော့ သူနဲ့ ကျွန်တော်တွေ့တော့ သူမှာမပြည့်သေးဘူး။
တောင် ၁ နှစ်ကျော်လို့ တွေ့တော့လည်း သူ့ကိုယ်သူ အားမရသေးဘူး။ ဒီမှာ ကျွန်တော်က အိမ်မှာလည်း ယောင်တောင်
တောင် ၊ အတူတူ သူငယ်ချင်းတစ်ယောက်နဲ့ မလေးရှားသွားတာမှာ ရောယောင်ပြီး ကျွန်တော်ပါမလေးရှား ရောက်လာ
ခဲ့တယ်။ ကျွန်တော် ဘာအလုပ်မှ မလုပ်ဖူးပါ အိမ်မှာတောင်မှ ယောင်စိန်လေ။ ဒါပေမဲ့ ကျွန်တော်မှာ တစ်ခုတော့ ရှိတယ်။
“ အခု လုပ်နေတဲ့ အလုပ်ကို ကျွန်တော် ကြိုးကြိုးစားစား လုပ်တတ်တာပါ။”
ကျွန်တော့် အဖေကလည်း ကျွန်တော့်ကို ဒီလိုပဲ လေ့ကျင့်ပေးထားတယ်။ ဒါနဲ့ မလေးရှားမှာ ၄ နှစ်ကြာပြီး ကျွန်တော်
မြန်မာနိုင်ငံကို ခဏပြန်ရောက်တော့ ၊ ရောက်ပြီး တစ်ပတ်လောက်နေတော့ သူနဲ့ တွေ့တယ်။ မတွေ့တာကြာတော့
ဝမ်းသာအားရနဲ့...
“ ဟေ့ကောင် မင်း ဘာတွေလုပ်နေလဲ။” သူပြန်ဖြေပါတယ်။
သူ အခု အထိ စင်ကာပူ က လူတွေရဲ့ Bright ကို ယှဉ်နိုင်ဖို့ လေ့လာလို့ မကုန်သေးဘူး တဲ့လေ။
“ ထားပါတော့ မင်းအခု ဘာတွေလုပ်နေလဲ ။ ” ဆိုတော့
သူ ကျွန်တော့်ကို သူ့အိမ်ခေါ်သွားတယ်။ အိမ်က သူ့ကို အမွေအဖြစ် ဝယ်ပေးထားတဲ့ အိမ်တစ်လုံးမှာ
သူတစ်ယောက်တည်း ငါးတွေမွေး ၊ ပန်းပင်တွေစိုက်နေတယ်။ သူ စိတ်ကူးပေါက်ရာ လုပ်နေတာပါ။ သူအခု လုပ်ချင်
နေတာက Kiss Me Quick အပင် မျိုးကောင်းကောင်း စိုက်ချင်နေတယ် တဲ့လေ။ ဘာရည်ရွယ်ချက်လည်း ကျွန်တော်
မမေးမိတော့ပါ။ ကျွန်တော် ဒီလိုပဲ ပြန်လာခဲ့တယ်။
ဒါကြောင့် ကျွန်တော် လိုရင်းပဲ ပြောပါတော့မယ်။
လူဆိုတာ သူများနဲ့ မပြိုင်ပါနဲ့ ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ပေးပါ။ ကျွန်တော်တို့ရဲက စိန်ဗေဒါကြီးက ဒီလိုပြောခဲ့ပါတယ်။
“ မနေ့က စိတ်ဗေဒါ ထက် ဒီနေ့ စိန်ဗေဒါ သာအောင် ကြိုးစားနေတာ။” တဲ့လေ။
ဘယ်မှာမှန်းမသိတဲ့ စင်ကာပူက လူတွေကို မယှဉ်နိုင်မှာစိုးလို့ အခြေအနေရှိရဲ့သားနဲ့ စင်ကာပူသွားဖို့ နေ့ရွေ့ ညရွေ့
ရွေ့နေတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော် စိတ်မကောင်းပါ။ သူဟာ ယှဉ်ပြိုင်မှုကို ကြောက်ရွံတတ်သူလားလို့
လည်း ကျွန်တော် စဉ်းစားမိပါတယ်။
“ အသံကောင်းတဲ့ ငှက်တွေသာ တေးသီရမယ်ဆိုရင် တတောလုံး တိတ်ဆိတ်နေမှာပေါ့။”
ဆိုတဲ့ စကားပုံလေးရှိပါတယ်။
မှာ မဟုတ်ဘူးလို့လဲ ခံယူမိပါတယ်။ စင်ကာပူသားတွေကလည်း သူ့တို့ ကိုယ်သူတို့ တိုးတတ်နေအောင် ကြိုးစားနေ
ကြမှာလေ။ သူ ဘယ်တော့မှ လိုက်မှီတော့မယ် မထင်တော့ပါ။
ဒါကြောင့် Online က ကျွန်တော့်သူငယ်ချင်းတွေ အားလုံးကိုပြောချင်လို့ ရေးလိုက်တာပါ။ ဘယ်သူတွေ ဘယ်လောက်
တော်နေတယ်ဆိုပြီး အားငယ်နေစရာမလို ၊ စိတ်ပျက်နေစရာ မလိုပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ တစ်နေ့ထက် တစ်နေ့
တိုးတတ်အောင် ကြိုးစား ယှဉ်ပြိုင်လိုက်ပါ သူငယ်ချင်း။ တစ်နေ့ထက် တစ်နေ့သာ ပိုသိ ၊ ပိုတတ်အောင် ကြိုးစားပါ။
အရင်က တော်ပါတယ်ဆိုတဲ့ လူတွေဟာ ........
တစ်နေ့ ကိုယ့်နောက်တော်တော်များများမှာ ကျန်နေခဲ့တာ တွေ့ရပါလိမ့်မယ်။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံက ကျတော်အတွက် အားဆေးတစ်ခွက်ပါ။